သန်လျင်တွင် ဒုတိယကမ္ဘာစစ်က မပေါက်ဘဲကျန်ရှိသည့် ရော့ကတ်ဒုံးကျည်တွေ့

zaw mgJanuary 26, 20111min13710

သန်လျင်တွင် ဒုတိယကမ္ဘာစစ်က မပေါက်ဘဲကျန်ရှိသည့် ရော့ကတ်ဒုံးကျည်တွေ့

သန်လျင်မြို့နယ် ကျိုက်ခေါက် ဘုရားလမ်းရှိ အောင်ချမ်းသာ လက်ဘက်ရည်ဆိုင်တွင် ဒုတိယကမ္ဘာစစ် လက်ကျန် ရော့ကတ် ဒုံးကျည်တခုကိုု ယမန်နေ့က အိမ်သာကျင်းတူးရင်း တွေ့ရှိခဲ့ကြောင်း သိရသည်။ ဆိုင်ရှင်က မယကကို အကြောင်းကြား လိုက်သဖြင့် အင်ဂျင်နီယာတပ်မှ ကျွမ်းကျင်သူများ လာရောက် စစ်ဆေးရာ ယမ်းများရှိနေပြီး စနက်တံ မပြုတ်သေး သည်ကို တွေ့ရကြောင်း၊ လုံးပတ်မှာ လူကြီးတဖက်ခန့်၊ အရှည် ၄ ပေခန့်၊ ထိပ်အပြားနှင့် ဒလက်များ ပါရှိကြောင်း၊ ယခုအခါ အစောင့်များ ချထားပြီး အဆိုပါ လက်ဘက်ရည်ဆိုင် ခြံဝင်းနှင့် နဘေးရှိ တခြားသောဆိုင်များ ပိတ်ထားရကြောင်း သွားရောက် ကြည့်ရှုသူ တဦးက ပြောသည်။ သန်လျင်မြို့တွင် ယခင်ကလည်း မကြာခဏဆိုသလို ဒုတိယကမ္ဘာစစ် လက်ကျန် စစ်သုံးပစ္စည်းများ တွေ့ရှိဖူးသည်။

ကိုးကား ။ ။http://www.bur.irrawaddy.org/index.php/news/2010-11-12-10-25-42/5560-2011-01-26-04-52-46

10 comments

  • လင်းဝေကျော်

    January 26, 2011 at 10:05 am

    ရှေးဟောင်းပစ္စည်းစာရင်းဝင်တယ်။
    အဲဒါတွေ ဈေးကောင်းရတယ်။

    • etone

      January 26, 2011 at 10:14 am

      မြန်လိုက်တာ ဦးလေးရယ် ။ အီးတုံး မန်းမလို့ ရိုက်နေတုန်းဖုန်းဝင်လာလို့ ဖုန်းခဏပြောပြီး enter ခေါက်တုံးရှိသေးတယ် ဦးလေးက အရင် ဝင်မန်းသွားပြီ ။

  • etone

    January 26, 2011 at 10:08 am

    ဒီကောင်တွေနယ့် ညံ့လိုက်တာနော်.. ။ အိမ်သာတူးရင် ပွပေါက်တိုးတာ သူများကို လျှောက်ပြောရတယ်လို့ …။ ခဏသိမ်းထားပြီးနောက်မှ ရောင်းစားရမှာ .. နယ်စပ်က ထုတ်ပြီး လေလံစွဲတဲံလူတွေနဲ့ ချိတ်လိုက်လျှင်ဖြင့် အန်းတိတ်ဆိုပြီး ဒေါ်လာတွေ ရမှာ $-$ 😀

  • ကြယ်လေး

    January 26, 2011 at 10:16 am

    အိတုန် ရယ် အဲဒီလောက်လွယ်မှ တော့ လော်လီကား ငှါး ပြီး နေပြည်တော် ကို ယူသွားမှာပေါ့

    ဟိုရောက် ရင် ထင်းနဲ့ မီးမြှိုက် ပြီး ထားခဲ့မှာပေါ့ 😛

  • လင်းဝေကျော်

    January 26, 2011 at 10:35 am

    အကြံတူတော့ ရန်သူဖြစ်သွားတော့မလို့။
    စိတ်ချပါ ပွဲခ ခွဲယူတာပေါ့ ဒေါ်လေးအီးတုံးရယ်

  • sususan

    January 26, 2011 at 10:39 am

    သမိုင်းဝင်ပစ္စည်းနော်..

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 26, 2011 at 10:49 am

    ပြောရဦးမယ်
    ရောကက်ကြီးဆိုလို ့ ဂျပန်ခေတ်တုန်းက အောင်ပုတို ့ရွာမှာ
    ( ဒါနဲ ့ စကားမစပ် ဒီရွာထဲမှာ နောက်ထပ် ဘယ်သူဘာဖြစ်ခြင်သတုံး အောင်ပုကို 🙁 🙁 )
    အိုက်နေ ့က ည ခုနစ်နာရီလောက်ရှိနေပြီ
    ဝေါဝေါဝေါနဲ ့အသံတွေကြားရတယ် လေယာဉ်ပျံအသံတွေ
    အားလုံးမီးခွက်တွေမှုတ်ပြီး အင်းထဲကို ဆင်းပြေးရတာပေါ့
    ရွာထဲမှာနေရင် သူတို ့က ဗုံးကျဲတာကိုး
    ရွာထဲမှာက ရှိနေကြတယ်လေ ကလားစစ်တပ်တွေ
    အဲ့နေ ့မိုးလင်း ဝေလီဝေလင်းကြီးမှာ
    ကိုယ်ပုန်းနေတဲ့ ဗုံးကျင်းဘေးက ရေအိုင်ထဲမှာ
    ဇောက်ထိုးကြီး စိုက်နေတာ အဲ့ဒီဗုံးကြီး အကြီးကြီး
    ဒါနဲ ့ကလားစစ်တပ်ကို သွားပြောပြီး ဖြုတ်ထုပ်လိုက်ပြီးတော့
    အထဲက ရမ်းတွေထုတ်လိုက်ကြတယ်
    ကလားစစ်ဗိုလ်စီမှာတောင်းယူလိုက်တယ် ဗုံးခွံကြီးကို
    ခု
    ရွာလယ်ဇရပ်မှာ ချိတ်ထားတယ်
    အဲ့ဒီမှာ ချစ်ဆရာ့ဂျီးဒေါ်ကြီးနဲ ့ကလားစစ်တပ်
    ဘယ်လို ဘစ်ဇနစ် လုပ်တယ်ဆိုတာ ပြောမယ်
    မင်းငါ့ကို တောင်းပန်ရင်တောင်းပန်
    မတောင်းပန်လို ့ကတော့
    ……. 🙁 🙁 🙁

  • ဆူး

    January 26, 2011 at 3:05 pm

    အဲဒါကြီး သေချာ သိမ်းထားပြီး ယမ်းတွေကို သီတင်းကျွှတ် မှာ ဗောက်အိုး မီးပန်း ထုတ်ရောင်းလို့ရတယ်။ ယမ်းတွေ အများကြီးပါမှ သေချာတယ်။ အဲလောက် ကြီးတာမျိုးဆိုရင်။ ၄ပေ အရှည် လူကြီး တဖက်စာ ဆိုရင် ဗီယမ်နာမ်မှာ ပြထားတဲ့ ကျည်ဆံ တုံးကြီးတွေ လောက်ရှိမှာဘဲ အဲဒါမျိုးဆို ယမ်းတွေ အများကြီးပါတယ်။ စီးပွားဖြစ်လုပ်နိုင်တာ အခုလိုဆိုတော့ အသုံးမကျတော့ဘူး။ ဘိုးဘွားတွေက ပေးတာကို ကောင်းကောင်းမှ မခံယူဘဲကိုးးးးးးးးးး

  • yuyu

    January 27, 2011 at 4:50 am

    မသိလို့မေးပါရစေ
    စနက်တံပြုတ်လိုက်ရင်တော့ ပေါက်ကွဲမှာပေါ့နော်

  • Maung Dae`

    January 27, 2011 at 5:39 am

    မောင်ဒဲ့တို့ တောင်မြို့မှာတော့ မောင်ဒဲ့သူငယ်ချင်းအိမ်မှာ အိမ်သာကျင်း တူးရင်းနဲ့ ဒုံကျည်ကိုပေါက်မိတာ.. တူးတဲ့သူ ခြေထောက်မီးလောင် ဒဏ်ရာရသွားတယ်.. မောင်ဒဲ့လည်းကစားရင်းနဲ့ ကျည်ဆံ ၅ တောင့်လောက် မြေကြီးထဲကနေရဖူးတယ်.. ၂ တောင့်က ယမ်းပါသေးတယ် ၃ တောင့်က ကျည်ခွံ.. နောက်တော့သတင်းကြားတာ.. မန္တလေးမှာ ကလေးလေးတစ်ယောက် မြေကြီးထဲကရတဲ့ သေနတ်ကျည်ဆံနဲ့ဆော့တာ ပေါက်ကွဲသွားလို့ လက်ဒဏ်ရာရသွားသတဲ့..
    အဲ့သည်သတင်းလဲကြားကတည်းက သွားပေတော့ဆို အိမ်သာကျင်းထဲလွှင့်ပစ်လိုက်တယ်..

    ရှေးဟောင်းပစ္စည်းဆိုရင်တော့ မြေကြီးထဲကနေရထားတဲ့ ဆေးတံ အကျိုုးလေးတစ်ခုရှိတယ်.. မြေအိုးဆေးတံလေး.. ကနုတ်တွေလဲရေးထားတယ်.. အမရပူရမင်းလက်ထက်ကဟာလားတော့မသိဘူး လေလံပစ်မယ်.. စိတ်ဝင်စားသူဆက်သွယ်ပါ..

    လေလံကြမ်းခင်းဈေး.. ဒေါ်လာတစ်သိန်း (အဟီး.. တော်ပါပီအဲ့လောက်ဆို) 😀

Leave a Reply