ရွာထဲမှ သဂျီးနဲ့ ရွာသူရွာသားများအတွက်

manawphyulayJanuary 26, 20111min18236

Group ဆိုတာ ဘာကိုခေါ်တာလဲ

ကျောင်းမှာ ပရောဂျက်စပြီဆိုတော့ အဖွဲ့ ဖွဲ့ကြရပါတယ်။ တစ်ဖွဲ့ကို ၅ ယောက်လုပ်ဖို့ ဆရာက ဖွဲ့ခိုင်းပါတယ်။ အဖွဲ့ဆိုတာ ဘာလဲ။ ဘာကြောင့် အဖွဲ့ဖွဲ့ခိုင်းတာလဲ။ အဖွဲ့ရဲ့ ရည်ရွယ်ချက်တွေက ဘာတွေလဲဆိုတာ သုံးသပ်ကြည့်မိပါတယ်။

“စည်းလုံးခြင်းသည်အင်အား”ဆိုသော မနောတို့ မြန်မာလူမျိုးတိုင်းက သိကြပြီးသားဖြစ်ပါတယ်။
စည်းလုံးခြင်းဆိုတဲ့ နေရာမှာ အတူတကွ ပူးပေါင်းပါဝင်မှသာ စည်းလုံးခြင်းဆိုတဲ့ အဓိပ္ပာယ်ကို ဖော်နိုင်မှာဖြစ်ပါတယ်။
တစ်ဦးတစ်ယောက်အားနဲ့ လုပ်ကိုင်လို့ မရတဲ့နေရာတွေမှာ အားလုံးပူးပေါင်း ပါဝင်ပြီး လုပ်ကိုင်မှသာ အောင်မြင်မှုတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။

ပူးပေါင်းပါဝင်မှုဆိုတာ တိုင်းတာနိုင်တဲ့ ပေတံတစ်ခုကို ဖော်ပြလိုက်ပါတယ်။

အမှန်တကယ် ပူးပေါင်းပါဝင်မှုကို ဖော်ပြတဲ့ အနေအထား (၆)ရပ် ရှိပါတယ်။

၎င်းတို့မှာ………….
၁)စုပေါင်းသိရှိမှုရှိခြင်း၊
၂)စုပေါင်းတွေးခေါ်မှုရှိခြင်း၊
၃)စုပေါင်းလုပ်ဆောင်ကြခြင်း၊
၄)စုပေါင်းကောင်းကျိုးခံစားကြခြင်း၊
၅)စုပေါင်းဆုံးဖြတ်ကြခြင်း၊
၆)စုပေါင်းတာဝန်ယူခြင်း တို့ပဲဖြစ်ပါတယ်။ ။

36 comments

  • group ဆိုတဲ့အဖွဲ့နဲ့ပတ်သက်ပြီးတော့ပြောစရာလေးတွေရှိလာတယ်။
    အဖွဲ့အုပ်စုတစ်ခုပြုလုပ်မယ်၊အဖွဲ့အစည်းတစ်ခုတည်ထောင်မယ်ဆိုရင်
    စည်းလုံးခြင်းနဲ့စတင်ပြီးမျှတစွာတာဝန်ယူနိုင်ဖို့လည်းအဓိကလိုအပ်ပါတယ်။
    စိတ်တူကိုယ်တူဆိုတဲ့အသုံးအနုံးလေးကလည်းအသုံးဝင်ပြန်ပါတယ်၊မ မနော
    ရဲ့စာတွေကကောင်းပါတယ်၊ဒါပေမဲ့ကြောင်းအရာတွေကဖတ်ရတာနည်းနေပါတယ်
    ဘယ်လိုပြောရမလဲစားတော့စားလိုက်ပေမဲ့ဗိုက်မပြည့်သလိုဖြစ်နေလို့နောင်မှာယခုထက်ပိုပြီးတော့
    စုံစုံလင်လင်ဖော်ပြပေးပါလို့ဆန္ဒပြုလိုက်ရပါတယ်။

  • etone

    January 26, 2011 at 7:26 am

    ဟုတ်ပါတယ် … အီးတုံးတို့ ကျောင်းတက်ခဲ့စဉ်တုန်းကလည်း ပရော့ဂျက်ဆိုရင် လေးငါးယောက်ဝိုင်းစဉ်းစားရတာပါ… အဲ့ဒီအခါဘာတွေ့ရလဲဆိုရင် လုပ်အားနဲ့ ပတ်သတ်ပြီးလုပ်ရတဲ့ ပရော့ဂျက်ဆိုရင် အားလုံးစုစုစည်းစည်း ပူးပေါင်းလုပ်ဆောင်ခြင်းက ထိရောက်ပေမဲ့… စဉ်းစား၊ တွေးခေါ် ဆုံးဖြတ်ပြီးလုပ်ရမဲ့ ပရော့ဂျက်မျိုးဆိုလျှင် စုပေါင်းလုပ်ဆောင်ခြင်းထက်ပိုပြီး အရေးကြီးတဲ့ အချက်က ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခြင်းဖြစ်မယ်လို့ တွေ့ကြုံခဲ့တဲ့ အတွေ့ကြုံအရ နားလည်ထားပါတယ်…။ လူတိုင်းမှာ မတူညီတဲ့ စိတ်ကူး ၊ ဆုံးဖြတ်ချက်၊ အမြင်လေးတွေ ရှိနေပါတယ်… (ငပျင်းတွေကလွဲလျှင်ပေါ့ … ) ကိုယ်ကလည်း ဒီလိုလေးလုပ်ချင်တယ်…သူက ဒီလိုလေးလုပ်မယ်… သူမှန်တယ် ငါမှန်တယ်လုပ်မှာထက်စာလျှင် …ဒီဟာလုပ်လို့ ဘယ်လို အကျိုးသက်ရောက်မှူရှိမလဲ …နောက်တမျိုးဆိုလျှင် ဘယ်လို ဘေးထွက်ဆိုးကျိုးရှိမလဲ …စတာတွေ သေချာညှိနှိုင်းပြီးမှ လုပ်တာက ပို ကောင်းမယ်လို့ မြင်မိတယ်… ။ ဂရုတစ်ခုမှာ ခေါင်းဆောင်ရှိပါတယ်… တစ်ချို့ကလည်း ခေါင်းဆောင် ဆိုတဲ့ အရှိန်ကို ယူပြီး ငါစဉ်းစားတာမှ မှန်တယ်..ငါပြောသလို လုပ်ရမယ်ဆိုပြီး foce ပေးတတ်ကြပါတယ်…ဒါက အဖွဲ့တစ်ခုသာဖြစ်ပြီး စည်းလုံးမှူ ရှိချင်မှ ရှိမှာပါ ။ အဖွဲ့ခေါင်းဆောင် ကိုယ်တိုင်ကမှ အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး ညှိနှိုင်းလုပ်ဆောင်ခြင်းရလဒ်ကမှ အသင်းအဖွဲ့ တစ်ခုလုံးကို ကိုယ်စားပြုတဲ့ အဓိပ္ပါယ်ဖော်ဆောင်ရာရောက်မှာ ။

  • yuyu

    January 26, 2011 at 7:40 am

    စည်းလုံးခြင်းကြောင့်အောင်မြင်မှုတွေကိုလက်တွေ့ကြုံဖူးပါတယ်
    အပြန်အလှန်နားလည်မှု့ကလဲလိုအပ်ပြန်သေးတယ်
    etone ပြောသလို သူမှန်တယ်ငါမှန်တယ်ဆိုတာမျိုးတွေလဲအများကြီးကြုံဖူးပါတယ် တစ်ယောက်နဲ့တစ်ယောက်ညှိညှိနှိုင်းနှိုင်းနဲ့ နားလည်မှု့ယူပြီးလုပ်နိုင်မှသာ Group တစ်ခုဟာကြာရှည်ရပ်တည်နိုင်မှာပါ

  • Gipsy

    January 26, 2011 at 8:36 am

    အား ဟုတ်ကဲ့ဗျ..မှန်ပါတယ်ခင်ဗျ…ဟိုတလောက ကိုဦးရဲ့လ.၀.က posts လေ..
    မှတ်မိကြမှာပါ…ရွာသားတွေရဲ့စည်းလုံးမှုကြောင့်..အဲဒီနယ်မြို့လေးကလူတွေ..
    ဝမ်းသာနေကြရပီ လို့ ကြားပါတယ်..
    ခုရောက်တဲ့ ခရိုင်မှုးကြီးက လွှတ်သဘောကောင်းတယ် ပြောသံကြားရပါတယ်..
    ဒါကြောင့် လေးစားရပါသော ရွာသူရွသားအပေါင်းတို့ခင်ဗျား…အားလုံးကို ကျေးဇူး
    တင်လျက်ထာဝရ ချစ်ခင်သွားပါမည် လို့ ဂတိပေးပါသည်ခင်ဗျား..
    အများကောင်းကျိုးကိုယ္ခုကဲ့သို့ ဆက်၍ကူကြပါဦးနော်…

  • zaw min

    January 26, 2011 at 8:46 am

    အားလုံး မှန်ပါတယ်။ဒါပေမယ့် လူတကိုယ် အကြိုက်တမျိုးဆီရှိကြမှာပါပဲ။
    မိမိတို့၏ ခန္ဒာကိုယ်ပေါ်က လက်ချောင်းလေးများပင် အတိုအရှည် မညီပါ။
    ဒါကြောင့် ကျွန်တော်တို့တွေဟာ မညီမျှတဲ့ ညီမျှခြင်းတွေကို ညှီရမှာပါပဲ။
    အားလုံး အမှန်တွေကြီးပဲဆိုရင် ဟောဒီ လောကကြီးသည် သတ္တကမ္ဘာလောကကြီးမဟုတ်တော့ဘူးလို့ ထင်မိပါတယ်။ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နေထိုင်နေတဲ့ ကမ္ဘာကြီးထဲမှာ အကောင်း၊အဆိုး။ အမှား၊အမှန်။ အထီး၊အမ။ ယောက်ကျား၊မိန်းမ။…..
    အားလုံးဟာ မတူညီသောအရာတွေပဲမဟုတ်လား။ဘယ်သောအခါမှ မပြောင်းလဲသော အကြောင်းတရားတွေပါပဲ။
    မိမိတို့၏ ကိုယ်ပိုင်မိသားစုထဲမှာရော၊ အမြဲတမ်း ညီညွတ်နေပါသလား၊စည်းလုံးနေပါသလား။ ဒီလိုပဲ မိသားစုတွေမှာလည်း အကြောင်းအမျိုးမျိုးကြောင့် သဘောထားတွေ ကွဲလွဲကြတာပါပဲ။ဒီလိုပဲ အစဉ်ပြေအောင်ညှီနိူင်း နေထိုင်သွားကြတာပဲမဟုတ်လား။
    ဒါကြောင့် ကျွန်တော်တို့ အားလုံးလည်း မိမိတို့၏ သဘောထားများကို မိမိတို့၏ ကိုယ်ပိုင်မိသားစုလို သဘောထားပြီး အချင်းချင်း အပြန်အလှန် ဆွေးနွေးကြ၊ညှီနိူင်းကြ၊ ကူညီကြ၊ရိုင်းပင်းကြရင် ပျော်ရွှင်ဖွယ်ကောင်းသော ရွာလေးတစ်ရွာဖြစ်လာမှာ ဧကန်မလွှဲပါပဲ။
    အားလုံးပဲ..စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျမ်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေ…..

  • cobra

    January 26, 2011 at 9:04 am

    ဘယ်ကိစ္စမဆိုခေါင်းတလုံးထဲစဉ်းစားတာထက်
    ခေါင်းတွေအများကြီးဝိုင်းစဉ်းစားတာကပိုကောင်းပါတယ်။
    အကုန်လုံးညီညီညွတ်ညွတ်ဖြစ်ကြရင်ပိုကောင်းတာပေါ့။
    ကျွန်တော်သုံးနေတဲ့ဆိုက်တွေထဲမှာmandalay gazette ကအမိုက်ဆုံးပါ
    တခါတလေအယူအဆလွဲပီးစကားများကြတာကလွဲရင်ပေါ့လေ

  • bigbird

    January 26, 2011 at 3:16 pm

    စည်းလုံးညီညာအောင်ကြောင်းဖြာ။ ရွာသားတွေအားလုံးချစ်ချစ်ခင်ခင်၊ညီညီညာညာနဲ ့ရိုင်းပင်းကူညီကြ၊စည်းလုံးညီညာကြရင် သာယာလှပပြီးနေချင့်စဖွယ်ကောင်းတဲ့ဒီရွာလေးကို ဘယ်သူမှလာဖျက်စီးလို ့မရနိုင်ပါဘူး။

  • shwe

    January 27, 2011 at 11:58 am

    As Cobra said , I love the people here , i think , have negotiation power and patience when I see their words . That is why I register into this site and try to write so that I will have some kind of friendship with people here although my first objective is to practice typing Myanmar fonts . However the problem is I am not patience on writing Myanmar fonts . How poor I am .!!!!!

    • zawana

      January 29, 2011 at 9:08 am

      If you are Myanmar, no need to take too many practice for Myanmar fonts. It is an easy thing.
      As for me, I took only one day for this.
      Nice to meet you Shwe.

  • ဆူး

    January 27, 2011 at 1:29 pm

    ဘိုလို ပြောတာထက် မြန်မာလို ပြောတာ အားရ ပါးရ ရှိလှ သဖြင့် မြန်မာလို ရိုက်တတ်အောင် ကျင့်ထားပေါ့။ ပြောချင်တာ သိပ်များလွန်းရင် အလိုလို ရိုက်တတ်သွားလိမ့်မယ်။

  • manawphyulay

    January 27, 2011 at 2:40 pm

    ရိုက်ကျင့်လေးလုပ်ထားပါလား။ အစမှာ နည်းနည်းအခက်အခဲရှိပေမယ့် နောက်ပိုင်းလွယ်သွားလိမ့်မယ်။ ခုလက်ရှိကို ဇော်ဂျီနဲ့ပဲကျင့်ပေါ့ နောက်ပဆင့်တွေကို မသိတာရှိရင် မနော ကူညီနိုင်ပါတယ်။ နောက်ပိုင်းယူနီကုတ်ဝင်လာရင်လည်း ဇော်ဂျီရိုက်ကျင့်ရှိရင် မခက်ခဲတော့ဘူး။ လက်ကွက်က တူတူပဲ ဝင်းအင်းဝတို့သာ ALT နဲ့တွဲနှိပ်ရတဲ့ပဆင့်တွေသုံးရတာဆိုတော့လေ အခက်အခဲရှိရင် ပြောပါနော် တတ်နိုင်သလောက် ကူညီနိုင်ပါတယ်။ နီးရင်တော့ ကောင်းသား သေချာ ပြောပြလို့ရတာပေါ့။

    • shwe

      January 27, 2011 at 2:57 pm

      Thank you Sister Ma Naw . ရိုက်ကျင်.ပါမယ် 🙂

  • char too lan

    January 28, 2011 at 4:30 am

    အောက်ကမြင့်ကို H နဲ့ရေးပါတယ်ခည !!
    post နဲ့ comment ပေါင်းပီး တော်တော်လေးပြည့်စုံသွားပါပီ 🙂

  • shwe

    January 28, 2011 at 7:34 am

    ဟုတ်ကဲ့ပါ ( မှန်ပြီနော်) Char Char

  • နီလေး

    January 28, 2011 at 9:31 am

    စကားမပီတာလား ဒါမှမဟုတ် ရှေ့သွားပဲကျိုးနေတာလား တစ်ခုခုပဲ ဟိဟိ

  • MaMa

    January 28, 2011 at 10:00 am

    ဝင်းအင်းဝ ရိုက်နေကျမို့ ပဆင့် မရိုက်တတ်ဘူး။ မနောရေ တလက်စတည်း ပြောပြပေးပါလား။

    • zawana

      January 29, 2011 at 9:16 am

      ကီးဘုတ်ရဲ့ ဘယ်ဘက်ထောင့်နားက Esc Key ရဲ့အောက်က Tide Key (~) ကို တစ်ခါ နှိပ်ပြီး ကိုယ်ရိုက်လိုတဲ့ ပါဌ်ဆင့်ကို ဆက်ရိုက်ပါ။ ဥပမာ – ~+U = -္က

      များသောအားဖြင့် Desktop ပေါ်မှာ ဇော်ဂျီ ကီးဘုတ် ပုံလေး ပါရှိပါတယ်။ အဲဒါလေးကို နှိပ်ပြီး လေ့လာကြည့်ပါ ခင်ဗျား။

  • kopauk mandalay

    January 28, 2011 at 4:20 pm

    ရွာထဲမှ သဂျီးနဲ့ ရွာသူရွာသားများအတွက်
    ဆိုတော့ ကျွန်တော်တို့က ဘယ်နေရာမှာ စည်းလုံးကြရမှာလဲ
    ပြောပြပါအုံးနော်။

  • nanmyat

    January 29, 2011 at 3:09 am

    ရွာကြီးစည်းစည်းလုံးလုံးနဲ့ဖြစ်နေတော့နန်းမြတ်လည်းဝမ်းသာတယ်။
    နန်းမြတ်ကpostမတင်တက်တော့သူများရေးထားတာတွေကိုပဲcommantပဲပေးတက်တယ်။
    နန်းမြတ်ကိုလည်းရွာသူစာရင်းထဲထည့်ပါနော်။နန်းမြတ်ကရွာသားအားလုံးကိုလေးစားပြီးချစ်ခင်ပါတယ်။

    • bigcat

      January 29, 2011 at 3:14 am

      ရွာသူဆိုတာ စုန်းကဝေအောက်လမ်းအတတ်တွေနဲ့ ပြုစားတတ်သူကို ခေါ်တယ်နန်းလေးရဲ့။ ကိုကြောင်ကြီးကို အဲသည်လိုတော့ မပြုစားလိုက်ပါနဲ့ကွယ်။ တခါတည်းသာ လာခေါ်သွားလှည့်ပါ။ 😀

      • hello! everybody

        January 30, 2011 at 9:43 pm

        ကိုကြောင်က ကောင်မလေးဓါတ်ပုံမြင်ပြီးတော့ အပြုစားခံချင်တာလား…

  • yuyu

    January 29, 2011 at 3:25 am

    ခေါ်သွားမယ်တဲ့ သိုက်နန်းကို

  • nanmyat

    January 29, 2011 at 7:41 am

    ခေါ်သွားမယ်ဦးကြောင်ကို။
    နောက်ပြီးအခုဘဝမှာဦးကြောင်ကကြောင်ဝင်စားဖြစ်နေတော ့နောက်ဘဝကျရင်လူဝင်စားဖြစ်အောင်ဖန်တီးပေးမယ်။ ဦးကြောင်ကြီးပျော်ရွှင်ပါစေ။ မမယုဦးကြောင်ကိုသိုက်နန်းကိုမြန်မြန်ခေါ်သွားလိုက်ပါနော်။

  • cobra

    January 29, 2011 at 8:18 am

    တကယ်ပဲရွာထဲမှာဆုံးတွေရှိနေတာလား….။

  • manawphyulay

    January 29, 2011 at 8:48 am

    ိကိုပေါက်မန်းလေးရေ ဘယ်နေရာမှ စည်းလုံးရမလဲဆိုတော့ အကြီးတွေက အငယ်တွေကို မုန့်ဝယ်ကျွေးတဲ့အခါ စည်းလုံးတာကို ပြဖို့ တစ်ယောက်ဝယ်ကျွေးရင် အကုန်လိုက်ဝယ်ကျွေးရပါမယ် အဟိ….

  • manawphyulay

    January 29, 2011 at 8:55 am

    cobra ရေ………. အတိုးမသတ်ရင်တော့ ဆုံးသွားမယ် ထင်ပါတယ်။

  • MaMa

    January 30, 2011 at 1:04 pm

    ကျေးဇူးအထူးပါ zawana.

  • zaw min

    January 30, 2011 at 6:59 pm

    အင်မတန်ပျော်ရွှင်စရာကောင်းတဲ့ ရွာလေးတစ်ရွာဖြစ်လာပါပြီ။
    စည်းလုံးခြင်း၊ညီညွတ်ခြင်းတွေနဲ့ ထာဝရ ပျော်ရွှင်နိုင်ကြပါစေ….။

  • manawphyulay

    January 31, 2011 at 1:08 pm

    အေးချမ်းမှုဆိုတာ ရွာသဂျီးကောင်းဖို့နဲ့ ရွာသူရွာသားတွေ စည်းလုံးညီညွတ်ဖို့ အရေးကြီးဆုံးပါပဲရှင်။

  • kopauk mandalay

    January 31, 2011 at 4:21 pm

    နောမမရေ

    ယုမမကနေ တောင်ကြီးသူကိုအီနေတဲ့ ကိုကိုကြောင်ကို
    သိုက်နန်းကိုခေါ်သွားတဲ့နေကျရင် ရွာကလူတွေကို
    မုန့်ကျွေးပါမယ်။
    ကိုကိုကြောင်ရေ ရွာသူလေးက မပြုစားဘဲ၊
    ရွာသူအကိုက ပြုတ်စားလိုက်ရင်တော့

    ဒိန် ဒိန့် ဒိန်…………………………………………….ဘဲနော်

  • ဆူး

    January 31, 2011 at 4:27 pm

    ဪ သိုက်နန်းရှင်ရဲ့ အကိုတော် ညာသံ ပေးနေပါ ပကောလား…
    အဲဒီ သိုက်က ဘာသိုက်လဲတော့ မသိဘူး တော်တော် စည်ကားနေတယ်။
    စာကလေး သိုက်လား မသိဘူး။ 😉

  • kopauk mandalay

    January 31, 2011 at 4:44 pm

    စာကလေးသိုက်လား ဘာလားတော့မသိဘူး။
    ပြန်လာဘူးတဲ့သူကပြောတာတော့ ဘုတ်သိုက်ကြီးထဲကိုခေါ်သွားတယ်ဆိုဘဲ။

  • ဆူး

    January 31, 2011 at 5:01 pm

    ဘုတ် သိုက် ဆိုတာ ဆံပင် ကို ပြောတာ မဟုတ်ဘူးလား။ ခေါင်းမဖြီးလို့ တင်စားတာလေ။

Leave a Reply