ဒုကာကွယ် ရေး ဦးစီးချုပ် တာဝန်မှ အနားယူ တော့ မှာလား..?

ဂ်စ္စူJanuary 25, 20111min12310

လက်ရှိ ရာထူးတာဝန် အကုန် လုံးမှ အနား ယူသွားသည် ့ စစ်အစိုးရအဖွဲ့ နံပါတ် ၂ ခေါင်းဆောင် ဒုတိယ ဗို်လ်ချုပ်မှူးကြီး မောင်အေး AP-Photo

ဒုတိယ တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ် မှုးကြီး မောင်အေး ဟာ ဇန်နဝါ
ရီလ  ၂၄ ရက်နေ ့မှာ လက်ရှိ ရာထူးတာဝန် ဖြစ်တဲ့ နိုင်ငံတော် အေးချမ်းသာ ယာ ရေး နဲ ့ဖွံ ့ဖြိုး
ရေးကောင်စီ ဒုဥက္ကဌ အဖြစ်က ၎င်း၊ ဒု ကာကွယ်ရေး ဦးစီးချုပ် နေရာ ကနေ ၎င်း နှုတ် ထွက်
လိုက်ပြီး အသစ် ပေါ်ထွက် လာမယ့် အစိုးရ အဖွဲ ့မှာ လည်း ဘာတာဝန် မှ မယူတော့ ဘူး
လို ့သတင်းရရှိ ပါတယ်။

Freedom News အနေ နဲ ့ဒီသတင်း ကို အတည် ပြု ဖို ့ခက်ခဲပေမယ့်  နေပြည်တော်
ကာကွယ်ရေး ဝန်ကြီးဌာန က အကြီးတန်း အရာ ရှိ တစ်ဦးက တော့ ” ဒီသတင်း ကို
မနေ ့ညက စကြားတယ် ၊  နှစ် ရက် လောက် ဆိုရင် တော့ သဲသဲ ကွဲကွဲ သိရပြီ ၊ လွတ်
လပ်ရေး နေ ့ညစာ စား ပွဲ မှာ ကတည်း က သူက မတ် လ ၂ရ ရက်နေ ့ကျွန်တော့် ရဲ ့
နောက်ဆုံး ညစာစား ပွဲ ပဲ လို ့ပြောသွားတယ်” ဟု အဆိုပါ ဗိုလ်မှုးကြီးက ပြောသည်။

ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေး က ရာထူးကနှုတ် ထွက် သွားပေမယ့် ဗိုလ်ချုပ်ကြီး သူရ
ရွှေမန်းကတော့  မကြာခင် ပေါ်ပေါက် လာမယ့် စစ်တပ် ကြီးစိုး မယ့် အစိုးရ သစ် ရဲ ့
သမ္မတ အဖြစ် ရာနှုန်း ပြည့် ရာထား ခံထားရတယ် လို ့သိရပါတယ်။

ဗိုလ်ချုပ် မှုးကြီး မောင်အေး ကတော့ သူဟာ အရပ် ဝတ် ကို လဲဝတ် လို စိတ် မရှိ
ဘူး လို ့လွတ်လပ်ရေးနေ  ့(သီးသန် ့) ညစာ စား ပွဲ မှာ ပြောခဲ့တယ် လို ့သိရပါတယ်။

ဒီသတင်း တွေ နဲ ့ ဆက်လက်ပြီး သိရတဲ့ သတင်း တစ်ခု ကတော့ တိုင်းမှုး အသစ်
တွေ ဖြစ်တဲ့ ဗိုလ်မှုးချုပ် ရဲအောင် ၊ ဗိုလ်မှုးချုပ် စိုးလွင်၊ ဗိုလ်မှုးချုပ် မောင်မောင်အေး
ဗိုလ်မှုးချုပ် ဇေယျာအောင် စ တဲ့ တိုင်းမှုး အသစ် တွေ အား လုံး ကို ယခင် က လို
ဗိုလ်ချုပ် ရာထူး တိုးပေးမှာ မဟုတ်တော့ ဘူး လို ့သိရပါတယ်။

မြန်မာ နိုင်ငံ ရဲ ့ဒုတိယ စစ်ခေါင်းဆောင် အဖြစ် တာဝန် ယူ ခဲ့တဲ့ ဗိုလ်ချုပ်မှုးကြီး
မောင်အေး ကို ၁၉၃ရ ခုနှစ် ဒီဇင်ဘာ လ မှ စစ်ကိုင်း တိုင်း ကန် ့ဘလူ မြို ့နယ်
မှာ မွေးဖွား ခဲ့ပြီး ၁၉၅၅ ခုနှစ်မှ စစ်တပ်ထဲ ဝင်ရောက် ခဲ့ပြီး ၁၉၅၉ ခုနှစ်မှာ မေ
မြို ့စစ်တက္ကသိုလ် ဗိုလ်သင်တန်း အပတ် စဉ် ၁ ကနေ အောင်မြင် ခဲ့ပါတယ်။
၁၉၈၆ ခုနှစ် မှာ အရှေ ့မြောက် ပိုင်း စစ်ဌာနချုပ် တိုင်းမှုး အဖြစ် တာဝန် ယူ ခဲ့ပြီး
အဲဒီအချိန် က တိုင်းမှုး အဖြစ် တာဝန် ယူရ သူတွေ ထဲ မှာ သူတစ်ဦး တည်း
စစ်ခေါင်းဆောင် နေရာကို တက်လှမ်း နိုင် ခဲ့ခြင်း ဖြစ်ပါတယ်။

၁၉၉၂ ခုနှစ် မှာတော့ ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူး နဲ ့ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)
ရာ ထူးရရှိခဲ့ပြီး ၁၉၉၃ ခုနှစ်မှာ ဒု ကာကွယ်ရေး ဦးစီးချုပ် ရာထူး နဲ ့ နိုင်ငံတော်
အေးချမ်းသာ ယာ ရေး နဲ ့ဖွံ ့ဖြိုး ရေးကောင်စီ ဒုဥက္ကဌ  ရာထူး ကို ရယူခဲ့ပါတယ်။

သူ ့ရဲ ့ဇနီး ဖြစ်သူ ဒေါ်မြမြစန်း စန်း ဟာ ကာကွယ်ရေး ဝန်ကြီးဌာန မှာ ပဲ ဗိုလ်
မှုး အဆင့် ထိ တာဝန် ယူခဲ့ပါတယ်။

Freedom News Group

10 comments

  • etone

    January 25, 2011 at 9:05 am

    အခုတောင် အသက်က 74 ဖြစ်နေပြီ ပင်စင်မယူသေးဘူးလားမသိဘူး ။
    မသေမချင်း extension သွားချင်တာတဲ့လူတွေက နားမယ်ဆိုတော့ မယုံသေးဘူး ။ ဟုတ်မဟုတ်တော့ စောင့်ကြည့်ရမှာပဲ ။

  • nigimi77

    January 25, 2011 at 10:32 am

    စစ်သားက လက်စွပ်ကြီးတွေပြူးနေတာ စစ်သားနဲ ့မတူပဲ ဇာတ်မင်းသားနဲ ့တူနေတယ်။

    • R Ga

      January 26, 2011 at 8:57 am

      မှန်ပ…မောင်ရင်.ရယ်…ဇာတ်မင်းသားတောင်မှ မင်းသားရုပ်ဆောင်းထားတဲ့ ဘီလူး..။

  • rocky

    January 26, 2011 at 6:00 am

    သူရာထူးကနေအနားယူရင်ရှိသမျှအစိုးရမကောင်းမှုတွေသူ့ပေါ်ကျလာမှာပေါ့။သူပိုင်ဆိုင်တာတွေရောဘယ်လိုဆက်လုပ်မှာလဲ။နောင်တော်
    ကြီးတွေကကောသူ့ကိုစောင့်ရှောက်မှာလား….

  • အာဖျံ ကွီး

    January 26, 2011 at 7:01 am

    အခုတော့ … စိတ်ချလက်ချ … ညနေတိုင်း … ဘလက်လယ်ဘယ် …. ရတ်ဒ်လယ်ဘယ်တွေ … မော့လို.ရပီပေါ့ ….. အဟတ် အဟတ်

    • bigcat

      January 27, 2011 at 1:00 am

      မိုက်လိုက်တဲ့ အာဖျံကွီး.. ဒုချုပ်ကြီးကို red label တိုက်ရသလား။ မှတ်ထား black label တောင်မသောက်ဘူး၊ blue label ကိုသေတ္တာလိုက်ထားသောက်တာ။

  • R Ga

    January 26, 2011 at 8:54 am

    အကုန်အနားယူရင် ပိုနားအေးပါအေးရှိမယ်ထင်တယ်ဗျာ.။ တစ်ယောက်တည်း မနားကျပါနဲ့ အုံလိုက် ကျင်းလိုက် ကျင်းတူးပြီး အနားယူကြပါ..လို့ တောင်းဆိုပါတယ် ခင်ဗျာ.။

  • ဆူး

    January 26, 2011 at 2:20 pm

    အချိန်တန်ရင် သိမှာပေါ့။ ထင်မြင်ချက်တွေ ဖတ်ရတာ ဇတ်မျောကြီးတွေပါဘဲ။ လက်တွေ့ ဟုတ်မဟုတ် လက်တွေ့ကို အချိန်က ပြလိမ့်မည်။

  • char too lan

    January 27, 2011 at 7:31 am

    လှည်ပြန်ပီလားတိဝူး ဟိုလူကြီးလဲ နားမယ်နားတယ်ပြောကြပီး ခုထိ် ဝါးတီးကုတ်အဖြူကြီးနဲ့တွေ ့တွေ ့နေတုန်းပဲဂျာ….. 🙁

Leave a Reply