ကို ဇာဂနာ

ၾကယ္ေလးJanuary 27, 20111min791

ဇာဂနာ ခေါ် မောင်သူရကို အဖ ဦးနန်းညွန့်ဆွေနှင့် မိခင် ဒေါ် ကြည်ဦးတို့မှ ၁၉၆၁ ဇန်နဝါရီလ (၂၇) ရက်နေ့တွင် မွေးဖွားခဲ့ သည်။ ကိုသူရသည် မြန်မာနိုင်ငံတွင် နာမည်ကြီး လူရွှင်တော်၊ သရုပ်ဆောင်နှင့် ရုပ်ရှင်ဒါရိုက်တာတယောက်လည်းဖြစ်သည်။ သူ သည် မြန်မာနိုင်ငံ၏ စစ်အစိုးရအား ပြစ်တင်ဝေဖန်မှုများကြောင့် မကြာခဏ ထောင်ဒဏ်ကျခံရသူလည်းဖြစ်သည်။ သူသည် မြန် မာအခေါ်အဝေါ် ဇာဂနာ (ဇာဂနာဆိုသည်မှာ သေးမွှားသောအရာ ကို နှုတ်ယူနိုင်သည့် ကရိယာဖြစ်သည်) ဆိုသည့် အမည်ဖြင့် မြန် မာပြည်တွင် နာမည်ကျော်ကြား လူသိများသော လူရွှင်တော်အ ဖြစ်လည်းကောင်း၊ ဟာသမြောက်စွာ လှောင်ပြောင်ရေးသားမှုများ အဖြစ်၊ စစ်အစိုးရကို ဝေဖန်သောသူတဦးအဖြစ်၊ သရုပ်ဆောင်တ ယောက်အဖြစ်လည်းကောင်း လူသိများသည်။

ဇာဂနာကို ၂၀၀၆ ခုနှစ်မှစ၍ လူများအကြား သရုပ်ဆောင်မှုများ၊ ပြဇာတ်များ ပြုလုပ်ခွင့်ကို စစ်အစိုးရမှ ပိတ်ပင်ထားသည်။ ဇာဂနာသည် The Lillian Hellman and Dashiel Hammett Award ဆိုသည့် ဆုကို Free Expression (လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်) ဆိုသည့် အဖွဲ့အ စည်းမှ ချီးမြှင့်ခဲ့သည်။ ထိုအဖွဲ့အစည်းသည် အမေရိကန်နိုင်ငံ New York မြို့ အခြေစိုက်သည့် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ ဖွဲ့စည်းထားခြင်းဖြစ်သည်။

ဇာဂနာသည် ၂၀၀၈ ခုနှစ် ဇွန်လ (၄) ရက်နေ့မှ စ၍ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းအတွင်း သေကြေပျက်စီးမှု များ၊ အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့မှုများကို ပြင်ပသတင်းဌာနများနှင့် ပြောဆိုသည်ဆိုကာ ဖမ်းဆီးခံခဲ့ရပြန်သည်။ စစ် တပ်အစိုးရသည် သူ့အား နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေသည့် ပုဒ်မ ၅၀၅ (ခ)၊ ဘာသာသာသနာ ကို စော်ကားမှု ပုဒ်မ ၂၉၅ (က)၊ မတရားအသင်း ဆက်သွယ်မှု၊ ဗွီဒီယိုအက်ဥပဒေ အပါအဝင် စုစုပေါင်း (၇) မှုဖြင့် စွဲချက်တင်ထားခဲ့ပြီး ထိုစွဲချက်များသည် သူ့အား ထောင်ဒဏ် (၂) နှစ်ကျစေနိုင်သည်။

ဘဝအစ

ဇာဂနာ ဆိုသည့် အမည်ကို အဖ ဦးနန်းညွန့်ဆွေနှင့် မိခင် ဒေါ်ကြည်ဦးတို့မှ မွေးဖွားခဲ့သည့် သားသုံးယောက် ထဲမှ အငယ်ဆုံးဖြစ်သည့် မောင်သူရမှ အမည်တွင်ခဲ့ခြင်းဖြစ်သည်။ မောင်သူရသည် နိုင်ငံရေးဆိုင်ရာနှင့် ပ ညာရေးအသိပညာ ကြွယ်ဝသော မိသားစုမှ ဆင်းသက်လာသူဖြစ်သည်။ ငယ်ရွယ်စဉ်ကတည်းက သူသည် မိ ဘများ မိန့်ခွန်းပြောရာ ဒေသများသို့ လိုက်ကာ လှုံ့ဆော်ပြောဆိုမှုများ ပြုလုပ်ခြင်း၊ မိဘများ၏ ခြေရာကိုတူ အောင် လိုက်နိုင်ခဲ့သူဖြစ်ပြီး၊ ထို့ကြောင့် လူအများက သူ့ကို “အသံတုဝိဇ္ဇာ” ဟူ၍လည်း အမည်ပေးခဲ့ကြသည်။

သူရသည် ၁၉၇ရ ခုနှစ်တွင် ရန်ကုန်မြို့ရှိ ပညာရေးအရှိန်အဝါ မြင့်မားသော ဒဂုံ (၁) အထက်တန်းကျောင်းမှ အောင်မြင်ခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် သွားဘက်ဆိုင်ရာ ရန်ကုန်သက္ကသိုလ်မှ သွားဘက်ဆိုင်ရာဆရာဝန်အဖြစ် ဒီဂရီ ရခဲ့သည်။ သွားဘက်ဆိုင်ရာကျောင်းတွင် တက်ရောက်နေစဉ် ချင်းပြည်နယ်တွင် လုပ်အားပေး ပညာ သင်ကြားရေးအတွက် ဆရာတယောက်အနေဖြင့် ပါဝင်ခဲ့ပြီး ထိုအတွေ့အကြုံများကို နိုင်ငံတော် စာပေဗိမ္မာန် စာပေတိုက်မှ စာအုပ်ထုတ်ဝေခဲ့သည်။

အနုပညာလောကသို့ …

သူရ၏ ပထမဦးဆုံး အောင်မြင်ချိန်သည် ကောလိပ်တွင် ကျောင်းတက်နေသောအချိန်ဖြစ်သည်။ ထိုစဉ်က သူ ရသည် ‘ဇာဂနာ’ အမည်ဖြင့် ရန်ကုန်တက္ကသိုလ်အငြိမ့်သဘင်ပွဲတခု၌ ဖျော်ဖြေခဲ့သည်။ သူသည် တက္ကသိုလ် ကျောင်းဌာနအသီးသီးမှ ကျောင်းသားများ ပေါင်းစပ်ကာ မြကျွန်းသာ အမည်ရှိသည့် အငြိမ့်အကအဖွဲ့တခု တည်ထောင်ခဲ့သည်။ ထို့နောက် မိုးနတ်သူဇာ အမည်ဖြင့် ပြဇာတ်အဖွဲ့ တခုစုစည်းခဲ့ပြီး ကျောင်းသားများ နှစ် ပတ်လည်တွေ့ဆုံပွဲများတွင် ကပြဖျော်ဖြေခဲ့သည်။ မြန်မာ့ရုပ်မြင်သံကြားတွင် သူ၏အဖွဲ့သားများ အငြိမ့်ကပြမှု အား ထုတ်လွှင့်ခဲ့ပြီးနောက် ပို၍ နာမည်ကြီးလာခဲ့သည်။

သွားဘက်ဆိုင်ရာ ပညာရပ်များ လေ့လာပြီးနောက် သူသည် အနုပညာအငြိမ့်လောကသို့ ခုန်ဝင်ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် မြပုဏ္ဏမာအငြိမ့်အဖွဲ့ အမည်ဖြင့် မြန်မာ့ရုပ်မြင်သံကြားတွင် မကြာခဏ ထုတ်လွှင့်ခဲ့သည်။ ဇာဂနာ၏ တွေးတောကြံဆနိုင်မှုများနှင့် စစ်အစိုးရ၏ မအောင်မြင်သော လုပ်ရပ်များကို ပြက်လုံးများဖြင့် သန်း နှင့်ချီသော ပြည်သူများရှေ့တွင် တင်ဆက်ပြသနိုင်ခဲ့သဖြင့် လူအများမှ အံ့ဩခဲ့ကြသည်။ သူ၏ နာမည်အကြီးဆုံးဖြစ် သည့် “သူတောင်းစား ညီလာခံ” ပြဇာတ်၏ ပြက်လုံးများသည် စစ်အာဏာရှင် နေဝင်းနှင့် သူ၏ လက်ပါးစေ များကို အရွဲ့တိုက်ထားခြင်းကြောင့် ပြည်သူ့အကြိုက်ဖြစ်ခဲ့သည်။ သူငယ်ချင်းများအနေနှင့် သူ၏ စစ်အာဏာ ရှင်ဆန့်ကျင်ရေး ပြက်လုံးများ လွှင့်ထုတ်နေသော်လည်း စစ်အစိုးရမှ ဒုက္ခပေးခြင်း၊ ထောင်ကျခြင်းများ မရှိခဲ့ သဖြင့် အံ့ဩခဲ့ကြသည်။

အငြိမ့်သဘင်နှင့် ဇာဂနာ

မြန်မာပြည်တွင် အငြိမ့်သဘင်လောကကို ပြန်လည်ခေတ်စားလာအောင် လုပ်ပေးနိုင်ကြသူများတွင် ဇာဂနာ သည် အဓိကပါဝင်သော အနုပညာသမားတယောက်ဖြစ်သည်။ အငြိမ့်ဆိုသည်မှာ မင်းသမီးတယောက် (သို့) နှစ်ယောက်တို့နှင့် လူရွှင်တော်လေးယောက် (သို့) ငါးယောက်တို့ဖြင့် ကပြဖျော်ဖြေသော အနုပညာလုပ်ငန်း ဖြစ်သည်။ လူရွှင်တော်သည် ပုံမှန်အားဖြင့် မင်းသမီး ကဖို့ရန် ပြင်ဆင်နေသောအချိန်တွင် ပြက်လုံးထုတ်ကာ လူအများရယ်အောင် ပြုလုပ်ကြသူများဖြစ်သည်။ ထိုအချိန်က အငြိမ့်သည် မြို့ကြီးပြကြီးများတွင် ပျောက် ကွယ်လုနီးပါးဖြစ်နေသော အနုပညာရပ်တခုဖြစ်၍ ဇာဂနာ ပါဝင်လာပြီးနောက်ပိုင်း ပြန်လည်သစ်ဆန်းလာခဲ့ သည်။

ဇာဂနာသည် အငြိမ့်သဘင်အနုပညာကို ထူးခြားစွာ ပြောင်းလဲခဲ့သည်။ အငြိမ့်ပြက်လုံးများတွင် လက်ရှိဖြစ် ပျက်နေသည့် အရာများကို နိုင်ငံတော်အုပ်ချုပ်နေသူများထံသို့ တိုက်ရိုက်လှောင်ပြောင်ပြောဆိုခဲ့သည့်အ တွက် မြန်မာနိုင်ငံသားပေါင်းစုံမှ စိတ်ဝင်စားအားပေးလာခဲ့သလို မြန်မာပြည် အနာဂတ်မျိုးဆက်များသည် လည်း အငြိမ့်သဘင် အနုပညာကို ပြန်လည် စိတ်ဝင်စားလာကြသည်။ အမှန်တော့ ဇာဂနာသည် မြန်မာ့အငြိမ့် သဘင်တွင် အမြဲအသုံးပြုနေသည့် ဟာသပြက်လုံးများ၊ အသံတူ အဓိပ္ပာယ်ကွဲ ဟာသများ တီထွင်ခဲ့သူတော့ မဟုတ်ပေ။ သို့သော် ထိုပြက်လုံးများကို ပြင်ပေးခဲ့သူဖြစ်သည်။ (မြန်မာစာလုံးသည် အသံတူ၊ စာကွဲ ဆိုသည့် စကားလုံးများ အမြောက်အမြားရှိသည့်အတွက်ကြောင့် အဓိပ္ပာယ်နှစ်ခုဖြစ်အောင် ပြောဆိုနိုင်ပေသည်။)

အကျဉ်းထောင် ဘဝ

သို့သော် ၁၉၈၈ ခုနှစ်တွင် အားလုံးပြောင်းလဲခဲ့သည်။ ဇာဂနာသည် ၁၉၈၈ ခုနှစ် ပြည်လုံးကျွတ် ဆန္ဒပြပွဲကြီး တွင် ပူးပေါင်းပါဝင်ခဲ့မှုကြောင့် အဖမ်းခံခဲ့ရသည်။ ထိုအချိန်မှစ၍ (၆) နှစ်ကာလအတွင်းရှိ (၅) နှစ်အချိန်အ တွင်းတွင် ထောင်မှ ဝင်လိုက်၊ ထွက်လိုက်နှင့်သာ မကြာခဏ နေထိုင်နေခဲ့ရသည်။ ၁၉၉၄ ခုနှစ်တွင် ထောင်မှ လွတ်မြောက်လာပြီးနောက် ဇာဂနာသည် အငြိမ့်လောကတွင် ပါဝင်ခွင့် ပိတ်ပင်ခံခဲ့ရပြီး ရုပ်ရှင်ထုတ်လုပ်မှု၊ ဒါ ရိုက်တာ၊ ဇာတ်ညွှန်းရေးသားခြင်းတို့ကိုသာ စစ်အစိုးရမှ ခွင့်ပြုခဲ့သည်။ သူ ထုတ်လုပ်ခဲ့သည့် ရုပ်ရှင်ကားများ အား စစ်အစိုးရ၏ ရုပ်ရှင်ဆင်ဆာအဖွဲ့အစည်းမှ အမြဲမျက်ခြေမပြတ် ဖြတ်တောက်မှုများ ပြုလုပ်ခဲ့သည်။ သူ၏ ကြောင်နှင့်ကြွက် ဗီဒီယိုသည် စစ်တပ်အစိုးရအား မသိမသာ သရော်ထားမှုများကြောင့် ပရိသတ်အများ သ ဘောကျခဲ့ကြသည်။

၁၉၉ရ ခုနှစ်တွင် စစ်တပ်အစိုးရ၏ ချမှတ်ထားသော ရုပ်ရှင်စည်းကမ်းများကို မလိုက်နာဟုဆိုကာ သူ၏ ရုပ် ရှင်ထုတ်လုပ်ခွင့်ကို ပိတ်ပင်ခဲ့သည်။ သူသည် ၂၀၀ဝ ခုနှစ်တွင် ရုပ်ရှင်လောကတွင် ပြန်လည်ဝင်ခွင့်ရခဲ့သော် လည်း (ဇာတ်သဘင်လောကအတွက်မူ ပိတ်ပင်ခံထားရဆဲဖြစ်သည်)။ ၂၀၀၆ ခုနှစ် မေလမှစ၍ ဘီဘီစီ အသံ လွှင့်ဌာနနှင့် အမေးအဖြေကဏ္ဍတွင် ပါဝင်ခဲ့သည်ဆိုကာ ဇာဂနာ၏ ရုပ်ရှင်ဇာတ်ကားများ ထုတ်ဝေခွင့်အား စစ်တပ်အစိုးရမှ ပိတ်ပင်ခဲ့ပြန်သည်။

၂၀၀၈ ခုနှစ် ဇွန်လဆန်းပိုင်း၌ နာဂစ်လေဘေးကယ်ဆယ်ရေး လုပ်နေစဉ် စမ်းချောင်းမြို့နယ်ရှိ နေအိမ်တွင် အဖမ်းခံခဲ့ရပြီး နိုင်ငံတော်လုံခြုံရေး ထိခိုက်စေရန် လှုံ့ဆော်မှု၊ ဗွီဒီယိုအက်ဥပဒေနှင့် အီလက်ထရွန်နစ် အက်ဥ ပဒေ (၃) ခု အပါအဝင် ပုဒ်မ (၅) ခုဖြင့် ထောင်ဒဏ် (၅၉)နှစ် ချမှတ်ခံခဲ့ရသည်။

၂၀၀၉ ခု၊ ဖေဖော်ဝါရီလတွင် အာဏာပိုင်များက အီလက်ထရွန်နစ်အမှု တမှုလျှင် (၈) နှစ်စီဖြင့် (၂၄) နှစ် လျှော့ပေးခဲ့ရာ ယခုအခါ ၎င်းမှာ ထောင်ဒဏ် (၃၅)နှစ် ကျခံရမည်ဖြစ်သည်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားတွင် အကျဉ်းကျခံနေရသည်။

ကျော်ကြားမှု

၂၀၀၈ မေတွင် နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းများကို ဆရာတော်၊ သံဃာတော်များ၊ အနုပညာရှင် များ၊ ပြည်သူများ၊ လူငယ်များနှင့် ပူးပေါင်းပြီး ဆောင်ရွက်နိုင်ခဲ့သည်။ ပရိသတ်ကိုလည်း မီဒီယာများကတဆင့် အမြန်ဆုံးသတင်းပို့ ရှင်းပြနိုင်ခဲ့သည်။ စစ်အစိုးရကို နာဂစ်ကယ်ဆယ်ရေးနှင့် ပတ်သက်ပြီး ဝေဖန်ပြောဆိုသ ဖြင့် ဖမ်းဆီးထောင်ချခံရသည်။ ထောင်ဒဏ် (၃၅) နှစ် ကျခံနေရသည်။ လူမှုရေးလုပ်ငန်းများအတွက် အလှူ ရှင်များ၊ လုပ်အားပေးစေတနာရှင်များနှင့် ပရိသတ်အားလုံးကို စည်းရုံးနိုင်သူ၊ အလုပ်ပြီးမြောက်အောင် ဆောင်ရွက်သူ၊ ရဲရင့်ပွင့်လင်းစွာ ပြောဆိုတင်ဆက်နိုင်သူ အနုပညာရှင်တဦးအဖြစ် ထူးခြားသည်။

နေထိုင်ရာဒေသ

စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

(မြန်မာအွန်လိုင်းစွယ်စုံကျမ်းမှ …)

One comment

  • bigbird

    January 27, 2011 at 12:49 pm

    ကိုဇာဂနာ ထောင်မှအမြန်ဆုံးလွတ်မြောက်ပါစေ။

Leave a Reply