မျက်နှာမြင် ချစ်ခင်ပါစေသား

nyimalayJanuary 26, 20111min997

ကိုင်း….ဒီနည်းလေးကိုလုပ်ကြည် ့ …ခင်ဗျားနဲ ့ အသင့်တော်ဆုံးလို ့ ထင်လို
့ပေးလိုက်တာ…အင်းတွေ၊ဆေးတွေကိ
ု လုပ်မနေနဲ ့ အဲဒါတွေက ဒီခေတ်မှာ မေတ္တာ၊သစ္စာကြီးတဲ ့သူမှသာအောင်
မြင်နိုင်တယ် ။ အောက်လမ်းနည်းကျတော့ လဲ တဘဝစံ
သက်သက်ဗျ…နောက်ဘဝခံပဲ…ကျွန်တော်လဲ အပြစ်မလွတ်လို ့ မပေးနိုင်ဘူးဗျို ့
…… အင်မတန်အပြစ်ကြီးတဲ ့နည်းတွေမို ့ပါ ။ သိချင်ရင်တော ့ ကဝေသာရ
ကိုးစောင်တွဲကျမ်းကို ရှာဖတ်ကြည့်ဗျို ့ ။

ကျွန်တော်နည်းက တကယ်လုပ်ရင်
ခဏတွင်းအကျိုးပေးမြန်ပြီး….နတ်လူသာဓုခေါ်မှာပါဗျာ….လုပ်ကြည့်ပါ … နည်းကတော
့ မေတ္တာမှော် သွင်းနည်းလို ့ မှတ်ထားပါ ။ မှော်ကို
အောင်မြင်အောင်သွင်းနိုင်ရင် အောင်တဲ ့နေ ့က စပြီး ခင်ဗျား ထူးခြားမှုတွေတွေ
့ပါလိမ် ့မယ် ။ ပထမဆုံး မေတ္တာသုတ်ကို အလွတ်ရအောင်ကျက်လိုက်ပါအုံး ။ မထစ်မငေါ
့ပဲ ရွတ်နိုင်ပြီဆိုရင် စလို ့ရပါပြီ …..

(၁) မွေးနေ ့က စပြီး (၇) ရက်တိတိ မှော်ကို မပျက်မကွက် သွင်းရလိမ် ့မယ်..။
ကြားထဲမှာ ရက်ပျက်ရင် အစကပြန်လုပ်ရမယ် ။ မပျက်ပျက်အောင်ဖျက်တတ်တဲ ့
အကြောင်းတွေပေါ်လာတတ်တယ်ဗျ ။ ကြိုးစားပြီး လုပ်ကြည့်ပါ ။

(၂) မိမိမွေးနေ ့ မနက် (၆) နာရီက နေ ( ၇) နာရီခွဲ အတွင်း အပြီး စီမံရမယ်ဗျ ။
အဲဒီနေ ့ (၆) နာရီကျော်တာနဲ ့ ဘုရားကို ဆွမ်းတော်တင် ။ဘုရားရှိခိုး ။
ငါးပါးသီလခံယူ ။
ပြီးရင် မိမိ ထိမ်းနိုင်တဲ ့ ကံကို သစ္စာပြုရမယ် ။ ငါးပါးသီလ လုံး
လုံရင်တော ့ အကောင်းဆုံးပေါ့ဗျာ ။ မလုံရင်လဲ ကာမေသုမိစာ္ဆရ ကံ တပါးကို
ရာသက်ပန်ရှောင်ပါ့မယ်လို ့ ဘုရားမှာ
သစ္စာပြုလိုက်ပါ ။ ပြီးရင် ဒီလို ထပ်ပြီး သစ္စာပြု ၊ ဆုတောင်းရမယ်ဗျ ။
” ဘုရား တပည် ့တော် မောင် …………………… သည် ယနေ ့မှ
အစပြုပြီး နောက် (၇) ရက်တိုင်တိုင် အလွန်မြင့်မြတ် ဖြူစင်သော မေတ္တာ မှော်
အား ရက်ပျက်မရှိ .သွင်းနှံ ပါ
မည် ဘုရား ။ မှော် အောင်မြင်ခဲ ့ပါက မှော် သတ္တိဖြင့် ( ၇) ရက်
သားသမီးတို ့၏ အသက် ၊ အိုးအိမ် ၊ စည်းစိမ်တို ့ကို မနှောက်ယှက် ၊ မနှိပ်စက် ၊
မဖျက်ဆီးပါ ဟု သစ္စာပြုပါ၏
အရှင်ဘုရား ။ သစ္စာ တည်သမျှ ကာလ ပတ်လုံး မှော် တန်ခိုး ဖြင် ့ (ရ )
ရက်သားသမီးတို ့သည် တပည့်တော်၏ မျက်နှာမြင် ချစ်ခင်ပါစေသား ၊ တပည့်တော်၏
အသံကြား သနား
ပါစေသား အရှင်မြတ်ဘုရား ”

ပြီးရင် မိမိ အတွက် ထမင်းဖြူ တပွဲ ပြင် ။ ဘာမှ မထည့်နဲ ့ ။ ထမင်းဖြူ
သက်သက်ပဲနော် ။ ပြီးရင် ဘုရားရှေ့တော်မှာ မေတ္တာ သုတ်တော်နဲ ့ (၇) ခေါက်
မန်းပြီး စားလိုက်ဗျ ။
အဲဒီနေ ့ တနေ ့လုံးအတွက် ငါးပါးသီလကိုတော ့ လုံခြုံအောင် သတိနဲ ့နေဗျို ့
။ ဒီလောက်တော ့ လုပ်နိုင်မယ်ထင်ပါတယ် ။

(၃) နောက်နေ ့တွေလဲ ဒီ အတိုင်းပဲဗျ ။ (၇)ရက် မပျက်မကွက်လုပ်နိုင်ရင်
မေတ္တာမှော်အောင်ပါပြီဗျာ ။ ဘာလို အကျိုးတွေ ရမလဲတော ့ မမေးနဲ ့ဗျို ့ ။ ( ရ )
ရက် ပြည့်ပြီးနောက်ပိုင်း လူ
တိုင်းနဲ ့ ဆက်ဆံကြည့် ။ ဘယ်လိုနေလဲဆိုတာ ကိုယ်တိုင်ဆန်းစစ်ကြည့်ပေါ့ဗျာ

(၄) အဲ…ထိန်းထားတဲ ့သစ္စာကိုတော ့ မပျက်အောင် ထိန်းထားပေတော ့ဗျို ့ ။
သစ္စာပျက်တဲ ့နေ ့ ပညာကွယ်တဲ ့ နေ ့ပါပဲ ။ သစ္စာတည်နေသမျှတော ့
အကျိုးခံစားရမှာပါ ။

7 comments

  • ဆူး

    January 26, 2011 at 3:43 pm

    ဖတ်လို့တော့ ကောင်းသား။
    မှော် မမှော်တော့ မသိဘူး။ မှော် ဆိုတဲ့ အသုံးထက် မေတ္တာ ဘာဝနာ ဆိုရင် ပိုကောင်းလေမလား။ ရရက်လုပ်လို့ ရရက်စာဘဲ အကျိုးများမယ် တသက်လုပ်ရင် တသက်စာ အကျိုးပေးမယ်။

  • shwe

    January 26, 2011 at 5:53 pm

    Yes Su , you are right . Mitta parita itself has some kind of power .

  • kai

    January 26, 2011 at 9:53 pm

    အဲဒီလို.. လက်တွေ့လည်းမကျ..ဘုရားဟောနဲ့လည်းမညီတဲ့.. ပေါက်တပ်ကရတွေကို .. ဘုန်းကြီးတပါးပါးကသာ .. လုပ်ခိုင်းကြည့်..။
    အဲဒီဘုန်းကြီး.. အကုန်ထိုင်ကန်တော့ပြီး ..ကိုးကွယ်ကြမှာ..။

    သာသနာညိုးနွမ်းစေတာ ..ဒါမျိုးတွေကမှ..

  • bigcat

    January 27, 2011 at 3:21 am

    ပိစိကွေးလေးရေ ဆြာခိုင်ကို မေတ္တာမှော်နဲ့ တချက်လောက် ပညာပေးလိုက်စမ်းပါ။

  • yuyu

    January 27, 2011 at 3:50 am

    ပေါက်တတ်ကရလို့တော့မသတ်မှတ်စေချင်ဘူး
    မေတ္တာသုတ်ကိုဘယ်လိုနည်းနဲ့ပဲရွတ်ရွတ် မေတ္တာပွားများတာဖြစ်တဲ့အတွက် လူချစ်လူခင်များမှာတော့အမှန်ပဲလေ
    ငါးပါးသီလစလုံးလုံအောင်မထိန်းနိုင်ခဲ့ရင်တောင် တစ်ပါးပါးကိုစောင့်ထိန်းခြင်းကလဲ ကောင်းမြတ်သောအရာတစ်ခုပါပဲ
    မယုံကြည်လို့လိုက်မလုပ်ဘူးဆိုရင်တောင် အခုသူပြောတဲ့မေတ္တာသုတ်တို့ငါးပါးသီလတို့ဆိုတာ လူတိုင်းနေ့စဉ်စောင့်ထိန်းပွားများသင့်တာတွေပဲဖြစ်လို့ ပေါက်တတ်ကရတွေတော့မဟုတ်ပါဘူး

  • manawphyulay

    January 27, 2011 at 4:18 am

    မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့နည်းကို ဒီနည်းထက် အမြဲတမ်း ဘုရားတရား နှလုံးသွင်းပြီး မေတ္တာတရားထား စိတ်ကောင်းအမြဲထားရင် ဒီနည်းလည်း မလိုဘူး ထင်ပါတယ်။ နောက်တစ်ချက်က ကိုယ့်ရဖို့ လုပ်တာထက် ဘာမှ မမျှော်ကိုးပဲ လုပ်တာ ပိုကောင်းမယ်လို့ မနော မြင်မိပါတယ်….

  • zaw min

    January 27, 2011 at 6:37 am

    ကိုခိုင် ဆိုလိုတဲ့ အဓိပ္ပါယ်က မှော်ဆိုတဲ့ အသုံးအနူံး လို့ထင်မိပါတယ်။
    ဗုဓ္ဒဘာသာ အနေနဲ့ မှော်လို့ သုံးလို့ မရပါဘူး၊ထေရဝါဒဗုဓ္ဒဘာသာအနေနဲ့ပြောတာပါ။
    မနော ရဲ့အမြင်ယူဆချက်ကပိုပြီးတော့၊ပြည်စုံပါတယ်။

Leave a Reply