အနှောက်ယှက်ပေးတဲ့ internet သရဲများ

etoneJanuary 27, 20111min15316

ဒီနေ့မနက်ရုံးရောက်ရောက်ချင်း အီးမေလ်းတောင် မစစ်ခင် လုပ်နေကြ အတိုင်း မန္တလေးဂေဇက်ကို စဖွင့်တယ်ပေါ့…။

ဖတ်လိုက်ရတဲ့ ပို့စ်တစ်ခုကြောင့် မျက်လုံးပြူးသွားတယ် ..ဒါမျိုးတွေလည်း ဖြစ်တတ်တာပေကိုး ။ အင်တာနက်မှ ဇာတ်လမ်းတွေ အကြောင်းပါ ။  သုံးတတ်လျှင် တော်တော်အကျိုးပြုနိုင်တဲ့ အင်တာနက်ကို လွဲမှားစွာ အသုံး ပြုပြီး လမ်းမှားရောက်နေတာ  မဖြစ်သင့်ပါဘူး ။ ခံယူချက်အမျိုးမျိုးနဲ့ သုံးနေကြပေမဲ့ … အများစုကတော့ ကိုယ့်ဘာသာ အချိန်သာဖြန်းချင်ဖြုန်းမယ် သူများကို အနှောက်ယှက် မပေးတတ်ကြပါဘူး ။

ကျမအခုပြောပြချင်တာက အလေနတော အင်တာနက်သရဲတွေအကြောင်းပါ …။ ကျမ ၂၀၀၆ ကတည်းက အင်တာနက်စသုံးဖြစ်ပါတယ်… ။ အလုပ်စ ဝင်လုပ်ရင်း အင်တာနက်ကို ကလိရင်း သုံးတတ်ခဲ့တာပါ ။ နောက်တော့ အဲ့ဒီက တစ်ဆင့် ဂျီးမေးလ်း ၊ vzo ၊ friendster  စတာတွေ သုံးတတ်လာပါတယ်…။ ကျမဆီဝင်လာတဲ့ အင်ဗိုက်တိုင်းကိုလည်း အကုန်လုံး accept လုပ်တယ်ပေါ့.. ။ စူးစမ်းချင်တာလေ ဒါနဲ့ ချက်တင်က conversation တွေလုပ်ပါတယ် … ။ အများစုကတော့ ကောင်းကောင်းမွန်မွန်ပါပဲ …။ နေကောင်းလား ၊ ဘယ်ကလဲ ဘာညာပေါ့ … ။ အင်တာနက်ထဲက တွေ့တဲ့ သူငယ်ချင်းတွေတောင် အခုထိ ကျမတို့ အဆက်သွယ်ရှိနေတုန်းပါ … ။ ချက်တင်စသုံးတတ်ခါစကတော့ ဒီလို စကားရောဖောရောတွေလုပ်ရတာ ပျော်တယ်ပေါ့… ။ ကြာလာတော့ အထူးဆန်းမဟုတ်တော့ အာရှီးမလုပ်တော့ပါဘူး ။ အလုပ်လုပ်လိုက် သူငယ်ချင်းတွေနဲ့ တွေ့ရင် တစ်ကြောင်းနှစ်ကြောင်းလောက်ပြောလိုက်နဲ့ပေါ့ … gtalk သုံးပြီးပြောတာ အလုပ်အတွက်ပါအသုံးဝင်လို့ တရားဝန်သုံးခွင့်ရခဲ့ပါတယ် ။ official ကိစ္စတွေအတွက် မေးလ်ပို့မေးရင် ကြာလို့ တဘက်လူကို ချက်တင်ကနေပဲ မေးလိုက်၊ ဖြေလိုက်နဲ့ အချိန်တွေ တစ်စစ ကုန်လာတယ်ပေါ့ …။

၂၀၁၀/၂၀၁၁ ကိုရောက်လာတော့ သိသိသာသာကြီးကို အလုပ်များလာတယ် …။ သူများတွေ လာနှုတ်ဆက်တာတောင် တစ်ခါတစ်ခါ idle ပြထားရတဲ့ အနေထားမျိုးပေါ့…။ ပြီးခဲ့တဲ့လကတည်းက google group  လေးတွေ ခေတ်စားလာတယ် ။ ဂရုဖွဲ့ပြီး ပို့စ်အသစ်တင်တိုင်း စာပို့တယ်ပေါ့… အဲ့ဒီကနေ … အီးမေးလ် လိပ်စာတွေသိပြီး ကိုယ့် gtalk contact list ထဲကို ဘာမှန်းမသိ ၊ ညာမှန်းမသိ လူတွေရောက်လာပါရော… တစ်ချို့ကတော့ အလုပ်များနေလို့ ဆောရီးပဲ ပြောလိုက်လျှင် လာ မပြောတော့ပေမဲ့.. တစ်ချို့က အလုပ်များနေတယ်ပြောတာကို အိုက်တင်ခံပြီး လာဆဲတာတွေရှိပါတယ်… ။ ပြီးခဲ့တဲ့တစ်ပတ်ကတော့ …ယောကျာ်းနာမည် နဲ့ကောင်လေးတစ်ယောက် တစ်ကြောင်းလာရိုက်တယ် … xီး ပဲတဲ့ … ။ ကျမ ဖက်စ်ပို့နေတုန်းရိုက်တာမို့ ပြန်ရိုက်ခွင့်မသာခဲ့ပါဘူး…။ ပြီးတော့သူက အရင် ဘလော့သွားတယ်…စိတ်တိုလိုက်တာနော် အရေမရအဖတ်မရသူများ စိတ်အနှောက်ယှက်ဖြစ်အောင် အားအားယားယား အရိုင်းစိုင်း အသုံးနှုံးတွေ သုံးတာ မိကောင်းဖခင်သားသမီးမဖြစ်လောက်ပါဘူး ။ စည်းမဲ့ကမ်းမဲ့ ဗရန်းဗတာမျိုးရိုးပဲ နေပါစေ ပြန်မပြောတောဘူးဆိုပြီး ဘယ်ကမှန်းမသိရောက်လာတဲ့ သူ့အကောင့်ကို အပြီး ဒလိလိုက်ပါတော့တယ်….။

သူ့အကောင့်ကတော့… LordsArths@gmail.com ပါပဲ ။

ဒီနေ့ နေ့ခင်းက အလုပ်အတူတူလုပ်တဲ့ အစ်မတစ်ယောက်က ပြောပါတယ်…။ everwanted.pusy@gmail.com နဲ့ nyeinchanaung1234@gmail.com ချက်တင်ကနေ nick   နှစ်ခုနဲ့ ညစ်ညစ်ညမ်းညမ်းတွေပြောနေပါတယ်တဲ့… ။ အမျိုးကောင်းသားသမီးတွေ ပြောတဲ့စကားမျိုးမဟုတ်ပါဘူး ။ တည်းခိုခန်းသွားမလား  ဘာညာတွေလာရိုက်တယ် … အဲ့ဒီအစ်မကလည်း ခုံမှာမရှိတဲ့အချိန်ဆိုတော့ …. တခြားလူတွေ သူ့စက်မှာလာဖတ်တာပေါ့ သူလည်း တော်တော် ရှက်သွားတယ် ။ မသိရင် အဲ့ဒီအစ်မနဲ့ ဟိုဘက်က ကောင်နဲ့ ဘာညာပြောနေတယ်ထင်စရာပဲ … ။ မိကောင်းဖခင်သားသမီးတွေဆိုလျှင် ဒီလို အပြုမူ ၊အပြောဆိုမျိုးမလုပ်သင့်ပါဘူး ။ အခုဟာက သက်သက်နှောက်ယှက်သလိုဖြစ်နေပါပြီ ။ အင်တာနက်မို့ ရုပ်မမြင်ရဘူးပဲထားစေဦးတော့ သူများကို နှောက်ယှက်လိုက်လို့ တစ်ဖက်လူ လိပ်ပြာသန့်သန့်နေနိုင်ပါ့မလား … အပျင်းပြေ နှောက်ယှက်လို့ အကျိုးစီးပွားဖြစ်ထွန်းတာလည်း မဟုတ် … ။သတ်သတ်ညစ်ညမ်းတဲ့ အကြောင်းတွေ ပြုမူပြောဆိုမဲ့အစား မိမိဘဝ တိုးတက်ရာတိုးတက်ကြောင်း ရှာသင့်တယ်လေ ။ သိမ်ဖျင်းတဲ့ အကျင့်တွေနဲ့ ဆက်သွားနေလို့ကတော့ လူစဉ်တောင် မီမယ် မထင်တော့ဘူး … သူတို့ကိုယ်တိုင်က ကြက်ခေါင်းလုပ်ပြီး အသက်မွေးမယ်လို့များ မှတ်ထားလေရော့သလား မပြောတတ်တော့ဘူး  ….။   ရွာသူ၊ ရွာသားများအားလုံးလဲ အင်တာနက်သရဲတွေ နှောက်ယှက်ခြင်းမှ ကင်းဝေးပါစေနော် ။ ။

16 comments

  • kai

    January 27, 2011 at 10:49 am

    ကြည့်ရတာ .. အင်တာနက်သရဲတွေအတွက် .. Blacklist စာရင်းလုပ်ပေးရတော့မယ်နဲ့တူတယ်..။
    ယူအက်စ်မှာတော့ .. Blacklistစာရင်း..စပန်းမေးလ်ပို ့တဲ့ဆာဗာစာရင်း စသဖြင့်ရှိတယ်..။

    မြန်မာပြည်အတွက် သီးသန် ့စာရင်းလုပ်ကြည့်မလား..။ ဥပမာ.. မနှစ်သက်တဲ့သူရှိရင် .. မှတ်ချက်နဲ့တကွ ..အီးမေးလ်အကောင့်ကို .. ဒီမှာလာတင်တာမျိုးပေါ့..။

  • Gipsy

    January 27, 2011 at 11:35 am

    ဗရုတ်သုက္ခ ကောင်တွေအတွက် လုပ်ပေးစမ်းပါ သူကြီးရာ..ကုသိုလ်ရမှာ..

  • koyinmaung

    January 27, 2011 at 11:38 am

    သိထားရတော့ကောင်းတာပေါ့….

  • intro

    January 27, 2011 at 11:55 am

    တစ်ယောက်ပြောသလိုပေါ့၊ တို့ကတော့ခပ်ရင့်ရင့်ပဲ၊ ကြည်မရရင် ဘလော့ခ်လိုက်…. Don’t Care ပဲ ဆို သလိုပဲ လုပ်ကြပေါ့ အစ်မရေ….

  • news

    January 27, 2011 at 12:35 pm

    သိထား့တော့ကောင်းတာပေါ့။နောက်ကြည် ့ရင်ရှောင်နိုင်တာပေါ့။

  • ဆူး

    January 27, 2011 at 1:27 pm

    စကား တခွန်း နှစ်ခွန်း ပြောလိုက်တယ် ပြီးရင် မအားဘူး ပြောလိုက်တယ်။ အလုပ်လာ မရှုပ်ရင် ကိစ္စမရှိဘူး သိပ်ပြီး ရစ်လွန်းရင် စကားများများ မပြောဘူး ဘလော့တာဘဲ။ သိပ်ပြီး တွေးမနေဘူး။ ကိုယ်ကိစ္စနဲ့ ကိုယ်တောင် ခေါင်းရှုပ်ရတဲ့ အထဲ သူများ အကြောင်းတွေးပြီး ခေါင်းမရှုပ်နိင်ဘူး။ ညောင်းဘဲ…

  • manawphyulay

    January 27, 2011 at 1:47 pm

    မနောလည်း ခံရဖူးတယ်။ ဘယ်သူမှ စကားမပြောဖြစ်တော့ မိုက်ရိုင်းဆဲဆိုတာတွေလည်း အတော်ကြုံရတယ်။

  • The Reds

    January 27, 2011 at 2:36 pm

    အော် ဒါ များ တစ် ခါ ပဲ ခံ ပေါ့ … ပြီး ရင် block လိုက် ပါ. ဗျာ …

  • mG

    January 27, 2011 at 5:38 pm

    အင်းဟုတ်တယ်ဗျ။ကျွန်တော့ကို ဆိုရင်အဲ့အကောင့်တွေတော့မဟုတ်ဘူးဗျ။ zawkokoaung18@gmail.com ဆိုတဲ့ အကောင့်က ကျွန်တော်ပါလို့ သူငယ်ချင်းတွေကို ကျွန်တော့ဓာတ်ပုံကို ကူးသွားပြီးတော့…လိုက်မိတ်ဆက်တယ်…။ပြီးတော့ လိုက်ဆဲတယ်ဗျာ…။ကျွန်တော့
    မိတ်ဆွေတွေ အားလုံးကို မိတ်ပျက်အောင်လုပ်တယ်တဲ့ ဆိုပါတော့ဗျာ…ဆဲလိုက်တာမှ ရစရာကိုမရှိဘူး…။အခုတောင်မှ ကံကောင်းလို့ သူငယ်ချင်းတယောက်က ဒီကိစ္စတွေကို ကျွန်တော်နဲ့ အတူတူလိုက်ရှင်းပေးလို့…နည်းနည်းတော့ မိတ်ဆွေတွေ လုပ်ဖော်ကို်င်ဖက်တွေ နားလည်ပေးလာ
    တယ်လေ…အချို့သော လူတွေကတော့..ဘယ်လိုမှကို ပြောလို့မရတော့ဘူး…ဒီကိစ္စကို ကျွန်တော်တို့
    ဘယ်လိုတွေ ကာကွယ်ရင်ကောင်းမလည်းဆိုတာကို စဉ်းစားစေချင်တယ်ဗျာ….။

  • m

    January 28, 2011 at 2:24 am

    ဟုတ်တယ်ဗျ – အဆဲခံရတဲ့ အထဲ မှာ ကျနော်လည်း ပါတယ် – နာမည်မေး တာ မပြောလို့တဲ့ ဗျာ – အဲတော့ ဆဲရော ကျနော်က မင်းအဲလိုပဲ အမြဲ ရိုင်းရိုင်းစိုင်း အမြဲ ပြောလေ့ရှိသလားလို့မေး လိုက်တယ်လေ – ရိုင်းတယ်ဗျာတဲ့ ရိုင်းတော့ ဘာဖြစ်လဲ တဲ့ ထပ်တောင်မှာ ဆဲလိုက်သေးတယ် – အဲတော့ ငါ မင်း လိုရိုင်းစိုင်း တဲ့ သူနဲ့ ဆက်ဆံလေ့ မရှိဘူး မင်း ကို Block လုပ်ပါရစေ မင်း စိတ်မဆိုးပါနဲ့ လို့ အချိုဆုံးပြောပီး အပီး Del; လိုက်တယ်လေ -အကောင့် ကိုတော့ မှတ်မထားလိုက်တော့ ဘူး – ဘဝတိုးတက်ဖို့ မပါ တာအဲ့ လိုူလူမျိုးတွေ ထင်ပါရဲ့ —–

  • yuyu

    January 28, 2011 at 3:02 am

    တော်တော်ဆိုးတာပဲ ယုကတော့မကြုံဖူးဘူး ကိုယ်သိတဲ့သူကလွဲလို့ ဘယ်သူကိုမှ accept မလုပ်ဘူး ယောကျာ်းလေးဆိုပိုဆိုးသေးတယ် အခု MG မှာသိတဲ့သူငယ်ချင်းတွေလောက်ပဲ accept လုပ်တာ သူကြီးပြောတာကောင်းတယ်နော် မြန်မြန်အကောင်အထည်ဖော်ပါသူကြီးရယ်

  • နွယ်ပင်

    January 28, 2011 at 3:26 am

    ဒီကိစ္စက အင်တာနက်သုံးတဲ့သူ တော်တော်များများကြုံတွေ့ရတက်ပါတယ် . နွယ်ပင်လဲ အဲလိုပြောတာမျိုးကြုံခဲံရဖူးတယ် ကိုယ်က အလုပ်နဲ့ မအားတော့ ပြန်မပြောဖြစ်ဘူးပေါ့ အဲတာကို တဖက်က ဆဲသွားဘူးတယ် သူတို့အတွက်တော့ အဲလိုလုပ်ရတာ ဘာအကျိုးအမြတ်ရလဲတော့ မသိဘူး . အခုတော့ မသိတဲ့သူဆို accept မလုပ်တော့ဘူး ခေါင်းရှုပ်မခံနိုင်လို့ ….

  • bigcat

    January 28, 2011 at 4:40 am

    နာမည်တခုကြားဖူးတာ မိုက်တဲ့ဂျော်နီအောင်ဘု ဆိုလားပဲ။ သူနဲ့ခပ်ဆင်ဆင် တယောက်လည်း ရွာထဲမှာရှိတယ်။ စိတ်ချရအောင် နာမည်အသံထွက် ဆင်တူတွေပါ ဖော်ပြပေးပါ။

  • cobra

    January 28, 2011 at 8:50 am

    အခုလောလောဆယ်တော့တယောက်ပြောမယ ်arlardin1992@gmail.com သူကကျွန်တော့်ကိုလာadd
    တယ်လေ။
    ကျွန်တော်လည်းလက်ခံလိုက်တာပေါ့
    ပီးတော့ဖုန်းခေါ်တယ်တယ် ကျွန်တော်ကပြန်လည်းပြောရော ကျွန်တော့ကိုဆဲပါလေရော…….။
    မိုက်မိုက်ရိုင်းရိုင်းတွေ…
    ဖြစ်ချင်တော့ကျွန်တော့်ဘေးမှာက
    အန်တီကြီးဆိုတော့ကျွန်တော်လည်းပြန်မဆဲလိုက်ရဘူး..။
    သူလဲဆဲပီးရောထွက်သွားတယ်…
    အခုချိန်ထိပေါ်မလာတော့ဘူး..။

  • char too lan

    January 28, 2011 at 9:20 am

    အဲ့လိုလူတွေအားကြီးပဲ ကျနော့်ဘလော့စာရင်းမှာလဲလူတွေပြည့်နေပီ မိန်းကလေးတွေသတိထားကြပါ ရုံးမှာသုံးရတဲ့လူတွေ ပိုဆိုးပါတယ် တချို ့ဆိုတော်တော်ညစ်ညမ်းတာတွေဆဲတာဗျ အကောင့်မှာလူမရှိရင်တော့ အရှက်ကွဲပီပဲ ပီးတော့ရှိသေးတယ် ပြည်ပဆိုက်တွေထဲစပ်စုတတ်တဲ့မမတွေ အထူးသတိထားကြပါဂျာ………..

  • MaMa

    January 28, 2011 at 9:30 am

    မိုက်ခဲဂျော်နီအောင်ဘု မဟုတ်ဘူးလား။

Leave a Reply