ဟောင်ကောင်မှ နဂါးရေဆင်းသောက်တဲ့ အပေါက်

ဆူးJanuary 27, 20111min17218


ဟောင်ကောင်မှ လူတွေ တော်တော် များများက ဖုန်းရွှေ ကို အရမ်းယုံကြည်ကြပါတယ်။ အခု ပြထားတဲ့ တိုက်အပေါက်ပါတာကတော့ အလှ ဒီဇိုင်း ထွက်ထားတာ မဟုတ်ပါဘူး။ တောင်ပေါ်မှာ နေတဲ့ နဂါး ရေဆင်းသောက်ရင် မလွတ်မှာ စိုးလို့ အပေါက်ဖောက်ပေးထားတာ ဖြစ်ပါတယ်။ ပင်လယ်ကမ်းစပ်မှာ ရှိတဲ့ တိုက်ကြီးတွေ တောင်နဲ့ အနီး တဝိုက် ကြီးမားတဲ့ တိုက်ကြီးတွေမှာ ဖောက်ထားတာ ဖြစ်ပါတယ်။
ထူးဆန်းတာက အဲဒီ နေရာတွေက အိမ်ခန်း သိပ်ဈေးကြီးတယ်လို့ ပြောတယ်။ ဖုန်းရွှေ ကိုက်လို့ အဲဒီ တိုက်ခန်းတွေမှာ နေတဲ့လူတွေက စီးပွား အရမ်းတိုးတက်ကြတယ်လို့ ယုံကြည်ကြတယ်။
ပထမ စစချင်း ဒီလို ဖောက်ဖြစ်သွားတာကတော့ Victoria Peak ဆိုတဲ့ တောင်နားမှာ ဆောက်တာ တိုက်က အဆင်မပြေဘဲ ခဏခဏ ပျက်တာမျိုးတွေ ဖြစ်လာတော့ ဆရာတွေနဲ့ တွက်ချက်ကြည့်တော့ အပေါက်ဖောက်ရင် တိုက် အဆင်ပြေမယ် ဆိုပြီး ဖောက်လိုက်တာ လို့ ပြောတာ ကြားမိတယ်။ သူတို့ ယုံကြည်တာကတော့ နဂါး ရေဆင်းသောက်တဲ့ အချိန် တိုက်နဲ့ မလွတ်ဘဲ ဝင်တိုက်တိုက်သွားလို့ ထင်ကြတယ်။

18 comments

  • :)

    January 27, 2011 at 10:13 pm

    ဟီဟီ ကြည့်ရတာ နဂါးက သိပ်မကြီးသလိုပဲ

    • ဆူး

      January 28, 2011 at 5:50 pm

      နဂါး သိပ်ကြီး မကြီးတော့ မသိဘူး သူတို့ ဖောက်ထားတဲ့ အပေါက်က ၅ထပ် ၆ထပ် စာလောက် ရှိတယ်။ သိပ်ဝေးလွန်းနေလို့ သေးသွားတာပါ။ အဲဒီ အရစ်ကလေးတွေက တရစ်ကို တထပ်ပါ။ တိုက်တွေက ရာဂဏန်းလောက် ရှိအောင် ဆောက်ကြတာပါ။ အနီးကပ်ကြည့်ရင်တော့ တော်တော် ကြီးပါတယ်။

  • yuyu

    January 28, 2011 at 3:54 am

    ဆူးရေ ကျေးဇူးပဲနော် ဆူးမပြောရင်သိမှာမဟုတ်ဘူး ဘာအတွက်ဖောက်ထားတာလဲလို့ပဲတွေးနေမိမှာ

  • bigcat

    January 28, 2011 at 4:58 am

    ကိုကြောင်ကြီးတောင် နဂါးမလေးအတွက် အခန်းကျယ်ကြီးတခန်း အပေါ်ဆုံးထပ်မှာ ဝယ်ထားသေးတယ်။ ဘယ်သူမှလျောက်မပြောနဲ့နော်။ ရေသောက်ဆင်းတဲ့ နဂါးကြီးရဲ့ သမီးတော်လေးမိုလို့ပါ။

    • ဆူး

      January 28, 2011 at 8:02 am

      နဂါးမလေးကို အင်ဒါဗျူးပြီးပြီ.. ရေကူးကန်ရှိမှ လာမယ်တဲ့ နဂါးမလေးက ရေချိုးပြီး အိမ်ပြန်မှ ခမည်းတော် ယုံမှာတဲ့နော်။

  • moethidasoe

    January 28, 2011 at 5:53 am

    တို့ဆီက ပုဂ္ဂိုလ်တွေလဲ ဖုန်းရွှေကို သိပ် ယုံကြပါတယ် .. မှူးကြီးလဲ သူ့ အိမ်ကို ဖုန်းရွှေတွေ လုပ်နေတယ် .. အနိမ့်ဆုံးက လူတွေလဲ လုပ်ကြတာပဲ .. အိမ် အပြင်ဖက်မှာ မှန်ကလေးတွေ ချိတ်ထားတာ တွေ့ဖူးမှာပေါ့ .. ဖုန်းရွှေပဲ .. အားကိုးရှာကြတာပေါ့ .. တရုတ်ကားတွေမှာ တွေ့ဖူးနေသားပဲဟာ

  • ဆူး

    January 28, 2011 at 7:49 am

    ဟောင်ကောင်မှာ ဖုန်းရွှေ ဘယ်လောက်ယုံလဲ ဆိုရင် အချမ်းသာဆုံး အမျိုးသမီးက သေတော့ ဖုန်းရွှေဆရာကို အမွေလွဲပေးခဲ့တယ်။ အဲဒီ အချမ်းသာဆုံး အမျိုးသမီးကလည်း သူယောကျားဆီကနေ တဆင့် အမွေရပြီး ချမ်းသာလာတာပေါ့။ အမျိုးသမီးက သေတော့တောင် ဆရာကိုပေးတယ်ဆိုတော့.. ဆရာဘဲတော်တာလား.. ဟိုဒင်းဟိုဟာ ကိစ္စများ ရှိလေမလား တွေးကြတယ်။

  • cobra

    January 28, 2011 at 8:18 am

    နပါးကအကောင်သေးလို့အပေါက်ကသေးသေးပဲဖောက်ထားတာလား…
    နဂါးအကောင်ကြီးကြီးတွေ ့ရင်ပြောလိုက်ပါ..တားတားချားချင်တယ်ရို ့..။

    • အာဖျံ ကွီး

      January 28, 2011 at 10:52 am

      အယ် … မြွေဟောက် … မင်းကွာ
      အမျိုးတူသားစားချင်ရတရ်လို. …. ကြံကြံဖန်ဖန်ချင်ခြင်းတက်နေတရ် …
      ကိုယ်ဝန်ဘယ်နှလရှိပီလဲကွ … ဟီးးး

    • ဆူး

      January 28, 2011 at 3:11 pm

      ကွီးတော့ ပေါက်ပေါက် ရှာရှာ တယ်ပြောတတ်ပါလား။ မြွေဟောက်ဆိုတာ ဥလား မဥဘူးလား မသိပေမဲ့ မြွေပွေးလိုမျိုးဆိုရင်တော့ အကောင်လိုက်ပေါက်တာ။ ပေါက်လိုက်ရင် အကောင်တွေ အားကြီးဘဲ အပ်လောက်ဘဲ ရှိတယ် ဆိုလား

  • char too lan

    January 28, 2011 at 10:37 am

    ဟုတ်တယ် တပ်ရှုပ်ကြီးတင်မဟုတ်ဘူး အဆင့်အကဲတော်တော်များများကလဲ ဖုန်းရွှေ မှ ဖုန်းရွှေဖြစ်နေကြတယ်

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 28, 2011 at 4:53 pm

    သူတို ့နဂါးက တောင်ပေါ်မှာနေတယ်ဆိုတော့
    ရေငတ်တာပေါ့လေနော
    ဒို ့နဂါးက ရေထဲမှာနေတာဆိုတော့ ရေမငတ်ဘူး
    တရုပ်နဂါးနဲ ့ဗမာနဂါး ဖိုက်တင်ပေးရင်
    ဘယ်နဂါးနိုင်မယ်ထင်လဲ

  • ဆူး

    January 28, 2011 at 5:24 pm

    တရုတ် နဂါးက ခြေထောက် ရှိတယ် မြန်မာ နဂါးက ခြေထောက် မရှိဘူး။

  • char too lan

    January 29, 2011 at 6:36 am

    မြောက်ကိုရီးယားကနဂါးနိုင်သွားပါတယ်ဗျာ……………. 🙂

  • Yin Nyine Nway

    January 29, 2011 at 11:25 am

    နဂါးနဲ့ တီကောင်မှားမြင်ပြီး အပေါက်ကို သေးသေးဖေါက်ထားတာလားမှမသိတာ

  • ဆူး

    January 29, 2011 at 12:01 pm

    အပေါက်က မသေးပါဘူး အထပ် ၅ထပ် ၆ထပ် လောက် မြင့်တယ် တိုက်တွေမှာ ဖောက်ထားကြတာ.. တိုက်တွေက ရာဂဏန်း ရှိတဲ့ တိုက်တွေ ဆိုတော့ အဝေးက အားလုံးမြင်အောင် ရိုက်မှတော့ ဒီလောက်ဘဲ မြင်မှပေါ့.. အကွာ အဝေးကြောင့် အမြင်အရ သေးသလို ဖြစ်တာပါ။

Leave a Reply