မစခင် အရင် ဝအောင်ပြောကြမယ် -အပိုင်း(2)

တစ်နေ. မှာ ကျွန်တော်သူငယ်ချင်းအေးမောင်က စကားပြောစရာရှိတယ်ဆိုပြီး မနက်စောစောလက်ဘက်ရည်ဆိုင်ကိုဖုန်းနဲ.လှမ်းချိန်းပါတယ်။
ကျွန်တော်တို.ဆုံနေကြ 34-35ကြား 85လမ်းက မင်းသီဟကို ကျွန်တော်က မနက်(8)နာရီလောက်မှာရောက်နေပါတယ်။
ခဏနေတော. အေးမောင် အမောတကောနဲ.ရောက်လာလာချင်း “ကိုပေါက် မင်းကောင်လုပ်ပုံက မဟုတ်ဘူး “ဆိုပြီး
ပြောပါတယ်။
ကျွန်တော်ကလည်းစိတ်ပေါက်ပေါက်နဲ.” မင်းသမီးကိုငါ.သားက ခိုးပြေးသွားလို.လား”လို.စိတ်ပေါက်ပေါက်နဲ.ပြန်မေးလိုက်ပါတယ်။
နောက်မှ ” ကဲ ထိုင် ဘာစားမှာလဲမှာ ပြီးမှ ငါ.ကိုအေးအေးဆေးဆေး ဘာဖြစ်လာသလဲဆိုတာကိုပြောပြ”ဆိုပြီးသူကို.ထိုင်ခိုင်းလိုက်ပါတယ်။
သူက ” မင်းကောင် မြင်.ဇော် လေကွာ ငါ.ကို ကိုယ်စားလှယ်ပေးထားတဲ. သူ.ဆေးပေါ.လိပ်ကိစ္စပေါ.ကွာ”
“ဘာလဲ သူက အခုမင်းကိုမပေးတော.လို.လား “လို.မေးတော.
“ငါ.ကိုမေပေးတာမဟုတ်ဘူးဟေ. ်သူများတွေကိုပါရောင်းပေးနေတာ “လို.ဒေါကြီးမောကြီးနဲ.ပြောပါတယ်နောက်ဆက်ပြီး
“မင်းလဲသိပါတယ်ကွာ သူ.ဆေးလိပ် စဖြန်.မယ်ဆိုတုံးက ငါအစအဆုံး အကြံတွေပေး ငါ.ဖောက်သည်တွေဆီ အတင်းထည်.ပြီးရောင်းခိုင်း ပိုက်ဆံဆိုရင်လဲ အကြွေးအကြာကြီးထားပေး ဒါတွေက မင်းမိတ်ဆက်ပေးထားတဲ. မင်းမျက်နှာနဲ.မို.လုပ်ပေးခဲ.တာကွ”ခပ်လေးလေးကြီးပြောပါတယ်။
“သူက ဘာကြောင်.သူများကို ရောင်းတာလဲလို.မင်းက မမေးဘူးလား”လို.ကျွန်တော်က မေးတော.
“ပြီးခဲ.တဲ.လက သူက ငါ.ကို ကုန်ဘိုး သိန်းရှစ်ဆယ်ကို တပါတ်အတွင်းလွှဲပါဆိုပြီးဖုန်းဆက်လာတယ်၊ငါကလဲသူ.ပစ္စည်းတခုထဲမှ
မဟုတ်တာ ဘယ်လွှဲနိုင်မလဲကွာ မဖြစ်နိုင်ဘူးလို.ပြောလိုက်မိတယ် “လို.ဖြေပါတယ်။
” အရင်ကဆို သူ.ပစ္စည်းမပေါက်ခင် ငါ. အဝေးက ကုန်သည်တွေဆို လေးငါးလ ထားပေးရတာ အဲဒီအကျိုးက ခုမှ စခံစားရတာ”
လို. စိတ်ပျက်လက်ပျက်နဲ.ပြောပါတယ်။
“မင်းလဲသူ.တွေ.ရင်ပြောပေးစမ်းပါကွာ စိုတဲ.လက်မခြောက်ချင်ဘူး “လို.ပြောရင်း” သွားပြီကွာ”ဆိုပြီးထပြန်သွားပါတယ်။
ဟုတ်ပါတယ် သူကလဲသိပ်ခင်တဲ.ပြောမနာဆိုမနာငယ်သူငယ်ချင်း။
အေးမောင် က ဈေးချိုထဲမှာ ဆေးလိပ်ပေါင်းစုံကို လက်လီလက်ကားဖြန်.တဲ.သူပါ။
ဟိုတစ်ယောက်ကလဲ တက္ကသိုလ်မှာတုန်းက အဆောင်တစ်ခုထဲမှာ လေးနှစ်လုံးလုံးပေါင်းခဲ.ရတဲ.သူပါ။
မြင်.ဇော်က မြင်းခြံသား ဆိုတော. သူဆေးပေါ.လိပ် တံဆိပ်သစ်ထုတ်မယ်ဆိုတဲ.အချိန်မှာသူတို.နှစ်ယောက်လုံးကို ကျွန်တော်က
မိတ်ဆက်ပေးပြီးလုပ့်ဖြစ်အောင်တိုက်တွန်းခဲ.တာပါ။
သူတို.လက်တွဲတာလဲ 3နှစ်ကျော်ကျော်လောက်ရောက်လို.ဆေးလိပ်က အောင်မြင်လာတာ 2နှစ်လောက်ရှိပြီဆိုလို.ဝမ်းသာနေတုန်းဒီ အသံကိုကြားလာရတာပါ။
ဒါနဲ.ကျွန်တော်လည်း နေ.လည် မြင်.ဇော်ဆီ ဖုန်းလှမ်းဆက်လို. ဒီကိစ္စကို မစသေးဘဲ ရောက်တတ်ရာရာပြောလို.အတော်ကြာမှ
” မင်းတို.ဆေးလိပ်တော. ပေါက်နေပြီကွ ဝမ်းသာစရာဘဲ”လို.စကားစလိုက်ရော မြင်.ဇော်က
” အေးမင်းစကားစလာတာနဲ.အတော်ဘဲငါလဲဒီအကြောင်းမင်းနဲ.တိုင်ပင်ချင်နေတာ”လို.ပြောလာပါတယ်။
သူဆက်ပြောတာကတော. ” မင်းကောင်အေးမောင်က စီးပွားရေးသမားမပီသဘူးကွ”
” ဟိုအရင်စဖြန်.စ မအောင်မြင်ခင်ပေါ.ကွာ သူ.ကြိုးစားမူ.ပါသလို ငါ.ဘက်က ငွေတွေအများကြီးရင်းပြီး လူသိအောင်လုပ်ရတယ်လေ ”
“ဘယ်လိုဘဲပြောပြောသူ.ကံနဲ.ငါ.ကံ သူ.ကြိုးစားမူ.နဲ.ငါ.အရင်းအနှီးပေါင်းလို. အောင်မြင်လာတာတော.ဘယ်သူမှုငြင်းလို.မရပါဘူး ”
“ဒါပေမဲ. စလုပ်စက တစ်နေ.ကို ဆေးလိပ်ဆယ်ပိုကုန်မယ် အကြွေးတစ်လထားထား နှစ်လထားထားငါစိုက်နိုင်တယ်
အခု အထက်မြန်မာပြည်ရော အောက်မြန်မာပြည်ရော ပေါင်းရင် တစ်နေ.ကိုဆေးလိပ်ပိုတစ်ရာ ငါဘယ်လိုမှ တောင်.မခံနိုင်တော.ဘူး။အောက်မြန်မာပြည်ကိုပေးထားတဲ.ကိုယ်စားလှယ်က သိတတ်တယ် နှစ်ပါတ်တကြိမ် ယူထားသလောက်ငွေရှင်းပေးတယ် အေးမောင်ကြီးက တစ်လခွဲစာလောက်ရှိတာကိုတောင်းတော.စိတ်ဆိုးပြီးငွေမပေးဘူး
ီဒီတော.ငါက ငွေလည်ပါတ်နိုင်အောင် သူ.ဖောက်သည်ကို ငွေလက်ငင်းတောင်းပြီးရောင်းရတာဘဲ မတတ်နိုင်ဘူးကွာ ”
လို. အရှည်ကြီးပြောတာပါဘဲ။
ဒါကလဲ မစခင်ဝအောင်မပြောတဲ.ရလာဒ်ပါဘဲ။
စလုပ်စမှာ နောင်ဖြစ်လာနိုင်တာကို ရေရှည် အတွက် ကြိုမစဉ်းစားခဲ.ကြ မတိုင်ပင်ခဲ.ကြ လောလောဆယ်အလုပ်ဖြစ်ရင်ပြီးရောဆိုပြီး စလုပ်ခဲ.ကြတယ် ။
တကယ်လုပ်လို.အောင်မြင်တဲ.အခါမှာ သူတို.နှစ်ယောက်မပြောခဲ.ကြတဲ. ငွေကိစ္စအကြွေးကိစ္စက ပေါ်လာတော. ပြောစရာတွေဖြစ်ကုန်ကြပါတယ်။
အရင်ကပြောတာက တစ်ယောက်က အလုပ်ရှင် တစ်ယောက်က အလုပ်သမား
အခုပြောတာက တစ်ယောက်ကထုတ်လုပ်သူ တစ်ယောက်က ကိုယ်စားလှယ်
ကဲ နောက်တပုဒ်ကတော.နှစ်ယောက်လုံး ငွေထည်.ပြီး အကျိုးတူလုပ်တဲ.လုပ်ငန်းလေးအကြောင်းပါ……………………..