စာမူခေါ်ခြင်း – ခိုးငွေ ့သူငယ်များ

kaiJanuary 24, 20111min34940

“ခိုးငွေ ့သူငယ်များ” ခေါင်းစဉ်(အကြမ်း)နဲ့ ဓါ်တ်ပုံများရဲ့အက်ဆေးတပုဒ် . ၂၅ဒေါ်လာနဲ့ .. ဝယ်မယ်ဗျာ..။
… လူတွေကြားထဲ..ဆေးလိပ်သောက်နေတဲ့ မြန်မာပြည်က အသက် ၁၈နှစ်အောက် ကလေးသူငယ်ဓါတ်ပုံ (၁၀)ပုံလောက် ပါချင်တယ်..။
သူတို့ …ဘာကြောင့်သောက်ရသလဲ..။ ဘယ်သူ့ဆီက အတုယူသလဲ။ ဘယ်သူသင်ပေးသလဲ..။ သောက်ရင်ဘာဖြစ်မယ်ထင်သလဲ.. ဘယ်လိုဆေးလိပ်(စီးကရက်၊ ဆေးပေါ့လိပ်..)အမျိုးအစား…တံဆိပ်ကြိုက်သလဲဆိုတာလေးတွေပါ မေးခွန်းမေးပေးစေချင်တယ်..။

တလ အချိန်ပေးပါမယ်..။ အေးအေးဆေးဆေး… ကောင်းအောင်လုပ်ပေးပါ..။ အောက်မှာ အဲဒါနဲ့ဆိုင်တာကို လိုချင်တာ..ဖြည့်ချင်တာ.. ဆွေးနွေးရေးပေးကြပါ..။

စာမူကိုတာဝန်ယူလိုသူတွေ.. သက်ဆိုင်တဲ့ပုံတပုံလောက်အစမ်းရိုက်ပြီး .. အက်ဆေးတိုလေးနဲ့ ဝက်ဆိုက်မှာ တင်ပေးကြည့်ပါ။ အဲဒီကနေ အယ်ဒီတာအဖွဲ့က ရွေးချယ်ပါမယ်။ လုပ်နိုင်မဲ့ သတင်းသမား၊ဂျာနယ်လစ် များရှိရင်လည်း ဒီကိုညွှန်းပေးလိုက်ပါ။

အဆင်ပြေမယ်ဆိုရင် .. နောက်ပိုင်း ..ဒီလို ပုံမှန်လုပ်သွားပါ့မယ်..။ ဒီစာမူခေါ်ဖြစ်သွားအောင် .. ဆွေးနွေး ရေးခဲ့ကြတဲ့.. ရွာသားတွေကို ကျေးဇူးနော..။

40 comments

  • bigcat

    January 25, 2011 at 1:57 am

    လေယဉ်လက်မှတ်ဖိုး အသွားအပြန် ထုတ်ပေးမယ်ဆိုရင် တပိုဒ်မက ဆယ်ပိုဒ်တောင် ရေးချင်သည်။

  • kopauk mandalay

    January 25, 2011 at 2:35 am

    စာရေးဆိုရင်ရေးစရာတစ်ပုံကြီး ဆေးလိပ်ကိုဘယ်လို ဘာကြောင်ကြိုက်ဆိုတာ လုပ်ဘူးတယ်။
    ဒါပေမယ့် ဓါတ်ပုံကတော့ မရိုက်ချင်ဘူး။
    ကလေးဆေးလိပ်သောက်တာကတော့ နိုင်ငံတိုင်းမှာရှိမယ်ထင်ပါတယ်။
    ကလေးဆေးလိပ်သောက်တာ မြန်မာပြည်မှာ ရှေးပဝေသဏီကတည်းက ဆေးပေါ့လိပ်သောက်ခဲ့လို့ရယ်။

  • manawphyulay

    January 25, 2011 at 3:35 am

    ဆေးလိပ်သောက်တဲ့ကလေးတွေ လမ်းဘေးက ကလေးတွေ ပိုများတယ်။ ဒါပေမယ့် ဓာတ်ပုံရိုက်တာမကောင်းဘူးထင်တယ်နော်။ တချို့ဆို ၁ဝ နှစ်ကလေးတွေ သောက်တာလည်း မြင်ဖူးတယ်။ ဓာတ်ပုံရိုက်ရင် သူများအတွက် ထိခိုက်မှုရှိမယ်ထင်တယ်။

    • kai

      January 26, 2011 at 12:32 am

      ကလေးတယောက် လူကြားထဲ ဆေးလိပ်သောက်ပြနေရင် ..သူ့ကြောင့် ပါတ်ဝန်းကျင်ရော ..အဲဒါကို မြင်တဲ့ .. ကလေးတွေရော ထိခိုက်သွားတာ .. အရမ်းများပါတယ်..။
      အဲဒါကြောင့် .. အဲဒီလိုကလေး.. ဓာတ်ပုံရိုက်ပြီး .. ပညာပေးတခုခု.. လူကြီးတွေ စဉ်းစားတတ်အောင်တခုုခု မီဒီယာကတဆင့်ပေးလိုက်နိုင်ရင်… ကောင်းမှာပါ..။
      ကလေးဆိုသည်မှာ .. လူကြားထဲ..ဆေးလိပ်သောက်ရင်.. ဘဝတသက်တာ .. အရှက်ကွဲပါလား..ဆိုတာကိုလည်း. သိသွားစေချင်ပါတယ်..။
      ==
      အဲဒီကလေးကို ..ဆေးလိပ်တဗူးလက်ဆောင်ပေးပြီး .. ရိုက်ခဲ့ပေါ့..။ 🙂
      မျက်နှာကို .. ဖျက်ပြီးမှ ဓါတ်ပုံတင်လည်း ရတာပါပဲ..။ ကိုကြောင်ကြီးပြောသလို … နောက်ကခိုးရိုက်လည်း ..ဖြစ်တာပဲ..။
      အင်တာဗျူးကတော့ .. တူ၊တူမတွေကတဆင့် .. ကျောင်းက ဆေးလိပ်သောက်တတ်တဲ့ကလေးတွေကို မေးခိုင်းလိုက်လဲဖြစ်ပါတယ်…။

      လိုချင်တဲ့ အချက်က ..
      ဘာလို့ ..သောက်တာလဲ..။ ဂုဏ်ရှိတယ်ထင်လို့လား..။
      ဈေးပေါပြီး လွယ်လွယ်ရလို့လား..။
      မိဘ၊ဆရာတွေက ဘာမှမပြောလို့..ကျမ်းမာရေးထိခိုက်..၊ဘေးလူထိခိုက်တာ မသိတာလား..။
      မင်းသားမင်းသမီး အတုခိုးတာလား..။
      ဈေးကွက်ထဲဆင်းရောင်းတဲ့ ကောင်မလေးတွေ အဆွယ်ကောင်းလို့လား။
      ဦးလေး၊ အဖေဆီကအတုခိုးတာလား..။
      ဘယ်သူသင်ပေးသလဲ..။
      အရင်းအမြစ်ကို ရှာချင်လို့ပါ..။

      အောက်မှာ ..ဝက်ဘ်ဆိုက်တချို ့တင်ပေးထားတယ်..။
      လေ့လာကြည့်ပေါ့..။
      http://www.tobaccofreekids.org/
      http://www.tobaccofreeca.com/
      http://www.cdc.gov/tobacco/youth/information_sheet/index.htm
      http://www.smokefree.gov/

  • PaukPhaw

    January 25, 2011 at 3:41 am

    ကိုယ်ပေါင် ကိုယ်လှန်ထောင်းရမှာရားဟင်
    ..
    တို ့ခလေးတွေက ဆေးလိပ်တင် မဟုတ်..
    အရက်..ဖဲ…အကုန်ရတယ်..
    ကိုယ်တုံးလုံချွတ်လေးတွေနဲ ့ .မဲမဲတူးတူး ကောင်လေးတွေ..
    ဆေးလိပ်လေး လက်ကြားညှပ် ပြီးဖဲရိုက်နေကြတာ..ကိုယ့်ထက်ချရာကျနေပါလားလို ့..
    လူကြည့်တော့ ကိုယ့်ခါးလောက်လေးတွေ..

  • etone

    January 25, 2011 at 9:07 am

    အစီစဉ်ကတော့ စိတ်ဝင်စားစရာပါပဲ … ။ဒါပေမဲ့လည်း အပေတေလေးတွေသာ ဆေးလိပ်လက်ကြားညှပ်ပြီး အရွယ်မတိုင်ခင်သောက်တတ်နေတာလေ…..။ ကိုယ်က ဓါတ်ပုံလည်း သွားရိုက် ၊ အင်တာလည်း ဗျူးမယ်ဆိုရင် … ကံမကောင်းရင် အဆဲခံရကိန်းရှိတယ် … ။ သိတဲ့အတိုင်း သူတို့က အရိုင်းစိုင်းလေးတွေများတာကိုး ။

  • naywoonni

    January 25, 2011 at 11:23 am

    ကျွန်တော်ငယ်ငယ်က (12/13လောက်ပဲရှိဦးမယ် )ဆေးလိပ်သောက်တတ်တာဗျ အဲဒါဆေးလိပ်နဲ့ ရိုက်ထားတဲ့ပုံရှိတယ် တင်ပေးမယ်လေ။ ဆေးလိပ်သောက်တာ ရီဝေဝေနဲ့ မူးတဲ့ အရသာလေး ကိုကြိုက်လို့ ပြီးတော့ ပါးစပ်က စုတ်ဖွာလိုက်တဲ့ မီးခိုးငွေ့တွေ နှာခေါင်းထဲက ပြန်ထွက်လာတာ သဘောကျလို့ သောက်ဖြစ်တာဗျ ။ စီးကရက် ကနေသောက်တာ အိတ်စ်ပို့ ဒူးယား လို့ခေါ်တဲ့ ဆွမ်းအုပ်တံဆိတ်နဲ့ ဒူးယား ကိုကြိုက်တယ်။ တစ်လိပ်မှ ပြားလေးဆယ်လောက်ပဲရှိသေးတယ်။ ကျောင်းခန်းထဲကို မီးညှိ ပြီးသား စီးကရက်ကို ကွန်ပါဘူးခွံ ထဲထည့်ယူပြိး သောက်တာ မီးခိုး ပျောက်သောက်တာ ဆိုတော့ ပိုမူးတာပေါ့ ။ အနံ့ လည်းပိုပြင်းတယ်။ ကောင်မလေးတွေနား ကပ်မသွားရဲဘူး။ ဆေးလိပ်သောက်တာ ဆရာမ တိုင်မှာစိုးလို့ ။ ခု ကလေးတွေကိုတော့ ဆရာမလုပ်ရဲပါဘူး။ အင်တာလည်းမဗျူးရဲဘူးနော့ ။ ကိုယ့်တုန်းကတော့ ပျက်စီးချင်တိုင်းပျက်စီးခဲ့ပြီးတော့………

  • manawphyulay

    January 25, 2011 at 11:33 am

    ဟုတ်ပြီဟေး…. စာမူအတွက် ဦးနီကို ဗျူးလို့ရပြီ ဟိဟိ.. ပုံတွေလည်းရမယ်ဆိုတော့ ပိုအဆင်ပြေတာပေါ့ လမ်းဘေးသောက်တဲ့ကလေး လိုက်မေးရင် အုတ်ခဲကျိုးစာ မိနေဦးမယ်…..

  • naywoonni

    January 25, 2011 at 11:38 am

    ဗျူးစရာမလိုဘူးတော့ဘူးလေ။ ဗျူးမဲ့မေးခွန်းတွေလည်းဖြေပေးပြီးသားပဲ။ ဘာလို့သောက်တာလဲ ဘယ်ဆေးလိပ်ကြိုက်လဲ ဆိုတာတွေကို အဲဒိကနေနဲနဲပါးပါး ထည့်ရေးလိုက် ဒီကနေဓါတ်ပုံတင်လိုက်မယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 25, 2011 at 11:52 am

    အင်း
    ဒီလိုဆိုရင်တော့ ရည်ရွယ်ချက်လမ်းကြောင်းတွေ ပျက်ကုန်တော့မှာဘဲနော
    ဖြစ်သင့်တာကတော့
    ဒီလိုဘဲ ကလေးတွေကို ပေါက်လွှတ်ပဲစားဆိုပြီး လွှတ်ထားကြစတမ်းဆိုရင်
    ကျွန်တော်တို ့တစ်တွေ တစ်ချိန်လုံး တိုင်းရေးပြည်ရေးတွေ
    သာသာရေးစကားတွေ ပြောဆိုဆွေးနွေးနေကြတာဟာ
    ဘာမှ အသုံးမကျဘူးဆိုတဲ့သဘောကို သက်ရောက်သွားပါလိမ့်မယ်
    ဒီတော့ကာ
    အင်းအင်းအင်း
    🙁 🙁 🙁 🙁 🙁 🙁

  • bigcat

    January 26, 2011 at 12:05 am

    ဓါတ်ပုံကို မျက်နှာမပေါ်အောင် နောက်၊ဘေးကနေ ခိုးရိုက်ပေါ့ဗျာ။

  • bigcat

    January 26, 2011 at 2:12 am

    ကောင်လေးငယ်ငယ်
    ချစ်စဖွယ်
    ဦးကြောင်ပြောပြမယ်၊
    ဆေးလိပ်ဆိုတာ
    အဆိပ်ကွဲ့
    မသောက်ကြပါနဲ့။
    ဓာတ်နီကိုတင်း
    ရုပ်ယိုယွင်း
    မခေါ်ခင်သေမင်း၊
    အရွယ်ရောက်ပြန်
    အမောမြန်
    စိတ်သွားကိုယ်မဟန်။
    အသက်ကြီးပိုင်း
    ဒုံချာဆိုင်း
    ချောင်းဆိုးသွေးပါတိုင်း၊
    ကုလည်းမမှီ
    နောက်ကျပြီ
    လူဖြစ်ရှုံးရသည်။
    လိမ္မာပါဘိ
    ကြောင်တပည့်
    ရွေငါးကြွေးပါမည့်၊
    သဘောတူလျင်
    ခံဖို့ပြင်
    ဓါတ်ပုံလေးရိုက်ခြင်။
    များကျိုးတွက်
    မငှဲ့ကွက်
    ဆေးလိပ်ပါးစပ်တပ်၊
    ဦးကြောင်ခင်မျာ
    ပင်ပန်းရှာ
    နှစ်ဆဲ့ငါးဒေါ်လာ။
    မြန်မြန်ထက်ထက်
    နက်ပေါ်တက်
    သူများမဦးခင်ထွက်၊
    ကွန်နက်ရှင်ဆိုး
    ခွေးသူခိုး
    အရေးဆိုသူမနိုး။
    ပို့စ်လေးထွက်မှ
    သက်ပြင်းချ
    ရွေးမယ်လို့ထင်ရ၊
    အယ်ဒီတာသဂျီး
    ဖြတ်ညှပ်ပြီး
    စာတပုဒ်ဖန်တီး။
    အကြောင်းပြန်စာ
    မရွေးပါ
    သင့်ဟာကချလာ၊
    နောင်ခါစဉ်းစား
    နေရာထား
    ဆက်ကြိုးစားပါလား။

    • char too lan

      January 26, 2011 at 7:15 am

      ဦးကြောင်ကြီး ကဗျာမဟားဒရား မိုက်ဒယ်ဗျာ……….. 😀

  • chitsayar

    January 26, 2011 at 2:23 am

    ဦးကြောင်ကြီးက
    ကဗျာရေးအရမ်းတော်ပါတယ်ခင်ဗျား
    အစဉ်ထာဝရလေးစားလျှက်ပါ

  • ကြယ်လေး

    January 26, 2011 at 10:29 am

    သူကြီး ဘာရည် ရွယ်ချက်နဲ့ ဘာကြောင့်လို ချင်ပီး ဘယ်မှာသုံးမလဲပြောပြပေးနိုင်မလား

    ပြည်တွင်းဂျာနယ် တခု က သတင်းထောက် ညီမလေး တယောက်က $25 ရ ရင် လိုက်ဗျူးပေးမယ်တဲ့ ကာရကံရှင်ကို တော့ ဘာအတွက်ဆိုတာ ပြော ပြ သင့်တယ်ထင်လို့တဲ့

    • kai

      January 26, 2011 at 6:11 pm

      ရည်ရွယ်ချက်ကတော့ အပေါ်မှာရေးပြီးသားလေ..။
      ဒီလိုလုပ်တာဟာ မကောင်းဘူးဆိုတဲ့ အမြင်ထွက်အောင်… ဓါတ်ပုံရိုက်ရင်လည်း .. Negative Point of Viewကဖြစ်စေချင်ပါတယ်..။
      အိပ်နေတဲ့ခွေးပုံတို့..။ နောက်ဖေးလမ်းကြားတို့..။ အမှိုက်ပုံတို့..၊ ကျီးကန်းတို့နဲ့ တွဲရိုက်နိုင်လေကောင်းလေပေါ့..။

      နောက်ပိုင်းလည်း .. ဒီလိုမျိုးရွာသားတွေရေးတဲ့ထဲက .. အိုင်ဒီယာကောင်းတာလေးတွေကို .. စာမူခေါ်သွားဖို့..ရည်ရွယ်ထားပါတယ်..။

      ရွေးတဲ့စာမူကို မန္တလေးဂေဇက်မှာ သုံးမှာပါ..။

  • yxr

    January 26, 2011 at 12:13 pm

    ဆေးလိပ်သောက်တက်တာမကောင်းကြောင်း ကျွန်တော်အဘွားဆေးလိပ်ကြောင့်သေဆုံးခဲ့ရ။
    အသက်(၂၀)ကျော်မှ (၈၆)နှစ်ထိသောက်ခဲ့တယ်

    • etone

      January 27, 2011 at 5:08 am

      အဲ့ဒီအဖွားမသေခင်က အင်တာဗျူးထားရမှာ … သူဆို ဆေးလိပ်အကြောင်း တော်တော်သိမှာပဲ ။

  • poepoe

    January 26, 2011 at 12:27 pm

    ဟုတ်တယ် ဘာအတွက်လဲဆိုတာပြောပြသင့်သလိုပဲ ဒါမှ စိတ်ချလက်ချရေးလို့ရမှာပေါ့

  • ဆူး

    January 26, 2011 at 2:49 pm

    ရှေးလူကြီးတွေကတော့ ဖက်လိပ် ဆေးပေါ့လိပ်ကြီးတွေ သောက်ကြတာဘဲ။ အရင်က ဓါတ်ပုံ ဟောင်းတွေမှာဆို ဇိမ်ယူပြီး ဖွာနေတာတွေ တောင် မြင်ဘူးတယ်။ သဂျီး ရွာထဲမှာ မောင်းခတ်ပေမဲ့ သဂျီး အလုပ်ကို လက်မခံကြဘူး ဇြစ်နေတယ်။

  • The Reds

    January 26, 2011 at 3:58 pm

    အင် တာ ဗျုး တာ နောက် မှ … လိုက် ရိုက် လို. ပြေး ရ မှာ အ ရင် …

  • bigcat

    January 27, 2011 at 2:35 am

    အယ်ဒီတာဦးခိုင်ပြန်စာ မပြည်စုံလို့ အယ်ဒီတာချုပ်ဦးကြောင်မှ ဖြည့်စွက်လိုက်သည်။ စာမူအရွေးခံရရင် မန်းဂေဇက် ပုံနှိပ်စာစောင်မှာ ဖော်ပြပေးပါမည်။ စာစောင်ကော်ပီကို http://www.mandalaytube.com/media.php?type=document မှာဒေါင်းလုပ်ဆွဲ ဖတ်ရှုနိုင်သည်။ စာမူတင်ရာမှာလည်း အစမ်းသဘောမျိုး သုံးပုံတပုံလောက်ကိုသာ မန်းဂေဇက်အွန်လိုင်းပေါ် တင်ပေးရန်ဖြစ်သည်။ အယ်ဒီတာဆရာခို်င် မြည်းစမ်းဖတ်ရှုပြိး တဆင့်တင်ပြလိုက်သော စာမူများကို အယ်ဒီတာချုပ်မဟာကြောင်မှ အပြီးသတ် ရွေးချယ်မည်ဖြစ်သည်။
    မှတ်ချက်။ စာမူခ ၂၅ဒေါ်လာသည် အခွန်မဖြတ်ခင်၊ နှစ်၂၅ အရစ်ကျပေးမည့် ပမာဏဖြစ်သည်။ မန်းဂေဇက်သည် ယူအက်စ်တွင်မှတ်ပုံတင်ထားသည့် တရားဝင်မီဒီယာဖြစ်သောကြောင့် ဖက်ဒရယ်ပြည်ထောင်စုအခွန်တော်၊ ကယ်လီဖိုးနီးယားပြည်နယ်အခွန်တော် လော့စ်အိန်ဂျလိစ်မြို့တော်အခွန်တော်၊ ဘာဘာညာညာအခွန်အခများနှုတ်ပြီး စာမူခကို တလုံးတခဲတည်းထုတ်မည်ဆိုလျင် ၅၀%အသာလေး ကျန်မည်ဟု အာမခံသည်။ တလုံးထခဲထုတ်ငွေ (၂၅x၀.၅x၀.၅= ၆.၂၅ဒေါ်လာ) သို့မဟုတ် အရစ်ကျထုတ်ငွေ (၁x၀.၅=၀.၅ဒေါ်လာ) ကို ဟွန်ဒီငွေလွှဲခြင်းမှတဆင့် ( ၃% ထပ်မံဖြတ်) သို့မဟုတ် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB မှတဆင့် (၁၀%ထပ်မံဖြတ်) လွှဲပြောင်းပေးအပ်မည်ဖြစ်သည်။ အကယ်၍စာမူရှင်သည် နယ်မြို့တွင်နေပါက ပြည်တွင်းငွေလွှဲခကို ထပ်မံဖြတ်တောက်မည်ဖြစ်သည်။ မရှင်းလင်းသည်များရှိပါက မန်းဂေဇက်တယ်လီဖုံးသို့ တိုက်ရိုက်အိုဗာစီးကောခေါ်၍ မေးမြန်းနိုင်သည်။ (ပီဖင်းဂိုးဖြင့်ခေါ်ခြင်း၊ အီးမေးလ်းဖြင့်မေးခြင်း၊ လူကြုံခိုင်းခြင်းများသီးခံပါ)။

  • မျက်မှန်

    January 27, 2011 at 8:39 am

    ဓါတ်ပုံတွေကို ခွင့်တောင်းခံပြီးမှ ရိုက်တာ ပိုသင့်တော်ပါတယ်။အသုံးပြုမယ့်ပုံများမှာ မျက်နှာကို မှုန်ဝါး ပေးခြင်း သို့မဟုတ် မျက်လုံး နေရာမှာ ဖျက် ထားပေးခြင်း တို့ကို ပြုလုပ်ပေးသင့်ပါတယ်။
    ဓါတ်ပုံရိုက်ပြီးရင်လဲ အသုံးပြုခွင့် ပေးလို၏ ၊မပေးလို၏ ဆိုတာ ကာယကံရှင်ရဲ့သဘော ထားခွင့်ပြုချက်ကို တစ်ပါတည်း ရယူသင့်ပါတယ်။ ( တစ်ချို့က ဓါတ်ပုံ ကြည်ကြည်သာသာ အရိုက်ခံပေမယ့် အသုံးပြုဖို့ သဘော မတူတာမျိုး ရှိတတ်ပါတယ်)

  • narziparty2009

    January 27, 2011 at 8:28 pm

    အင်းရေးတော.ရေးချင်သားပဲ
    ဒါပေမဲ.ဓာတ်ပုံရိုက်ဖို.တော.နည်းနည်းခက်ခဲမယ်ထင်တယ်။
    သူများလို.အခက်ခဲတော.မဟုတ်ဘူးနော်ကြွားလိုက်အုံးမယ်သားသားမှာက
    ဖုန်းလည်းမရှိကင်မရာလည်းမရှိလို.။
    အစ်ကိုတို.ကအက်ဆေးလို.ပြောတယ်နော်
    သားသားကအီးလိုမရဘူးဗျာ။
    ဒီမှာတစ်ပုံလောက်နဲ.အင်တာဗျူးကိုတော.တင်ပေးလို.ဖြစ်ပါတယ်။

  • zaw min

    January 28, 2011 at 3:41 am

    ကျွန်တော့် ပတ်ဝန်းကျင်မှာတော့ (၁၈)နှစ်အောက် မြန်မာကလေးငယ်များမရှိပါ။
    မလေး ကလေးငယ်တွေတော့ရှိပါတယ်။ဓါတ်ပုံ ရိုက်မယ်ဆိုရင်လည်း အိုက်တင်မျိုးစုံနဲ့ အရိ့က်ခံမဲ့ကောင်တွေပါ။ဒါပေမယ့် အသုံးပြုဖို့အတွက် မိဘတွေ ဆီမှ ခွင့်တောင်းရန်သင့်မသင့်။လိုအပ်သည် ၊မလိုအပ် သိချင်ပါတယ်။

  • zawana

    January 28, 2011 at 3:47 am

    ကျနော်တို့ ငယ်ငယ်တုန်းကတော့ အထက်တန်းကျောင်းနဲ့ နီးတဲ့ လက်ဖက်ရည်ဆိုင်တွေမှာ ထိုင်တဲ့ ကျောင်းသားတိုင်းလိုလို ဆေးလိပ်သောက်ကြတာ မှတ်မိနေပါတယ် …. အခုခေတ်တော့ ဘယ်လိုနေမယ် မသိတော့ပါဘူး …

  • winkyawaung

    January 29, 2011 at 1:02 am

    တစ်လဆိုတာ နောက်ဆုံးရက်ကိုသိပါရစေ။ အခွင့်သာရင် တင်ပေးပါမည်ဆရာ။

    • kai

      January 29, 2011 at 9:47 am

      အခုထိတော့ တယောက်မှ..မပေးလာသေးဘူး..။
      ဆိုတော ့.. မရမချင်းးဆက်ဖွင့်ထားမှာပါပဲ..။
      ရရင်တော့ .. ကြေငြာပါ့မယ်..။

  • naywoonni

    January 29, 2011 at 12:41 pm

    (ကျနော်တို့ ငယ်ငယ်တုန်းကတော့ အထက်တန်းကျောင်းနဲ့ နီးတဲ့ လက်ဖက်ရည်ဆိုင်တွေမှာ ထိုင်တဲ့ ကျောင်းသားတိုင်းလိုလို ဆေးလိပ်သောက်ကြတာ မှတ်မိနေပါတယ် …. အခုခေတ်တော့ ဘယ်လိုနေမယ် မသိတော့ပါဘူး …)အဲဒိတုန်းက ဆေးလိပ်မီးလာတောင်းတာ တားတားလေ မှတ်မိတော့ဘူးလား ဆရာzawana ……….

  • teacher

    January 29, 2011 at 1:29 pm

    ပြောချင်ရာပြောကြသူတွေ ဘာကြောင့်ကလေးတွေဆေးလိပ်သောက်ကြသလဲ….။ ကလေးတွေ ဘာကြောင့်ဆေးလိပ်သောက်ကြသလဲ….။
    စဉ်းစားစရာနော်…။
    တိုးတက်ချင်ရင်၊ ကောင်းစားချင်ရင်၊
    တွေးကြည့်ရမယ်။
    စဉ်းစားရ မယ်။
    ဘာလုပ်နိုင်သလဲ…..
    ဘာလုပ်ပေးနိုင်သလဲ……
    ဘာလုပ်ပေးသင့်သလဲ……..
    ဘယ်လိုလုပ်ပေးနိုင်သလဲ……….

  • ဆေးလိပ်ထက်ပိုဆိုးတာက ခြင်နိုင်ဆေးခွေမဟုတ်ဘူးလား။ ဆေးလိပ်မီးခိုးငွေ့ထဲမှာ ခြင်တွေ ကျကျပြီးမသေပါဘူး။ ခြင်နိုင်ဆေးခွေထွန်းထားရင် ခြင်တွေကျကျပြီးသေပါလေရော။ ကလေးပေါက်စနကိုကအစ ဘေးနားမှာ ခြင်ဆေးခွေထွန်းပြီး သိပ်ကြပါတယ်။ ဒီလိုပုံစံက TV ထဲမှာပါ ကြော်ငြာနေတာလေ။ ဆရာမဂျူးရဲ့ ဆောင်းပါးထဲမှာ ဖတ်ဖူးတာက ခြင်ဆေးခွေ တစ်ခွေဟာ (ဘာဓာတ်လဲမသိဘူး) စီးကရက်အလိပ် ၅၁ လိပ်စာနဲ့ညီမျှပါတယ်တဲ့။ ခြင်ဆေးခွေက ဒုက္ခပိုပေးတယ်လို့ အခိုင်အမာရေးထားပါတယ်။ ဒီလို အသိမျိုးရှိနေတဲ့ ကျွန်တော်တောင် လတ်တလော ဘေးအနာ္တရာယ် သွေးလွန်တုပ်ကွေးကိုကြောက်ရလွန်းလို့ ခြင်ဆေးခွေထွန်းမိပါတယ်။ ခြင်ကိုနိုင်ဖို့ကတော့ မလွယ်ရေးချမလွယ်။ ငွေအင်အားနဲ့လည်း အများကြီးဆိုင်ပါတယ်။
    ဆေးလိပ်က ဒုက္ခပေးမပေးတော့ မသိဘူး။ ကျွန်တော့် အဘွား ပြောင်းဖူးဖက် ဆေးလိပ်ကို မသေမချင်းသောက်တာ အသက် ၁၀၅ နှစ်မှဆုံးတာပါ။ ဒါက ခေတ်မီဆေးတွေဝါးတွေမပါဘဲ ရိုးရိုးကြီး လိပ်သောက်တာမို့လား မသိဘူး။

  • ဆူး

    January 29, 2011 at 2:26 pm

    ဟုတ်တယ်.. ခြင်ဆေးတွေကလည်း ပြသနာ.. အဲဒီ ကိစ္စ ဝိုင်းတွေးကြရင် ပိုကောင်းတယ်။ ဆူး ၉ တန်း ၁ဝတန်း လောက်တုန်းက ညည စာကျက်ရင် ခြင်ဆေးခွေကလေး ထွန်းပြီး ကျက်တယ်။ နောက်ပိုင်း ခြင်ဆေး အနံဆို လုံးဝ မခံနိုင်တော့ဘူး အနံ ရတာနဲ့ လည်ချောင်းထဲ နာလာတော့တာဘဲ။ ဖြန်းဆေးတွေ ဆိုလည်း ရှူမိရင် ရင်တွေ တုန်ပြီး ဖျားတော့တာဘဲ။ အဒေါ် က ဆို ညဉ်းက ခြင်သေလို့ ဝင်စားတာ ဖြစ်မယ် ခြင်ဆေး အနံ မခံနိုင်တာလား ခြင်တွေ သေကုန်မှာ စိုးလို့ ဉာဏ်ဆင်တာလားတဲ့။ အပြောခံရတယ်။ 🙁
    ခြင်ကလည်း ၅တန်း လောက်ကတည်းက မရိုက်တော့တာ ဆိုတော့.. ခြင်တွေ ဝိုင်းတွယ်ရင် အဝတ်တခုခု အနားမှာ ထားပြီး ပုတ်နေရတယ် လက်တဖက်က ခြင်ပုတ် မပုတ်ချင်ရင် လမ်းထလျှောက် အဲဒီလို လုပ်ရတယ်။

  • Thaw Zin Loikaw

    February 2, 2011 at 12:23 pm

    ကျနော်ကတော့ ဆေးလိပ်သောက်နေကြတဲ့ကလေးတွေရော လူကြီးလူငယ် အစုံကို နေ့တိုင်းကုမ္ပဏီမှာတွေ့နေတာပဲ မေးကြည့်ရင်တော့ အဖြေက တစ်ရာမက တစ်ထောင်လောက်ဖြစ်နိုင်တယ် တစ်ချို့တွေက 14၊15နှစ်လောက်ပဲရှိသေးတယ် အရက် ၊ ဆေးလိပ်၊ ရိုင်းရိုင်းပြောရရင် (လိင်တောင်ဆက်ဆံဖူးကြတာ) ဓါတ်ပုံတော့မရိုက်ချင်ပါ ကာယကံရှင်ကိုယ်တိုင်ကလည်း အရိုက်ခံမှာ မဟုတ်ပါဘူး။ ဆေးလိပ်ကို ဘာကြောင့်သောက်လဲဆိုတာတော့ စဉ်းစားလိုက်ဦးမယ်ဗျာ….။ ဒီစာမူကို ဘယ်နေရာမှာ သုံးမှာပါလဲ သိခွင့်ရရင် သိပါရစေလား..။

  • နိုင်နိုင်

    February 7, 2011 at 6:17 am

    ကဲကဲ.. ကျွန်တော်လဲ နဲနဲ ဝင်ပွားလိုက်ဦးမယ်ဗျာ 25 ဒေါ်လာ တော့ ဟုတ်ပါတယ် အခွန်ကောက်ခံမှုတွေ အဆုံးမှာ အိပ်ထဲကတော့ မထုတ်ရဘောက်ဘူးထင်ပါတယ်နော် 😀 ဒီအစီစဉ်လေးကို စိတ်ဝင်စားတယ်ဗျာ အဦးဆုံးပြောခဲ့တဲ့ သူငယ်ချင်းတွေပြောသလို ကိုယ့်ပေါင်ကို လှန်ထောင်းသလိုမျိုးဖြစ်နေမလားပေါ့ ဒါပေတီး ဒါက ကျန်မာရေးပိုင်းအတွက် ကိုယ့်နိုင်ငံကို ကူညီတာလည်းရောက်ပါတယ် ယနေ့ခေတ် လူငယ်တွေမှာ ဆေးလိပ်သောက်တာ အရမ်းများလာပါတယ် ကိုယ်သော်ဇင် ပြောသလို တစ်ဦးတစ်ယောက်တိုင်းမှာ အဖြေအမျိုးမျိုးရှိနေနိုင်ပါတယ် အချိန်ခါမှီမယ်ဆိုရင်တော့ ကျွန်တော် ဓါတ်ပုံလေး ရိုက်ပြီး ဗျူးထားတာလေး ဝင်ရေးမိမှာပါ 25 ဒေါ်လှတော့ စိတ်ထဲ မထားပါဘူး ရမှာလဲ မဟုတ်ဘူးထင်တယ် အခွန်တွေ တွက်လိုက်ရင် 😀 ကိုယ့်လူမျိုး ကျန်းမာရေး ကောင်းစားရေးအတွက် ရေးသင့် ကြပါတယ်ဗျာ ပုံကိုတော့ ကျွန်တော် ခဲပေါက်ခံပြီး ရိုက်ပြီးတင်ပေးပါမယ် ကျွန်တော် အဆင်ပြေရင်ပေါ့ အားလုံးကိုကျေးဇူးတင်ပါတယ် ရွာသူရွာသားတို့ရေ။

  • sithuphyo

    February 12, 2011 at 5:36 am

    ကောင်းတယ်ဗျို့။တင်သာတင်ကြ။ ဒါမျိုးတွေဖြစ်သင့်နေတာကြာပြီဗျ။

  • kai

    February 23, 2011 at 8:40 am

    ဘယ်သူ့ဆီကမှ … ကမ်းလှမ်းတာ မရောက်လာတာမို ့.. ပိတ်လိုက်တော့မယ်နော..။
    နောက်တခုစဉ်းစားကြည့်တာပေါ့…။

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 23, 2011 at 9:42 am

    အောင်ပုတို ့ရွာမှာ
    ရာဘာခြံတွေရှိတယ်
    မိုးကုန်ခါနီး တော်သလင်းသတင်းကျွတ်လတွေကနေပြီး
    ခြံစဖွင့်တယ်ပေါ့နော
    အိုက်ဒီခါကြရင်တော့ ခြင်တွေ လက်ကုန်များတယ်
    တောထဲမှာ ခြင်တွေတစ်အုပ်ကြီးလိုက်အကိုက်ခံရတာတွေးသာကြည့်ပေါ့
    အဲ့သည်အခါကြရင်
    ဆေးရွက်ကြီးကို စက္ကူသတင်းစာနဲ ့လိပ်ပြီး
    လက်ပွတ်လုပ်ပြီး
    သောက်တတ်သည်ဖြစ်စေ မသောက်တတ်သည်ဖြစ်စေ
    ရှုပြီး မှုတ်ထုပ်တာကနေ စပြီး
    ဆေးလိပ်သောက်တတ်တာလည်း တစ်မျိုးပါဝင်ပါဒယ်လို ့
    ပိတ်တော့မယ်ဆိုလို ့ပါ
    ရွာကကလေးတွေကတော့
    သူများသောက်လို ့လိုက်သောက်တာ
    လူတွေကဆရာ
    စာသင်ကျောင်းမှာဆို ဆရာနဲ ့တပည့်က ရဲဘော်ရဲဘက်
    ရွာထည်းမှာဆုံရင် ဆရာကတပည့်စီမှာ တပည့်ကဆရာစီမှာ ဆေးလိပ်မီးညှိမယ်
    ဆေးလိပ်တောင်းမယ်
    လွယ်လွယ်ရောင်းရင်လွယ်လွယ်ဝယ်သောက်တယ်
    အစီခံပါတဲ့ စီးကရက်တွေကို ရှိုးထုပ်ပြီးသောက်တယ်
    ရွာမှာသောက်များတာက
    လက်ပွတ်
    ဆေးပေါ့လိပ်
    စီးကရက်
    ဆေးပြင်းလိပ်
    ဒီလိုသောက်တယ်
    ဆေးလိပ်သောက်ခြင်းဟာ ရောဂါဖြစ်တတ်တယ်လို ့ပြောရင်ဝိုင်းရီးတယ်
    တစ်ကယ်ရောဂါဖြစ်တဲ့လူလဲရှိတယ် ဥပမာ ပန်းနာရင်ကျပ်
    တဟွပ်ဟွပ် တခွပ်ခွပ်နဲ ့
    ဒါပေမယ့်
    ဘယ်သူမှကျယ်ကျယ်ပြန် ့ပြန် ့မသိကြဘူး
    ရွားက ဆိုင်သားသားလေးတွေကလည်း
    ကောင်မလေးတွေအများအားဖြင့်ရောင်းကြတော့
    စီးကရက်တို ့ကွမ်းယာတို ့ဆိုတာတွေက ဆိုင်ရဲ ့ဒက်ကရေးရှင်းတွေလိုဖြစ်နေတယ်
    အခုဆို အရက်ဘီယာရောပါလာပြီး

  • saitun

    August 1, 2011 at 10:29 am

    စာမူတောင်းဆိုတဲ့ ခေါင်းစဉ်က ကောင်းပါတယ် … ခု ကျနော်တို့ နိုင်ငံကလေးတွေ ဆေးလိပ်သောက်နေတာက အထူးအဆန်းတစ်ခုတော့မဟုတ်တော့ပါဘူး … ဘာလို့သောက်တယ် ဘယ်သူ့ဆီက အတုယူတယ်ဆိုတာကလည်း ပြောဖို့ခက်ပြန်ရော … လူတစ်ယောက်က သူ့စိတ်နဲ့သူပဲလေ … ခေတ်ရေစီးကြောင်းအရ နိုင်ငံခြားကားတွေတော်တော်များများမှာ ဆေးလိပ်သောက်တဲ့ အခန်းတွေပါတာပဲ … ဒါတွေကို ကလေးတွေကြည့်ပီး သောက်ချင်သောက်မယ် .. တစ်ခုပါပဲ .. ကိုယ့်စိတ်နဲ့ကိုယ်ပါပဲ … အသိဉာဏ်ရှိတဲ့ကလေး နဲ့ အသိဉာဏ်မရှိတဲ့ကလေး ဒါကွာမယ် … ပီးတော့ လက်တည့်စမ်းပီး သောက်တာလည်းပါမယ် … ခုဆို ကျနော်တို့ ဂိမ်းဆိုင်ကို အထက်တန်းကလေးတွေ ကျောင်းဝတ်စုံနဲ့ ဂိမ်းလာဆော့တယ် … ပီးတော့ မှာလိုက်ရင် ဆေးလိပ်ဆိုတာချည်းပဲ … ဘယ်လိုလုပ်မလဲ ကျနော်တို့ ရောင်းပေးရတာပဲ … အသက် ၁၈ နှစ် မပြည့်သူများ ဆေးလိပ်မသောက်ရဆိုတာ တရားဝင်ကြေငြာထားပါတယ် … ဒါပေမယ့် အဲဒါ စာရွက်တစ်ခုပါပဲ … တစ်ကယ်လည်း သူတို့ ထိထိရောက်ရောက် မလုပ်နိုင် မတားဆီးနိုင်ကြပါဘူး … လမ်းမှာ တွေ့ရတတ်ပါတယ် အမှိုက်ကောက်တဲ့ကလေးတွေ ဆေးလိပ်သောက်နေတာကို … ဘယ်သူတွေကများ တားဆီးကြလို့လဲ … ဘယ်သူမှ မတားဆီးပါ … အချိန်မရလို့လား ဒါမှမဟုတ် လူတစ်ယောက်အသက်ကို တန်ဖိုးမထားကြတာလား … အဲ့ကလေးဟာ အမှိုက်ကောက်နေတဲ့ကလေးမို့လို့လား … ကျနော့် အမြင်ကို ကျနော် ဆွေးနွေးသွားပါတယ် …

  • သူကြီးရေ
    အင်တာတော့လိုက်ဗျူးလဲအဖြေမှန်ရမှာမဟုတ်ဘူး။
    အင်တာမဗျူးဘဲရေးတာလိုချင်တယ်ဆိုရင်တော့ရေးပေးမယ်။
    ပုံလဲရသလောက်ရှာလို့ပေါ့

    • kai

      August 1, 2011 at 1:45 pm

      အင်တာဗျူးတာရဲ့အဓိပါယ်က.. ကလေးရဲ့သဘောထားအမှန်ဖြစ်ကြောင်း… မီဒီယာအရ သက်သေထူတာတခုပဲဖြစ်ပါတယ်..။
      ကျကျနနထိုင်ပြီး အင်တာဗျူးဖို့ဆိုလိုတာမဟုတ်ပါဘူး..။
      မသိမသာ ဖြတ်မေးပီး…သူ့သဘောအမှန်ကို ရယူသွားတာမျိုးဖြစ်စေချင်တာပါ..။ လူကြိးရဲ့.. စဉ်းစားတွေးခေါ်ဉာဏ်နဲ့.. ဖြည့်ရေးတာမျိုးလည်း မဖြစ်စေချင်ပါ…။

      ကိုပေါက်ကိုတော့ ယုံပါတယ်..။
      သိပ်ရှည်ရှည်စာတွေမလိုပဲ.. ဓါတ်ပုံနဲ့အချက်အလက် များများပေးပေးပါ..။ နေရာသိပ်မရှိလို့ပါ…။
      အပေါ်ကအချက်အလက်တွေခြုံငုံမိအောင်… ကြိုးစားလုပ်ပေးပါခင်ဗျား..။
      ၁ဝရက်ကနေ.. ၁၅ရက် အချိန်ရပါမယ်..။

Leave a Reply