၅ သိန်းတန် ဖုန်းလျှောက်ရန် မှောင်ခိုဈေးကွက် ကျယ်ပြန့်
ကျပ် ၅ သိန်းတန် CDMA 800 MHz ဖုန်း လျှောက်ထားခြင်းနှင့် အင်တာနက် တပ်ဆင်ရန် လျှောက်ထားပေးသော မှောင်ခိုဈေးကွက်ကြီး တခု ဖြစ်ပေါ်နေပြီး ထိုဈေးကွက်မှ ဆက်သွယ်ရေး ၀န်ထမ်းများမှာ နေ့စဉ် ၀င်ငွေ ကျပ်သိန်းချီ ရရှိနေကြောင်း သတင်းရရှိသည်။
“ပွဲစားနဲ့ဖုန်း၊ အင်တာနက် လျှောက်မယ် ဆိုရင် အကျိုးဆောင်ခ လူတဦးကို ကျပ် ၄ သောင်း ပေးရတယ်။ ပွဲစားတွေက ဆက်သွယ်ရေး ၀န်ထမ်းတွေကို အကျိုးဆောင်ခ တ၀က်ခွဲပေး ရတယ်။ တရက်ကို ပွဲစားနဲ့ ဖုန်းလျှောက်၊ အင်တာနက် လျှောက်တဲ့သူ အရေ အတွက်က ၁ ထောင် ကျော်တယ်။ မှောင်ခို ဈေးကွက်မှာ လည်ပတ်နေတဲ့ ငွေကချည်းပဲ တရက်ကို သိန်း ၄၀၀ ကျော်ရှိတယ်” ဟု ရန်ကုန်မြို့ ရွှေဂုံတိုင် ဆက်သွယ်ရေး ရုံးချုပ်မှ ပွဲစားတဦးက ပြောသည်။
CDMA 800 MHz ဖုန်းများကို ရန်ကုန်တိုင်း အတွင်းတွင် နယ်မြေ အကန့်အသတ် မရှိ သယ်ယူ အသုံးပြုနိုင်သည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကြေညာ လိုက်သော ၂၀၁၀ ဇူလိုင်လမှ စတင်ပြီး အဆိုပါ မှောင်ခိုဈေးကွက် ဖြစ်ပေါ်လာခြင်း ဖြစ်ကာ ယင်း ဈေးကွက်တွင် မြန်မာ့ ဆက်သွယ်ရေး ၀န်ထမ်းအများစု ပါဝင်ပတ်သက် နေကြောင်း သိရသည်။
“ဖုန်းလာလျှောက်တဲ့သူတွေ တနေ့ တနေ့ တိုးကြိတ်နေကြတာ။ အဲဒီကစပြီး ဖုန်း အမြန်လိုချင်တဲ့ သူတွေက အကျိုးဆောင် ပွဲစားနဲ့လုပ်ရင်း မှောင်ခို ဈေးကွက် ဖြစ်လာတာ။ အကျိုးဆောင် ပွဲစားဆိုပေမယ့် ဆက်သွယ်ရေး ၀န်ထမ်းတွေနဲ့ ချိတ်ထားတဲ့ သူတွေပါ” ဟု ၅ သိန်းတန် ဖုန်း လျှောက်ထားပေးသော ပွဲစားတဦးက ပြောသည်။
ပုံမှန် ဖုန်းသွားရောက် လျှောက်ထားလျှင် အနည်းဆုံး ၃ ရက်ကျော် ကြာမြင့်နိုင်ပြီး တနေကုန် ဒုက္ခခံ စောင့်ဆိုင်းရကြောင်း၊ ပွဲစားနှင့် လျှောက်ထားလျှင် ငွေပေးရုံဖြင့် ၂ ရက်အတွင်း အလုပ် မပျက်ဘဲ ဖုန်းကတ်နှင့် အင်တာနက်တပ်ဆင် နိုင်ကြောင်း၊ မှောင်ခိုဈေးကွက်သည် နေပြည်တော်၊ မန္တလေး၊ ရန်ကုန်တို့တွင် ကြီးမားစွာဖြစ်ပေါ်နေကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေး ၀န်ထမ်းများက ပွဲစားများမှတဆင့် ဖုန်းနှင့် အင်တာနက် လျှောက်ထားသူများကို ဦးစားပေး ဆောင်ရွက်သဖြင့် ပွဲစားမပါဘဲ ကိုယ်တိုင်လာရောက် ဖုန်းလျှောက်သူများမှာ မလိုအပ်ဘဲ အချိန်ကြာမြင့်စွာ စောင့်ဆိုင်း ရသည်ဟု ကိုယ်တိုင် ကြုံတွေ့ခဲ့သူတဦးက ပြောသည်။
“ပွဲစားတွေက ဖုန်းလျှောက်လွှာ အစောင် ၅၀၊ ၁၀၀ လောက်ယူပြီး လာကြတာဆိုတော့ ဆက်သွယ်ရေး ၀န်ထမ်းကလည်း သူတို့ကို ငွေပေးတဲ့သူကိုပဲ ဦးစားပေးလုပ်ပေးတယ်။ ကိုယ်တိုင်လာလျှောက်တဲ့ သူတွေက မလိုအပ်ဘဲ အချိန်ကုန်ခံ စောင့်ရတယ်။ အလုပ်ပျက်၊ အကိုင်ပျက်ပဲ” ဟု သူက ဆိုသည်။
ပြည်ပ နိုင်ငံများတွင် ဖုန်းနှင့် အင်တာနက် ၀ယ်ယူအသုံးပြုလျှင် လွယ်ကူသည့်အပြင် ဈေးနှုန်းလည်း ချိုသာကြောင်း၊ မြန်မာနိုင်ငံတွင်မူ ဖုန်းနှင့်အင်တာနက် ရရှိရန်ခက်ခဲနေဆဲဖြစ်ပြီး အသုံးပြုခွင့်ရရှိရန် လာဘ်ပေးလာဘ်ယူ ကိစ္စများ ဆောင်ရွက်ရခြင်းမှာ လက်မခံနိုင်ဖွယ်ဖြစ်ကြောင်း စင်ကာပူနိုင်ငံတွင် သွားရောက် အလုပ်လုပ်ခဲ့ဖူးသူ လူငယ် အင်ဂျင်နီယာ တဦးက ပြောသည်။
CDMA 800 MHz ဖုန်းလျှောက်ထားခြင်းအတွက် ကျပ် ၅ သိန်း အစိုးရသို့ ပေးသွင်းရပြီး အင်တာနက် တပ်ဆင်ရန် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသို့ ကျပ် ၃ သောင်း ပေးသွင်းရသည်။
မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ၀န်ထမ်းများသည် ၅ သိန်းတန် CDMA 800 MHz ဖုန်း၏ Sim Crad နှင့် ကွန်ပျူတာ ချိတ်ဆက် အင်တာနက် အသုံးပြုရန်လိုအပ်သော တရုတ်နိုင်ငံလုပ် Modem တခုလျှင် ကျပ် ၄ သောင်းခွဲ နှုန်းဖြင့် ရောင်းချနေ သော်လည်း Modem တခု၏ တန်ဖိုးမှာ ကျပ် ၃ သောင်း ၀န်းကျင်သာဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဖုန်းလိုင်းအရေအတွက် ၂ သန်းကျော် ရှိနေပြီး ကျပ် ၅ သိန်းတန် CDMA 800 MHz ဖုန်း လိုင်း ၂၅၀၀၀၀၊ GSM ဖုန်းလိုင်း ၄၈၅၁၀၀ အပါအ၀င် မိုဘိုင်းလ်ဖုန်း အရေအတွက် ၁၄၃၅၂၅၀ ရှိကြောင်း စစ်အစိုးရက ထုတ်ပြန် ထားသည်။
Under the current Gov. control, this is normal gov. office employees attitude.
Was this answer helpful?
LikeDislikeဆက်သွယ်ရေးက လူတွေကလည်း လာဘ်ယူပြီးလုပ်တယ် ပွဲစားတွေကလည်း လုပ်လို့ရလို့လုပ်တယ် မကောင်းတော့ပါဘူး မြန်မာပြည်မှာ ဖုန်းတစ်လုံးရဖို့အရေး ဟိုလူ့ ပိုက်ဆံပေးရ ဒီလူ့ကို ငှားရမ်းမယ့်အကြောင်းကို အောက်ကျခံပြီး ရေးရနဲ့ ဟုတ်ကိုမဟုတ်တာ ဖုန်းဆိုတာ တကယ်တော့ ဒီဘက်ခေတ်မှာ မရှိမဖြစ်ပစ္စည်းပါ ဖြစ်သင့်တာက ဖုန်းကို လူတိုင်းအတွက် တတ်နိုင်ရင် အပြင်မှာဝယ်လို့ရဖို့လိုတယ် ဒါမှ လုပ်စားတွေလည်း သက်သာသွားမှာ တာချီလိတ်နဲ့ ယိုးဒယားသုံး ကဒ်တွေကို အလွယ်တကူဝယ်လို့ရသလို တရုတ်နယ်စပ်မှာလဲ ဖုန်းကဒ်တွေ လိုသလောက်ရပါတယ် ဘယ်သူမှလည်း လုပ်မစားဘူး ဒီလိုမျိုးဘာလို့ မပေးနိုင်ရတာလဲလို့ မေးကြည့်ချင်တယ် ဟိုးအရင်ခေတ်က ဘုရားထူးတဲ့ခေတ်ကို ပြန်သွားချင်နေတဲ့ သူတွေနဲ့တော့ အစစ အောက်ကျို့နေရဦးမှာပါပဲ
Was this answer helpful?
LikeDislikeအဲဒါ ခေတ်မီဖွံ့ဖြိုးတိုးတက်နေတဲ့ ကျွန်တော်တို့ရဲ့ ရွှေ မြန်မာပြည်လေ အစ်ကိုရ…
Was this answer helpful?
LikeDislike