သတိပေးအကြောင်းကြားခြင်း

manawphyulayJanuary 27, 20111min23122

ယခု သတိထားသင့်သည်မှာ အင်တာနက်သရဲများအပြင် လမ်းတိုင်းတွင် ကြံ့ဖွံ့မှ ကျောက်တိုင်များ နယ်မြေနေရာများ အတော်များများတွင် စိုက်ထူလျက်ရှိနေပါသည်။ ဒီတော့ နဖူးပြောင်သောသူများ၊ ထိပ်ပြောင်နေသောသူများအတွက် သတိထားသင့်သူများ ကြိုတင်ရှောင်ရှားနိုင်ရန် နဖူးတွင် နယ်မြေလာရောက်သတ်မှတ်မည်မှာ မကြာခင်အချိန်အတွင်း ဖြစ်ပွားနိုင်ဖွယ်ရှိမည်လို့ ထင်မြင်မိပါကြောင်း သတိပေးပြောကြားလိုက်တာ ဖြစ်ပါတယ်။

22 comments

  • The Reds

    January 27, 2011 at 3:40 pm

    ဟုတ် တယ် .. ဟုတ် တယ် … 101 ဆံ ပင် ဆေး တွေ ဘာ တွေ သုးံ ကြ ဗျို.

    • mG

      January 27, 2011 at 5:49 pm

      ဟောဗျာ…..ကျွန်တော်ထင်တာကတော့…အဲ့လိုမဟုတ်လောက်ဘူး…။ပြောင်တဲ့လူတွေကို ဗိုလ်လုပ်ဖို့ ကမ်းလှမ်းမယ်….မရရင်၊ဥပဒေ တခုခုနဲ့ဖမ်းမယ်။ဒါပဲ..သိတယ်။……..

  • char too lan

    January 28, 2011 at 6:11 am

    ဪ…..စိတ်ပူတတ်လိုက်တာမနောရယ်……….. 🙂

  • etone

    January 28, 2011 at 7:36 am

    ဟုတ်ပါ့ ဘာစိတ်ကူးပေါက်တယ်မသိပါဘူး ဓါတ်မီးတိုင်တွေလိုက်လဲနေတယ်…။
    ဓါတ်တိုင်သေးသေးကားတိုက်တော့ ထက်ပိုင်းကျိုးပိရုံ ကတော်သေးတယ်.. အခု ဓါတ်တိုင်က အကြီးကြီးနဲ့ အရှည်ကြီးတွေ လေးမဲ့ပုံလည်း ပေါ်တယ်… အဲ့ဒါကြီးတွေ လဲလို့ကတော့ မလွယ်ချောပဲ ။

    • kai

      January 28, 2011 at 8:52 am

      ဘယ်လိုဓါတ်တိုင်တွေလည်း ..ကြည့်ချင်သား…။ သတ္တုလား၊ ကွန်ခရစ်လား၊ သစ်သားလားဆိုတာပေါ့..။
      ကြည့်ရတာ .. အင်ဖရာစရပ်ချာ ပြောင်းဖို့လုပ်ကြည့်နေတယ်ထင်ပါတယ်..။
      အရေးကြီးတာပေါ့..။
      တိုင်းပြည်က သဘာဝဓါတ်ငွေကနေ .. ရတဲ့ငွေယားလေးနည်းနည်းပိုလာပြီဆိုတော့ .. အင်ဖရာစရပ်ချာကစကိုင်တာ မှန်တယ်ထင်တာပါပဲ..။
      မီးကြီုး၊ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ အရင်စမြင့်တင်ရမယ်လေ…။
      ==
      ဂျပန်ကတော့ .. ဧရာမဓါတ်တိုင်တွေကို .. ကွန်ခရစ်ရယ်..။ သတ္တုတမျီုးရယ်နဲ့လုပ်တယ်..။
      ယူအက်စ်ကတော့ .. ထူးထူးဆန်းဆန်း.. သစ်သားတိုင်ကြီးတွေနဲ့လုပ်တယ်ဗျ..။
      ဧရာမသစ်ပင်ရှည်ကြီးတွေကို .. အပင်လိုက်..လာစိုက်ထားတာ…။
      ဘယ်လိုလုပ် .. အဲဒီအပင်ကြီးတွေ ..တဖြောင့်တည်းဖြစ်အောင်စိုက်လိုက်သလဲ.. ဘယ်နေရာတွေမှာ ဒီလောက်များများစိုက်ထားသလဲ.. အခုထိ စဉ်းစားလို့ကို သဘောမပေါက်နိုင်သေးဘူး..။

  • လင်းဝေကျော်

    January 28, 2011 at 8:41 am

    အီးတုံးတို့ကတော့ လူကောင်သေးတော့ ကြီးကြီးမြင်ရင်ကြောက်နေတော့တာကိုး

    • etone

      January 28, 2011 at 9:05 am

      ဦးလေး သေချင်ပြီလား….. ဟွန်း ။
      အီးတုံးကို လူကောင်သေးတယ်လို့ ဘာကြည့်ပြီး ပြောတာလဲ … ။
      ကြီးကြီးမြင်ရင် ကြောက်တာ ဦးလေးလေ..။ ကြီးကြီး က ထမင်းချက်ခိုင်းထားတာကို မချက်ပဲ ဒီမှာလာရေးနေတော့ အခု ကြီးကြီးရွာပတ်ပြီး လိုက်ရှာနေတယ် ။ မိရင်တော့လား အသစ်စိုက်ထားတဲ့ ဓါတ်တိုင်ထိပ်မှာ ကြိုးနဲ့ချည်ပြီး နေလှမ်းထားမယ်တဲ့ … 😀

  • etone

    January 28, 2011 at 9:09 am

    ကိုခိုင်ရေ ဓါတ်တိုင်က ကွန်ကရစ်တိုင်ကြီးတွေပါ .. အရင်ကလို အပွအမျိုးစားမဟုတ်ပဲ ကွန်ကရစ်က တော်တော်လေးကျစ်ပါတယ်.. အရှည်ကလည်း အရင်က တိုင်ထက် တစ်ဝက်ကျော်ပိုမြင့်ပါတယ်.. လုံးပတ်ကတော့ အရင်ထက် လေးငါးလက်မလောက်ပဲ ပိုကြီးမယ်ထင်တယ်… ။ အောက်ခြေခိုင်အောင်မဆိုက်နိုင်လျှင်တော့.. အန္တရာယ်ရှိပါတယ် ။

    • hello! everybody

      January 28, 2011 at 12:07 pm

      အေးဗျာ ရှည်ရင်ကောင်းပါတယ် မဟုတ်ရင်အိမ်ဘေးအရိပ်ရအောင်သစ်ပင်စိုက်ထားတာ ဓါတ်ကြိုးနဲ့မလွတ်လို့ဆိုပြီး လှဲလှဲပေးနေရတယ်။

  • ကြယ်လေး

    January 28, 2011 at 12:52 pm

    ယိုးဒယား က ဓာတ်တိုင် ကို အောက်ခြေ လေးထောင့်လုပ်တယ်

    လေးထောင့်တိုင် က မြွေ ပတ်ပြီးတက်လို့မရဘူး တဲ့

    ဓာတ်တိုင်ပေါ်မြွေတက် ပြီး ရှော့ဖြစ်တာ လူပေါ်မြွေကျတာတွေ ကင်းအောင်တဲ့

    မြန်မာပြည် မှာ လဲ အရင် ခေတ်က ဓာတ်တိုင်တွေ ကလေးထောင့်

    နောက်တော့ အလုံးတွေ ဖြစ် ကုန်တယ်

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 28, 2011 at 3:04 pm

    ပြောရဦးမယ် မီးတိုင်ဆိုလို ့
    ကြာပြီ
    မေ့လုနီးပါးတောင်ဖြစ်နေပြီ
    စင်္ကံာပူမှာ
    ဂျိုဒေါင်းထဲမှာ သင်္ဘောဒေါက်တင်တဲ့ နေရာဝန်းကျင်
    ကွန်တိန်နာဆိုက်တွေလဲရှိတယ်
    အဲ့သည်မှာ
    မှောင်ခိုလှေနဲ ့လိုက်လာတာ ( မှောင်ခိုလှေအကြောင်းကို နောင်ကြုံလျှင်ပြောပါမည် ( စကားချပ်) )
    တောသားဂိုဗျ
    ကိုယ်နားလည်သလောက်က မီးတိုင်ဆိုတာ မီးကြိုးရှိတာပေါ့လေနော
    အဲ့သည်က မီးတိုင်မှာ မီးကြိုးမရှိဘူးဗျို ့
    ဘယ်လိုပါလိမ့်ပေါ့
    အခြားတစ်ယောက်နဲ ့ဆွေးနွေး သုံးသပ်နေတာ
    မီးတိုင်မှာ မီးကြိုးမရှိတဲ့အကြောင်း
    ဘယ်လိုမှ အဖြေမထွက်ဘူး
    နောက်မှသိရတယ် မြေကြီးထဲမှာ ကြိုးတွေမြှုပ်ထားတာတဲ့
    ဪ…
    လို ့
    ဒါတောင် ဆက်ပြီး တွေးခေါ်လိုက်သေးတယ်
    ဉာဏ်ထက်တာဂိုး
    မီးကြိုးတွေ ကြွက်ကိုက်မှာတို ့
    ရေဆိုမှာတို ့မပူရဘူးလား
    ရေဆိုရင် ရှော့လိုက်တတ်တယ်လေ
    နောင်များကြုံရင် ကုန်တိုက်ထဲလည်လည်သွားခြင်းနဲ ့
    အခြားအကြောင်းများ ပညာပေးပါမည်။

  • ဆူး

    January 28, 2011 at 3:26 pm

    အီးတုံး ပြောတဲ့ ဓါတ်တိုင်တွေ မတွေ့မိဘူး အိမ်ထဲက အပြင် သိပ်မထွက်လို့လား မသိဘူး။ ထူးခြားဖြစ်စဉ် သိပ်မသိဘူး။

  • kopauk mandalay

    January 28, 2011 at 4:09 pm

    အခုထွင်နေပါပြီ မြေထဲလဲ မြုှတ်စရာမလို တိုင်ထောင်စရာမလိုတဲ့
    လေထဲ က နေ လွှင့်ပေးတယ် လျှပ်စစ်ဓါတ်ကို အိမ်ထဲက စက်ကလေး တစ်လုံးနဲ့ ဖမ်းယူရုံဘဲ။
    ကောင်းမှကောင်း

    • kai

      January 28, 2011 at 9:19 pm

      ကိုပေါက်ရေးတာ..အချဉ်တော့ မဟုတ်ဖူး..။
      အဲဒါ.. သိပ္ပံပညာရှင်တွေ တကယ်စမ်းသပ်နေကြတာ..။
      နည်းနည်းတော့ အောင်မြင်နေပြီ..။ အဝေးကြီးမရသေးတာပဲ..။
      http://www.gadgetgrid.com/2009/01/10/powermat-wireless-power-charging/
      မှာကြည့်ပေါ့..။

      အဲဒါအောငြ်မင်ရင် ..ကမ္ဘာကြီး တော်တော်မျက်စိရှုပ်သက်သာသွားမယ်..။
      အိမ်မှာရှိတဲ့ ဝါယာကြိုးတွေတခုမှ မလိုတော့ဘူးပေါ့..။
      ကြေးနီသတ္တုတွေလည်း ပိုလျှံလာမယ်ဖြစ်ခြင်း..။

      ဆိုတော့ ..
      သိပ်မဝေးတော့ပါဘူး..လူတွေ.. လမ်းလျှောက်ရင်း ..ဓါတ်လိုက်ဖို့.. 🙂

  • ကွန်ကရစ်တိုင်ကြီးတွေက ခန့်မှန်း ၂၅ပေလောက်ရှိမယ်။ ဒါပေမယ့် မြေကြီးကို တူးပြီး ဒီအတိုင်းစိုက်ထားတယ်။ မဆလာလည်းမလောင်းဘူး။ မြေကြီးထဲမှာ ဒီအတိုင်းစိုက်ထားတာ။ လဲကျဖို့များတယ်။ ခုတောင်ယိုင်ချင်နေပြီ။ မြေကြီးကို နက်နက်လည်း တူးမထားဘူး။ မြို့စုတ်ကလေးဆိုတော့ မင်းတိုင်းကျေလုပ်နေကြ သလားမသိပါဘူး။ ပြီးပြီးရောပေါ့။ အနာ္တရယ် တော်တော်ကြီးတယ်။

    • kai

      January 28, 2011 at 9:21 pm

      အဲဒါ ဓါတ်ပုံရိုက်ထားပြီး .. မှတ်တန်းတင်ထားသင့်တယ်..။
      အောက်မှာ ..ဘေ့စ်မထားပဲ.. ဒီအတိုင်းစိုက်တာကို အမိအရ ခိုးရိုက်ပေါ့…။

      • etone

        January 29, 2011 at 5:10 am

        ကိုခိုင်ပြောသလိုပဲ … အ ီးတုံးမှာ အဲ့လို အကျင့်ရှိတယ် ။ ရောက်လေရာမှာ ဓါတ်ပုံရိုက်မှတ်တမ်းတင်တာလေ ။ ဂေဇက်ပေါ်တင်ပြီး ဖွမယ်ချည်းပဲတွေးနေတာ ..။ တစ်ချို့ဟာတွေက ခိုးရိုက်မှ အဆင်ပြေတာလေ ။ ကင်မရာကြီးထုတ်ရိုက်တော့ သူများက ဆဲမှာပေါ့…။ အ ခုတော့ ဖုန်းနဲ့ခိုးရိုက်မလို့စဉ်းစားနေတယ် ။ ခက်တာက ပုံတင်ရတာ အဆင်မပြေတာပါပဲ ။

  • ဘာ infrastructure မှမဟုတ်ပါဘူး။ ကျွန်တော်တို့မြို့ကလေးမှာ ခုဆိုရင် အင်တာနက်ကို ဝါယာလက်နဲ့သုံးတဲ့သူတွေကို စာရင်းကောက်မယ်တဲ့။ အိမ်သုံးသမားတွေက နိုင်ငံရေးနဲ့ဆိုင်တာတွေ ရေးကြလို့တဲ့။ ဆိုင်မှာဆိုရင် ငွေကြောင့်ရော၊ cctv ကင်မရာကြောင့်ရော၊ နိုင်ငံရေးနဲ့ဆိုင်တာတွေ ရေးတဲ့လူ မရှိဘူးလေ။

  • MaMa

    January 29, 2011 at 1:14 am

    ဒါဆို ကြားထားတဲ့သတင်းက မှန်နေပြီလားမသိဘူး။ ရန်ကုန် မီးမပျက်တော့ဘူးဆိုတာ။

  • cobra

    January 29, 2011 at 8:09 am

    မီးကဒီလကုန်ရင်ပျက်မှာ…
    အချိန်နဲ့ပေးမှာတဲ့…
    ဓာတ်တိုင်တွေကတော့ရပ်ကွက်တိုင်းမှာလိုက်ထောင်နေတာပဲ
    မီးကလဲပျက်နေဦးမှာပဲ….။

  • Yin Nyine Nway

    January 29, 2011 at 11:19 am

    ဓါတ်တိုင်လုပ်တာက 1နှစ်..
    ထောင်တာက 1နှစ်
    မီးပေးဖို့ ယာနေတာက 1နှစ်
    လျှောက်လွာခေးမှာက 1နှစ်
    သူက ဘယ်နှစ်စာ စီမ့ကန်းလဲမှ မသိတာ
    တော်ကြာ ထောင်သာထောင်ပြီး လူကြီး လာကြည့် ပြန်ဖြုတ်ဖြစ်နေအုန်းမယ်

  • k-kay

    January 29, 2011 at 2:43 pm

    ရန်ကုန်မှာမီးမှန်နေပြီလား???

Leave a Reply