Canada နိုင်ငံ Nova Scotia မှ အသက် ၅၇ နှစ်အရွယ် Hokey အမည်ရှိ အမျိုးသား တစ်ဦးသည် သူ၏ ဖျော်ဖြေရေးစက်ရုပ် ချစ်သူ ၆ ဦးနှင့်အတူ ဒေါ်လာ ၂၆၀၀၀ အကုန်အကျခံကာ အင်္ဂလန်နှင့် အမေရိကန်သို့ အပျော်ခရီး ထွက်ခဲ့ကြောင်း သိရသည်။

Hokey သည် အသက် ၂ နှစ်အရွယ် သားတစ်ယောက်၏ ဖခင်တစ်ဦးဖြစ်ပြီး ထိုသို့ ပြုလုပ်ခြင်းကို သူ၏ ဇနီးသည်က ဝါသနာ တစ်ခုအနေဖြင့် နားလည်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ အလုပ်မှ အားလပ်ရက်အတွင်း သူ၏ ဆီလီကွန် စက်ရုပ်ချစ်သူ Bianca နှင့်အတူ ၃၂၃၉ ဒေါ်လာခန့် ကုန်ကျသော ကောင်းကင် ဒိုင်ဗင်ထိုးခြင်း၊ မြင်းစီးခြင်း နှင့် Harley Davidson ဆိုင်ကယ် အတူစီးနင်းခြင်းများ ပြုလုပ်ခဲ့သည်။

“ကျုပ်ရဲ့ ပထမဆုံး စက်ရုပ်ချစ်သူကို ၂၀၀၆ ခုနှစ်၊ နိုဝင်ဘာလမှာ ဝယ်ယူခဲ့ပါတယ် …… သူတို့ဟာ အရမ်းကို ချစ်စရာ ကောင်းပါတယ် ……. ကျုပ်အထင်တော့ ဒီအရုပ်တွေဟာ အရမ်းကို ချောမောလှပပြီး အဲဒါကို မဟုတ်ပါဘူးလို့  ငြင်းဆိုတဲ့သူဟာ လိမ်ပြောတာပဲ ဖြစ်ပါလိမ့်မယ်” ဟု သူက ပြောဆိုခဲ့သည်။

Hokey သည် သူ၏ စက်ရုပ်ချစ်သူများအတွက် ၂၀၂၆ ဒေါ်လာ တန်ဖိုးရှိသော ဝတ်စုံများကို ဝယ်ယူကာ ဝတ်ဆင်စေခဲ့သည်။

Source: The Korean Herald/ ANN, Published Jan 27 2011

About Zaw Wonna

Zaw Wonna has written 107 post in this Website..

မော်လမြိုင်သား ပါခင်ဗျာ။ စာဖတ်တာကို ဝါသနာပါပြီး စာရေးဖို့ ကြိုးစားနေတာပါ။ လိုအပ်ချက်တွေကို ဝေဖန်ထောက်ပြ ပေးမယ်ဆိုရင် ကျေးဇူးတင်စွာနဲ့ လက်ခံလိုပါတယ်။