Giant Buddha (Tian Tan) ဟောင်ကောင်မှ ဘုရားကြီး

ဆူးJanuary 27, 20112min954

ဒီတခါ ဟောင်ကောင်ကို ခရီးထွက်ကြရအောင် Giant Buddha လို့ခေါ်တဲ့ တောင်ထိပ်မှာ သီတင်းသုံးနေတဲ့ ဂျပန်က ကမာကိုရာ ဘုရား ပုံစံနဲ့ တူတဲ့ မဟာယန ဘုရားကြီး တစ်ဆူ ဖြစ်ပါတယ်။


Lantau Island လမ်းတောင်း ကျွှန်း မှာ တည်ရှိပြီး အကြီးဆုံး ကျွှန်းလည်းဖြစ်ပါတယ်။ တောင်ပေါ် အထိ လမ်းလျှောက်ပြီး တက်နိုင်သလို ကားနဲ့လည်း တက်နိုင်ပါတယ်။ တောင်ပေါ်ကနေ ဘုရား ပုလ္လင် ခြေရင်း အထိကိုတော့ လှေကားနဲ့ တက်ရတာ ဖြစ်ပါတယ်။


ဘုရားကြီး ပုလ္လင်နားမှာ ရှိတဲ့ နတ်သမီးရုပ်တွေဖြစ်ပါတယ်။


အဝေးကြီးက ရိုက်ထားတဲ့ ပုံ ဖြစ်ပါတယ်။


ဘုရား အောက်တည့်တည့်က နေကြည့်ရင် ထိုကဲ့သို့ပါဘဲ နီးလွန်း ကြီးလွန်းလို့ သေချာ မကွဲတော့ဘူး

ဘုရားကြီး ခြေရင်းမှာတော့ ပိုလင် ဘုန်းတော်ကြီး ကျောင်း ရှိပါတယ်။ တရုတ်ဘုန်းကြီး ကျောင်း ဖြစ်တဲ့ အတွက် သတ်သတ်လွတ်စားတဲ့ ကျောင်းဖြစ်ပါတယ်။ အဲဒီမှာ ထမင်းစား လက်မှတ်ဝယ်ပြီး ဘုရားကြီး ပေါ် တက်မယ်ဆိုရင်တော့ ဘုရားပုလ္လင်အောက်မှ အပေါက် ရှိပါတယ် အတွင်းထဲကို ဝင်ခွင့်ရပါတယ်။ အတွင်းမှာတော့ ဓါတ်ပုံ ရိုက်ယူခွင့်မရှိပါဘူး။ အတွင်းမှာတော့ ဓါတ်တော် ရှိတယ် ဆိုလား ပြောပါတယ်။ ဖန်ပေါင်းချောင်လေး ကို သေချာ ကြည့်ရင် ဘုရားပုံပေါ်တယ်လို့ ပြောတယ်။ ဘုရားပုံကတော့ စိတ်သဘောထား ကောင်းသူလို့ ပြောရမလား သီလ ကောင်းသူလို့ ပြောရမလား ကုသိုလ်များသူလို့ ပြောရမလားတော့ မသိတော့ဘူး အဲဒီလို ကောင်းတဲ့လူ ကြည့်ရင် ဘုရားပုံပေါ်တယ်လို့ ပြောတာ ဖြစ်ပါတယ်။ ကြည့်တော့ ကြည့်ခဲ့တာဘဲ ဖန်ပေါင်းချောင်ကို ဖန်ပေါင်းချောင်လို့ဘဲ မြင်လာခဲ့တယ်။
တရုတ်တွေက ထူးဆန်းတာ ဘုရားပုံကို ဓါတ်ပုံရိုက်တာ လုံးဝ မကြိုက်ပါဘူး။ ဘာလို့လဲ မသိဘူး သူတို့ မေးတော့ ဘုရား မျက်စိ ကျိမ်းမှာ စိုးလို့ ဆိုလား တွေ့ကရာ လျောက်ဖြေတာဘဲ။ ဓါတ်ပုံ ရိုက်ခွင့် တားမြစ်တဲ့ ဘုရားတွေက သူတို့ တန်ခိုးကြီးတယ်လို့ ယုံကြည်တဲ့ ဘုရားတွေ ဖြစ်နေပါတယ်။

ဘုရားကြီး ကိုယ်လုံးတော် အမြင့်က ၈၅ပေ (၂၆မီတာ) ရှိပါတယ်။ ဘုရားကို တက်တဲ့ လှေကား အထစ်အရေ အတွက်ကတော့ အထစ် ၂၅ဝ ရှိပါတယ်။
ဘုရားကြီး ရှိတဲ့ ကျွှန်းကို တော့ ကေဘယ်ကားနဲ့ ကောင်းကင် ခရီးနဲ့ အခြေဆန့်ပြီး သွားနိုင်ပါသေးတယ်။

ဘုရား အောက်ခြေမှာ ရှိတဲ့ ဘုန်းကြီးကျောင်းကို ယခုလို မြင်နိုင်ပါတယ်

ဘုန်းကြီး ကျောင်း အတွင်းမှာတော့ ထမင်းစား လက်မှတ်ဝယ်ထားရင်တော့ ထမင်းစားပြီး အေးဆေး အနားယူလို့ ရပါတယ်။ အပေါ်တက်ထားတာ ခြေညောင်းနေတဲ့ သူတွေ အဖို့တော့ အမောပြေ နားနေနိုင်ပါတယ်။ အိမ်သာတွေ ပါတွေ ရှိပါတယ်။


ဘုန်းကြီး ကျောင်းမှာတော့ ထုံစံ အတိုင်း အမွေးတိုင်တွေ ထွန်းကြတာ မီးခိုး မှိုင်းတိုက်သလား အောက်မေ့ရလောက်အောင်ကို သိပ်ထွန်းကြပါတယ်။


ဘုန်းကြီးကျောင်းထဲမှာ လက်မှတ်ဝယ်ထားရင် စားရတဲ့ သတ်သတ်လွတ် ဟင်းပွဲ ဖြစ်ပါတယ်။
စားရတာ သတ်သတ်လွတ်ဆိုပေမဲ့ စားလို့ ကောင်းပါတယ်။

4 comments

  • ဆူး

    January 28, 2011 at 8:20 am

    တခြား ကျန်ရှိတဲ့ ခရီးသွား ပိုစ်တွေ တင်ပေးပါအုန်းမယ်။

  • weiwei

    January 31, 2011 at 2:40 pm

    တရုတ်ပြည် စီချွမ်ပြည်နယ်မှာ အခုဘုရားပုံတော်ထက်ပိုကြီးတဲ့ မဟာဘုရားကြီးရှိတယ် … ဓါတ်ပုံတွေပြန်ရှာပြီးရင် ပြအုန်းမယ် …

  • ဆူး

    January 31, 2011 at 2:49 pm

    တင်ပါ ပြပါ.. မမြင်ဘူးတာတွေ မြင်ရသိရ တော့ ဗဟုသုတ တခု တိုးတာပေါ့။
    အခု ပြထားတဲ့ ဘုရားကတော့ ဟောင်ကောင်မှ အကြီးဆုံး ဘုရားပေါ့။

Leave a Reply