အမာတီယာဆင်းရူမြင်တဲ့ မြန်မာ့နိုင်ငံရေး အပိုင်း(၃)

မေး။      ။မြန်မာစစ်အစိုးရနဲ့ပတ်သတ်ပြီးတော့ သူ့အိမ်နီးချင်းနိုင်ငံတွေရဲ့ပေါ်လစီပြောင်းလဲသင့်ပြီလို့

ဆရာကြီးဘာကြောင့်ပြောတာလဲခင်ဗျာ။

ဆင်း။      ။ဆွဲဆောင်မူမက်လုံးကရှိပြီးသားပါ။အဲဒါက အာဏာရှင်တွေဟာနောက်ဆုံးမှာပြိုလဲရတယ် ဆိုတာပါပဲ။အဆုံးမှာသူတို့ အဲဒီ အတိုင်း အမြဲနိဂုံးချုပါကြပါတယ်။စစ်အာဏာရှင်တွေနဲ့ ပူးပေါင်းခဲ့တဲ့မှတ်တမ်းတွေ ဘယ်လောက်ရှိရှိ ဘယ်သူတွေပေါင်းပေါင်းကိစ္စမရှိပါဘူး။

အမေရိကန်တွေက ချီလီမှာမက်စ်ဝါဒီ ဆာလ်ဗာဒိုအယန်ဒေးကိုဖြုတ်ချပြီး အာဏာရှင်ပီနိုရှေးကို ထောက်ခံနေတုန်းကဆိုရင်၊ပီနိုရှေးရဲ့ အာဏာဘယ်လောက်ကြာဦးမယ်၊ဘယ်တော့ပြုတ်ကျမယ်ဆိုတာ ဘယ်သူမှမခန့်မှန်းနိုင်တာမဟုတ်ပါဘူး၊

ဒါပေမယ့်အဲဒီအချိန်လွယ်လွယ်ခန့်မှန်ုနိုင်တာတစ်ခုကအမေရိကန်ရဲ့ပီနိုရှေးနဲ့အခြားလက်တင်အမေရိကအာဏာရှင်တွေအားလုံးကို ထောက်ခံနေမူဟာ တစ်ချိန်ချိန်မှာ အဲဒီအာဏာရှင်တွေပေါင်းပြီးအမေရိကန်ဆန့်ကျင်ရေးဝါဒပြန် လုပ်လာကြဦးမယ် ဆိုတာလောက်ပါပဲ။တကယ်လည်း ဒီနေ့လက်တင်အမေရိကနိုင်ငံတွေ အမေရိကန်ဆန့်ကျင်ရေးတွေလုပ်နေကြတာပဲမဟုတ်လား။အာဏာရှင်ကို မြှောက်စားထားဖူးတဲ့ အမေရိကန်အဖို့ ဒီနေ်တန်ပြန် အကျိုးဆက်ခံနေရတာမဟုတ်လား။ဒါကတရုပ်၊အိနိ္ဒယ၊ထိုင်းတို့ယူရမယ့် သင်ခန်းစာပဲ။အာဏာရှင်ကို မြှောက်ပေးနေရင်တစ်နေ့ အဲဒီဆိုးကျိုးသူတို့အများကြီခံရပါမယ်။

မေး။    ။မြန်မာနိုင်ငံပြည်တွင်း အပြောင်းအလဲအတွက် ဆရာကြီးဘာတွေ မြင်ထားပါသလဲ။

ဆင်း။    ။အခုမြန်မာပြည်မှာ လွတ်လပ်မူကမရှိသလောက်ပါပဲ။ခင်ဗျား ဘာကိုလုပါခိုင်းမလဲ။တင်းဘုတ်နဲ့ အထုခံဖို့ ဘုန်းကြီးတွေကို ပြန်ထကြွခိုင်းဦးမယ်လား။ရက်ရက်စက်စက် အပစ်သတ်ခံဖို့ လွန်ခဲ့တဲ့ ၂၂နှစ်လောက်က ကျောင်းသားတွေကို ဆန္ဒပြခိုင်းဦးမလား။အဲဒီ ဟာတွေက သိပ်အဓိပ္ပါယ်မရှိလှဘူးလို့ ကျုပ်မြင်တယ်ဗျာ။မြန်မာပြည်တွင်းမှာ လွတ်လွတ်လပ်လပ် လူပ်ရှားနိုင်မူက မြောက်ကိုရီးယားလိုပဲ အလွန်အကန့်အသတ် ဖြစ်နေတယ်လို့ ထင်တယ်။ဒီတော့ ဒီအနေအထားမှာ ကမ္ဘာမှာရှိတဲ့ အခြားတိုင်းပြည်တွေက မြန်မာ့အရေး ဘာလု့်မဠဲဆိုတဲံ အပေါ် အများကြီး တည်မှီလာတယ်။ဒါကြောင် ဥရောပသမဂ္ဂ၊အမေရိက၊အိနိ္ဒယ၊ထိုင်း၊တရုပ်နဲ့ အခြားနိုင်ငံတွေမှာ အများကြီးတာဝန်ရှိလာတယ်။

မေး။     ။အခု ရွေးကောက်ပွဲပြီးတော့ ဗိုလ်ချုပ်သန်းရွှေ အနာဂါတ်က ဘာဖြစ်လာလိမ့်မလဲ။

ဆင်း။    ။ကျုပ်တို့စောင့်ကြည့်ရမှာဒါအရေးကြီးဆုံးပါပဲ။အများပြည်သူရှေ့မှာ ဒါအရေးကြီးဆုံးကိစ္စဖြစ်အောင် တင်ထားရမယ်။အခု ကျုပ်တို့စနေတဲ့ ဂလိုဘယ်ဒိုင်ယာလော့လူပ်ရှားမူမှာ ဗိုလ်ချုပ်သန်းရွှေအနာဂတ်ဘာလဲဆိုတာ အဓိက အာဂျင်ဒါအဖြစ် မြှင့်တင်ထားရမယ်။

မေး။    ။ဒေါ်အောင်ဆန်းစုကြည်အနာဂတ် အခန်းဏ္ဍကကောဘာလဲ ခင်ဗျ။

ဆင်း။   ။စစ်အစိုးရအဆုံးသတ်ရေးမှာ ဒေါ်အောင်ဆန်းစုကြည်ဘယ်အခန်းက ပါမလဲဆိုတာနဲ့ပက်သက်ရင်၊နိုင်ငံတကာအသိုင်းအဝိုင်းက သူမနဲ့ပူးပေါင်းပါဝင်ဆောင်ရွက်သလားဆိုတဲ့ အပေါ်မှာမူတည်နေပါတယ်။နိုင်ငံတကာက ပူးပေါင်းကူညီမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်တပ်နဲ့ စေ့စပ်ဆွေးနွေးရေးမှာ ကျယ်ကျယ်လောင်လောင်ပိုပြီးစကားပြောနိုင်မယ်။တောင်အာဖရိကမှာ နယ်လ်ဆင်မင်ဒဲလားနဲ့ ဒတ်မွန်တူးတူးတို့ သားသတ်လူဖြူအစိုးရအောက်က လူထုကို လွတ်မြောက်အောင် လုပါနိုင်သလိုမျုိုး သူမဆောင်ရွက်နိုင်လိမ့်မယ်။

အာဏာရှင်ကိုလက်တုံပြန် အရေးယူရေးဆိုတာက နိုင်ငံရေးပေါ်လစီချရာမှာ ပညာပါတဲ့နည်းလမ်းတော့နဟုတ်ဘူး။သွေးဆာလွန်းတဲ့သားသတ်သမားမျိုးနဲ့ ဆက်ဆံနေရင်တောင် ဒီပေါ်လစီမျိုးချထားထို့မသင့်ပါဘူး။လူသတ်သမားကို သွားခွင့်ထွက်ပေါက်ပေးထားရပါမယ်။သူတို့ထွက်သွားနိုင်တယ်ဆိုတာသူတို့သိရမယ်။နို့မဟုတ်ရင် ကျားစားမှာစိုးပြီး ကျားကျောအတင်းခွ ဖက်ထားတာမျိုး ဖြစ်နေမယ်။ကျားကိုမသတ်ပြစ်နိုင်ရင်လည်း လမ်းကြောင်းပြ မောင်းထုတ်ပစ်ရမယ်။

ဆက်လက်ဖေါ်ပြပေးပါမည်။