အမာတီယာဆင်းရူမြင်တဲ့ မြန်မာ့နိုင်ငံရေး (နိဂုံး)

မေး။   ။မြန်မာစစ်ဗိုလ်ချုပ်တွေဟာ အိနိ္ဒယမဟာရာဂျာတွေနဲ့ ဘယ်နေရာတွေမှာတူနေပါသလဲ။

ဆင်း။   ။မဟာရာဂျာတွေနဲ့မြန်မာစစ်ဗိုလ်ချုပ်တွေဟာ ဘယ်အရာမှမတူပါဘူး။ကျုပ်ဆိုလိုတာက မဟာရာဂျာတွေက သူတို့အာဏာယူထားရတဲ့အကြောင်းနဲံ ပတ်သတ်ရင် ရှင်းပြစရာတွေ ဖြေစရာတွေ ရှိပါတယ်။သူတို့ဟာ စနစ်တကျသတ်ဖြတ် မုဒိန်းကျင့်သူတွေမဟုတ်ပါဘူး။လူနည်းစုဖြစ်တဲ့မျိုးနွယ်စုတွေကို သူတို့နေထိုင်ရာဒေသကနေ မောင်းထုတ် ပစ်နေသူမျိုးမဟုတ်အါဘူး။သစ်တောနဲ့ သဘာဝရင်းမြစ်တွေ ရောင်းစားနေသူတွေမဟုတ်ပါဘူး။အတိုက်အခံတိုင်းကို စနစ်တကျထောင်သွင်းအကျဉ်းချနေတာလည်းမဟုတ်ပါဘူး။

အိနိ္ဒယမဟာရာဂျာတွေဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ စနစ်မျိုး သွတ်သွင်းနိုင်သူတွေ မဟုတ်ပါဘူး။ဒါပေမယ့် သူတို့နဲ့ယှဉ်ရင် မြန်မာစစ်အစိူးရက ပိုထိရောက်တယ်။ဆုံးဖြတ်ချက်ချတာ ရက်စက်တယ်။စစ်အစိုးရရက်စက်ပုံမျိုး မဟာရာဂျာတွေမစီမံနိုင်ပါဘူး။

ရည်ညွန်း။       ။Asia Time Online   မှ   The World  Journal တွင်ဖေါ်ပြထားခြင်းကို တဆင့်ပြန်လည်ဖေါ်ပြခြင်းဖြစ်ပါသည်။