“ မပိတ်စကောင်း ပိတ်စကောင်း ဆေးလိပ်တစ်လိပ်ရဲ့အကြောင်း”

“ မပိတ်စကောင်း ပိတ်စကောင်း ဆေးလိပ်တစ်လိပ်ရဲ့အကြောင်း”

ယနေ့ နံနက် လေးနာရီ မထိုးခင်ကတည်း က ဒေါက်တာ သူရဿဝါ (29) တစ်ယောက်
အိပ်ယာမှ အစောကြီးနိုးနေပါသည်။
အမှန်အတိုင်းပြောရလျှင် တစ်ညလုံးကောင်းကောင်းအိပ်မပျော် ၊ကြက်အိပ်ကြက်နိုး နှင့်
ပင်မိုးစင်စင်လင်းခဲ့သည်က အမှန်ပါ။
ယနေ့ 2016 ဇန်နဝါရီလ(1)ရက် ကမ္ဘာသုံးနာရီ (9)နာရီတိတိအချိန်ရောက်ပါက အခုသုံးဆယ်မြောက် ဂုဏ်ထူးဆောင်လက်မှတ် အသစ်တစ်ခုကို ထပ်မံအပ်နှင်းခြင်းကို ခံရမည့်အတွက် စိတ်လှုပ်ယှားက အိပ်မပျော်ခြင်းလည်း ဖြစ်ပါသည်။

ယနေ့နံက် ကိုးနာရီလွန်မြောက်သည်နှင့် ဒေါက်တာ သူရဿဝါ(30)အဖြစ်သို့ရောက်ရှိတော့မည်ကို
တွေးမိသည်နှင့်တစ်ပြိုင်နက် လက်ရှိနေထိုင်သော ပညာရှင်များရိပ်သာ အထပ်(29) တွင်
နေထိုင်သောကြောင့် ဒေါက်တာ သူရဿဝါ(29) ဟုခေါ်တွင်ကြောင်း ခင်မင်သူ များ၏စကားဝိုင်းတွင်
ရယ်ပွဲဖွဲ့ကြသည့်အဖြစ်မှ ကင်းလွတ်ပြီ ဟုတွေးမိပြန်သော် စိတ်ထဲက အပြုံးသည်မျက်နှာပေါ်သို့ ချက်ခြင်း
တက်လာသည်ကို ရှေ့တည့်တည့်မှကိုယ်လုံးပေါ်မှန်တွင်အရိပ်ထင်လာခြင်းမှတစ်ဆင့်
ကျက်သရေရှိလှစွာ တွေ့မြင်နေရပြန်ပေသည်။

မိမိ၏စာကြည့်ခန်းနံရံပါတ်ပါတ်လည်တွင်တင့်တယ်စွာရှိနေကြသော၊ ရရှိသောနှစ်အလိုက် တန်းစီချိတ်ထားသော၊ အမိမြန်မာပြည်မှပေးအပ်သော ဒေါက်တာဘွဲ့အပါအဝင်
နိုင်ငံပေါင်းစုံမှပေးအပ်ထားသည့် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့လက်မှတ်(29)ခုကို
လှည့်ပါတ်ကြည့်ရင်း မကြာခင်ရောက်လာတော့ မည့် (30)မြောက်ဒေါက်တာဘွဲ့အတွက်
ချိတ်ဆွဲရမည့် နေရာကို်ရာထားနေရင်းမှ စိတ်အတွင်းတွင်ပီတိလှိုင်းတံပိုးများက
တိုး၍တိုး၍သာဘောင်ဘင်ခတ်နေပေတော့သည်။

အတိတ်ကိုပြန်လည်စဥ်းစားမိသော် မြန်မာပြည်မှ နာမည်ကျော် ဂျာနယ် ဂို်ဏ်းချုပ်ဆရာကြီးစကားကို ငှားသုံးမည်ဆိုပါက
“တစ်ခါက “ဟုသာ ဆိုရပေလိမ့်မည်။
တစ်ရက်ပျင်းပျင်းရှိသည်နှင့် တီဗွီအစီအစဉ်ကိုထိုင်ကြည့်နေစဉ် တစ်ခေတ်တစ်ခါက
မသိမလိမ္မာသော ကလေးများ အောက်ဖော်ပြပါအတိုင်း ဖျက်ဆိုကြသော
“ နား နာနား နာ့နာ ……….နား နာနား နာ့နာ…… အကြံကောင်းပေးလိုက်မယ် အီးစား”
သီချင်းလေးအလိုက်အတိုင်း စီးကရက်ကြော်ငြာခဲ့ေသောမင်းသားမှနေ၍
“၎င်းကြော်ငြာကို သူရိုက်မိသည်မှာ သူ့ဘဝတွင်လွန်စွားမှားယွင်းသောဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့ကြောင်း၊
မိမိကိုယ်တိုင် ကြော်ငြာသရုပ်ဆောင်ခကိုသာ ကြည့်၍လက်ခံမိကြောင်း၊
၄င်းကြော်ငြာကို ကြည့်မိသော လူကြီးလူငယ် လူမမယ်အပေါင်းဆေးလိပ်သောက်အောင်
မြှောက်ပင့်ပေးသလိုဖြစ်ခဲ့ပါကြောင်း၊
မိမိမှာကြော်ငြာခကို တစ်ကြိမ်ထည်းသာရသော်လည်းရောင်းစားသူတို့မှာ တိုက်ဆောက် ကားစီး
အမြတ်အစွန်းကြီးခဲ့ကြပါကြောင်း၊
ဘဝတူ အနုပညာသမားတစ်ယောက် ဆေးလိပ်အသောက်လွန်၍ခြေတစ်ဖက်ဆုံးရှုံးသွားသည်ကို
ကြားသိရသည့်အချိန်မှာ လွန်စွာမှ ထိတ်လန့်မိပါကြောင်း၊
ထို့ကြောင့် တီဗွီအစီအစဉ်များမှလည်း ဆေးလိပ်အရက်ကြော်ငြာ ထည့်သွင်းခွင့်ပိတ်လိုက်သည့်အတူူတူ
မိမိလည်း ဆေးလိပ်ကြော်ငြာများကို နောင်တွင်လက်ခံတော့ မည်မဟုတ်ကြောင်း”
ကို အင်တာဗျုးတစ်ခုတွင် အကျယ်တဝံ့ပြောကြားသွားသည်ကို မြင်လိုက်ရသည့်အချိန်တွင်၊
ဒေါက်တာအလောင်းအလျာ သူရဿဝါစိတ်ထဲတွင် မိမိအောင်မြင်ရေးအတွက်လမ်းဖွင့်ပေးလိုက်သလို
မိမိဘာလုပ်သင့်သည်ကို စိတ်တွင်ရှင်းရှင်းကြီးမြင်မိသွားပါတော့သည်။
ထို့နေ့မှစ၍ ဆေးရွက်ကြီးးမှအစ ဆေးပေါ့လိပ် စီးကရက် တို့၏ ဘေးထွက်ဆိုးကျိုးများကို၎င်း၊
ကမ္ဘာမြေပေါ်တွင် ဆေးလိပ်စတင်ဖြစ်ပေါ်လာပုံကို၎င်း၊
ဆေးလိပ်အခြေခံဆေးရွက်ကြီးစိုက်ပျုးိကြပုံကိုသော်၎င်း၊
မြန်မာဆေးပေါ့လိပ်နှင့် အိန္ဒိယလူမျိုးများသုံးစွဲသော “BD” ဆေးလိပ်ထုတ်လုပ်ရာတွင်အသုံးပြုသော “သနပ်ဖက် “စိုက်ပျုးိပုံကိုသော်၎င်း၊
မြန်မာဆေးပေါ့လိပ်တွင် မီးစွဲအောင် အသုံးပြုသော “အုန်းနှဲရိုး”ထုတ်လုပ်ပုံကိုသော်၎င်း၊
ဆေးပေါ့လိပ်တွင်မရှိမဖြစ်ပစ္စည်းဖြစ်သော “ဖင်အစီခံ”ထုပ်လုပ်ရာတွင်ပါဝင်သောဆက်စပ်ပစ္စည်းများအကြောင်းကိုသော်၎င်း၊
မြန်မာတောနယ်များတွင်မက်မက်စက်စက် အသုံးပြုကြသော “ပြောင်းဖူးဖက်”
ဆေးလိပ်ထုတ်လုပ်ပုံတို့ ကို အသေးစိတ်သိရှိနိုင်ရန်အတွက်၊စာကြည့်တိုက်ပေါင်းစုံတွင်ရှိ
မြောက်များလှစွာသောစာအုပ်စာတန်းတို့ကိုဖတ်ရူ့ခြင်း၊
၊အင်တာနက်ဝက်ဆိုက်များမှနေ၍အချက်အလက်များ
ဓါတ်ပုံများရှာဖွေစုဆောင်း၍ ကူးယူမှတ်တမ်းတင်ခြင်း၊ကွန်ပြူတာထဲတွင်စံနစ်တကျထည့်သွင်းခြင်း၊
သနပ်ဖက်ထွက်ရာဒေသ၊ဆေးရွက်ကြီးထွက်ရာဒေသ၊ပြောင်းဖူးဖက်အသုံးပြုရာတောနယ်များအထိ
မနေမနားသွားရောက်၍စုံစမ်းမေးမြန်းခြင်း၊မှတ်တမ်းတင်ခြင်း၊ဓါတ်ပုံများရိုက်ယူခြင်းအမူ့ကို
သူတေသန ပြုခဲ့ရာ(2)နှစ်တိတိကြာမြင့်လေ၏။
ထိုမှတစ်ဖန်ဆေးလိ်ပ်ကို အသုံးပြုကြသော မြန်မာပြည်အနယ်နယ်အရပ်ရပ်မှ လူမျိုးပေါင်းစုံ၊
နယ်ပေါင်းစုံ၊ဒေသပေါင်းစုံ ၊လူတန်းစား အလွှာအသီးသီး၊အသက်အရွယ်အပိုင်းအခြား၊
ကျားမ ပေါင်းစုတို့ကို ဆေးလိပ်သောက်ခြင်းနှင့်ပါတ်သက်သောကိစ္စမှန်သမျှအလုံးစုံကို
လိုက်လံ၍ မေးမြန်းစုံစမ်းပြန်လေရာ တစ်နှစ်ကျော်ကျော်ကြာမြင့်သောအခါ စုံလင်အောင်သိသော
အဖြစ်သို့ရောက်ရှိခဲ့လေသည်။
ဆေးလိပ်သောက်သုံးသောကြောင့်ကျန်းမာရေးချို့တဲ့နေသူများ၊
ဆေးလိပ်သောက်သုံးခြင်းကြောင့်သေဆုံးသွားသူများ၏ကျန်ရစ်သူမိသားစုများ၏ထင်မြင်ယူဆချက်များ၊
ဆေးဘက်ဆိုင်ရာဝန်ထမ်းများ ကျွမ်းကျင်သူများ ၏အယူအဆများ၊
စီးပွားရေးဆိုင်ရာ ပညာရှင်များ၏အမြင်များ၊
ဘာသာရေးဆိုင်ရာ ခေါင်းဆောင်များ ၏အယူအဆများ၊
နိုင်ငံရေးသုတေသီများ၏ထင်မြင်ယူဆချက်များ၊
ကမ္ဘာအရပ်ရပ်မှ ဆေးလိပ်တိုက်ဖျက်ရေးကိုဆောင်ရွက်နေသူများ၏အမြင်အတွေးများ၊
တို့ကိုလည်း လူကိုယ်တိုင်သော်၎င်း၊တယ်လီဖုန်းမှဖြင့်၎င်း၊
အင်တာနက် အီးမေးလ်များမှ သော်၎င်း တွေ့ဆုံမေးမြန်းနိုင်ခဲ့ မှတ်တမ်းတင်ခဲ့ပြန်ပါသည်။

ထို့နောက်ဆက်လက်၍ အာရှမှအိမ်နီးခြင်းတိုင်းပြည်များတွင်သော်၎င်း၊ဥရောပ၊အာဖရိက၊
အမေရိကတိုက်၊တောင်ဝင်ရိုးစွန်း၊မြောက်ဝင်ရိုးစွန်း မည်သည့်နေရာမျှမကျန်ရအောင်ကိုယ်တိုင်သွားရောက်
၍သော်၎င်း၊မိတ်ဆွေများမှတစ်ဆင့်သော်၎င်း၊အင်တာနက်ဝက်ဆိုက်များမှသော်၎င်း၊
ဆေးလိပ်စီးကရက်သောက်သုံးခြင်းတို့ကို လေ့လာမှတ်တမ်းတင်သည်မှာ သုံးနှစ်ကြာမြင့်လေသည်။
၎င်းနှစ်များအတွင် မည့်သည့်စီးပွားရေး ကိုမျှရှာဖွေနိုင်ခြင်းမရှိသောကြောင့် မိဘများချန်ထားခဲ့သည်
ခြံအကျယ်ကြီးကို တစ်စစီ ပိုင်း၍ရာင်းချစားသောက်ခဲ့ရာ ဆေးလိပ်နှင့်ပါတ်သက်သောအမူ့ ကုန်စင်အောင်
ပြီးမြောက်သည့်အချိန်တွင် မိမိနေထိုင်စရာချန်ထားသော အိမ်ကလေးပင် ပေါင်နှင်္စားသောက်ရလေရာ
အပေါင်ဆုံးသောဘဝရောက်၍ မြေပိုင်အိမ်ပိုင်မှ အိမ်ငှားဘဝသို့လျောကျသွားလေတော့သည်။

လေ့လာခြင်းအမူ့ပြီးစီးသည်မှစ၍ဆေးလိပ်နှင့်ပါတ်သက်သော
စိုက်ပျိုးပုံ၊ ကုန်ကြမ်းမှ ကုန်ချောအထိ ထုတ်လုပ်ပုံအဆင့်ဆင့်၊
ရောင်းဝယ်ဖောက်ကားကြပုံနည်းစံနစ်များ၊
သုံးစွဲကြသူများ၏ ခံစားချက်များကို
အသက်အရွယ်အလိုက်သော်၎င်း၊
လူမျိုးအလိုက် ဓလေ့ထုံးစံအလိုက်သော်၎င်း၊
လက်ရှိဖြစ်ပေါ်နေသော ခေတ်အမြင်ခေတ်အတွေးအရသော်၎င်း၊
ကျန်းမာရေးအရရူ့ဒေါင့်အရ ဖြစ်ပေါ်လာသည့် ဆိုးကျုးိများကိုသော်၎င်း
စေ့စုံစွာ ရေးသား၍စာတမ်းပြုစုရေးသား ပြီးစီးခဲ့လေသည်။
သူရဿဝါ ၏ ဆေးရွက်ကြီး စာတမ်းမှာ ရှေးယခင်ရေးသားသူများထက်ပိုမိုသာလွန်သောအချက်မှာ
ဆေးရွက်ကြီးကို ကမ္ဘာမြေပေါ်မှလုံးဝပျောက်ကွယ်သွားအောင်လုပ်ဆိုင်နိုင်သောနည်းလမ်းများစုံစေ့စွာ
ပါဝင်နေခြင်းပင်ဖြစ်ပါတော့သည်။

သူရဿဝါ တင်သွင်းသောစာတမ်းကို မြန်မာပြည်ရှိပညာရှင်များ က သေချာစွာ
အကြိမ်ကြိမ်ဖတ်ရူ့ပြီးသောအခါ အားလုံးမှ “တော်ပါပေသည် ပြည့်စုံပါပေသည်”
ဟုုမှတ်ချက်နှင့်အတူ သူရဿဝါမှ ဒေါက်တာသူရဿဝါ အဖြစ်ကိုရောက်ရှိလေတော့သည်။
၎င်းတင်သွင်းသောစာတမ်း၏ ကောင်းသတင်းမှာ အနယ်နယ်အရပ်ရပ်သို့ ပျံ့လွင့်သွားသည်မှစ၍
နေရာဒေသ အသီးသီးမှ ဖိတ်ကြား၍ဟောပြောရန်တောင်းပန်မူ့ကို ပြုကြရလေရာ လက်ရှိငှားနေသော
အိမ်တွင် နေရန်မလိုတော့ ဘဲ ကားကြီးတစ်စီးပေါ်တွင် အိမ်ယာတည်ထောင်၍
လှည့်လည်ဟောပြောရသော ဘဝသို့အလိုလိုရောက်ရှိလေတော့သည်။
ဒေါက်တာသူရဿဝါ၏ ဟောပြောချက်များကို နားဆင်ရသူများ ဖတ်ရူ့ရသူများမှအစပြုကာ
ဆေးလိပ်သောက်သုံးခြင်းမပြုသော လူအရေအတွက်မှာ တစ်စထက်တစ တိုးတိုး၍လာလေတော့သည်။
ဆေးလိပ်ဆန့်ကျင့်ရေးအဖွဲ့များမှလည်း တစ်စထက်တစ်တိုးပွားလာကာ”ဒေါက်တာသူရဿဝါ”အမည်ဖြင့်
ဆေးလိပ်မသောက်ရန် လိုက်လံစည်းရုံးလှုံဆော်သော အခါ နိုင်ငံအသီးသီးမှ အာဏာပိုင်အဖွဲ့အစည်းများမှ
လည်း”ဆေးလိပ်ဥပဒေ”အသစ်များကို ထုတ်ပြန်ရလေတော့သည်။
တကမ္ဘာလုံးမှာလည်းဆေးလိပ်သောက်သူ မရှိသလောက် အဖြစ်သို့ရောက်ရှိခဲ့လေသည်။
၎င်းအောင်မြင်မူ့အသီးအပွင့်များရလာဒ်အဖြစ်
လက်ရှိနေထိုင်သော 29ထပ်ရှိ တိုက်ခန်းကြီးကို လက်ဆောင်အဖြစ်သော်၎င်း
သုတေသန စတင်လုပ်ဆောင်ခဲ့သော တစ်ပါးသူလက်အားရောင်းချခဲ့ရသောနေရာကို အဆမတန်ကြိုက်ဈေးပေးကာ ပြန်လည်ဝယ်ယူ၍ ပြတိုက်အဖြစ်ဖွင့်လှစ်ထားခြင်းသော်၎င်း၊
နိုင်ငံအသီးသီးမှာ ပေးအပ်သော ဆုလက်မှတ်များ၊တက္ကသို်လ်များမှ ဒေါက်တာဘွဲ့များပေးအပ်သော်၎င်း၊
မြန်မာ့ဂုဏ်ဆောင် ပညာရှင်အဖြစ် တစ်သက်တာ ဆုကြေးငွေများ လစာများ ချီးမြင့်ပေးခြင်းသော်၎င်း
ခံစားခွင့်ရခဲ့လေသည်။
သို့ပါသော်လည်း ဒေါက်တာသူရဿဝါမှ ပေးတိုင်းမယူဘဲ ရွေးချယ်၍သာလက်ခံသောကြောင့်သာ 29 ခုအထိသာ တင်ကျန်နေခြင်းဖြစ်သည်။
ယခုယူရမည့် 30ခုမြောက်ဒေါက်တာဘွဲ့မှာ အကြိမ်ကြိမ်တောင်းပန်၍သာ အားနာလွန်းသဖြင့်လက်ခံလိုက်ရခြင်းဖြစ်ပေသည်။
အတိတ်ကိုပြန်လည်စဉ်းစားနေစဉ်အတွင်း အိမ်တွင်းရှိ ကွန်ပြူတာမှတဂွမ်ဂွမ်
အသံရှည်ကြီးအဆက်မပြတ်ထွက်လာသဖြင့် ကွန်ပြူတာအား သွားရောက်ကြည့်ရူ့သောအခါ အင်တာနက်မှ
အီးမေးလ်များ အဆက်မပြတ်ရောက်ရှိနေသည်ကို တွေ့ရလေသည်။
အီးမေးလ်မှာ စာရောက်လျှင်သိရှိရန် စာတစ်စောင်ရောက်ပါက”ဂွမ်”ဟုတ်တစ်ခါမည်ရန်စီစဉ်ထားလေရာ
စာများမှာဆက်တိုက်ရောက်နေသောကြောင့် ဂွမ်ခြင်းဆက်၍ ဂွမ်သံရှည်ကြီး ထွက်နေခြင်းဖြစ်ပေတော့သည်။
၎င်းရောက်လာသောစာများကို ဖတ်ရူ့ကြည့်လေရာနေရာစုံ နိုင်ငံစုံ လူမျုးိပေါင်းစုံထံမှ စာများဖြစ်သော်လည်း
အကြောင်းအရာမှာ ထူးမခြားနား တစ်ပုံစံတည်းသာဖြစ်နေသည်ကို တွေ့ရလေသည်။
(၁) ဒေါက်တာတိုက်တွန်းချက်ကြောင့် တကမ္ဘာလုံး ဆေးရွက်ကြီးနှင့်ပါတ်သက်သော
လုပ်ငန်းများအားလုံးရပ်ဆိုင်းသွားသည်မှာ အမှန်ပင်ဖြစ်ပါကြောင်း၊
(2)ဖြစ်ပေါ်လာသောအကျုးိဆက်မှာ ဆေးရွက်ကြီးစိုက်ပျုးိသူများ၊လယ်ယာလုပ်သား သူရင်းငှားများ၊
ဆေးလိပ်ခုံ မှ အလုပ်သမများ၊စီးကရက်စက်ရုံမှ ဝန်ထမ်းများ၊ စာရေးစာချီများ၊
စီးကရက်ကိုအကြောင်းပြု၍ ရောင်းဝယ်ဖောက်ကားကြသောလုပ်ငန်းရှင်များ၊
အရောင်းဝန်ထမ်းများ၊
(3)ဖွံ့ဖြုးိဆဲနိုင်ငံများတွင်လမ်းဘေးတွင် ဆေးလိပ်ရောင်းချစားသောက်ရသော အခြေခံလူတန်းစားများ
မှာ အားလုံးအလုပ်လက်မဲ့ဖြစ်သွား၍စားဝတ်နေရေးခက်ခဲကာ အငတ်ဘေးကို ရင်ဆိုင်နေရပြီဖြစ်ပါသော
ကြောင့် ဒေါက်တာသူရဿဝါမှ ကူညီဖြေရှင်းပေးစေလိုကြောင်း၊ နိုင်ငံအသီးသီးမှသန်းပေါင်းများစွာသော
အလုပ်လက်မဲ့များအတွက် အလုပ်အကိုင်ရှာဖွေပေးစေလိုကြောင်း၊
အလုပ်ခန့်ထားရန်အတွက် လုပ်ငန်းရှင်များအား ဒေါက်တာသူရဿဝါမှာ
တိုက်တွန်းပေးစေလိုကြောင်းတင်ပြအသနားခံထားသော စာများသာဖြစ်နေပေသည်။
၎င်းစာများကို ဖတ်ရူ့ပြီးသောအခါ ဒေါက်တာသူရဿဝါမှာ စိတ်ဆင်းရဲလွန်းသဖြင့် ခုံပေါ်သို့အရုပ်ကြိုးပြတ်ပုံလဲ၍သွားလေသည်။
နောက်တဖန် “ ဂွမ်”ဟူသောအသံကြား၍ ကွန်ပြူတာကို လှမ်းကြည့်မိရာတွင်
“ နိုင်ငံအသီးသီးမှ အလွှာအသီးသီးမှ ကိုယ်စားလှယ်များနှင့် အလုပ်သမားများမှနေ၍ အလုပ်လက်မဲ့ဖြစ်သွားသူများကိုယ်တိုင် ဒေါက်တာသူရဿဝါ (30)ခုမြောက်ဒေါက်တာဘွဲ့ယူမည့်နေ့တွင်
ဒေါက်တာနေထိုင်ရာ အိမ်ရှေ့သို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်၍ကူညီပါမည့်အကြောင်း စီတန်းလှည့်လည်၍အသနားခံကြ
ဖြစ်ကြောင်းကို သိလိုက်ရလေသည်။
အုတ်အုတ်ကျက်ကျက်နှင့် အသံများကို နားထဲတွင်မသဲမကွဲ ်ကြားရပြန်သောကြောင့် ဒေါက်တာသူရဿဝါသည်အိမ်ရှေ့
ဝရံတာမှ အပြင်သို့ထွက်ကြည့်သောအခါမြေပြင်တွင် ဖွေးဖွေးလှုပ်နေသောလူပင်လယ်ကြီး အံ့အားသင့်စဖွယ်
မြင်တွေ့ရလေသည်။
မြင်ကွင်းကိုရှင်းရှင်းလင်းလင်းမြင်နိုင်အောင် CCTV ကင်မရာကိုမြေပြင်သို့ ချိန်၍ကြည့်သောအခါတွင်
နိမိတ်ကြီးလေးပါးအနက်မှ သူအို သူနာဆိုသော နိမိတ်ပုံနှင့်တူညီသော ဆင်းရဲစုတ်ပြတ်နေသောလူအများ
သည် ပါးစပ်များမှ တလှုပ်လှုပ်နှင့် တစုံတရာကိုအော်ဟစ်တောင်းခံနေရင်းတန်းစီ၍
လမ်းလျှောက်လာသည်ကို စိတ်မချမ်းမြေ့ဖွယ်ရာတွေ့မြင်ရလေတော့သည်။
ထို့နောက် အောက်ထပ်တွင်တပ်ဆင်ထားသော မိုက်ခရိုဖုန်းကို ဖွင့်၍အသံအကုန်မြှင့်၍နားထောင်လိုက်သည်
အခိုက် “ဒေါက်တာကြီး စားစရာပေးပါ”၊”သနားသောအားဖြင့် အလုပ်ရှာပေးပါ”ဟူ၍သနားစဖွယ်အသံများဖြင့်
တောင်းခံနေသည်ကို စိတ်ဆင်းရဲစရာကောင်းလောက်အောင်ကြားလိုက်ရပြန်ပါသည်။
မြင်လိုက်ရသောလူများ၏ပုံစံကို ကွက်ကွက်ကွင်းကွင်းပေါ်လွင်အောင်ပြောပြရမည်ဆိုပါက ရှေးဟောင်းစစ်ကားရုပ်ရှင်များတွင်တွေ့ရသော စစ်ပြေးဒုက္ခသည်များ၊စစ်သုံ့ပန်းများကဲ့သို့ စုတ်ပြတ်သတ်
နေသောလူများနှင့် တစ်ထေရာတည်းဖြစ်ချေသည်။
ထိုအခိုက်အတန့်အတွင်း ဒေါက်တာသူရဿဝါစိတ်ထဲတွင်ရှေးလွန်လေပြီးသောကာလများက
ပေါ်ထွက်ခဲ့သော အနန္တသူရိယ အမတ်၏ “ သူလည်းတစ်ယောက်ကောင်းဘို့ရောက်မူ”
ကဗျာစာသားက ဘေးနားတွင်လာအော်နေဘိသကဲ့သို့ ပဲ့တင်ထပ်မျှကြားနေပေတော့သည်။

ထိုအချိန်တွင်စိတ်အလွန်တရာထိခိုက်သွားသော ဒေါက်တာသူရဿဝါသည်
တိုက်အောက်သို့ငုံ့ကြည့်နေရင်းမှ ရုတ်တရက် အောက်သို့ ခုန်ချလိုက်လေသည်။
အောက်မှ ကြောက်လန့်တကြားအော်ဟစ်လိုက်သံများကို မကြားတစ်ချက်ကြားတစ်ချက်၊
ရင်ထဲတွင်အေးခနဲ့ဖြစ်သွားသည်နှင့်မကြာမီ လက်တွင်စေးထန်းသော အရည်တမျုးိ၏
အထိအတွေ့ကို သာ နောက်ဆုံးအနေဖြင့်သိလိုက်ပေတော့သည်။

“စွယ်စုံရ စာရေးဆရာကြီး သူရဿဝါ ထတော်မူပါအရှင်ဘုရား။
ကလေးက သေးနဲ့ပန်းထားတာတောင် မနိုးတာ အံ့ပါတော်။
ညလူအိပ်ချိန်ကျတော့ မအိပ် ဆေးပေါ့လိပ်နဲ့အချိန်ကုန်၊
မနက်အလုပ်လုပ်ချိ်န်ကျတော့ မိန်းမက မနှိုး မချင်းမထ၊
ဒီအချိုးနဲ့သာဆိုရင်တော့ ထမင်းအိုးကိုအမြှောက်နဲ့ပစ်ချရမယ့်ကိန်းတော့ဆိုက်နေပြီ”

ဪ ဆောင်းတွင်းအိပ်မက် ဂယောက်ဂယက်ဆိုတာ ဒါမျုးိထင်ပါရဲ့နော်။

ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး။

11 comments

  • bigbird

    January 26, 2011 at 2:14 pm

    ကိုပေါက်ရေ.ရေးသားချက်ကတော့ ထိတယ်ဗျာ။ကြိုက်သွားပြီး။

  • ဆူး

    January 26, 2011 at 3:37 pm

    ဒေါက်တာကြီး တိုက်ပေါ်ခုန်ချရင် မသေဘူးပေါ့နော်။

  • kopauk mandalay

    January 26, 2011 at 4:03 pm

    အရေးထဲမှ ဆူးမမ ရယ်
    အိပ်မက်လား တကယ်လားနဲ့လာတွေ့နေပြန်ပါပြီ။

  • bigcat

    January 27, 2011 at 2:42 am

    အဲဒီဒေါက်တာကြီးကို ဆေးရွက်ကြီးအစားထိုး ဘိန်းစိုက်ပျိုးရေးဖြစ်ဖြစ် ယာဘစိကြွဆေးစက်ရုံဖြစ်ဖြစ် သုတေသန ထပ်လုပ်ခိုင်းလိုက်ပါ ဦးလေးပေါက်။

  • manawphyulay

    January 27, 2011 at 5:01 am

    ခုံချတော့ ခုံက ကျိုးသွားရောလား ဒေါက်တာကြီး…..

  • char too lan

    January 27, 2011 at 6:28 am

    အိမ်း………………
    ဒီလူပြင်းကြီးအိမ်မက်က စဉ်းစားစရာပဲ တကယ်သာဆို ၂၉ဆုကလဲ ကယ်နိုင်မယ်မထင် 🙁

  • Maung Dae`

    January 27, 2011 at 6:51 am

    ကျွန်တော်လဲ ဆေးလိပ်နံ့တော့မခံနိုင်ဘူးဗျ.. ငယ်ငယ်ကလဲ အဆုတ်နဲ့ပါတ်သတ်ပြီးရောဂါဖြစ်ဖူးတော့ ဆရာဝန်ကမှာထားတယ် မြန်မြန်သေချင် ဆေးလိပ်သောက်တဲ့…

    ငယ်ငယ်ကတည်းကနေ အခုချိန်ထိ ဆေးလိပ်ဆိုရင် တစ်ဖွာတောင် မဖွာဖူးဘူး.. ဒါပေမယ့်.. ဘေးလူတွေကြောင့် ရှုရှိုက်ခဲ့ရတဲ့ဆေးလိပ်ငွေ့တွေကတော့ ဆေလိပ် တစ်ကာတွန်း တော့လောက်ထိတော့ရှိတော့မယ်ထင်တယ်…

  • Maung Dae`

    January 27, 2011 at 6:52 am

    ကျွန်တော်လဲ ဆေးလိပ်နံ့တော့မခံနိုင်ဘူးဗျ.. ငယ်ငယ်ကလဲ အဆုတ်နဲ့ပါတ်သတ်ပြီးရောဂါဖြစ်ဖူးတော့ ဆရာဝန်ကမှာထားတယ် မြန်မြန်သေချင် ဆေးလိပ်သောက်တဲ့…

    ငယ်ငယ်ကတည်းကနေ အခုချိန်ထိ ဆေးလိပ်ဆိုရင် တစ်ဖွာတောင် မဖွာဖူးဘူး.. ဒါပေမယ့်.. ဘေးလူတွေကြောင့် ရှုရှိုက်ခဲ့ရတဲ့ဆေးလိပ်ငွေ့တွေကတော့ ဆေလိပ် တစ်ကာတွန်း ့လောက်ထိတော့ရှိတော့မယ်ထင်တယ်…

  • windtalker

    August 21, 2011 at 12:24 pm

    ကောက်ပို ရဲ ့စတိုင်ယား က လန်ထွက်နေတာပဲဗျာ
    ပြုံးပြုံး ပြုံးပြုံး ဖြစ်ရတယ် ဗျို ့

Leave a Reply