“ရွာသားများနဲ့ငြင်းခုန်ခြင်း”

ရွာသူ ရွာသားအခြင်းခြင်း
ချစ်လို့စ ခင်လို့နောက်
စိတ်ကောက်စရာမရှိပါ။
လုပ်နိုင်တာ မလုပ်နိုင်တာအပထား
စဥ်းစားလို့တွေး ဆွေးနွေးကြတာလည်း
ကောင်းသောအကျုးိကို မျှော်ကိုးကြလို့ပါ။

“အရေမရ အဖတ်မရ”လို့
ကျွန်တော်ေြပြာစကား
ဆိုလိုသောအကြောင်းတရားက
ကျုးိကြောင်းပြက မငြင်းဘဲ
ဇွတ်အတင်းဘဲ ဆဲသူများကို
ရည်ညွှန်းကြောင်းပါ။

တင်ပြတဲ့အကြောင်းအချက်
လူတိုင်းတော့ လဲ အမြင်မတူနိုင်ပါ။
အမြင်တူခြင်းမတူခြင်းက
ပြဿနာ အလျှဥ်းမရှိပါ။
ကိုယ်ကြိုက်သလို ကိုယ်တွေး
ကိုယ်ရေးချင်တာ ကို်ယ်ရေးလို့တင်ပြ
ဖတ်ချင်ရင် ဝင်ဖတ်
မန်းချင်ရင်ဝင်မန်း
ရေးသူနဲ့ အမြင်တူချင်မှတူမယ်
like or dislike ကိုယ်စိတ်ထဲရှိသလိုပေးမယ်
ဒါဟာ အပြစ်တင်စရာလဲမဟုတ်ပါ။
ချစ်ခင်ပါတယ်လို့ အကြောင်းပြလို့
အုပ်စုဖွဲ့ခြင်းလဲ မဟုတ်ပါ။

ရွာထဲမှာရှိသူအားလုံး
စဉ်းစားနိုင်စွမ်းရှိသော
“လူတွေ”ဆိုတာသိပ်ကို သေချာပါတယ်။
ကိုယ့်ရေးတာကို သဘောမကျဘူးဆိုရုံနဲ့
အားလုံးကို ခွေးနဲ့ နှိုင်းသူ့သဘောထား
အရေပါးလွန်းတယ်လို့
ူယူဆပါသဗျာ။
မှန်ကြည့်ပြီး ပြန်စဉ်းစားရင်
အသင့်တော်ဆုံးလုို့ အကြံပေးလိုကြောင်းပါ။
စာတတ်သူလိုတိုင်း
ဆဲစာရေးချင်ရင် ရေးတတ်သလို
ပါးစပ်ပါသူတိုင်း
ဆဲချင်ရင်ဆဲနိုင်သလို လဲဆဲနိုင်ပါတယ်။
ဆဲရေးခြင်းအတတ်ပညာ
မွေးကတဲက သင်စရာမလိုပါ။
အများဖတ်ရူ့ နိုင်သော စာမျက်နှာထက်
ဆဲဆိုရင် သင့်ခြင်း မသင့်ခြင်း
ရိုင်းစိုင်းစွာ ပြောဆိုရန် သင့်တော်ခြင်း မသင့်တော်ခြင်း
ချင့်ချိန်ခြင်းရဲ့ အမှန်တရားကတော့
မိမိ ကိုယ်တိုင်
လူအစစ် ဖြစ် မဖြစ် ပြန်လည်ဆန်းစစ်ခြင်းပါ။

ဒီကဗျာအတွက် like or dislike
သင်ကြိုက်သလိုပေးနိုင်ကြောင်းပါ။

64 comments

  • nigimi77

    January 25, 2011 at 11:56 am

    ထမင်းစားနေလို ့ ပြီးမှ ပြောမယ်။

  • Gipsy

    January 25, 2011 at 12:08 pm

    ရေချိုးပီးရင်…ဘာပြောသလဲ….
    နားထောင်ပေးမယ်…

  • nigimi77

    January 25, 2011 at 12:32 pm

    ကဗျာဆိုလို ့ Comment ရေးမလို ့ကို စားပြီးသေချာဖတ်ကြည့်တော့ ကာရံ မပါ ဘာမပါဆိုတော့ ကဗျာနဲ ့ မတူလို ့ဝင်မစွက်ဖက်တော့ဘူး။ ကိုပေါက် ကဗျာရေးနည်း လေ့လာပါဦး။ ကျွန်တော်လဲ ကိုယ့်ရွာသား အချင်းချင်း ချစ်လို ့ခင်လို ့ နောက်ပြောင် ဆဲဆိုမိတာလေးဟာကို စိတ်မကောက်ကြေးလေ ကိုပေါက်ရဲ ့။
    သေချာပြန်ဖတ်ကြည့်ပါဦး။ လိုက်ကိုက်သူရော ပြန်ကိုက်သူပါ အတူတူဖြစ်လို ့ အတင်းကာရော မခိုင်းနှုင်းထားပါဘူး။ တွေးတတ်ရင် ဥပမာ အလကာင်္နဲ ့ အတိသရ မြောက်ပါတယ်။ ခိုင်းနှိုင်းတယ်ဆိုတာဟာ ပြောချင်တဲ့ အကြောင်းအရာကို ကွက်ကွက်ကွင်းကွင်းမြင်သာ အောင် ပြောဆိုထားပါကြောင်း။ ခိုင်းနှိုင်းလိုက်တာကို နာကျင်နေစရာ မလိုပါ။ ခိုင်းနှိုင်းလိုက်လို ့လဲ အဲဒီလို မဖြစ်သွားပါ။ ဆေးလိပ် သောက်ပြီးမှ ဆက်ရေးပါမည်။ 🙂

  • ဆူး

    January 25, 2011 at 2:44 pm

    မိုက်ရိုင်းစော်ကားသူများ အဖက်လုပ် မပြောလိုပါဘူး။ စကားပုံ ရှိတယ် လူရူးနဲ့ လူကောင်း ဖက်ပြီး ရန်ဖြစ်ရင် လူကောင်းနာတယ်တဲ့။ ကိုယ်ရဲ့ နေရာ ကိုယ်သတ်မှတ်တာ ဖြစ်တဲ့ အတွက် အသုံးအနှုန်းနဲ့ ထုတ်ပြောပြီး မင်းက ဘာ ကောင်ကြီး ဆိုပြီး ပြောစရာတောင် မလိုဘူး တရွာလုံးသိတယ် ဘာကောင်လဲ ဆိုတာ။
    ရွာထဲမှာ စာရေးတာ ဥပဓိရုပ်ကြည့်ပြီး အဆင့်အတန်းနဲ့ အရည်အချင်း သိနိုင်တဲ့ နေရာ မဟုတ်ပေမဲ့ စာအသုံးအနှုန်းကို ကြည့်ပြီးသာ အဆင့်အတန်းနဲ့ ဉာဏ်ရည် ဘယ်လောက် ရှိသလဲ ဆိုတာ စာထဲက ဖော်ပြတာပါဘဲ။ စာဖတ်ရင် ဘယ်သူ ဘယ်လောက် အဆင့်ရှိလဲ ဆိုတာ သိပါတယ်။

  • The Reds

    January 25, 2011 at 3:06 pm

    မိုက် ရိုင်း ဆဲ ဆို တဲ. သူ ကို သူ. အ ဆင်. နဲ. တန် အောင် .. အ ဖတ် မ လုပ် ပဲ န ကြ တာ မ ကောင်း ဝူး လား ဗျာ ….

  • nigimi77

    January 25, 2011 at 3:22 pm

    ဟိုက်ရှားလဘတ် ဘွားဆူး။ အဲဒီ စကားလုံးမျိုးက မင်းတင်မဟုတ် ကလေးက အစပြောတတ်တယ်။ အဖက် မလုပ်ဘူးဆိုရင် ငါ့ post ကို ရှောင်။ သိသူဖော်စား မသိသူကျော်သွားမှာပဲ။ မင်းပြောတာ မှန်တယ် ဉာဏ်ရည် ဘယ်လောက်ရှိတယ်ဆိုတာ စာတွေက ဖော်ပြတာ။ ငါ့စာတွေဖတ်ပြီး မဖြစ်နိုင်ဘူးတို ့ မငးတို ့ ဉာဏ်ရည် မမှီဘူးလို ့တော့ ထပ်ပြီး ဝန်မခံနဲ ့တော့နော်။ အားနာလာပြီ။ ငါက ဘာကောင်ကြီးလဲဆိုတာ ငါ့ကိုငါ မသိပေမဲ ့ တချို ့က အကြီးကြီး ထင်နေလား။ ငါလဲ သာမန်လူပါပဲ။ ခံယူချက် စိတ်ဓါတ်နဲ ့ ဉာဏ်ရည်ကတော့ မင်းနဲ ့ မတူဘူးလေ။ ကျေးဇူးပြုပြီး သာကြောင်းနာကြောင်း မန်းချင်ရင် အဖော်တွေဆွဲဆွဲ မထည့်ပါနဲ ့။ ရဲရဲဝန် ့ဝန် ့ တစ်သီး ပုတ်ဂလ(ကို zippo ပြောတဲ့ စာလုံးနဲ ့ပြင်ဖတ်) မန်းကြရအောင်လား။ နောက်တခုပြောချင်တယ်။ လူ ့လောကမှာရှိနေတဲ့ အရူးတွေဟာ သူတို ့ အရူးပါလို ့ တခါမှ မပြောကြဘူး။ နောက်ဆုံးပြောချင်တာက မင်းလဲ မင်းအလုပ်လုပ် ငါလဲ ငါ့ အလုပ်လုပ်မှာ ဖြစ်တဲ့ အတွက် အရပ်ကတို ့ရဲ ့ဒီအတိုင်းကြည့်မနေကြပါနဲ ့ဆိုတဲ့ ရုပ်ရှင်မျိုး မရိုက်နဲ ့တော့ ဟုတ်ပြီလား။ အကယ်ဒမီက နေတိုးရပြီးသွားပြီ။ ကဲ…ကိုခိုင်ရေ။ ကျွန်တော့က ဆဲတယ်လို ့ စော်ကားတယ်လို ့သတ်မှတ်တာ ဘယ် LEVEL အထိလဲဆိုတာ ပြောပြ။ တခုတော့ အာမခံတယ်။ မဆဲဘူး။ ဥပမာ အလကာင်္နဲ ့ အတိသရကို ဆဲတာလို ့ထင်ရင် စာမှာပါတဲ့ စကားကြီး ဘယ်နှစ်ရပ် ဆိုတာတွေက အလကားပဲ။ ရေးစရာရှိတာတွေရေးနေဦးမှာပဲ။ ဉာဏ်ရည်တူသူတွေ ဖော်စားကြတာပေါ့ဗျာ။

    • kai

      January 25, 2011 at 8:21 pm

      အဟမ်း..။
      ဆဲတယ်လို ့ စော်ကားတယ်လို ့သတ်မှတ်တာ ဘယ် LEVEL အထိလဲဆိုတော့ကာ…
      ပြောခံရတဲ့သူက … သူ့ကိုဆဲတယ် စော်ကားတယ်လို ့သတ်မှတ်လိုက်တဲ့အထိပါပဲ..။

      ဆိုတော့..။
      အပေါ်က .. ခင်ဗျားမန်းထားတဲ့. “ကိုပေါက် ကဗျာရေးနည်း လေ့လာပါဦး။ “ဆိုတာမှာ.. စာလုံးလေးတွေကတော ့ချောနေတာပဲ..။
      ဒါပေမဲ့..အဲဒါ ဆဲတာထက်ဆိုးတဲ့အဓိပါယ်သက်ရောက်နေတယ်ထင်ပါတယ်…။.
      ==
      ခင်ဗျား အိုင်ဒီယာတွေကောင်းပါတယ်.။ ရေးစရာရှိတာ .. ဆက်ရေးပါ..။
      ရွာထဲ..ရေးနေတာ..ရွာသားတွေနဲ့အဆင်ပြေတော့ ကောင်းတာပေါ့..။
      စော်ကားဆဲဆိုတဲ့အဓိပါယ်ပေါက်အောင် တကယ်စိတ်ထဲက မတွေးလုပ်နေဘူးဆိုရင်.. ပြန်ချော့လိုက်ပေါ့ကွယ်..။
      ဒီထဲက ရွာသူတယောက်ဆို .. သူထက်ငယ်တဲ့သူတွေကို အားလပ်ရက်တိုင်း ..ဒိုးနတ်ကြွေးပြီး ပေါင်းထားတာ..။
      သူ့ ကို… သဂျီးတောင် ကြောက်ရတယ်..။ 🙁

  • zippo

    January 25, 2011 at 3:25 pm

    ဘဘအစံမခိ ရေ..။။။….တိတ်တိတ်လေးနားထောင်နေတာ…။…ဘိုလိုဘဲမှုတ်နေတော့တာဘဲ..။။။။။
    တခုခု ပြောပါဦး ၊ တိုက်ခိုက်ရေးသမားကြီးရဲ့ဗျူဟာတွေက ဗဟုသုတ ရပါတယ်..။
    လုပ်ပါဗျာ…….အားရပါးရလုပ်စမ်းပါ..။

  • kopauk mandalay

    January 25, 2011 at 3:37 pm

    (ကာရံ မပါ ဘာမပါဆိုတော့ ကဗျာနဲ ့ မတူ)ဆိုတာလေးဖတ်မိတော့
    1။ကျနော်ကဗျာအရေးသင်ရင်း ရေးလိုက်တာ ကဗျာနဲ့မတူတာကို ထောက်ပြတာသိလိုက်တော့အရမ်းကိုအားနာသွားပါတယ်။
    အဲတော့ (ကိုပေါက် ကဗျာရေးနည်း လေ့လာပါဦး)လို့ပြောတဲ့ညီလေးက ကိုပေါက်လေ့လာဘို့ စာအုပ်လေးတွေကို ကျေးဇူးပြုပြီး ညွှန်းပေးပါနော်။
    လေ့လာချင်လို့ပါ။
    2။(ကိုယ့်ရွာသား အချင်းချင်း ချစ်လို ့ခင်လို ့ နောက်ပြောင် ဆဲဆိုမိတာလေးဟာကို စိတ်မကောက်ကြေးလေ ကိုပေါက်ရဲ ့)
    ချစ်ခင်ရင်ဆဲလို့ရတယ်ဆိုတာကိုလဲ အခုမှသိတယ်ဗျာ။
    ဆဲတာကိုစိတ်ကောက်လို့ပြောတာမဟုတ်ဘူး မသင့်တော်ဘူးလို့ပြောတာပါ။
    ဒါပေမယ့် ဒီရွာသားတွေက အဆဲခံချင်လို့ဒီဆိုက်ထဲမှာ ဝင်မန်းနေတာ စာရေးတာမဟုတ်ဘူးလေ။
    ဒီဆိုက်ထဲမှာ အသက်အရွယ်အစားစား ရှိတယ်ဆိုတာကိုတော့သိသင့်တယ်လို့ထင်ပါတယ်။
    ရွယ်တူချင်းဆိုတာသေချာရင်တော့ ကြိုက်တာပြောလို့ ရပါသဗျာ။
    3။(အတိသရ )ဒါဘာကိုပြောသလဲမသိဘူးဗျ။
    အလင်္ကာအသစ်လားမသိဘူး။
    ကျနော်လေ့လာအားနည်းလို့ မသိလိုက်တာနေမှာပါ။
    “အတိဿရဝု တ္တိအလင်္ကာ”ဆိုရင်တော့ ကျနော်ကြားဘူးပါတယ်။
    ဒါပေမယ့် အဲဒါဘာကိုပြောမှန်းဘယ်နေရာကိုသုံးရမှန်းတော့လဲသိပ်မသိပြန်ပါဘူး
    ဒီတော့ ဒါလေးကိုလဲပြောပြပေးစေလိုပါတယ်။
    4။
    (ခိုင်းနှိုင်းလိုက်တာကို နာကျင်နေစရာ မလိုပါ။ ခိုင်းနှိုင်းလိုက်လို ့လဲ အဲဒီလို မဖြစ်သွားပါ)
    ခိုုင်းနိူင်းလိုက်တဲ့ နာကျင်လို့ပြန်ရေးတာမဟုတ်ပါဘူး။
    ခိုင်းနုိုင်းတိုင်းဖြစ်မသွားဘူးဆိုတာကိုတော့ သိတာပေါ့ခင်ဗျာ။
    ဒါပေမယ့် ခိုင်းနိုင်းတယ်ဆိုတာ မရိုင်းရဘူးလို့ပြောချင်ပါတယ်။
    ဆေးလိပ်သောက်ပြီးမှပြောမယ် ဆိုတော့ 18နှစ်ပြည့်ပြီးပြီလို့ယူဆနိုင်သပေါ့။
    ဒါကသွယ်ဝိုက်သောအားဖြင့် ဆေးလိပ်သောက်ခွင့်ရကြောင်းကြေငြာလိုက်တာပေါ့နော်။
    ဒါပေမယ့်ကျွန်တော်ကတော့ခပ်မိုက်မိုက်နဲ့ ဆယ်စုနှစ် သုံးခုလောက်သောက်ပြီး သေမှာကြောက်လို့ အခုတော့ဆေးလိပ်ဖြတ်ထားပါတယ်ကွယ်။

  • nigimi77

    January 25, 2011 at 3:48 pm

    ဖတ်လို ့ကောင်းတယ် ကိုပေါက်ရေ။ တစ်ချို ့စာလုံးတွေကျတော့ ကျွန်တော်လဲ မရိုက်တတ်ဘူးဗျ။ ခင်ဗျားပြောတဲ့ “အတိဿရဝု တ္တိအလင်္ကာ” ဆိုတာမှန်ပါတယ်။ အိပ်တော့မယ်ဗျို ့။ နောက်ပြီး…အနော် ယခုအချိန်မှစပြီး မနက်ဖြန် အထိ မမိုက်ရိုင်းတော့ပါ ခင်ည..။ 🙂

  • ဆူး

    January 25, 2011 at 4:02 pm

    ကိုပေါက် မန်း ရေးတဲ့ ပိုစ်ကို ဖတ်တာ ဆိုင်ရာ နာမည် တလုံမှ မပါ။
    ကွန်မန်း ရေးတဲ့ လူတွေ တယောက်မှ နာမည် တပ်မရေး။
    ရီစရာတော့ ကောင်းသား။

  • Gipsy

    January 25, 2011 at 4:07 pm

    ဟောကြည့်….လုပ်ပီ..ထေ့ဖေါ်ထေ့ဖက်တွေထားခဲ့ပီး..အိပ်တော့မလို့လား…
    ဂျောင်ပိတ်မိနေလို့နဲ့တူပါရဲ့..ဟုတ်လား….
    စိတ်ကိုအေးအေးထားပါဗျာ….ဦးလေးကြီးက ဖေါရှောလုပ်တတ်ပါတယ်..

  • my name is phone myat htay

    January 25, 2011 at 4:17 pm

    ရွာသူရွာသားများ တစ်ဦးနဲ.တစ်ဦး မေတ္တာထား နားလည် မျှဝေကျရင် ကောင်းမယ်ဗျာ

    • char too lan

      January 26, 2011 at 6:30 am

      ဟုတ်တယ် ကိုဖုန်းရေ……….
      ဟိုအရင် ရွာထဲကျနော်ရောက်စတုန်းက ရွာလေးကအေးချမ်းသာယာတယ် ရွာသူ/သားတွေကိုလဲ ကျနော်စိတ်ဝင်စားတယ် တစ်ဦးကိုတစ်ဦးလေးစားကြတယ် ကောမန်းမှာနောက်ပြောင်ကြတာတွေကြည့်ပီး ကျနော်လဲရွာသားတစ်ယောက်ဖြစ်ချင်ခဲ့တယ်။ ကျနော်နဲ့အဆင်မပြေဘူးဆိုရင် လျစ်လျှူရှု ့နေခဲ့တယ်။ ဒါတောင်မှဟိုဆရာရဲ ့တစ်ရွာလုံးအဆဲမှာမလွတ်ခဲ့တာတော့ စိတ်မကောင်းပါဘူး 🙁 ရွာသားများအေးချမ်းပါစေ……………………….
      ဒီရွာကြီးနှင့်တကွ ရွာသူ/သား အားလုံးကို ကျနော်စိတ်ရင်းနဲ့ ချစ်ခင်လေးစားပါတယ်………………

  • kopauk mandalay

    January 25, 2011 at 4:36 pm

    (ရွာသူရွာသားများ တစ်ဦးနဲ.တစ်ဦး မေတ္တာထား နားလည် မျှဝေကျရင် ကောင်းမယ်ဗျာ)
    သိပ်ကိုမှန်တာပေါ့ဗျာ။
    အတွေးအမြင် အယူအဆတစ်ခုကို နှစ်သက်ခြင်းမနှစ်သက်ခြင်းကိုမိမိအမြင်
    မိမိယုံကြည်တဲ့ဘက်ကနေ အချက်အလက်ကျကျ ဝေဖန်တာ
    တင်ပြတာမရှိဘဲ မိုက်ရိုင်းစော်ကားတာတွေ ပါလာလို့ ကျနော်က ဒီစာတွေ
    ပြန်မန်းတာတွေလုပ်နေရတာပါ။
    ကိုယ်အယူအဆကိုယ်နှစ်သက်သလို ကိုယ်ယုံကြည်တာတွေကို
    ကိုယ်အလိုအတိုင်း တင်ပြခွင့်ရှိပါတယ်။
    ကြီုက်တယ်မကြိုက်ဘူးလို့ ဆုံးဖြတ်သူကတော့ ဖတ်သူ့ရဲ့ အခွင့်အရေးပါ။
    ဒါပေမယ် အကျုးိအကြောင်းတော့ ခိုင်လုံရမယ်။
    ပြန်ပြောတာ ယဉ်ကျေးရမယ်။
    ကျနော်လိုချင်တာက တော့ ဒါလေးပါဘဲ။
    အားလုံးကိုလေးစါးပါတယ်

  • Gipsy

    January 25, 2011 at 5:01 pm

    သိပ်ကိုမှန်တာဘဲဗျာ….ဗြောင်ကြီးကိုလုပ်နေတာ အားလုံးအသိဘဲ လေ…..ဟော ခုလဲကြည့်ဦး…
    မီးများမီးနိုင် တဲ့လေ…ဟိုဘက်နားမှာပေါက်ကွဲပြနေလေရဲ့၊ ခင်ဗျားတို့သွားပီး အားပေးလိုက်ကြပါဦး….
    ရွာထဲဝင်လာတဲ့ ဧည့်သည်က ပွဲဆူအောင် တမင်လုပ်လေသရော့လား..

  • zaw min

    January 25, 2011 at 5:40 pm

    မိမိ၏ ပြုမူ၊ ဆက်ဆံ၊ ပြောဆို၊ နေထိုင် မူတို့သည် မိမိဆင်းသက်လာသော အသိုင်းအဝိုင်း အားဖေါ်ပြပါသည်။
    ဒါလောက်ဆိုရင် ကိုပေါက်တို့၊ဆူးတို့ သပေါ်ပေါက်လောက်ပါပြီ။
    မိမိတို့၏ တန်ဖိုးရှိသော အချိန်များကို မဆုံးရူံးပါစေနှင့်။ ။

  • bigcat

    January 26, 2011 at 12:20 am

    ဒါမှဒို့ဦးပေါက်ကွ…

  • chitsayar

    January 26, 2011 at 2:20 am

    ဟုတ်ပ
    ဟို မိမဆုံးမ ဖမဆုံးမ
    အုပ်ကြားမြက်ပေါက် ရေမျောကမ်းတင် ဓာတ်တိုင်ကို သေးနဲ ့ပေါက်တဲ့
    မိုက်ကယ်ဂျော်နီအောင်ပု ဆိုတဲ့ကောင်လည်း ဒီလိုဘဲ
    ဒီဂေဇက်ရွာထဲက ဘုန်းဘုန်းတွေ ဦးဦး ဒေါ်ဒေါ် ကိုကို မမ ညီလေး ညီမလေး တွေလို
    လိမ္မာ ယဉ်ကျေးတာမဟုတ်ဘူး
    ဖြစ်နိုင်ရင် မန်ဘာစာရင်းထဲကနေ ထုတ်ပြစ်သင့်ပါတယ်လို ့
    လေးခိုင်ကို ကျွန်တော် ရိုသေလေးစားစွာ တင်ပြပါတယ်ခင်ဗျာ
    ဂေဇက်ထဲမှ
    ဘုန်းဘုန်းတွေ ဦးဦး ဒေါ်ဒေါ် ကိုကို မမ ညီလေး ညီမလေး
    တွေကို အစဉ် ချစ်ခင်လေးစားလျှက်

    • char too lan

      January 26, 2011 at 6:11 am

      ဟာ!! ကိုချစ်ဘာတွေပေါက်ပြဲ (အဲယောင်လို့) 🙂 ပေါက်ကွဲနေတာလဲ ဝိတ်လျှော့ (မှားပြန်ပီ 🙁 ) စိတ်လျှော့ပါဗျာ…………. 😀

  • etone

    January 26, 2011 at 2:50 am

    ဘာတွေဖြစ်နေကြတာလဲ…. ။
    ဒီရက်ပိုင်းအတွင်း အလုပ်ရှုပ်နေတာနဲ့ ပို့စ်တွေ ဝင်မဖတ်ဖြစ်ဘူး ….အဟောင်းတွေပြန်ရှာဖတ်မှပဲ ။

  • koyinmaung

    January 26, 2011 at 2:56 am

    ဟို မိမဆုံးမ ဖမဆုံးမ
    အုပ်ကြားမြက်ပေါက် ရေမျောကမ်းတင် ဓာတ်တိုင်ကို သေးနဲ့ပန်တဲ့
    မိုက်ကယ်ဂျော်နီအောင်ပု ဆိုတဲ့ကောင်လည်း ဒီလိုဘဲ
    ဒီဂေဇက်ရွာထဲက ဘုန်းဘုန်းတွေ ဦးဦး ဒေါ်ဒေါ် ကိုကို မမ ညီလေး ညီမလေး တွေလို
    လိမ္မာ ယဉ်ကျေးတာမဟုတ်ဘူးတဲ့ ဒီလိုမပြောပါနဲ့ကွာသူကတို့ရွာထဲမှာအငယ်ဆုံးထမင်းမစားကွမ်းမစားပါ ဘီယာဘဲသောက်တတ်တာကို….ဟဲဟဲ

    • bigcat

      January 26, 2011 at 3:53 am

      ဟုတ်ပါ့ အဲဒီလူက ထောင်ထွက် ကျွန်းပြန် ကြိုးလွှတ် ထက်တောင် သာဆိုးသဗျ။ 😀

  • nigimi77

    January 26, 2011 at 3:08 am

    ကယ်ကြပါ ယူကြပါ ခင်ည..အနော် မသိ မိုက်မဲလေးကို ရွာပြင်ထုတ်ဖို ့တောင်းဆိုနေကြပါတယ် ခင်ည…. အရပ်က တို ့…ကြည့်မနေကြပါနဲ ့…(မနှဲလေး အသံနှင့်)။။။ တယ်ခက်တာပဲ….။ ခဏစောင့်ဦး သီတင်းကျွတ်ကျရင် ကိတ်ကိတ်နဲ ့ လာ တောင်းပန်မယ်။ မုန် ့ဖိုးတော့ပေး..။ ကျုပ် ခဝါချ လိုက်ပြီဗျာ…။ ဆရာ သမားတွေ မချသေးဘူးလား…။။ 🙂

  • manawphyulay

    January 26, 2011 at 3:17 am

    ဟဟ မိုက်တယ် ကဗျာ မကျ ဘာမကျနဲ့ အားပေးတယ်ဗျို့ လောကမှ ဥပက္ခာပြုသင့်တာကို ပြုတာလည်း စိတ်ရဲ့အေးချမ်းမှုပဲလို့ မနောတော့ ထင်တယ်။ ဦးခိုင်ပြောတဲ့ တူက ဒူလည်း တိဝူးနော် ဟီး…….. လောကမှ ကြောက်စိတ်နဲ့နေတာဟာ မအေးချမ်းပါဘူး။ မကြောက်ပါနဲ့ အဟိ…. တစ်ခါတလေ တစ်ဦးနဲ့တစ်ဦး တိုက်ဆိုက်မှု ဖြစ်လာတဲ့အခါ နားလည်မှုလေးတွေ လွဲတတ်ပါတယ်။ ညှိလို့မရတာတွေရှိသလို ညှိလို့ရတာတွေလည်း ရှိပါတယ်။ ညှိလို့မရတော့ရင်တော့ ဥပက္ခာနဲ့ နားလည်မှုပေးပြီး ခွင့်လွှတ်လိုက်ရင် မိမိရဲ့စိတ်ဟာ အေးချမ်းနေမယ်လို့ မနောကတော့ ယူဆထားပါတယ်။ အေးချမ်းမှုတွေနဲ့ ရွာလေး စည်ပင်သာယာဝပြောပါစေ…. လို့ မနော ဆုမွန်ခြွေလိုက်ပါတယ်။

  • koyinmaung

    January 26, 2011 at 4:00 am

    ရွာသူရွာသားအချင်းချင်းခုလိုလေးလေးစားစားလွန်တဲ့သူက တောင်းပန်တာ တွေ့ရတော့ဝမ်းသာစရာပါ ….

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 26, 2011 at 5:13 am

    အေးပါ အေးပါ
    ငါ့ကို မိမဆုံးမ ဖမဆုံးမ ပြောတဲ့
    chitsayar ဆိုတဲ့ မျိုးမစစ်ရဲ ့
    မင်းဂျီးတော်ကြီးရွာကို ဂျပန်ခေတ်တုန်းက
    ဂျပန်စစ်တပ်တွေဖြတ်သွားတာ ငါမသိဘူးများမှတ်နေလား
    သူများအိမ်မှာ ကြက်သွားခိုးစားလို ့ ခြေထောက်ခွေးကိုက်ခံရတဲ့ ဒဏ်ရာကို
    အရေးခင်းမှာ စစ်တပ်ကပြစ်လို ့ကျည်ဆံမှန်ပါတယ်ဆိုပြီး
    ဒုက္ခသည်စခန်းကနေ နိုင်ငံခြားမှာသွားနေတဲ့
    မျိုးမစစ်ရဲ ့

    • char too lan

      January 26, 2011 at 6:13 am

      အဘပု ပျောက်နေတာကြာပီ ဘယ်နားသွားမှောက်နေတာလဲ စိတ်ပူလိုက်ရတာဗျာ…………….. 😛

  • R Ga

    January 26, 2011 at 7:36 am

    “ပြောတယ်မဟုတ်လား ဒီလိုပဲဖြစ်ရမယ် ဒါအမှန်ပါပဲလို့လေ.။ ” ရွာထဲကလူတွေဘာလုပ်လုပ် လိုက်ဆဲနေတဲ့ ကောင် ကဘယ်သူမှန်းသေချာမသိပေမယ့် ၊ လွန်ခဲ့တဲ့ လေးငါးရက်လောက်က ကျွန်တော်လည်း ရွာထဲမှာ ခွေးကိုက်တာ ခံရဖူးတယ်။ ဒါနဲ့ ကိုပေါက်ရေ ခွေးရူးပျံ ကာကွယ်ဆေးက ဘယ်နှလုံးထိုးရလဲဗျ..။ 🙂 ကျွန်တော်ကို ကိုက်တဲ့ခွေးကိုတွေရင် နာနာလေးရိုက်ပေးပါဦးဗျာ..။ 🙂 (နာလည်း ဝင်အဆဲခံဦးမှပဲ.ခေတ်မီအောင်လေ။)

    • ဆူး

      January 26, 2011 at 3:19 pm

      ဦးအာဂ ရေ ရွာထဲမှာ အခုတော့ ဘယ်သူမှ ခွေးမမွေးထားဘူး။ ရွာထဲမှာ အမြီးတနံနံ သေးတစပ်စပ် ခွေးလည်း မတွေးတော့ဘူး ထင်တာဘဲ။ စိတ်လျော့တော့နော်။ ရွာသား အချင်းချင်း ခင်လို့နောက်တာ လို့သာ သဘောထားပြီး စိတ်မဆိုးပါနဲ့တော့။
      ဒီရွာမှာတော့ အချင်းချင်း လူမမြင်ဘူးပေမဲ့ နာမည် တခုကိုသာ ခင်နေကြတာပါဘဲ။ ဆူးလည်း အားလုံးကို ခင်ပါတယ်။ မောင်နှမတွေလို သဘောထားတယ်။

  • yuyu

    January 26, 2011 at 8:03 am

    ကဲကဲ သီချင်းဆိုပြလိုက်မယ် “ရန်ပွဲတွေရပ်”
    ဦးပေါက်လဲ ကျေနပ်လိုက်ပါတော့နော်
    မှားတဲ့အခါလဲမှားမှာပေါ့လေ သူလဲ သူ့အမှားသိနေပြီပဲလေ

  • cobra

    January 26, 2011 at 9:16 am

    အော်ရန်ဖြစ်နေကြတာလား…ဟဲ..ဟဲ.
    အခုမှသိတယ်..စောစောကတည်းကခေါ်ပါလား…
    သူများလည်းနည်းနည်းတော့ဖြစ်ချင်တာပေါ့ရန်ကိုပြောတာနော်:)
    ကျွန်တော့ကိုတော့မဆဲကြနဲ့နော်..
    ကျွန်တော်ဘာမှမပြောရသေးဘူး…။

  • kopauk mandalay

    January 26, 2011 at 11:54 am

    ကျွန်တော်က အမြဲကျေနပ်ပြီးသားပါ။
    ကျွန်တော်အဓိက ရွာထဲကိုလာတာ ကျွန်တော်ရေးသားတင်ပြချင်တဲ့စာလေးတွေ
    ရေးချင်လို့ဝင်လာတာပါ။
    အပွင့်လင်းဆုံးပြောရရင် ပိုစ်တိုင်းကို မဖတ်သလို
    ဖတ်တိုင်းလဲ မမန်းပါဘူး။
    သိပ်စိတ်မတိုက်ဆိုင်ဘူးလို့ယူဆမှ ဝင်ပြောတာပါ။
    တစ်ခါတစ်လေစိတ်ပေါက်လို့ပြောမိတာ ကျွန်တော်ဘက်က
    လိုတာထက်ပိုသွားရင်လဲ ခွင့်လွှတ်ပေးစေလိုပါတယ်။
    ထပ်ပြောရရင် အဓိက ကတော့ ကျွန်တော်ပိုစ်များများ တင်ချင်ပါတယ်။

  • bigbird

    January 26, 2011 at 3:44 pm

    တစ်နေ ့ဒီလိုဝိုင်းပြီး ရှုံချကျမယ်ဆိုတာ ထင်နေသားပဲ။မှားမှန်းသိရင်နောက်မလုပ်နဲ ့တော့နော်..ရွာသားတွေအားလုံး
    ချစ်ချစ်ခင်ခင်နေကြတာပဲ မြင်ချင်ပါတယ်ဗျာ။

  • nigimi77

    January 26, 2011 at 3:59 pm

    ငါမသေဘူး ရေကူးတတ်တယ် ဘူးထွားဝါးဟားဟား….။ ရှုး (အဲ..ယောင်လို ့) ဆူး နဲ ့ ရာဂ(ယာဂ လို ့ဖတ်ပါ) (သေစမ်း ဆဲမိပြန်ပြီလား မသိ) အာဂ ??(လားမသိ) ဘာပဲ ဖြစ်ဖြစ် မင်းတို ့နှစ်ယောက် ပူးပေါင်းပြီးတောင် ကိုယ်ပိုင်သံစဉ်မရှိပဲနဲ ့ ဝင်မမန်းနဲ ့ ။ ငါ့ စကားလုံးကို မင်းတို ့ကပြန်ရေးပြပြီး ပြန်ဖတ်ရတာ ပျင်းစရာ။

  • nigimi77

    January 26, 2011 at 4:06 pm

    မှားမှန်းသိတယ်လို ့ အနော် မပြောမိပါဘူး ခင်ည..။ အားမတန်လို ့မာန်လျော့်တာလို ့လဲ မတွေးမိပါဘူး ခင်ည…။ အနော် နောက်ထပ် အတွေးသစ် အမြင်သစ်အတွက် အာရုံနောက် မခံချင်လို ့ ignore လုပ်နေတာပါ ခင်ည…။ အနော် နောက်ထပ်ရေးမည့် အကြောင်းအရာမှာ ဉာဏ်ရည် နိမ့်ကျသူတွေ နားလည်ဖတ်နိုင်ဖို ့အတွက် အသည်းအသန် လူပိန်းနားလည်လွယ် post ကို စဉ်းစားနေချိန်မို ့ ရူးချင်ရောင်ဆောင်နေကြောင်းပါ ခင်ည…။

  • unclegyi1974

    January 26, 2011 at 4:31 pm

    ဒီရက်ပိုင်းအအေးကပို
    နက်ကမကောင်း
    ခရီးကထွက်
    ရွာနဲ့အဆက်ပြတ်နေတာ
    ငြင်းနေကြဆိုု ဘာများလဲလို့
    ဆုံအောင်ဖတ်လိုက်မှ
    ရန်ဖြစ်နေကြတာကိုး
    အင်းခေတ်လူငယ်တွေတယ်ခက်သကိုး
    ဘတို့ငယ်တုန်းကဆုံးမမဲ့လူတယ်ပေါ
    ခုခေတ်လူငယ်တွေဆိုဆုံးမမယ့်သူတွေနည်း
    သွားမှတ်ပါတယ်
    ခုလိုမျိုးဖြစ်ရင်ဘာဖြစ်တဲ့သားဘာဖြစ်ဆိုပြီးအပြော
    ခံရရော
    ပြောသူကလဲဆင်ချင်ကွယ့် ချစ်စေလိုလည်းဒီပါးစပ်
    မုန်းစေလိုလည်းဒီပါးစပ်
    လူကြီးတွေကလည်းအမြင်မတော်တာတွေ့လည်း
    ဆုံးမပေါ့ကွယ် ရန်ဖြစ်သလိုဝိုင်ပြောကြရင်
    စေဒနာဝေဒနာဖြစ်သကွယ့်
    စ လာတဲ့အကြောင်းရင်းဘာမှန်းမသိပေသိ
    ရွာထဲမှာဆူညံဆူညံထက်
    သာသာယာယာအသံလေးတွေနဲ့ဆိုပိုမကောင်းလား
    အားလုံးမေတ္တာရှေ့ထားကိုယ်စိတ်နှလုံးငြိမ်းချမ်းကြ
    ပါစေကွယ်

  • nigimi77

    January 27, 2011 at 2:54 am

    ဟုတ်ကဲ့ပါ အန်ကယ်ကြီး၊ 🙂

  • yuyu

    January 27, 2011 at 3:37 am

    ရွာကိုသာသာယာယာလေးဖြစ်အာင်ဖျန်ဖြေနေတာကို သူကပိုဆိုးလာတယ်
    Can u real ignore? တကယ်ဆိုရင်တော့ ကောင်းပါတယ်

    • R Ga

      January 27, 2011 at 5:48 am

      ယုယုရေ မပြောတော့ပါဘူ း လွတ်ရာ ကျွတ်ရာကိုသာ လွတ်ပေးလိုက်ပါပြီး။ သတ္တဝါအားလုံး စိတိ်ချမ်းသာ ကိုယ်ချမ်းသာရှိပါစေ သတည်း..။

  • nigimi77

    January 27, 2011 at 8:46 am

    အာအီး..အာအီး…အာအီး…..။

    မင်္ဂလာဘာ~……………..။

    ကြိတ်ထားကွ အာအီး။

  • intro

    January 27, 2011 at 2:08 pm

    အာ… စိတ်ပျက်လိုက်တာ၊ အိမ်နဲ့ ပြသနာ တက်လာလို့ အွန်လိုင်းတက်လာတာ၊ လပေါင်းများစွာ သံယောဇဉ် ရှိရှိနဲ့ အားပေးလာခဲ့တဲ့ Site လေးမို့ သံယောဇဉ်ကတော့ အရမ်းရှိပါတယ်… ဒါပေမယ့် အပေါ်က စာတွေ ဖက်ပြီး အာရုံ ပြန်နောက်လာပြီ… တော်ပြီ ဒီနေ့အဖို့တော့ Dota ကိုပဲ ချစ်တော့မယ်…

  • manawphyulay

    January 27, 2011 at 2:34 pm

    ဒီလိုပဲ အင်ထိုရေ အင်ထိုတောင်မဝင်ရသေးဘူး စိတ်ပျက်စရာတွေနဲ့ တိုးနေပြီမလား………… ဒါမှ ရွာနဲ့တူမှာလေ သိတယ်မလား ရွာထဲမှာကောင်းတဲ့သူရှိသလို မကောင်းတဲ့သူတွေလည်းရှိနေတာ မဆန်းပါဘူးနော်။

  • juttue.gyi

    January 27, 2011 at 4:38 pm

    ဘာတွေဖြစ်နေကြတာလည်း မသိဘူးနော် ကျတော်က အခုမှ အိပ်ယာကထလို့ပါ။

  • char too lan

    January 28, 2011 at 5:21 am

    စုန်းမရှိရင် ရွာမမြည်ဘူး တဲ့ကြားဖူးဒယ် 🙂

  • nanmyat

    January 29, 2011 at 7:46 am

    ရွာသားတွေရန်ဖြစ်နေတာလား။
    နန်းမြတ်တော့ကြောက်လာပြီ။စိတ်လည်းညစ်လာပြီ။ရွာထဲမှာနန်းမြတ်ခင်တဲ့သူကလဲ၃ယောက်ပဲရှိတယ်။
    မဆူးရယ်။မယုရယ်။ဦးကြောင်ရယ်။အားလုံးချစ်ချစ်ခင်ခင်နေကြပါနော်။
    နန်းမြတ်အားလုံးကိုလေးစားပြီးချစ်ခင်ပါတယ်။

  • cobra

    January 29, 2011 at 8:25 am

    နန်းမြတ်ကဘာလို့၃ယောက်ပဲခင်တာလဲ…။

Leave a Reply