“ရွာသားများနဲ့ငြင်းခုန်ခြင်း”

ရွာသူ ရွာသားအခြင်းခြင်း
ချစ်လို့စ ခင်လို့နောက်
စိတ်ကောက်စရာမရှိပါ။
လုပ်နိုင်တာ မလုပ်နိုင်တာအပထား
စဥ်းစားလို့တွေး ဆွေးနွေးကြတာလည်း
ကောင်းသောအကျုးိကို မျှော်ကိုးကြလို့ပါ။

“အရေမရ အဖတ်မရ”လို့
ကျွန်တော်ေြပြာစကား
ဆိုလိုသောအကြောင်းတရားက
ကျုးိကြောင်းပြက မငြင်းဘဲ
ဇွတ်အတင်းဘဲ ဆဲသူများကို
ရည်ညွှန်းကြောင်းပါ။

တင်ပြတဲ့အကြောင်းအချက်
လူတိုင်းတော့ လဲ အမြင်မတူနိုင်ပါ။
အမြင်တူခြင်းမတူခြင်းက
ပြဿနာ အလျှဥ်းမရှိပါ။
ကိုယ်ကြိုက်သလို ကိုယ်တွေး
ကိုယ်ရေးချင်တာ ကို်ယ်ရေးလို့တင်ပြ
ဖတ်ချင်ရင် ဝင်ဖတ်
မန်းချင်ရင်ဝင်မန်း
ရေးသူနဲ့ အမြင်တူချင်မှတူမယ်
like or dislike ကိုယ်စိတ်ထဲရှိသလိုပေးမယ်
ဒါဟာ အပြစ်တင်စရာလဲမဟုတ်ပါ။
ချစ်ခင်ပါတယ်လို့ အကြောင်းပြလို့
အုပ်စုဖွဲ့ခြင်းလဲ မဟုတ်ပါ။

ရွာထဲမှာရှိသူအားလုံး
စဉ်းစားနိုင်စွမ်းရှိသော
“လူတွေ”ဆိုတာသိပ်ကို သေချာပါတယ်။
ကိုယ့်ရေးတာကို သဘောမကျဘူးဆိုရုံနဲ့
အားလုံးကို ခွေးနဲ့ နှိုင်းသူ့သဘောထား
အရေပါးလွန်းတယ်လို့
ူယူဆပါသဗျာ။
မှန်ကြည့်ပြီး ပြန်စဉ်းစားရင်
အသင့်တော်ဆုံးလုို့ အကြံပေးလိုကြောင်းပါ။
စာတတ်သူလိုတိုင်း
ဆဲစာရေးချင်ရင် ရေးတတ်သလို
ပါးစပ်ပါသူတိုင်း
ဆဲချင်ရင်ဆဲနိုင်သလို လဲဆဲနိုင်ပါတယ်။
ဆဲရေးခြင်းအတတ်ပညာ
မွေးကတဲက သင်စရာမလိုပါ။
အများဖတ်ရူ့ နိုင်သော စာမျက်နှာထက်
ဆဲဆိုရင် သင့်ခြင်း မသင့်ခြင်း
ရိုင်းစိုင်းစွာ ပြောဆိုရန် သင့်တော်ခြင်း မသင့်တော်ခြင်း
ချင့်ချိန်ခြင်းရဲ့ အမှန်တရားကတော့
မိမိ ကိုယ်တိုင်
လူအစစ် ဖြစ် မဖြစ် ပြန်လည်ဆန်းစစ်ခြင်းပါ။

ဒီကဗျာအတွက် like or dislike
သင်ကြိုက်သလိုပေးနိုင်ကြောင်းပါ။

64 comments

  • naywoonni

    January 29, 2011 at 12:26 pm

    နန်းမြတ်က မြွေကြောက်လို့ နေမှာပေါ့ဟ…. နေတော့ မကြောက်ဖူးထင်တာပဲ နော် ဟုတ်လား

  • ကြယ်လေး

    January 29, 2011 at 12:36 pm

    အဒီ သုံး ရောက်ကို က ခင် ပဲ ခင် တာ

    ကျန်တဲ့လူတွေ ကို က ချစ်+ခင်+လေးစား တာလေ

    အမှန် က တော့ ဦးကြောင်ကို ခင်တာထက်မပို နိုင်ဘူးလို့ ပြောတာ နေမှာ းP

  • manawphyulay

    January 29, 2011 at 12:48 pm

    ယောက် မဟုတ်ဘူးလား ဦးကြယ်ကြီးတော့နော် ရောက် နဲ့ ယောက်လည်း မခွဲခြားဘူး။ 😛

  • nyimalay

    January 29, 2011 at 1:09 pm

    အီးးးးးးးးး ဟီးးးဟီးးးးးးးဟီးးးးးးးးးး ပိစိကွေးကြောက်တယ် ……. သူတို့ကဘာလို့ စကားတွေများနေကြတာလဲဟင်……… ရန်မဖြစ်ကြပါနဲ့……. တော်ကြပါတော့နော်…….. ရန်မဖြစ်ကြပါနဲ့တော့နော်……….. အခုမှ ဝင်လာတဲ့အသစ်တွေ လန့်ကုန်ကြပါအုံးမယ်….. ဦးဦးတို့ အန်တီတို့ရယ်…….

    နန်းမြတ်ဘယ်သူလဲဆိုတာ ပိစိကွေးသိတယ်……….. ဦးပေါက်တို့မြို့သူပါ….

  • ကြယ်လေး

    January 29, 2011 at 1:16 pm

    မဆူးရယ်။မယုရယ်။ဦးကြောင်ရယ်။အားလုံးချစ်ချစ်ခင်ခင်နေကြပါနော်လို့ နန်းမြတ်က ရေး တော့

    သုံးပွင့် ဆိုင် ဇာတ်လမ်းလိုလို ဘာလို လို နဲ့ 😛

  • ဆူး

    January 29, 2011 at 1:36 pm

    ပဲလှော်ကြားက ဆားဖြစ်တော့မယ် ထင်တယ်။
    ၃ပွင့် မဟုတ်ဘူး အပွင့်တွေ အားကြီးဘဲ ခြံထဲမှာ ပွင့်နေတာ ပြောပါတယ်။

  • nanmyat

    January 30, 2011 at 2:01 am

    နန်းမြတ်ကသဘောရိုးနဲ့ပြောတာပါ။ရွာသူ။ရွာသားအားလုံးကိုခင်ပါတယ်။
    တခြားသူတွေရဲ့နာမည်မှမသိတာကိုု။
    ကိုကြယ်လေးကတော့အတွေးတစ်မျိူးပေါက်နေပြန်ပါပြီ။
    နန်းမြတ်အားလုံးနဲ့ရင်းရင်းနှီးနှီးနေချင်ပါတယ်။

    • bigcat

      January 30, 2011 at 3:15 am

      နန်းလေးရယ် ဟိုအဖွားကြီးနှစ်ယောက်ကို ခေါက်ထားလိုက်စမ်းပါ။ ကြယ်လေးကို အရာမဝင်နဲ့နော်၊ သူကိုအာကြယ်လွန်းလို့ ရွာထဲမှာ လော်စပီကာလေးလို့ ခေါ်ရင်းနဲ့ကြယ်လေး ဖြစ်သွားတာ။
      နောက်တခါကြရင် ဦးတပ်မခေါ်ပါနဲ့လားကွယ်။ ကို့အသက်က မနေ့တနေ့ကမှ ပဉ္ဖင်းတက်လို့ရတာ။

  • ကြယ်လေး

    January 30, 2011 at 2:07 am

    သိ ပါ တယ် ဗျာ 🙂

    မောင်နှမတွေ ပျော်စေပျက်စေ စတာပါ 😛

  • naywoonni

    January 30, 2011 at 12:47 pm

    နန်းမြတ်က ကိုပေါက်တို့မြို့သူ ဆိုတော့ ငါနဲ့များသိနေမလားမသိဘူး ။ မန္တလေးတက္ကသိုလ်မှာ ကျောင်းတက်ဖူးတာဆိုတော့ ကျောင်းနေဘက်တွေ တောင်ဖြစ်ချင်ဖြစ်နေမှာ ဘယ်နားနေတာလဲဟင် ကိုပေါက်ကို မိတ်ဆက်ချုင်းဦးမှပါ တော်ကြာ……………

  • intro

    January 30, 2011 at 1:07 pm

    ဟားဟား ကိုကြောင်ကြီးကတော့… လုပ်ပြီ… ဟဲဟဲ

  • nanmyat

    January 31, 2011 at 2:01 am

    နန်းမြတ်လည်းပိစိကွေးလေးကိုသိပါတယ်။
    ပိစိကွေးလေးကနန်းမြတ်ရဲ့အကိုပါ။

    • bigcat

      January 31, 2011 at 2:19 am

      ပိချိကွေလေးက ကိုကြောင်ရဲ့ ယောက်ဖလောင်း..

      တမျိုးမတွေးနဲ့နော်၊ ကိုကြောင်ကြီးညီမလေးကို သူနဲသဘောတူချင်လို့…..

  • nanmyat

    January 31, 2011 at 4:14 am

    ကောင်းတယ်။အကိုပိစိကွေးလေးကဆိုးတော့မိန်းမမြန်မြန်ပေးစားရမယ်။
    ကိုကြောင်လို့ပဲခေါ်ပေးပါ့မယ်နော်။ဦးကြောင်လို့ခေါ်တာမကြိုက်ရင်

  • windtalker

    October 2, 2011 at 11:25 am

    ကောင်းဗျာ
    ကဗျာ ကို အရင်ဖတ်
    ပြီးတော့ ကွန်မင့်တွေ ဖတ်
    ဖတ်ရင်း ဖတ်ရင်း
    လစ်ဗျား ကို
    ရောက်သွားသလို ပါပဲလား

Leave a Reply