ဆိုမာလီ ပင်လယ်ဓားပြများ ပြန်ပေးဆွဲထားသော M.V SAMHO JEWELRYသင်္ဘောကို တောင်ကိုရီးယား ရေတပ်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြန်မာသင်္ဘောသား ၁၁ ဦးနှင့် သင်္ဘောသား ၂၁ ဦးအား ကယ်တင်နိုင်ခဲ့

nyimalayJanuary 26, 20111min580

ဇန်နဝါရီလ ၁၅ ရက်နေ့က အိနိ္ဒယသမုဒ္ဒရာအတွင်း၌ ဆိုမာလီ ပင်လယ်ဓားပြများ ပြန်ပေးဆွဲထားသော M.V SAMHO JEWELRYသင်္ဘောအား တောင်ကိုရီးယားရေ တပ်ကွန်မန်ဒိုများက ဝင်ရောက်တိုက်ခိုက်ပြီး ဓားစာခံသင်္ဘောသားများအား ကယ်တင်နိုင်ခဲ့သဖြင့် မြန်မာသင်္ဘောသား ၁၁ ဦး အပါအဝင် သင်္ဘောသား၂၁ ဦးမှာ ဇန်နဝါရီလ ၂၁ ရက်နေ့က လွတ်မြောက်ခဲ့ကြကြောင်း သတင်းဖော်ပြချက်များ အရသိရသည်။

ဇန်နဝါရီ ၂၁ ရက်နေ့တွင် အိုမန်ရေတပ် သင်္ဘောတစ်စင်း၏ အထောက်အကူဖြင့် တောင်ကိုရီးယား ကွန်မန်ဒိုများသည် M.V SAMHO JEWELRYသင်္ဘောကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည် ဟု သိရသည်။

M.V SAMHO JEWELRYသင်္ဘောသည် ဆိုမာလီပင်လယ် ဓားပြများလက်တွင်ရက်ပေါင်းခြောက် ရက်ခန့်သာကြာမြင့်ခဲ့ပြီး တောင် ကိုရီးယားရေတပ်၏ ကူညီကယ်တင်မှုကြောင့်သာ ယခုကဲ့သို့အမြန်ဆုံး ပြန်လည်လွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။

မြန်မာနိုင်ငံ အခြေစိုက် SAMHO Shipping သင်္ဘောကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကလည်း “မြန်မာသင်္ဘောသား ၁၁ ယောက်လုံး ထိခိုက်ဒဏ်ရာရမှုမရှိ ဘဲဇန်နဝါရီ ၂၁ ရက်နေ့က လွတ် မြောက်သွားပါပြီ။ ဒီသတင်းကို မိ သားစုဝင်တွေကိုလည်း အကြောင်းကြားပြီးပါပြီ”ဟု ပြောပြခဲ့သည်။ ဆိုမာလီအရှေ့မြောက်ဘက် မိုင် ၈၀ဝ (ကီလိုမီတာ ၁၃၀၀)ခန့် အကွာတွင် ပြန်ပေးဆွဲခံထားရသော သင်္ဘောကို ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေးအတွင်း ပင်လယ်ဓားပြ ရှစ်ဦးသေဆုံးခဲ့ကာ သင်္ဘောသားများအားလုံး အသက်ရှင်လျက်လွတ် မြောက်နိုင်ခဲ့ကြောင်းသိရသည်။

မြန်မာသင်္ဘောသား ၁၁ ဦး တာဝန်ထမ်းဆောင်နေသည့် M.V SAMHO JEWELRY သင်္ဘောသည်ဇန်နဝါရီလ ၁၅ ရက်ရက်နေ့ က အိနိ္ဒယသမုဒ္ဒရာအတွင်း၌ ဆိုမာ လီပင်လယ်ဓားပြများ၏ ဖမ်းဆီး ခြင်းခဲ့ရပြီး ယင်းသင်္ဘောပေါ်တွင် မြန်မာလူမျိုး ၁၁ ဦး၊ တောင်ကို ရီးယားလူမျိုးရှစ်ဦးနှင့် အင်ဒိုနီးရှားလူမျိုးနှစ်ဦးတို့ ပါဝင်ကြောင်း သိရှိရသည်။

သင်္ဘောကို ပြန်ပေးဆွဲခံ ရပြီးနောက် သင်္ဘောနောက်ကို ခြေရာခံရေးအတွက် အေဒင်ပင်လယ်ကွေ့တွင် ကင်းလှည့်နေသောဖျက်သင်္ဘောတစ်စင်းကို ဆိုးလ်ကညွှန်ကြားခဲ့ပြီး သင်္ဘောအမှုထမ်းများ ကယ်တင်ရေး အတွက်နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ရန် သမ္မတလီမြောင်ဘတ်က ညွှန်ကြားခဲ့သည်။ ပင်လယ်ဓားပြ တို့ကမွန်ဂိုလီးယားသင်္ဘောတစ်စင်းကို ပြန်ပေးဆွဲရန်အတွက် တောင်ကိုရီးယား သင်္ဘောမှ ခွာခဲ့ဖွယ်ရှိပြီး ထိုအချိန်တွင် တောင်ကိုရီးယား ဖျက်သင်္ဘောနှင့် တွေ့ဆုံခဲ့ကာ တိုက်ပွဲငယ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက်က ပြောကြားခဲ့သည်။

တောင်ကိုရီးယား ကွန်မန်ဒိုများသည် အမြန်လှေများဖြင့် သင်္ဘောကို ချဉ်းကပ်ခဲ့ပြီး LYNX ရဟတ်ယာဉ်တစ်စင်းက မွန်ဂိုလီးယားသင်္ဘောကို သွားရောက်ကယ်တင်ခဲ့သည်။ ဇန်နဝါရီ ၁၈ ရက်နေ့ ကဖျက်သင်္ဘောနှင့် ပြန်ပေးဆွဲခံသင်္ဘောတို့တွေ့ဆုံစဉ် ပင်လယ်ဓားပြများ ပျောက်ဆုံးခဲ့ပြီး သေဆုံးသွားခဲ့ကြသည်ဟု ယူဆရကြောင်း သို့သော်လည်း အလောင်းများကို မတွေ့ရသေးကြောင်းကိုလည်း သတင်းဖော်ပြချက်များအရ သိရှိ ရပါသည်။

Creadit:http://www.news-eleven.com/index.php?option=com_content&view=article&id=6884:—mv-samho-jewelry———–&catid=42:2009-11-10-07-36-59&Itemid=112