မလေးရှားမှ ရက်စက်သူတစ်ဦး

ကိုတာတင်ဂီ။     ။အသက်(၁၇)နှစ်အရွယ် မိန်းကလေးတစ်ဦးကို သဝန်တိုတဲ့သူမ၏ချစ်သူက ဓါးနှင့်အကြိမ်ပေါင်းများစွာထိုးပြီး အက်ဆစ်နဲ့ပါပက်ခဲ့တယ်။သူမမှာ ကိုယ်ဝန်(၂)လ ရှိနေတာကိုမိသားစုက လုံးဝ မသိရှိခဲ့ပါဘူး။ဒီဇင်ဘာလ (၁၆)ရက်နေ့က Kampung  Baru Sungai Rendan မှာရှိတဲ့ သူမရဲ့အိမ်မှာအတိုက်ခိုက်ခံရစဉ်က သားလျှောပျက်စီးခဲ့ခြင်းပဲဖြစ်ပါတယ်။အဲဒီမိန်းကလေးအတော့ Nur Ain AshiKin Jemedi ဖြစ်ပြီး၊သူမကို ကိုယ်ထိလက်ရောက်စော်ကားသူဟာ အသက် (၄၂) နှစ်အရွယ် အလုပ်လက်မဲ့တစ်ဦးပဲဖြစ်ပါတယ်။သူမဟာတခြားအမျိုးသားတစ်ဦးနှင့် ဖောက်ပြန်ခဲ့တယ်ဆိုပြီး စွပ်စွဲခံရတာပါ။ ဆရာဝန်ကသူမမှာ ကိုယ်ဝန်ရှိနေတယ်လို့ အသိပေးလိုက်တဲ့အခါမှာ မိသားစုဟာ အထိတ်တလန့်ဖြစ်ခဲ့ရပါတယ်။မမွေးဖွားရသေးတဲ့ ကလေးငယ်လေးသေဆုံးသွားရတာကြောင့် ပိုပြီးစိတ်မကောင်းဖြစ်ရပါတယ်။လို့ အသက်(၂၉)နှစ်အရွယ်ရှိသူမရဲ့ အစ်မဖြစ်သူ Marlina Lemedi က Sultan Ismial ဆေးရုံသို့ ပါလီမန်အဖွဲဝင် Datuk Halimah Sadique လာရောက်ကြည့်ရူပြီးတဲ့အခါမှာ သတင်းတောက်တွေကိုပြောကြားခဲ့တာဖြစ်ပါတယ်။ဆယ်ကျော်သက်မိန်းကလေးဟာ တင်ပါး၊ဝမ်းဗိုက်နှင့်နောက်ကျော်ဘက်တွေမှာ ဓားနဲ့ထိုးခံရတာဖြစ်ပြီး အက်ဆစ်နဲ့လည်းအပက်ခံထားရပါတယ်။ကျူးလွန်သူတရားခံဟာ Ulu Tiram ရဲစခန်းသွားပြီးအဖမ်းခံပါတယ်။ မိန်းကလေးရဲ့အစ်မ Marlina ကဆက်လက်ပြောကြားရာမှာ သူမရဲ့ညီမလေးဟာ စနေနေ့က သတိပြန်ရလာပေမယ့် မျက်နှာနှင့်နူတ်ခမ်းတွေဟာအက်ဆစ်လောင်ထားလို့ယောင်ရမ်းနေတာကြောင့် စကားလည်းမပြောနှိင်ပါဘူး။လောင်ကျွမ်းဒဏ်ရာတွေကြောင့်ဆေးရုံက အထူးကြပ်မတ်ကုသဆောင်မှာထားရှိပါတယ် ။ဒဏ်ရာတွေကသက်သာလာရင် အရေပြားခွဲစိတ်ကုသမူတွေလုပ်ရမှာဖြစ်ပါတယ်။တရားခံဟာ မိန်းအလေးဆီက တုံ့ပြန်တဲ့အချစ်ကိုမရတာကြောင့် မခံမရပ်နိုင်ဖြစ်ပြီး ရန်မူတာဖြစ်ပါတယ်လို့ဆိုပါတယ်။အဲဒီသူဟာ သူမတို့ မိသားစုရဲ့မိတ်တွေတစ်ဦးလည်းဖြစ်ပါတယ်။Nur Ain ဟာ ကျောင်းပြေးလေ့ရှိတာကြောင့်သူမရဲ့အဖေကပြန်လည်ပြုစုပျိုးထောင်ရေးဌာနတစ်ကို(၂၀၀၈)ခုနှစ်မှာပို့ခဲ့တဲ့အခါမှာသူမရဲ့ ဘဝကိုအများကြီးပြောင်းလဲစေခဲ့တယ်လို့ဆိုပါတယ်။အဲဒီနောက် Nur Ain ဟာတရားခံနှင့်ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။အဲဒီသူဟာ မိန်းကလေးရဲ့ဖခင်နှင့်(၁၂)လောက် ခင်မင်သိကျွမ်းသူတွေလို့ဆိုပါတယ်။ မိန်းကလေးကို အကောင်းဆုံးဆေးဝါးများနှင့်ကုသမူတွေပေးဖို့ရယ်၊ယခုလို ဝမ်းနည်းကြေကွဲဖွယ်အဖြစ်မျိုးနှင့်ကြုံတွေ့ ရသူလေးမို့ မိသားစု စိတ်ဓါတ်မြှင့်တင်ရေး၊အားပေးမူတွေအထူးလိုအပ်နေတယ်လို့ ပါလီမန်အဖွဲ့ဝင် Halimah ကဆေးရုံကအရာရှိတွေကို အခိုင်အမာပြောကြားခဲ့ပါတယ်။          ။ ဒီသတင်လေးကို မလေးရှားနိုင်ထုတ် လင်းယုန် မဂ္ဂင်ဇင်းမှ ပြန်လည်ကောက်နုတ်ဖေါ်ပြလိုက်ပါသည်။

2 comments

  • bluerose

    May 16, 2012 at 11:24 am

    ကြောက်စာကြီးနော်
    အဲလိုလူမျိုးနဲ့တော့ချစ်သူမဖြစ်ချင်ပါဘူး
    ချစ်တာလည်းအတိုင်းအတာလေးနဲ့ပဲချစ်တာကောင်းတယ်နော်

  • zaw min

    May 16, 2012 at 3:55 pm

    အင်း…ဒီပိုစ့်ကို တင်ခဲ့တာ (၄)လလောက်ရှိပါပြီ၊ဖတ်ရှုသူ (၄၆၂)ဦး မှာ ကွန်မန်း (၁)ဦးဆိုတော့၊ bluerose ..
    ရေ..ကျေးဇူးပါပဲ…အဟောင်းတွေကိုရှာဖွေဖတ်တတ်တဲ့သူအဖြစ်လေးစားပါတယ်။

Leave a Reply