18 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 28, 2011 at 11:18 am

    ကနဇိုးသီး ဆိုလို ့ပြောရဦးမယ် !!!!!
    ပြောရမလားဟင် ….?????

  • kopauk mandalay

    January 28, 2011 at 11:51 am

    ကနစိုးသီးက ချဉ်တာများတယ် အသီးလေးတွေကမှည့်ရင် အဝါရောင်သန်းတယ်။
    လိုင်ချီးသီးကတော့ မှည့်ရင် နီနီလေးဖြစ်လာပါတယ်။
    ချိုတယ် အရည်ရွှမ်းတယ် ကြာကြာအထားမခံဘူး။
    အသားနည်းနည်း အစေ့က ကြီးကြီး ဆိုတော့ ဝယ်စားရတာ မတန်ဘူး။

  • chitsayar

    January 28, 2011 at 3:25 pm

    လုံချည်သီးကတော့မသိဘူးခင်ဗျ
    ကနစိုးသီးဆိုတာ ကတော့ မည့်ရင်စားလို ့ရတဲ့အသီးပါ
    အပင်ကြီးမျိုးပါ သစ်ထုတ်လုပ်လို ့မရပါ ထင်းလုပ်လို ့ဘဲရပါတယ် ကနစို လို ့လဲခေါ်ပါတယ်
    နွေရာသီ တပေါင်းတခူးမှာ လှိုင်လှိုင် သီးပါတယ်
    အမြဲစိမ်းသစ်တောမှာလဲပေါက်ရောက်ပြီး
    မုသုံသစ်တောတွေမှာလဲပေါက်ရောက်ပါတယ်
    ဒါပေမယ့် အရွက်အားလုံးမကြွေပါဘူး
    မြန်မာပြည်အောက်ပိုင်းဒေသတွေမှာတော့
    ဗုံမပါသီးလို ့လဲခေါ်ပါတယ်
    အဲ့သည်အသီးကို အလွန်အကျွံစားမိလို ့ ဝမ်းသွားပြီး သေရင်
    ဆိုင်းတွေ ဗုံတွေ နဲ ့မသာချလို ့မရဘူးလို ့ဆိုပါတယ် ဒေသခံနတ်တစ်မျိုးနဲ ့မရှင်းမရှင်းဖြစ်လို ့ လို ့ ဆိုကြပါတယ်
    ဒေသခံတွေရဲ ့ဓလေ့ပါ
    အများအားဖြင့်ချဉ်ပါတယ် မှည့်မှစားလို ့ရပါတယ် အခွံကအဝါရောင်ပါဘဲ
    ( နည်းပညာနဲ ့ချိုအောင် အလုံးကြီး အသားများအောင်စိုက်နေကြပါပြီ )
    မှည့်ခါနီး မိုးတစ်ပြိုက်လောက်ထိသွားရင် နည်းပညာတွေရှုံးအောင်ချိုမြန်ပါတယ်
    ကျွန်တော်ပြောခြင်တာကတော့
    အဲ့သည် ကနစိုးသီးတွေကို အပင်တွေစိုက်ခြင်ရင်
    ကိုယ်ကြိုက်တဲ့မျိုးတွေကို
    ကလေးတွေကို စားစေပြီး အစေ့လိုက်မျိုချခိုင်းပါတယ်
    ပြီးရင်ကိုယ်အလိုရှိတဲ့နေရာမှာ
    တွင်းကလေးတူးပြီး ကလေးတွေကို အီအီးပါခိုင်းပြီး မြေပြန်ဖုံးပါတယ်
    ( ပြောလို ့သာပြောတာပါ လူကြီးတွေလဲ လုပ်ပါတယ် )
    အဲ့သည်လိုလုပ်တယ် မလားအောင်ပု
    မင်းအစားငါပြောပေးတာ
    အဟီး

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 28, 2011 at 3:29 pm

    ဒါကတော့ ချစ်ဆရာရယ်
    မင်းတို ့ရွာမှာ
    သစ်တိုသီးအစေ့ကို မျိုချပြီး
    လိုတဲ့နေရာမှာ ချီးပါပြီးဆိုက်တဲ့ နည်းပညာတွေနဲ ့
    ရင်ဘောင်တန်းတာပေါ့ကွာ

  • ဆူး

    January 28, 2011 at 3:44 pm

    ကနစိုးသီးတွေ ၁ဝတန်းတုန်းက သူငယ်ချင်းက အများကြီးယူလာတာ ကျွှေးလို့ စားဘူးတယ်။ အားကြီး ချဉ်တယ်။ ချိုတာတွေလည်း ပါတယ်။ စားရင်းနဲ့ ချဉ်လိုက် ချိုလိုက်ဘဲ။
    အခု ယိုးဒယား ကလား တရုတ်ကလားတော့ မသိဘူး ကနစိုးသီး နဲ့ ခပ်ဆင်ဆင် လိုက်ချီးသီး ဝါဝါ လေးတွေ တွေ့တယ် အဲဒါ သိပ်ချိုတယ်။

  • shwe

    January 28, 2011 at 4:23 pm

    ဆူးရေ
    အဲဒါ ု ယိုးဒယားက . ဆူးပြောသလိုပဲ အဲဒါ အရမ်းချိုတယ်။

  • ဆူး

    January 28, 2011 at 4:58 pm

    ကနစိုးသီး အီးအီး ပါမှ အပင်ပေါက်တာတော့ အခုမှ ကြားဘူးတယ်။ အဖေ ပြောတာ ကြားဘူးတာကတော့ ကင်ပွန်းပင်ကို စိုက်ချင်ရင် အစေ့ကို ပြုတ်ပြီး စိုက်မှ ပေါက်တယ်တဲ့။ အဲဒီလိုမျိုး ပြုတ်ပြီး စိုက်ရင် ပေါက်ချင်ပေါက်မှာပေါ့ ဟုတ်ဘူးလား။
    အဲဒီလို အပူရှိန် လိုသလောက် ရမှ အပင်ပေါက်တဲ့ အစေ့တွေက နောက်နှစ်ပေါင်းများစွာ မြေကြီးအောက်မှာ အပူနဲ့ ဖိအားတွေ ကြားထဲမှာ မျိုးဆက် အပင်ကြီး မရှိလည်း ရှင်သန်ပေါက်အောင် သဘာဝက ဖန်တီးပေးထားတာ ဖြစ်မယ်။

  • yuyu

    January 29, 2011 at 3:49 am

    လိုင်ချီးသီးအဝါရောင်လေးတွေကို တရုတ်ပြည်မှာစားဖူးတယ် အရမ်းကိုချိုတယ် ပြီးတော့အနံ့ကလဲအီနေအောင်မွှေးတယ် ဒူရင်းသီးလိုတော့ လှိုင်ပြီးမွှေးမနေဘူးပေါ့ လိုင်ချီးသီးမွှေးတာနဲ့တော့နည်းနည်းကွဲတယ် ကနစိုသီးကတော့ မစားရဲသလောက်ပဲ သူကများသောအားဖြင့် ပန်းတာကများလို့လေ

  • Yin Nyine Nway

    January 29, 2011 at 11:23 am

    နာတို့ အိမ်မှာတောင် အပင်ရှိတယ် နော်နော် ……
    တောင်ကြီးလာလည်ရင်ကျွေးမယ်
    လိုင်းချိသီးတွေ

  • shwe

    January 29, 2011 at 11:39 am

    တကယ်နော်. ပြီးမှရှောင်မနေနဲ့နော် ။ fruits ဆိုထမင်းလွတ်စားတာ အထူးသဖြင့် လိုင်ချီး။စပျစ် ။ပန်းသီး။ကီဝီ နှင့်ကြက်မောက်

  • nyimalay

    January 29, 2011 at 11:40 am

    သူ့အိမ်မှာတင်ရှိတာကျနေတာပဲ……… ပိစိကွေးတို့အိမ်မှာလည်း ရှိပါတယ်နော်…. စတော်ဘယ်ရီ ပင်တွေနဲ့…….. နဂါးမောက်ပင်တွေနော်……
    လာလည်ရင်ကျွှေးမယ်နော်……….. ရွာသူရွာသားများအားလုံးကိုဖိတ်ခေါ်ပါတယ်ရှင့်………. 🙂

  • ဆူး

    January 29, 2011 at 12:48 pm

    ဖိတ်တော့ ဖိတ်ပြီး လာတော့မှ မသိချင်ယောင် မဆောင်နဲ့နော်.. အခုတော့ အမြည်းသဘောနဲ့ ရွာမှာ အရင်ဝေပါလား။ တနယ်တကြေး သွားဖို့ ဆိုတာ မလွယ် လို့ပါနော်… နော် နော်လို့.. အခု ချားချင်တယ်။

  • nyimalay

    January 29, 2011 at 12:57 pm

    အခုမှ ပါမလာတာ……. အိမ်ကိုပြန်မှာလိုက်ပြီးရင်တရွာလုံးကိုကျွှေးမယ်နော်…
    အန်တီဆူးနော်ကလေးမဟုတ်ပဲနဲ့ ပူဆာနေတယ်အရိုက်ခံရမယ်နော် 🙂

  • naywoonni

    January 29, 2011 at 1:18 pm

    ကျွန်တော်တွေ့ဖူးတဲ့ ကနစိုသီးက အခုလိုတစ်လုံးချင်းမဟုတ်ဘူးဗျ အတွဲလိုက် စပျစ်လိုအတွဲလိုက် သူကအခွံမာတယ်လေ..။ အစေ့လဲကြီးတယ်။ စပျစ်ထက်ပြောတာနော် အခုလိုဆောင်တွင်းဆိုရင်လာရောင်း ကြတယ် ချဉ်လို့ တစ်လုံးနှစ်လုံးပဲစားပြိး သူများပေးလိုက်တာပဲ နောက်ဝယ်မစားတော့ဘူး သူများစားနေတာပဲ တစ်လုံးလောက်ဆိုပြိး တောင်းစားတော့တယ် ။ လိုင်းချီး သီဆိုတာတော့ ဖျော်ရည်ပဲသောက်ဖူးတယ် ဒါတောင်သူချည့်သောက်ရတာမဟုတ်ဘူး မြစ်ကြီးနားမှာနေတုန်းက ကချင်အရက်နဲ့ရောသောက်တာ ကချင်အရက်က နံလည်းနံတယ် ပြင်းတာလည်းမီးတောက်ဆိုတော့ သူ့ချည့်မသောက်ရဲဘူးလေ ကြာပါပြီ ဆယ်နစ်တောင်ကျော်လှပေါ့ လွမ်းလိုက်တာ ကချင်ပြည်နယ်ကိုပါနော်

  • ဆူး

    January 29, 2011 at 1:30 pm

    အဘနီ ရန်ကုန် ရောက်လို့ လိုက်ချီးသီး ပေါတဲ့ အချိန်ဆို ကျွှေးမယ် ရွာမှာ ချားချင် တယ် ဆိုပြီး တောင်းထားတာ အဲဒါ ရရင် ပြောပါတယ်။ အဟီး

Leave a Reply