အမာတီယာဆင်းရူမြင်တဲ့မြန်မာ့နိုင်ရေး အပိုင်း(၂)

ဒေါက်တာဆင်းက မြန်မာစစ်အစိုးရက အများလက်ခံအောင် ရွေးကောက်ပွဲတစ်ခုကျင်းပပေးတယ်။ဒေါ်အောင်ဆန်းစုကြည်ကိုလည်းလွှတ်ပေးတယ်။သူတို့ကိုအစွန်းရောက်တဲ့ စစ်အစိုးရလို့အပြောမခံရအောင် လုပ်နေတာပဲဖြစ်တယ်။ဗိုလ်ချုပ်သန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရက နုူကလီယားဗုံးမရသေးပေမယ့် မြောက်ကိုရီးယားလိုဖြစ်ချင်နေတာပါ။ဒါပေမယ့်သူတို့မအောင်မြင်နိုင်တော့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ မြန်မာလူထုအမြဲ ခုခံပုန်ကန်နေလို့ပါပဲတဲ့။မြောက်ကိုရီးယားနဲ့မတူတာကမြန်မာပြည်မှာအောင်မြင်တဲ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရှိနေလို့ပါ့ပဲတဲ့။သူက ဒီမိုကရေစီ လမ်းကြောင်းကို ရှင်သန်အောင် လုပ်နေလိမ့်မယ်  ဟုသူကပြောပါတယ်။

ဒေါက်တာဆင်းက မြန်မာ့နိုင်ငံရေး ခရီးရောက်ဖို့အတွက် နည်းလမ်းများကိုလည်း အဆိုပြုလာပါတယ်၊အရင်ဆုံး စစ်အစိုးရရဲ့ ပြည်တွင်း ရက်စက်မူ၊ အစစ်အမှန်များဖော်ထုတ်ဖို့ နိုင်ငံတကာဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ တိုက်တွန်းလိုက်သည်။ထိုသို့ နိုင်ငံတကာ အသိုင်းအဝိုင်းဖြင့် ဦးဆောင်ဦးရွက် လုပ်ဆောင်ခြင်းက တရုပ်၊အိနိ္ဒယ၊ထိုင်းစတဲ့အိမ်နီးချင်းနိုင်ငံများ ပါဝင်လာအောင် တွန်းအားပေးနိုင်လိမ့်မယ်ဟုဆိုပါသည်။

လက်ရှိစီးပွါးရေးပိတ်ဆို့မူတွေက လူထုထက်စစ်ဗိုလ်ချုပ်အသိုင်းအဝိုင်းကို ပိုပီးအထိနာအောင်ဆောင်ရွက်သင့်ကြောင်း၊စစ်အစိုးရရေနံသဘာဝဓါတ်ငွေ့ ကျောက်မြတ်ရတနာများ ကုန်သွယ်နေတဲ့ကြောင်သူတော် အနောက်နိုင်ငံများနေဖြင့် သူတို့ကုမ္ပဏီများပြန်ရုပ်သိမ်းသင့်ကြောင်းကို ဒေါက်တာဆင်းက အဆိုပြုခဲ့ပါသည်။အထူးသဖြင့်အနောက်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံကို လက်နက်ရေင်းချခြင်းကို လုံးဝပိတ်ပင်တားမြစ်သင့်ကြောင်းကို အကြံပြုခဲ့သည်။

ဒေါက်တာဆငးကဥရောပယူနီယံ၊အရေိကစတဲ့နိုင်ငံတကာပယောတွေနဲ့အတူ၊အရုပ်၊အိနိ္ဒယ၊ထိုင်းစတဲ့အိမ်နီးချင်းနိုင်ငံတွေ ပူပေါင်းမှသာ စစ်အစိုးရနဲ့ အမှန်တကယ် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်ရောက်နိုင်မည်ဟုဆိုသည်။အဆိုပြုတဲ့ ဂလိုဘယ်စတင်လူပ်ရှားမူတွင်စစ်အစိုးရ ပြိုကျမူမရှိသေးသည့်တိုင်၊ဗိုလ်ချုပ်များအတွက် နိုင်ငံခြားခိုလူံခွင့်ထွက်ပေါက် (Idealexit)ကိုလည်းထည့်စဉ်းစားပေးရမယ်ဟုဆိုသည်။ယခု Asia Time Online  မှ ဒေါက်တာဆင်းကိုအင်တာဗျူးထားတဲ့ ကောက်နူတ်ချက်အားဖေါ်ပြလိုက်ပါသည်။

ဆက်လက်၍ဖေါ်ပြပေးပါမည်။