ဝယ်သူအမြဲမှန်၍ ရောင်းသူအမြဲခံစေသတည်း

ကမ္ဘာကြီးပြားသွားပြီလို.ဆိုနေကြတဲ. အခုခေတ်မှာ နိုင်ငံခြားကလာသော အတွေးအခေါ်များ အယူအဆများကိုပိုသိ ပိုကြား ပိုလို.လက်ခံ ပိုလို.အသုံးပြုလာကြတာကို တွေ.ရပါတယ်။
သည်နေ.ခေတ်ဟာ စီးပွားရေးဈေးကွက်စံနစ်လို.အသံကျယ်ကျယ်အော်လို.
အတော်တွင်တွင်ကျယ်ကျယ်လုပ်ဆောင်နေကြတဲ. ခေတ်နဲ.အညီ
ရောင်းကြဝယ်ကြတဲ.နေရာမှာလည်း မဟာဗျူဟာ နည်းဗျူဟာ ဘာညာသာရကာ ဗျူဟာပေါင်းများစွာကိုကြွေးကြော်လို.ချီတက်နေကြပါတယ်။
သည်ခေတ်ကြီးထဲ ဆောင်ပုဒ်ပေါင်းများစွာထဲကရောင်းတာဝယ်တာနဲ.ပါတ်သက်လို.တိုက်ရိုက်ဘာသာပြန်ပြီး
နေရာတကာမှာ အတွင်ကျယ်ဆုံး အသုံးအများဆုံးလူတကာ အသုံးခံရသောနေရာမှာ စူပါလို.ဆိုနိုင်သောစကားလေးကတော.
” ဝယ်သူအမြဲမှန်တယ်”ဆိုသောစကားလုံးလေးပါခင်ဗျာ။
တကယ်တမ်းတော.ကျွန်တော်တို.မြန်မာနိုင်ငံမှာ အများအားဖြင်.နေရတော်တော်များများမှာ အကြွေးစနစ်နဲ.သာရောင်းကြရပါတယ်။
စားသောက်ဆိုင်များ လက်လီအရောင်းဆိုင်များ စူပါမက်ကက်ကြီးများမှာ သာ ငွေလက်ငင်းစနစ်နဲ.ရောင်းတာပါ။
ဒါတောင်စားသောက်ဆိုင်တွေ လက်လီဆိုင်တွေမှာ ရင်းနှီးမူ.ကို အကြောင်းပြုလို.အကြွေးကို အနည်းနဲ.အများတော.ပေးရပါသေးတယ်။
တကယ်တမ်းဆိုရင်ငွေ လက်ငင်းရတယ်ဆိုတာ ဘာမတ်ကက်ညာမတ်ကက်တွေမှာသာ တကယ်လက်ငင်းရတာပါ။
ကုန်ပစ္စည်းထုတ်လုပ်သူက ဖြန်.ချိပေးမဲ. company ဒါမှမဟုတ်လက်ကားဖြန်.နိုင်သောသူကို ပထမ လူအနေနဲ.ကြွေးချပေးလိုက်ပါတယ်။
သူကမှတစ်ဆင်.အောက်မြန်မာပြည်အတွက် ရန်ကုန်၊အထက်မြန်မာပြည်အတွက်မန္တလေး အစရှိတဲ.မြို.ကြီးများက company အမည်တပ်ထားသောကိုယ်စားလှယ်တွေကိုကုန်ပစ္စည်းဖြန်.ဖို.အကြွေးပေးလိုက်ပြန်ပါတယ်။
သူတို.ကမှ ဈေးထဲမှာ နယ်မြိူ.တွေမှာဖွင်.ထားကြတဲ.ဆိုင်ကြီးတွေကို အကြွေးချပေးလိုက်ပြန်ရော
သည်ဆိုင်ကြီးတွေကမှတစ်ဆင်.ဆိုင်အလတ်စားတွေကို အကြွေးပြန်ရောင်းပေးလိုက်ပါပြန်ပါတယ်။
ဒီဆိုင်အလတ်စားတွေက ထပ်ဆင်.လို.သူတို.ထက် အရင်းအနှီးနည်းသော ဆိုင်လေးတွေကိုထပ်ဖြန်.လိုက်ပါတယ် အကြွေးပါဘဲ။
သည်ဆိုင်အသေးလေးတွေကမှ ပြန်ပြီး ရပ်ကွက်ထဲက အိမ်ဆိုင်သေးသေးလေးတွေ လက်လီဆိုင်လေးတွေကိုအကြွေးချပေးလိုက်ပြန်ရော။
သူတို. ဆိုင်တွေကမှ စားသုံးသူ အစစ်အမှန်လက်ထဲကို ရောက်သွားပါတယ်။
ဟိုအရင် ခေတ်တွေကတော.လုပ်ရကိုင်ရရောင်းရဝယ်ရတာ ခုခေတ်လောက် အပြိုင်အဆိုင်ဘဲပြောပြော အလုအယက်ဘဲပြောပြော မရှကြပါဘူး။
ကိုယ်နယ်နဲ.ကိုယ် ကိုယ်ဖောက်သယ်နဲ.ကိုယ် သိက္ခာရှိရှိ အိန္ဒြေရရ ရောင်းကြဝယ်ကြပါတယ်။
ခုခေတ်လို ရောင်းသူများလာတဲ.အချိန်မှာ တစ်ယောက်နဲ.တစ်ယောက်ဖောက်သယ်လုဘို.အတွက် မှားတာ မှန်တာ အပထားလို.
ဝယ်သူ ဦးရေတိုးပွားရေးကိုသာ ဦးတည်လို.ဗျူဟာတွေဆင်ကြ လိုအပ်တာထက်ပိုလို.ဝယ်သူကိုလိုက်ရောကြပါတယ်။
အရင်က အဟောင်းပေးအသစ်ယူပုံစံနဲ. နားလည်မူ. ယူပြီးလုပ်ကိုင်လာတာကနေပြီးတော.ငွေအကြောင်းမပြောဘူး ဝယ်ရင်ပြီးရောဆိုတဲ.ပုံစံနဲ.ကုန်အကြွေးတွေကို တစ်ယောက်နဲ.တစ်ယောက်အပြီုင်အဆိုင်ပေးလာပါတယ်။
ပင်ရင်းက ဖြန်.ချိသူကို အကြွေးများများနဲ. ကြာကြာပေး တစ်ခါဖြန်.ချိသူက မြို.ကြီးပေါ်က ဆိုင်ကြီးကိုပေး ဆိုင်ကြီးကအလတ်ကိုပေး အလတ်ကေ အသေးကို ပြန်ပေးဆို တစ်ဆင်.တစ်ဆင်.လိုက်လျောလိုက်ရာက
စီးပွားရေးကျပ်တည်းလာတဲ. ငွေရှားပါးလာသော အချိန်ကိုလည်းရောက်ရော လုပ်ငန်းလည်ပတ်ငွေ မလုံလောက်သောဒုက္ခကို စကြုံလာရပါတယ်။
ငွေမလောက်တော. တစ်ဆင်.နဲ.တစ်ဆင်.ဇွတ်တောင်းပြန်တောင်းကြတော. နားလည်မှူ.လွဲတာတွေ အဆင်မပြေတာတွေကို နောက်ဆက်တွဲ ပြသနာတွေကို ရင်ဆိုင်ရပါတော.တယ်။
ဒီနောက်ဆက်တွဲရဲ.နောက်ဆက်တွဲက အရင်က ရောင်းရပြီးရောဆို ပြီး ဝယ်သူကို အတိုင်းအဆမဲ. အကြွေးပေးခဲ.တဲ.ရလာဒ်ဆိုးကတော. ကိုယ်အကြွေးပေးတဲ.သူက စီးပွားပျက်တာ ဆိုင်ပြုတ်တာတွေ ဖြစ်ကုန်တယ်ဆိုတော.
သူတို.ကိုပေးထားသော ကုန်ကြွေးများဆုံးတော. ကျန်တာလေးကို ရသလောက်သိမ်း ရှိတာလေးကို ယူပြီး ကျေအေးလိုက်တဲ.သူလဲ ရှိသလို မကျေနပ်နိုင် တစ်ပြားမှ ပြန်မရလို. တရားစွဲတယ်ဆိုတာ တွေဖြစ်လာပါလေရော။
သည်အခြေအနေကိုလည်းရောက်ရော မဟာဗျူဟာ နည်းပညာရှင်ကြီးများက အကြွေးတွေကို ရက်သတ်မှတ်လ.ိုငွေမြန်မြန်ပေးအောင်နည်းလမ်းတွေထွင်လာကြပါတယ်။
ဘယ်လောက်ဘိုးဝယ်ရင် လက်ဆောင်ကဘယ်လောက် ကော်မရှင်ကဘယ်လောက်ဆိုပြီးများများရောင်းရအောင်လုပ်တဲ.အပြင်
ငွေမြန်မြန်ပေးအောင် လက်ငင်းဝယ်ရင် ကော်မရှင် ကဘယ်လောက် အကြွေးယူတာချင်းတူတူ မြန်မြန်ပေးရင်
ဈေးလျော.ပေးတယ်ကော်မရှင်ရာခိုင်နုှန်းကို များများပေးလို. ရက်ကြာကြာထားရင် ကော်မရှင်နည်းနည်းဘဲပေးတယ်
ဈေးတင်ပြီးရောင်းတယ်ဆိုတဲ.အကျပ်ကိုင်တာလိုလို အခွင်.အရေးဘဲပေးတာလိုလို
နည်းစနစ်တွေကို ထွင်လာကြပြန်တယ်။
ဒါပေမဲ.အပါးဝသော အရေထူသော အကြောက်တရားနည်းပါးလာသော ဝယ်သူအတော်များများက အကြွေးပေးသောငွေကိုဘယ်လိုလှည်.သုံးရမယ်ဆိုတာကိုသာစဉ်းစားလာပါတယ်။
သူများအကြွေးကို မဆပ်ဘဲ အိမ်ဝယ်တယ် ကားဝယ်တယ် သုံးတယ် ဖြုန်းတယ် ဆိုတာတွေက နေရာတိုင်းမှာဖြစ်လာပါတယ်။
ခုခေတ်မှာ လိုချင်စရာတွေကလည်းပေါမှပေါမဟုတ်လားဗျာ။
ဆိုင်အတော်များများမှာ လုပ်ငန်းလုပ်နေရင်း ကိုယ်ကပေးစရာထက် ရစရာကများနေသေးရင်တော်သေးတယ်။
ပေးစရများ ရစရာကနည်းလာပြီဆိုရင်တော. မကြာခင် ဆိုင်ပိတ်လိုက်ရတော.တာပါဘဲ။
သည်တော.လဲရောင်းသူတွေခမျာမှာ ကိုယ်အကြွေးပေးထားသောသူများ ကျန်းမာပါစေ ချမ်းသာပါစေ စီးပွားတိုးတက်ပါစေ
ရောင်းပန်းဝယ်ပန်းများလဲ လှကြပါစေလို. မနက်မိုးလင်းတာနဲ. ဆုတောင်းမေတ္တာပို.သပေးနေရပါတယ်။
နောက် တရုပ်သိုင်းကားများထဲကလို ဘဲ အဆိပ်ကို စားမိထားတော. ရပ်မထားရဲဘဲ နည်းနည်းချင်းဆက်စားနေရသလို
ကိုယ်က အကြွေးပေးထားတဲ.လူကို အပြတ်မပြောရဲ ဇွတ်လဲမတောင်းရဲဘဲ နည်းနည်းချင်း ချော.တောင်းနေရတာလဲရှိပြန်တာပါဘဲ။
တစ်ချို.ကျပြန်တော.လည်း အကန်.အသတ်တွေနဲ.ပေးလို. ထိန်းချုပ်ရပြန်တာဘဲ။
ရောင်းသူအချင်းချင်းများတွေ.လို.ကတော. ဆိုင်တွေရဲ.ရာသီဥတုအခြေအနေကိုတစ်ယောက်နဲ.တစ်ယောက်သတင်းပေးတတ်ပေမဲ.
တစ်ခါတစ်ရံမှာတော. မူပျက်နေတာကို သူများမသိခင် အသံမထွက်ဘဲ ရသလောက်အမြတ်လို.သဘောထားပြီး ဆိုင်မပိတ်ခင် ကြိတ်တောင်းနေရတာမျိုးလည်းရှိပါသေးတယ်။
တကယ်တမ်းတွက်ကြည်.ရင်တော. အပြိုင်အဆိုင်အလုပ်ကောင်းလို. ကို်ယ်.ပိုက်ဆံနဲ.ကိုယ်ဒုက္ခရောက်ကြရတာပါ။
ဒါကတော. ဘယ်တော.မှ အဆုံးမသတ်နိုင်တော.တဲ.ကိစ္စတစ်ရပ်လို.ကျွန်တော်ကယူဆထားပါတယ်။
တစ်ခါမှာတော.ဈေးထဲက ကျွန်တော.မိတ်ဆွေဆိုင်မှာထိုင်နေတုန်း ကြားခဲ.ရတာလေးပါ။
” ကိုအေး ကျွန်တော.ကို ပစ္စည်းထပ်တင်ပေးလိုက်အုံး နက်ဖြန် ရထားတွဲကုန်တင်စရာရှိတယ်”
” ကိုခင်မောင် အရင်ကျန်တဲ.ပိုက်ဆံကို ချပေးအုံးလေဗျာ တစ်လတောင် လွန်နေပြီ”
“ခင်ဗျားကလဲ ရောင်းချင်တုံးက ဇွတ်ရောင်းပြီး အခုမှဘာလောနေတာလဲ ငွေက ဘယ်လောက်များနေလို.လဲ ”
“ကိုခင်မောင်ကလဲ မဟုတ်ဘူးလေဗျာ ငွေများတာမကြောက်ဘူး အခုခင်ဗျားက အမြဲတမ်းရက်ကြာလို.ပြောနေတာ ငွေမလည်ဘူးဗျ ”
” ကိုအေးရေ ခင်ဗျားရောင်းချင်ရင်ပို. မရောင်းချင်မပို.နဲ ခင်ဗျားငွေကျန်တာ ဥပုဒ်ထွက်ကျရင် ပေးမယ်”
“မနေ.ကမှ ဥပုဒ်ထွက်တာလေဗျာ အဝေးကြီးလိုသေးတယ် ခင်ဗျားတို.ကသိပ်ခက်တာဘြ”
“ဝယ်သူ အမြဲမှန်တယ်လေဗျာ မကြားဘူးဘူးလား”
အဲဒီအချိန်မှာ ကိုအေးဆိုတဲ.လူက စိတ်ဆိုးမာန်ဆိုးနဲ.ပြောထည.်လိုက်တာကတော.
” အေးဟုတ်တယ် ဝယ်သူအမြဲမှန်တယ် အဲဒါက လက်ငင်းဝယ်တဲ.သူအတွက်ဘဲမှန်တာ
မင်းလိုေ ာက်ကြွေးယူတဲ.ကောင်တွေအတွက်မဟုတ်ဘူး ”
” ကဲ မိတ်ဆွေတို.ရေ မှန်တဲ.ဘက်ကနေမလား ခံတဲ.ဘက်ကနေမလား ဦးနှောက်လေးစားကြည်.လို်က်ရအောင်နော်”

One comment

  • susunosuki

    April 20, 2010 at 2:13 pm

    ကျွန်တော်တို့ဆီမှာ ဝယ်သူအမြဲမှန်တယ်ဆိုတာ တချို့နေရာတွေမှာသာသုံးတာပါ
    အများစုကတော့ မိရိုးဖလာ လိုခပ်လွယ်လွယ်ဝန်ဆောင်မှု့ ကိုသာပေးကြတယ်

Leave a Reply