မြန်မာပြည်က ဂျစ်ပစီလေးများသို.

တစ်နေ.သူငယ်ချင်းတွေနဲ.လက်ဖက်ရည်ဆိုင်ထိုင်နေတုန်းမှာ company ယူနီဖောင်းဝတ်ထားတဲ.ကောင်လေးတစ်ယောက်က ကျွန်တော်ကိုလာနှုတ်ဆက်ပါတယ်။
သူကိုချက်ချင်းပြန်မှတ်မိလိုက်တာကတော. အဲဒီကောင်လေးဟာ
ခဏခဏ အလုပ်ပြောင်းလုပ်တတ်တဲ.ကောင်လေးဖြစ်နေလို.ထူးခြားနေလို.ချက်ခြင်းပြန်မှတ်မိလိုက်တာပါ။
လွန်ခဲ.သော 8နှစ်လောက်က ကျွန်တော်သူငယ်ချင်းတစ်ယောက်ရဲ.လုပ်ငန်းကို
အကြံပေးအဖြစ်ကျွန်တော်ဆောင်ရွက်နေတုန်းက အဲဒီမှာ
အရောင်းသမားအဖြစ် စတွေ.ခဲ.တဲ.ကောင်လေးပါ။
သူ.နဲတော်တော်လေးကြာလို. တစ်ခါတွေ.ရင် ယူနီဖောင်းတမျိုး အလုပ်တစ်မျိုးနဲ.ဆိုရလောက်အောင်ကို အလုပ်ပြောင်းတတ်တဲ.ကောင်လေးပါ။
သူနဲ.တွေ.ခဲ.တဲ. ၈နှစ်အတွင်းမှာ သူအလုပ်ပြောင်းလုပ်တဲ.နေရာက၁ဝခုတောင်မကတော.ဘူးထင်ပါတယ်။
ဒါနဲ.အိမ်ပြန်ရောက်လို. ကုလားထိုင်မှာ ထိုင်ပြီးစာဖတ်နေတုန်းဘေးအိမ်က ဖွင်.ထားတဲ.သီချင်းက
ပထမဆုံး ပလေးဘွိုင်သန်းနိုင်ဆိုပြီး နောက်တော. rocker ကြီး ညီထွတ် ပြန်ဆိုထားတဲ.
” ဂျစ်ပစီ မိုးတိမ်”ဆိုတဲ.သီချင်းလေးပါ။
” ဂျစ်ပစီ”ဆိုတာကလည်း တနေရာထဲမှာ အတည်တကျမနေဘဲ ရေကြည်ရာမျက်နရာကိုလျှောက်ပြောင်းနေတဲ. လူစားမျိုးပါ။
ဒီသီချင်လေးထဲက” ဂျစ်ပစီ”ဆိုတဲ.စာသားလေးရယ် နေ.လည်ကတွေ.လိုက်တဲ.ကောင်လေးရယ်ဆက်စပ်လို.
အခုပြောမဲ. အကြောင်းလေးတွေက ခေါင်းထဲကိုရောက်လာပါတယ်။
လွန်ခဲ.တဲ.10နှစ်လောက် က ကျွန်တော်.ဆီမှာ ခေတ်စားလာတဲ. စာအုပ်ကလေးက
” ငါ. ဒိန်ခဲကိုဘယ်သူရွှေ.သလဲ?”ဆိုတဲ.စာအုပ်ကလေးပါ။
လူငယ်တွေ တိုးတက်အောင် အပြောင်းအလဲလုပ်ရဲတဲ.သတ္တိရှိလာအောင် အတွေးလေးကို ချပြထားသောသေသေချာချာဖတ်ကြည်.မယ်ဆိုရင် ရည်ရွယ်ချက်ကောင်းသောစာအုပ်လေးပါ။
ကျွန်တော်တို.မြန်မာ မှာလည်း ” တစ်ရွာမကောင်းသူကောင်းမဖြစ်”တို.” သေချင်တဲ.ကျားတောပြောင်း”စသည်ဖြင်.
အပြောင်းအလဲနဲ.ပါတ်သက်တဲ. ဆောင်ရန်ရှောင်ရန်ကလေးတွေရှိပါတယ်။

အခုကျွန်တော်ဆီမှာ ခက်နေတာ က နိုင်ငံခြားက လာသော အတွေးအခေါ်ဆိုရင် ကိုယ်နဲ.သင်.သလား မသင်.ဘူးလားမတွေးတော.ဘဲ အရမ်းကို လက်ခံလိုက် ကျင်.သုံးလိုက်တတ်ကြတာပါ။
ဟိုအရင်ကဆိုရင် လူတစ်ယောက် အလုပ်လုပ်တဲ. အခါ အပြောင်းအလဲသိပ်မလုပ်ကြဘဲ တစ်နေရာထဲမှာ
နှစ်ပေါင်းများစွာ တချုို.ဆို သေတပန်သက်တစ်ဆုံးလုပ်တာကို တွေ.ကြရပါတယ်။
ဒါဟာ လဲ အပြည်.အဝမှန်ကန်တယ်လို.မဆိုလိုနိုင်ပါဘူး။
ဒါပေမဲ. ကျွန်တော်တွေ.ရတဲ.လူငယ်တော်တော်များများဟာ အကြောင်းပြချက်မခိုင်လုံဘဲ အလကားနေရင်းကို အလုပ်တစ်ခုကနေ တစ်ခုကို ပြောင်းနေတာကိုတွေ.နေရပါတယ်။
ကျွန်တော်မိတ်ဆွေတော်တော်များများ ဝန်ထမ်းအသစ်ခေါ်တယ်ဆိုရင် အင်တာဗျူးပေးဖို. အကူအညီတောင်းတဲ.အတွက် ဝန်ထမ်းအသစ်ရွေးပေးတဲ .အလုပ်ကို နေရာတော်တော်များများအတွက်
လိုက်လုပ်ပေးဘူးပါတယ်။
ကောင်လေးတစ်ယောက်ဆိုရင် အင်တာဗျူးတော်တော်များများမှာ သူ.ကို မှတ်မိနေလောက်အောင်ကိုတွေ.ဘူးပါတယ်။
သူ.မှာ ဥပဓိရုပ်လဲကောင်း ပညာလည်းတတ် စကားပြောတာလဲရည်မွန်ပါတယ်။
စကားပြောကြည်.ပြီးတာနဲ. အလုပ်တန်းခန်.ချင်လောက်အောင်အရည်အချင်းရှိပါတယ်။
ဒါပေမဲ. ကျွန်တော်ဗျူးတဲ. နေရာတိုင်းမှာ သူ.ကိုတွေ.နေတော
” ဘာကြောင်. အလုပ်တွေ ခဏခဏပြောင်းလျှောက်နေတာလဲ”လို.မေးကြည်.တဲ. အခါ
သူအလုပ်တစ်ခုကို ရရင် ဝင်လုပ်ပါတယ်ဒါပေမဲ။ အစမ်းခန်.ကာလပြီးရင်အလုပ်ကထွက် တာများတယ်။
ပြီးနောက်တစ်လုပ်ကို အသစ်ပြောင်းလို.လျှောက်ပါသတဲ.။
အတွေ.အကြုံအသစ်တွေကို ရချင်လို.ပါတဲ.။
” ကောင်းလေစွ”လို.ဘဲပြောလိုက်မိပါတယ်။
အခုခက်နေတာက လူငယ်တော်တော်များများက များများပြောင်းမှကောင်းတယ်ထင်နေတာပါ။
ပြောင်းကြတာကိုလေ.လာလိုက်တော. ဒါတွေကို သွားတွေ.ပါတယ်။
ကျွန်တော်သူငယ်ချင်းရဲ.သားလေး က လက်ရှိcompanyကနေ နောက်တစ်ခုကို အလွယ်တကူပြောင်းလိုက်ပါတယ်။
သူ. အဖေက သိတော.ဘာကြောင်.ပြောင်းသလဲဆိုတာကိုမေးတော.သူ.ရဲ.သူငယ်ချင်းတွေရှိတဲ.ဆီကိုလိုက်သွားတာပါတဲ.။
လက်ရှိ အလုပ်က တယောက်တည်းကျန်ခဲ.တယ်ဆိုတော. ပျင်းလို.ပါတဲ.ဗျာ။
နောက် ကျွန်တော်. တူတော်မောင်တယောက်ကလဲ ပြောင်းလိုက်တဲ.အလုပ်ဗျာ။
သူက အရောင်းသမားဆိုတော. လုပ်တဲ. company ပေါင်းကလဲစုံတယ်ဆိုတော. သူမရောင်းဘူးတဲ. ပစ္စည်းဆိုတာ မရှိသလောက်ပါဘဲ။
သူပြောင်းသာ ပြောင်းနေတာ ရတဲ.လ စာ ၊အရောင်းကော်မရှင် ၊ဆုကြေးငွေ စတာတွေကလဲ ရောက်တဲ.နေရာတိုင်းမှာ ကောင်းကောင်းရပါတယ်။
ဒါပေမဲ. သူမှာ ရလေလိုလေ ဖြစ်နေတယ် တစ်နေရာက တစ်နေရာကိုပြောင်းတော.မယ်ဆိုရင် အကြောင်းပြချက်များကလဲ များမှများ ဒါပေမဲ. သေသေချာချာ မေးရင် ရလာသော အဖြေထဲမှာ ခို်င်လုံတဲ.အကြောင်းပြချက်ကိုမပါဘူး။
တစ်ခါက အသိရဲ. ကလေးတစ်ယောက်ကို အလုပ်သွင်းပေးလိုက်ပါတယ် ။
မကြာခင်ပြန်ထွက်လာပါတယ်။
မေးကြည်.လိုက်တော.ဖိုင်းချပြီး ဖြတ်တာ တောက်တာတွေများတယ်တဲ.။
သူ.ကိုဘာတွေများဖြတ်သလဲမေးတော. အလုပ်ကို မနက် ၈နာရီ၃ဝမိနစ်ထက်နောက်ကျပြီးမှရောက်ရင်ဖြတ်တယ်၊
နောက်တစ်လမှာ ၂ရက်ထက်ကျော်ပြီးခွင်.ယူရင်ဖြတ်တယ်။
သတ်မှတ်တဲ.ရောင်းအားမမှီရင်လဲဖြတ်တယ်လို.ပြောပါတယ်။
ဒါပေမဲ.သူပြောတဲ.ဖြတ်တယ်ဆိုတဲ. ကိစ္စတွေက လိုက်နာသင်.တဲ. လိုက်နာဘို.မခက်တဲ. ကိစ္စလေးတွေပါ။
ပြောင်းချင်တော.လဲ အကြောင်းပြတာပေါ.။
နောက်သူငယ်ချင်းရဲ.ညီတစ်ယောက်ကလည်း အလုပ်တစ်ပြီးတစ်ခုပြောင်းပါတယ်။
မေးလိုက်ရင် အရင်အလုပ်က လခနည်းလို.။
ကောင်းပြီ ဒါဆိုနောက်အလုပ်သစ်က ဘယ်လောက်ပိုသလဲလို.မေးရင် တစ်လကို ငါးထောင်တစ်သောင်းထက်မပိုပါဘူး။
တစ်ခါကဆုံဘူးတဲ.တစ်ယောက်ကတော. လခဘယ်လောက်ကောင်းကောင်း ခွင်မရှိရင်မနေတတ်ဘူးတဲ.ဗျာ။
မိတ်ဆွေတစ်ယောက်ရဲ.သားအလုပ်လိုချင်တယ်ဆိုလို. နေရတစ်ခုမှာပြောပေးမယ်လို.ဆိုတဲ.အခါအဖေကိုယ်တိုင်ကမေးလိုက်တာက ဘေးပေါက်ရှိလားတဲ.။
အံ့ကိုဩရောဗျာ။ကျွန်တော်ကလည်းဖြေပေးလိုက်ပါတယ်ဘေးပေါက်တော.မရှိဘူး။
အလုပ်ထုတ်ခံရတဲ.သူဆိုရင်တော. နောက်ဖေးပေါက်က ထွက်ခိုင်းတယ်လို.။

သေသေချာချာတွေးကြည်.မယ်ဆိုရင် ဂျစ်ပဆီ ဆိုတာ ကိုယ်နေထိုင်တဲ.နေရာဒေသကို ကောင်းလာအောင် စိုပြေလာအောင်
တိုးတက်လာအောင်လုပ်ဘု.ိစိတ်ကူးမရှိဘဲ လက်ရှိနေရာထက်ပိုကောင်းမယ်လို.ထင်ရတဲ. နေရာကို ရေရေရာရာမသိဘဲလိုက်ရှာ
ပြီးပြောင်းနေလိုက်တတ်တဲ. လူစားမျိုးတွေပါ။

အခုကျွန်တော်တွေ.နေရတဲ. လူငယ်တော်တော်များများဟာလဲ ကိုယ်လုပ်နေတဲ. company အပေါ်ပိုပြီးကောင်းသထက်ကောင်းအောင် ဘယ်လိုလုပ်မယ်ဆိုတဲ. ကြိုးစားလုပ်ဆောင်မယ်ဆိုတဲ.စိတ်ကူးထက် ဘယ်သူကပိုပေးမလဲပိုပေးတဲ.သူနောက်လိုက်မယ် ဆိုတဲ.အတွေးသက်သက်သာရှိနေပါတယ်။
ဒီလိုစိတ်ရှိနေမှတော. ကိုယ်လုပ်နေတဲ.အလုပ်ပေါ်မှာ ဂုဏ်ယူစွာ ဆောင်ရွက်တတ်တဲ.စိတ် ချစ်မြတ်နိုးသောစိတ်တွေခေါင်းပါးမှာကတော. အသေအချာပါဘဲ။
ဂျစ်ပဆီတွေလိုပါဘဲ ကိုယ်နေထိုင်သောနေရာကိုကောင်းအောင်လုပ်ဘို.ထက်ပြောင်းပြေးဘို.စဉ်းစားနေတဲ.ခပ်ညံ.ညံ.တွေဖြစ်ကုန်ပါတယ်။
အဲတော. ကောင်းကောင်းမကောင်းကောင်းဖက်တွယ်နေရမယ်လို.တော. ဘောင်ပိ်တ်မဆိုလိုပါဘူး။
ကိုယ်.လက်ရှိလုပ်နေရတဲ.အလုပ်ဟာ
၁။ အမှန်တကယ်ကိုတက်လမ်းမရှိ အောင်ဖြစ်နေသလား ဒါမဟုတ် မခိုင်မာဘူးလား ?
၂။ ကိုယ်ရသင်.ရထို်က်တဲ. လစာ အခွင်.အရေးတွေကို မတရားခေါင်းပုံဖြတ်တာကို ခံနေသလား ?
၃။ ကိုယ်.အထက်က လူက ကိုယ်.အပေါ်မှာ မတရားအနိုင်ကျင်.တာကိုခံနေရသလား ?
၄။ လက်ရှိအလုပ်က ကိုယ်.ကိုအသိအမှတ်မပြုတန်ဘိုးမထားဘူးလား ?
၅။ ကိုယ်နောက်ပြောင်းမဲ. အလုပ်က သေချာပေါက် ကောင်းနိုင်သလား ဒါမှမဟုတ်ကိုယ်.အတွက်တက်လမ်းရှိတာ တကယ်သေချာပါသလား ?
ဆိုတာတွေကိုတော. မပြောင်းခင် သေသေချာချာစဉ်းစားသင်.ပါတယ်။
ဒါမှမဟုတ်ရင်တော. အရင်ကလဲ saleman အခုလဲ saleman နောက်လဲ saleman ဆိုတဲ.ထူးမခြားနားဘဝနဲ.ပဲ အသက်တွေကြီးကုန်မှာပါ။
သည်တော. ကိုယ်တက်လမ်းရှိအောင် သေချာပေါက်အောင်မြင်အောင်စိတ်ရှည်ရှည်နဲ.ကြိူးစားပြီးလုပ်မလား
မသေချာမရေရာ မခိုင်မာသောဂျစ်ပဆီတွေလိုဘဲရှောက်သွားနေသမလား လို.
မြန်မာပြည်က ဂျစ်ပဆီလေးတွေကိုမေးလိုက်ပါတယ်

5 comments

  • susunosuki

    April 20, 2010 at 2:03 pm

    ဟုတ်တယ်
    ကျွန်တော်လည်း ဒီလမှာ ဒါကို စဉ်းစားနေတာ
    ထွက်မယ်ထွက်မယ် နဲ့ မထွက်နိုင်ဘူးဖြစ်နေတာကြာပြီ

  • Rain girl

    April 22, 2010 at 7:49 am

    အင်း အဲဒါလဲ မှန်တယ်။ အလုပ်တစ်ခုရဖို့ ဆိုတာ မလွယ်ပါဘူး။ အလုပ်ထွက်လိုက် အလုပ်ပြောင်းလိုက် လုပ်နေတဲ့ လူတွေကိုတော့ အံ့ဩပါရဲ့ဗျာ။ ဒီမှာဖြင့် အလုပ်ကလေးတစ်ခု ရဖို့လိုက်ရှာလိုက်ရတာ မောလို့။ လေးစားပါတယ်ဗျာ။ တော်တော်ကို သတိ္တိကောင်းကျတာပါပဲနော်။

  • banban

    May 18, 2010 at 8:14 am

    ကျနော်တော့ လက်ရှိအလုပ်မှာလုပ်နေတာ လာမယ့်၈လပိုင်းဆို ၁ဝနှစ်ပြည့်ပီ … 🙂

  • etone

    June 23, 2010 at 8:14 am

    အလုပ်ပြောင်းလွန်းရင်တော့မကောင်းပါတယ် ။ တစ်နေရာထဲမှာအတည်တကျမလုပ်တဲ့အတွက် ကျွမ်းကျင်ပိုင်နိုင်ဖို့ ခက်ခဲလိမ့်မယ် ။
    အလုပ်တစ်ခုထဲမှာ နှစ်တွေအတော်လုပ်ဖို့ဆိုတာကလည်း အလုပ်ရှင်ဘက်က သိတတ်ဦးမှလေ ။ အလုပ်ကိုပဲနင်းကန်လုပ်ပြီးနောက်ဆုံး ဘာမှတိုးတတ်မှူမရှိရင်လည်း နောက်တစ်ခုပြောင်းသင့်တာပဲ ။ ကြားရတာတော့ အလုပ်ခုန်ကျတယ်ဆိုတာလည်း လက်ရှိအလုပ်မှာ အဆင်မပြေလို့ပါ ။ အပျော်တမ်းလုပ်တဲ့လူကရှားပါတယ် ။

  • char too lan

    July 31, 2010 at 7:44 am

    ကျနော် အခုလုပ်နေတဲ့အလုပ်ကအရမ်းကံကောင်းလို့ရခဲ့တာလေ
    မြန်မာနိုင်ငံမှာရှိနေသရွေ ့တော့ဒီကနေမပြောင်းဘူး

Leave a Reply