မစခင် အရင် ဝအောင်ပြောကြမယ် (အပိုင်း-3)

သည်ဇာတ်လမ်းမှာ တော. ကျွန်တော်ကလည်းဇာတ်ရံအဖြစ်ပါ ဝင်ပါတယ်။
ကျွန်တော်သူငယ်ချင်းရဲ.အကိုက ပွဲကန်ထရိုက်လုပ်ပါတယ်။
နောက်သူငယ်ချင်းတစ်ယောက်ရဲ.ယောက်ဖက တေးသံသွင်းဆိုင်ထောင်တားပါတယ်။
ကျွန်တော်က သီချင်းဝါသနာရှင်ပါ။
သီချင်းတော်တော်များများကို သိသလို ဘယ်သီချင်းဆိုလူကြိုက်လောက်မယ်ဆိုတာကိုလဲ ရွေးတတ်တယ်။
ဒီတော. ကျွန်တော်က တေးရွေးဆရာအဖြစ်ပါဝင်ပါတယ်။
ကျွန်တော်က သီချင်းအဟောင်းကောင်းတာလေးတွေ တို. ၊လူအကြိုက်များတဲ.သီချင်းလေးတွေတို.၊
နောက်ပြီးကောင်းရဲ.သားနဲ.အကြောင်းအမျိုးမျိုးကြောင်.ပျောက်နေတယ်သီချင်းလေးတွေကို
စာရင်းပြုစုပြီး ဘယ်သီချင်းကိုတော. ဘယ်သူ.ကိုပြန်ဆိုခိုင်း ဟိုဟာလေးကတော. ဘယ်သူနဲ.လိုက်တယ်ဆိုပြီး
ရွေးပေး ပါတယ်။
သူတို.နှစ်ယောက်က သီချင်းအဟောင်းကောင်းတာလေးတွေကို အဆိုတော်နာမယ်ကြီးတွေနဲ. ပြန်ဆိုဘို.စီစဉ်ကြတယ်လေ။
ကက်ဆက်ခွေတွေ ခေတ်ကောင်းတဲ.ကာဗာကဒ်စနစ်နဲ.ဖြန်.တဲ.ခေတ်တုံးက ဖြစ်ခဲ.တာပါ။
တစ်ယောက်က ကာဗာကဒ်ရိုက်တာ တို. ဖြန်.ချီရေးတို.ကိုတာဝန်ယူတယ်။
နောက်တစ်ယောက်ကတော. အဆိုတော်တွေနဲ.ပါတ်သက်တာ
သီချင်းဝယ်တာ အသံသွင်းတာ စသည်ဖြင်.ကို သီချင်းခွေပြီးတဲ.အထိတာဝန်ယူမယ်ပေါ.
ကုန်ကျစရိတ်ကိုလည်းတစ်ဝက်စီ မြတ်ရင်လဲတစ်ဝက်စီပေါ.။
အဲတော. တစ်ယောက် က ရန်ကုန်နဲ.မန်းလေးကိုသွားလိုက်ပြန်လိုက်ပေါ.။
စစချင်းထုတ်လိုက်တဲ. ပထမအခွေက ပေါက်သွားတယ်ပေါ.။
တော်တော်လည်းရလိုက်ပါတယ်။
ဒါနဲ.ပဲ နောက်ခွေတွေဆက်လုပ်ဖြစ်တယ်။
ရန်ကုန်ကိုသွားရတဲ.သူက ဘာကိုမှ အလေးအနက်မထား မှတ်မှတ်သားသားမရှိတဲ.လူ။
တိုတိုပြောရရင် နောက်လေးငါးခွေလောက်ရောက်တဲ. အ ခါမှာ အရှုံးစပေါ်တယ်။
အမှန်ကတော. ရိုးသွားတာလဲပါတယ် နောက်လူတွေလိုက်လုပ်ကြတာလဲပါတယ်လေ။
6ခွေမြောက်ထုတ်ပြီးတဲ.အချိန်မှာ စာရင်းချုပ်တော. တော်တော်လေးကိုကွဲသွားတယ်ထင်ပါတယ်။
တစ်ယောက်နဲ.တစ်ယောက် အချေအတင်ပြောလာတာကိုကြားရတယ်။
ခရီးထွက်ရတဲ.သူကလည်း သူ့ပဲ ပင်ပန်းတယ်ပေါ.။
အများနဲ. အထူးသဖြင်. အနုပညာ သယ်တွေနဲ.ဆက်ဆံတာ် လွယ်တယ်မှတ်သလားပေါ.။
သူကတော. အခန်.သားထိုင်ပြီး မြတ်တုံးက ခွဲယူပြီးခုမှ အသံထွက်လာတယ်ပေါ.။
ငါ.ဘက်ကတော . ဘယ်လောက် ရောင်းရတယ်ဆိုတာ ကာဘာကဒ်ဘယ်လောက်ကုန်တယ်ဆိုတာတစ်ခါ
မှစစ်မကြည်.ဘူး ယုံကြည်မူ. အပြည်.နဲ.လုပ်ခဲ.တယ်ပေါ.။
နောက်တစ်ယောက်ကလဲ သူသုံးတယ်ဆိုတဲ. စရိတ်တွေက ဘာမှတိတိကျကျမရှိဘူးပေါ.။
စစ်လို.လဲ ဘာ အထောက်အထားမှ ပြနိုင်တာ မရှိဘူးလို.ပြောပါတယ်။
အရင်က တစ်ခုခုပြောလိုက်ရင် ‘” ရတယ် အကို”တို. ‘” အိုကေ ညီလေး”တို.ဆိုတာတွေဘယ်ရောက်ကုန်တယ်ကို မသိတော.ဘူး။
ဇာတ်သိမ်းကတော. ထုံးစံအတိုင်း သူတို.ခွာပြဲ ကြလေသည်ပေါ.။
ဒါတွေကို ကြည်.လိုက်တဲ.အခါ ဘာကိုသွားတွေ.ရလဲဆိုတော.
အလုပ်ရှင်နဲ.အလုပ်သမားကြားမှာလဲ
အလုပ်ရှင်က ဘာကိုလိုချင်တယ် ဘယ်လိုလုပ်ပေးရမယ် ဆိုတာ အတိအကျမပြောခဲ.သလို
အလုပ် လုပ်ပေးတဲ.သူကလည်း သူရပိုင်ခွင်. လုပ်ပိုင်ခွင်.တွေကို သေသေချာချာ မမေးခဲ.ဘူး။
နောက် ကိုယ်စားလှယ်ရတဲ.သူနဲ. ထုတ်လုပ်သူတို.ကလဲ နောင်အလုပ်ဖြစ်လာခဲ.အောင်မြင်လာခဲ.ရင်ဆိုတာကြီးကို မေ.ထားပြီး လက်တလော အလုပ်စနိင်ရင် ပြီးရောဆိုပြီး တစ်ယောက်နဲ.တစ်ယောက် အသေးစိတ်ကြိုတင်လို.ကျကျနန မဆွေးနွေးခဲ.ကြဘူး။
စပ်တူလုပ်တဲ.လူနှစ်ယောက်ကြပြန်တော.လည်း တစ်ယောက်နဲ.တစ်ယောက်အလုပ်သဘောသဘဝကိုနားလည်အောင်
လေ.လာတာမရှိကြဘဲ လုပ်ချင်တာလုပ် ကြ မြတ်နေတုံးကတော. အိုကေဆိုပြီး အရှုံးလဲပေါ်ရော ပြသနာတက်ရော။
ဒါဆိုရင် ဘာတွေလိုအပ်တယ် ဆိုတာကို ကျွန်တော်မပြောပြရင်လဲသိလောက်ပါပြီ။
ကဲဒါကြောင်. လက်တွဲကြပြီးမှ မမုန်းရ လမ်းမခွဲရ မပျက်စီးရအောင်
အကောင်းဆုံးက တော. မစကြခင်မှာနောင်ကြရင်ဘာတွေလိုမယ်ဆိုတာကို ကြိုတင်ကာစဥ်းစားလို.
အရင်ဝအောင်ပြောပြီးမှ လက်တွဲကြ လုပ်ကြမယ်ဆိုရင်ဖြင်. ……………………………………