လက်ရှိ ရာထူးတာဝန် အကုန် လုံးမှ အနား ယူသွားသည့်  စစ်အစိုးရအဖွဲ့ နံပါတ် ၂ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး AP-Photo
ဒုတိယ တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ် မှုးကြီး မောင်အေး ဟာ ဇန်န၀ါ
ရီလ  ၂၄ ရက်နေ့ မှာ လက်ရှိ ရာထူးတာဝန် ဖြစ်တဲ့ နိုင်ငံတော် အေးချမ်းသာ ယာ ရေး နဲ့ ဖွံ့ ဖြိုး
ရေးကောင်စီ ဒုဥက္ကဌ အဖြစ်က ၎င်း၊ ဒု ကာကွယ်ရေး ဦးစီးချုပ် နေရာ ကနေ ၎င်း နှုတ် ထွက်
လိုက်ပြီး အသစ် ပေါ်ထွက် လာမယ့် အစိုးရ အဖွဲ့ မှာ လည်း ဘာတာဝန် မှ မယူတော့ ဘူး
လို့ သတင်းရရှိ ပါတယ်။
Freedom News အနေ နဲ့ ဒီသတင်း ကို အတည် ပြု ဖို့ ခက်ခဲပေမယ့်  နေပြည်တော်
ကာကွယ်ရေး ၀န်ကြီးဌာန က အကြီးတန်း အရာ ရှိ တစ်ဦးက တော့ ” ဒီသတင်း ကို
မနေ့ ညက စကြားတယ် ၊  နှစ် ရက် လောက် ဆိုရင် တော့ သဲသဲ ကွဲကွဲ သိရပြီ ၊ လွတ်
လပ်ရေး နေ့ ညစာ စား ပွဲ မှာ ကတည်း က သူက မတ် လ ၂၇ ရက်နေ့ ကျွန်တော့် ရဲ့ 
နောက်ဆုံး ညစာစား ပွဲ ပဲ လို့ ပြောသွားတယ်” ဟု အဆိုပါ ဗိုလ်မှုးကြီးက ပြောသည်။
ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေး က ရာထူးကနှုတ် ထွက် သွားပေမယ့် ဗိုလ်ချုပ်ကြီး သူရ
ရွှေမန်းကတော့  မကြာခင် ပေါ်ပေါက် လာမယ့် စစ်တပ် ကြီးစိုး မယ့် အစိုးရ သစ် ရဲ့ 
သမ္မတ အဖြစ် ရာနှုန်း ပြည့် ရာထား ခံထားရတယ် လို့ သိရပါတယ်။
ဗိုလ်ချုပ် မှုးကြီး မောင်အေး ကတော့ သူဟာ အရပ် ၀တ် ကို လဲဝတ် လို စိတ် မရှိ
ဒီသတင်း တွေ နဲ့  ဆက်လက်ပြီး သိရတဲ့ သတင်း တစ်ခု ကတော့ တိုင်းမှုး အသစ်
တွေ ဖြစ်တဲ့ ဗိုလ်မှုးချုပ် ရဲအောင် ၊ ဗိုလ်မှုးချုပ် စိုးလွင်၊ ဗိုလ်မှုးချုပ် မောင်မောင်အေး
ဗိုလ်မှုးချုပ် ဇေယျာအောင် စ တဲ့ တိုင်းမှုး အသစ် တွေ အား လုံး ကို ယခင် က လို
ဗိုလ်ချုပ် ရာထူး တိုးပေးမှာ မဟုတ်တော့ ဘူး လို့ သိရပါတယ်။
မြန်မာ နိုင်ငံ ရဲ့ ဒုတိယ စစ်ခေါင်းဆောင် အဖြစ် တာဝန် ယူ ခဲ့တဲ့ ဗိုလ်ချုပ်မှုးကြီး
မောင်အေး ကို ၁၉၃၇ ခုနှစ် ဒီဇင်ဘာ လ မှ စစ်ကိုင်း တိုင်း ကန့် ဘလူ မြို့ နယ်
မှာ မွေးဖွား ခဲ့ပြီး ၁၉၅၅ ခုနှစ်မှ စစ်တပ်ထဲ ၀င်ရောက် ခဲ့ပြီး ၁၉၅၉ ခုနှစ်မှာ မေ
မြို့ စစ်တက္ကသိုလ် ဗိုလ်သင်တန်း အပတ် စဉ် ၁ ကနေ အောင်မြင် ခဲ့ပါတယ်။
၁၉၈၆ ခုနှစ် မှာ အရှေ့ မြောက် ပိုင်း စစ်ဌာနချုပ် တိုင်းမှုး အဖြစ် တာဝန် ယူ ခဲ့ပြီး
အဲဒီအချိန် က တိုင်းမှုး အဖြစ် တာဝန် ယူရ သူတွေ ထဲ မှာ သူတစ်ဦး တည်း
စစ်ခေါင်းဆောင် နေရာကို တက်လှမ်း နိုင် ခဲ့ခြင်း ဖြစ်ပါတယ်။
၁၉၉၂ ခုနှစ် မှာတော့ ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူး နဲ့ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)
ရာ ထူးရရှိခဲ့ပြီး ၁၉၉၃ ခုနှစ်မှာ ဒု ကာကွယ်ရေး ဦးစီးချုပ် ရာထူး နဲ့  နိုင်ငံတော်
အေးချမ်းသာ ယာ ရေး နဲ့ ဖွံ့ ဖြိုး ရေးကောင်စီ ဒုဥက္ကဌ  ရာထူး ကို ရယူခဲ့ပါတယ်။
သူ့ ရဲ့ ဇနီး ဖြစ်သူ ဒေါ်မြမြစန်း စန်း ဟာ ကာကွယ်ရေး ၀န်ကြီးဌာန မှာ ပဲ ဗိုလ်
မှုး အဆင့် ထိ တာဝန် ယူခဲ့ပါတယ်။
Freedom News Group
ဂျစ်စူ
About ဂျစ်စူ
has written 258 post in this Website..
စိတ်ဆတ်တယ် အကြွေးမဆပ်ဘူး