အမာတီယာဆင်းရူမြင်တဲ့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲ

၁၉၉၈ ခုနှစ် စီးပွါးရေးနိုဘယ်ဆုရှင် အမာတီယာဆင်း ကမြန်မာနိုင်ငံ အကျပ်အတည်း ဖြေရှင်းရေးအတွက် စပါယ်ရှယ် ဂလိုဘယ် လူပ်ရှားမူလုပ်ဆောင်ကြဖို့ကို ယခုနှစ်နှောင်းပိုင်း(၂၀၁ဝ )ခုနှစ်တွင် ထူးထူးခြားခြား ဆော်ဩ လာပါတယ်။

အမာတီယာဆင်းကို ကဗျာဆရာကြီး ရာဘင်ဒြာရာနတ်တဂိုး ထူထောင်သော အိနိ္ဒယနိုင်ငံ အနောက်ဘန်ဂေါ်ပြည်နယ် ရှန်တိနိကေတန် တက္ကသိုလ်ပရဝဏ်တွင် ဘင်္ဂလီ-ဟိန္ဒူမိသားစုမှ မွေးဖွါးခဲ့သည်။ဟိန္ဒူစာပေကျွမ်းကျင်သူ အမာတီယာဆင်းအဖိုးမှာ တဂိုးရဲ့ချစ်မိတ်ဆွေ ကျောင်းဆရာတစ်ဦးဖြစ်ပြီး၊သူ့အဖေက ဒါကာတက္ကသိုလ်မှ ဓါတုဗေဒပါမောက္ခဖြစ်သည်။အမာတီယာ ဟူသောအမည်ကို ကဗျာဆရာကြီး တဂိုးကိုယ်တိုင် ပေးထားခြင်းဖြစ်ပြီး၊အမတ =မသေဟု အဓိပ္ပါယ်ရပါသည်။

၁၉၃ဝ ပြည်လွန်နှစ်များတွင် အမာတီယာ့၏ဖခင်မှာ မန္တလေး တက္ကသိုလ်တွင် ဧည့်ပါမောက္ခအဖြစ်တာဝန် ထမ်းဆောင်ခဲ့ပါသည်။အမာတီယာက သူ ကလေးဘဝတွင် မန္တလေးတောင်ပေါ်မှနေဝင်ဆည်းဆာကို အမြဲစောင့်ကြည့်ရင်း ပြင်ပကမ္ဘာနဲ့လောကသဘာဝ အလှများကို စတင်မြင်တတ်ခံစားတတ်ခဲ့ပါသည်ဟု ဆိုသည်။

လက်ရှိ ဒေါက်တာဆင်းမှာ ဟားဗတ်တက္ကသိုလ် ဘောဂဗေဒနဲ့ဒဿနိကဗေဒပါမောက္ခဖြစ်သည်။

Thomas W.Lamont University မှ ပါမောက္ခလည်းဖြစ်သည်။ဟားဗတ်တက္ကသိုလ်၊အော့စ်ဖစ်တက္ကသိုလ်၊ကိန်းဘရစ်ထရီနိတီကောလိပ်တို့မှ အုပ်ချုပ်ရေးဥသျှောင်အဖွဲ့ဝင် ဖြစ်ပြီး၊ပထမဆုံးအာရှနိုင်ငံသား ပညာရှင်ဖြစ်သည်။

Welfare economic နှင့် Social choice theory များတွင် သူရဲ့ထူးခြားတဲ့ အယူအဆတင်ပြချက်များကြောင့် စီးပွါးရေးနိုဘယ်ဆု ရရှိခဲ့ခြင်းဖြစ်သည်။အဖူသဖြင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဘောဂဗေဒတွင် ဆင်းရဲသော လူ့အဖွဲ့အစည်းများရဲ့ ပြဿနာ၊ငတ်မွတ်ခေါင်းပါးမူ၊ကျားမတန်းတူညီမျှမူ စတဲ့သူ့ရဲ့သီအိုရီများနှင့်၊ ရေးသားချက်များကြောင့် ပိုမို ကျော်ကြားလာခဲ့ပါတယ်။နာမည်ကျော် Development as Freedom စာအုပ်အပါအဝင် သူ့စာအုပ်များစွာကို ဘာသာစကား ၃၀ ကျော် ဖြင့်ဘာသာပြန်ဆိုခဲ့ကြသည်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်းဒေါက်တာမိုက်ကယ်အဲရစ် (တိဗက်ဘာသာစကား၊ယဉ်ကျေးမူနဲ့မြောက်ပိုင်းဗုဒ္ဓဘာသာအကြောင်းစာအုပ်များစွာရေးခဲ့သူ) နှင့် အမာတီယာဆင်းတို့မှာ တစ်ဦးနှင့်တစ်ဦးအလွန်ချစ်ခင် လေးစားကြသော လုပ်ဖော်ကိုင်ဖက် ရောင်းရင်းများ ဖြစ်ကြသည်။ဒေါက်တာအဲရစ် ကင်ဆာရောဂါနဲ့မကွယ်လွန်မီ ရက်ပိုင်းအတွင်းကသူ့ထံသို့ဖုန်းဆက်ပြီး၊ဇနီးဖြစ်သူ ဒေါ်စုရဲ့ ဒီမိုကရေစီအရေးကိုကူညီဖို့ မှာသွားခဲ့တယ်ဟု အမာတီယာဆင်းက မကြာမှီကရေးသားခဲ့သည်။

ဒေါက်တာဆင်းက နှိင်င်္ငတကာမြန်မာစစ်အစိုးရကို လျှော့တွက်ကြကြောင်း၊စေ့စပ်လိုက်လျောမူလုံးဝမရှိဘဲ ယခု ပျော့ပျောင်းနူးညံ့တဲ့ရုပ်သွင်ဖမ်းဖို့ စစ်အစိုးရမှ မဟာဗျူဟာခင်းကျင်းနေကြကြောင်း၊ဆူဒန် မြောက်ကိုရီးယားတို့မှ အာဏာရှင်များနှင့် မယုံကြည်နှိင်လောက်အောင် ခြားနားပြီး ပါးနှပ်လွန်းသည့် စစ်အစိုးရမျိုးဖြစ်ကြောင်းပြောဆိုလာပါတယ်။

ဆက်လက်ဖော်ပြပေးပါမည်။       ။