အမေ့အိမ် ပညာဒါနကျောင်းက ဂုဏ်ယူစရာ အဖြစ်အပျက်လေး

နွယ်ပင်January 28, 20111min987

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွန်ကြားချက်နဲ့ ဖွင့်လှစ်ခဲ့တဲ့ ရန်ကုန်တိုင်း ၁၄ရပ်ကွက် မေခလမ်း လှိုင်သာယာရှိ အမေ့အိမ် ပညာဒါနကျောင်းက ဂုဏ်ယူစရာ / ဝမ်းသာစရာ ဆုပေးပွဲလေးတစ်ခုရဲ့ မြင်ကွင်းပါ ။
SEIKO (5) မိန်းမပတ်နာရီလေးတစ်လုံးကောက်ရလို့ ဆရာမထံလာအပ်တဲ့ ကလေးနှစ်ယောက် (တတိယတန်းမှ မောင်အောင်သီဟနိုင် နှင့် မစုစုလှိုင် ) ကို စာရိတ္တ စံပြဆု ချီးမြင့်တဲ့ အခမ်းအနားလေးပါ။
အမေ့အိမ်က အမေ့ရင်သွေးလေးတွေဟာ လူမချမ်းသာပေမယ့် စာရိတ္တချမ်းသာတဲ့ကလေးတွေမို့ တိုင်း ပြည်ရဲ့ သားကောင်းရတနာလေးတွေကို တို့လူကြီးတွေက တန်ဘိုးထားပြီး သူတို့ရဲ့ ဘဝတွေကို မြှင့်တင်ပေးကြပါစို့ ။


အနာဂတ်ရဲ့ အမေ့အိမ်ကျောင်းက ရင်သွေးငယ်တွေအတွက် ဝိုင်းဝန်းကူညီပေးကြပါ…

အမေ့အိမ်မှာ…..
တိုင်းပြည်ရဲ ့ ရတနာလေးတွေ ရှိနေတယ် ။
သူတို့လေးတွေကို ကူညီကြပါ ။ စောင့်ရှောက်ကြပါ ။ အသိအမှတ်ပြုကြပါ ။
ဘယ်သူတွေအသိအမှတ် မပြုချင်နေပါစေ ၊ တို့တတွေက စပြီး အသိအမှတ်ပြုကြရအောင်။ တိုင်းပြည်အတွက် တန်ဖိုးရှိတဲ့ ရတနာလေးတွေဖြစ်လာအောင် ဝိုင်းဝန်းပြီး
ကူညီပေးကြရအောင် ။

ဖော်ပြခွင့်ပြုတဲ့ ကိုငယ်အား ကျေးဇူး အထူးတင်ပါသည်..။

Posted by ဒီမိုဝေယံ

7 comments

  • manawphyulay

    January 28, 2011 at 4:05 am

    ဘယ်နေရာပဲရောက်ကလေးတွေရဲ့ စာရိတ္တက အရေးကြီးဆုံးပါပဲ ငယ်ထဲက ပြုစုပျိုးထောင်မှန်ကန်ဖို့ အလိုအပ်ဆုံးပဲနော်။ ဝမ်းသာမိပါတယ်။ ဒီလိုကလေးတွေကော လူကြီးတွေကော အမြဲရှိနေနိုင်ဖို့ မျှော်လင့်မိပါတယ်။

  • etone

    January 28, 2011 at 4:37 am

    ဟုတ်ပါတယ် မနောပြောသလိုပဲ ငယ်ငယ်ကတည်းက စိတ်ဓါတ်ကအစ ၊ စာရိတ္တအဆုံး ပြုပြင်ပေးလျှင် လူတော်၊လူကောင်းလေးတွေ ထွန်းကားလာမှာပါ ။

  • bigcat

    January 28, 2011 at 4:44 am

    ဒါမှ အမေ့သားသမီးတွေကွ…..

  • yuyu

    January 28, 2011 at 9:52 am

    ကောင်းပါတယ် ကလေးတွေရဲ့ရိုးသားမှု့ကိုလူကြီးတွေကအသိအမှတ်ပြုပေးခြင်းအားဖြင့် အခုကလေးနှစ်ယောက်ကလဲ ငါတို့လုပ်ဆောင်မှု့ဟာ ဒီလောက်မြင့်မြတ်ပါလားဆိုတဲ့အတွေးနဲ့ တစ်သက်လုံးပီတိဖြစ်နေနိုင်သလို တခြားကလေးတွေကလည်း သူတို့ရဲ့ရိုးသားမှု့ကို အားကျအတုနိုင်ခြင်းအားဖြင့် အဖိုးတန်တဲ့မျိုးဆက်သစ်တွေ အများကြီးပေါ်ထွန်းလာမှာပါ။

  • zaw min

    January 28, 2011 at 3:50 pm

    အနာဂတ် အတွက် ဒီလိုသားကောင်းရတနာလေးတွေ၊အများကြီးရှိသင့်နေပါပြီ။
    ဒါမှ နောင်တချိန်မှာ မြန်မာပြည်ဆိုတာ သူခိုး နိုင်ငံမဟုတ်တော့ဘူးလို့ ကမ္ဘာက သိမှာပါ။

  • my name is phone myat htay

    January 28, 2011 at 6:49 pm

    အနာဂတ် အတွက် ကြယ်ကလေးတွေ လင်းလက်တောက်ပ နိုင်ပါစေ။

  • char too lan

    January 29, 2011 at 7:25 am

    🙂 ဝမ်းသာစရာပါပဲ 😀

Leave a Reply