ရင်မခုန်နိူင်လို့ပါ….

nyimalayJanuary 26, 20111min520

ရင်မခုန်နိူင်လို့ပါ….

တခါတုန်းက …

ကောင်မလေးတစ်ယောက် အချစ်ဆိုတာ ဂရုစိုက်မှု၊ အလိုလိုက်မှု၊ သူ့မှသူဆိုပီး
စွဲစွဲလမ်းလမ်းရှိမှ… ချစ်သူထားမယ်ဆိုပြီး စိတ်ကူးယဉ်ခဲ့လေရော….

တစ်မနက်…
ကလင် ကလင်…

ဖုန်းမြည်သံကြောင့်ကောင်မလေးလန့်နိူးသွားတယ်…

ကောင်မလေး။ ဟဲလို…

ကောင်လေး။ မြတ်နိုးသူလား…

ကောင်မလေး။ မဟုတ်ပါဘူး…လူမှားနေပီထင်တယ်

ခုပြောနေတာဘယ်သူပါလဲ…

ကောင်လေး။ ဟုတ်လား…ခုပြောနေတာ မြတ်နိုးသူမဟုတ်ဘူးလား

ကောင်မလေး။ မဟုတ်ရပါဘူး

ကောင်လေး။ ဆောရီးနော် …မမ … ကျွန်တော်မှားခေါ်လိုက်ပီ…ကျွန်နော် ….
ပါဆြိုပီး မိတ်ဆက်ရင်း… ကျွန်တော် တောင်းပန်ပါတယ် မမရယ် …

ကောင်မလေး။ အော် ရပါတယ်…

ကောင်လေး။ ကျေးဇူးတင်ပါတယ် မမ…။

ဆိုပီး ဖုန်းတကယ်မှားခေါ်ခဲ့တာလား…တော့မပြောတတ်ပေမဲ့…ခင်မြင်မှုတော့
အစပြုခဲ့ရှာတယ်…။

ဒီလိုနဲ့…

ကောင်းမလေး လိုင်းပေါ်မှာ မတွေ့ရရင်ဖုန်းခေါ်ပြီး စောင့်နေတတ်တယ်…

ကောင်မလေးနဲ့ စကားမပြောရရင် သေရတော့မယ့်အတိုင်းပါပဲလေ…

သူပါပဲလုပ်လုပ် ကောင်မလေးမှကောင်မလေးပါပဲပေါ့…

စကားပြောတာအဆင်မပြေရင် သူဝမ်းနည်းနေတတ်ပီး … ဘာမှမလုပ်နိုင်ခဲ့ရှာဘူး…

(ကောင်လေးသူငယ်ချင်းတွေက ကောင်မလေးကို တောင်းပန်ရင်းပြောပြခဲ့တာပါ)

ကောင်မလေး စိတ်ကူးအိမ်မက်ထဲက ဂရုစိုက်မှု…အလိုလိုက်တာကအစ …
လိုလေသေးမရှိကောင်လေးရဲ့လုပ်ရပ်မှာ ပြည့်စုံခဲ့တယ်…။

တစ်နေ့တော့…

ကောင်လေးက မရဲတရဲနဲ့ကောင်မလေးကို ချစ်တဲ့အကြောင်းဖွင့်ပြောရှာခဲ့တယ်…

ကောင်မလေးရင်မခုန်ခဲ့ဘူး…ဘာမှလဲပြန်မပြောနိူင်ခဲ့ဘူး…

အချိန်တွေကြာလာတော့ အဖြေတောင်းလာတာပေါ့ .. ပေးဆပ်မယ့်အချစ်လို့
ပြောနေရင်းနဲ့တောင် အဖြေတော့လိုချင်ကြတာ…မဆန်းလှပါဘူးလေ…

ကောင်မလေးလည်း အကြိမ်ကြိမ် စဉ်းစားသုံးသပ်ခဲ့ပါတယ်…

သူလိုချင်ခဲ့တဲ့ ချစ်သူပုံစံပေါ့ … အော် ကောင်လေးက ရုပ်ကလေးလည်း
မဆိုးရှာဘူးလေ…အရည်အချင်းဆိုလည်း အသင့်အတင့်ရှိသူပါပဲ…

ကောင်မလေး ကြိုးစားခဲ့ပေမယ့် ဘယ်လိုမှ ရင်မခုန်နိုင်ခဲ့ပါဘူး…။

ဒါနဲ့ပဲ…

ကောင်လေးမှာ စိတ်ဓါတ်တွေကျပီး … အရှူံးပေးခဲ့တယ်လေ…

သူအရှူးံပေးခဲ့တာတွေက များလွန်းအားကြီးခဲ့တယ် …

ကောင်မလေးပြန်သိတော့ စိတ်မကောင်းမိရုံမှအပ ဘာမှမတတ်နိုင်ခဲ့ပါဘူး…

ဒါပေမဲ့ကောင်လေးရယ် …

ကိုယ်တိုင်လိုချင်ခဲ့တဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံခဲ့ရင်တောင်
ရင်ထဲကလာတဲ့ အချစ်ပါမလာတော့ ..ဘယ်လိုမှမတတ်နိုင်ခဲ့တာပါ…ခဏတဖြုတ်ပဲ
ဟန်ဆောင်လို့ရမှာလေ…နောက်ပိုင်းကြရင် ပိုခံစားရလိမ့်မယ်…

ကောင်လေးပေးခဲ့တဲ့ ဂရုစိုက်မှု၊ ပျော်ရွင်မှုတွေကို ရင်ထဲမှာသိမ်းထားမှာပါ…

တိုက်ဆိုင်မှုတွေရှိလာရင် သတိရမှာပါ …

ကောင်လေးကို မချစ်ပဲချစ်သလိုဟန်ဆောင်ခဲ့တာမဟုတ်ခဲ့ဘူး …
ချစ်နိုင်အောင်ကြိုးစားခဲ့ပေမဲ့ ရင်မခုန်ခဲ့တာပါ…

ရက်စက်တယ်လို့မပြောစေချင်ဘူး … ကိုယ့်နှလုံးသားကို လိမ်ညာနေမှ
ပိုပီးရက်စက်ရာရောက်မှာပါ…။

  * ကိုယ့်ကို ချစ်တဲ့သူတိုင်း ပြန်ချစ်ဖို့ဆိုတာမဖြစ်နိုင်ကြောင်း။
  * ချစ်နိူင်အောင်ကြိုးစားရင်း မချစ်နိုင်တာကို
လူဆိုးကြီး(အချစ်ကစားသူ) လို့ မသတ်မှတ်စေလိုကြောင်း။
  * ရင်ထဲက အလိုလိုမွေးဖွားလာတဲ့ အချစ်မဟုတ်ရင် လုပ်ယူရတာ
ရှူံးဆုံးမှုတစ်ခုသာဖြစ်ကြောင်း။
  * အချစ်ဆိုတာ … ပြောမပြတတ်၊ စာဖွဲ့လို့မမှီအောင်ထူးဆန်းပါကြောင်း။

ပုံပြင်လေးနားထောင်ရင်း ကိုယ်ကိုမချစ်တဲ့သူကို
နားလည်မှုပေးနိုင်ဖို့ စိတ်ထားလေးတွေမွေးရင်းနဲ့ နှစ်ခြိုက်စွာ
အိပ်ပျော်နိူင်ကြပါစေ။