နာဂစ် မုန်တိုင်း ဒဏ်ခံ ဘိုကလေး  ဒေသ တွင် ၂၀၁၀ ပြည့်နှစ် အတွင်း ကိုရီးယား အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ(KOICA) နှင့် ကိုရီးယား အခြေစိုက် နိုင်ငံ တကာ NGO တစ်ခု ဖြစ်သည့် Good Neighbours International တို့ပူး ပေါင်း လှူဒါန်း ခဲ့မှုမှာ တန်ဖိုးငွေ စုစု ပေါင်း အမေရိကန် ဒေါ်လာ၁,၉၀,၀၀၀ ခန့်ရှိကြောင်း GNI ၏ ဌာနေကိုယ် စားလှယ် မစ္စ လီဆုအို၏ ပြောကြား ချက်အရ သိရ သည်။

အဆိုပါ ကိုရီးယား အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေ ဂျင်စီ (KOICA) နှင့်  Good Neighbours International တို့၏ ပူး ပေါင်း လှူဒါန်း ခဲ့မှုများ တွင် စာသင် ကျောင်းနှစ်ကျောင်း၊ တံတား ငါးစင်း၊ ကလေးများ ကျောင်းအကြို အပို့အ သုံးပြုရန် ferry boat တစ်စီး၊ ၀ါး ဓနိထရံကာ အိမ်အလုံး ၂၀၊ စိုက်ပျိုး ရေး လုပ်ငန်းများ အတွက် ဓာတ်မြေ သြဇာ ထောက်ပံ့ခြင်း နှင့် rice bank အစ ရှိသည့် အစီအစဉ်များ ပါဝင် ကြောင်း သိရသည်။ ကိုရီးယား အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင် ရွက်ရေး အေဂျင်စီ (KOICA) အား ကိုရီးယား အစိုးရမှ ၁၉၉၁ ခုနှစ်၊ ဧပြီ ၁ ရက်တွင် စတင် တည်ထောင် ခဲ့ပြီး Good Neighbours International အဖွဲ့အစည်း သည် မြန်မာ နိုင်ငံ အတွင်း ၂၀၀၉ ခုနှစ်၊ စက်တင် ဘာမှ စတင်ကာ လူမှုဖွံ့ဖြိုးရေး လုပ် ငန်းများ ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။

ထို့အပြင် GNI သည် ကမ္ဘာ့ နိုင်ငံပေါင်း ၂၄ နိုင်ငံတွင် လူမှုဖွံ့ ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင် နေ သည့် INGO တစ်ခု ဖြစ်ကြောင်း သိရသည်။

အောင်ကျော်ခန့်

ကလေးငယ်များအတွက် ကျောင်း အကြိုအပို့Ferry Boat

About zaw mg

zaw mg has written 120 post in this Website..