Ahlong.jpg
အရှုံးမပေးဘူးဟေ့  !!!!
Ah Long making a fire to cook dinner

တရုတ်နိုင်ငံမှ အသက် ၆ နှစ်အရွယ်ရှိ အိတ်ခ်ျအိုင်ဗီ ပိုးကူးစက်ခံရသည်ကလေးငယ်တစ်ဦးဟာ ၎င်းရဲ့ မိဘနှစ်ပါးစလုံး အေ့ ဒ်စ် ရောဂါနှင် သေဆုံးသွားခဲ့ ပြီးကတည်းက တစ်ယောက်တည်းနေထိုင်ခဲ့ ရလျှက်ရှိနေခဲ ပါတယ်….
အားလုံ ဟုခေါ်သည့် သားငယ်လေးဟာ ၎င်းကိုယ်တိုင်ပင် ချက်ပြုတ်၊ လျှော်ဖွပ်ကာ စာကိုလည်း ကိုယ်ဘာ သာကိုယ်ပင် ကိုယ်တိုင်လေ့ လာရကာ တစ်ပိုင်တစ်နိုင်အဖြစ် ကြက်အကောင်ရေအနည်းငယ်ပါ မွေးမြူထားခဲ့ ပါသေးတယ်…။

Ahlong2.jpg
မီးစိုက်ဖို့ ထင်းလည်း ကိုယ့် ဘာသာကိုယ်ပဲ တောင်ပေါ်ကနေသွားရှာပြီး သယ်ရပါတယ်…
Ah Long carrying firewoods down the mountain path to his home

သူကလေးဟာ တရုတ်နိုင်ငံ၊ ဂွမ်စီပြည်နယ်၊ လျူကျိုးအရပ်ရှိ မာလုတောင်ခြေရွာကလေးရှိ ၎င်းရဲ့ မိဘများ နေထိုင်ခဲ့ တဲ့ အိမ်မှာပဲ ဆက်လက်နေထိုင်လျှက်ရှိတာဖြစ်ပါတယ်…
အားလုံ မှာအသက် ၈၄ နှစ်အရွယ်ရှိ အဘွားတစ်ယောက်ရှိပြီး၊ ထိုအဘွားကတော့ သူ့ ဆီကိုမကြာခဏရောက်လေ့ ရှိကာ ချက်ပြုတ်ပေးလေ့ ရှိပါတယ်…။
Ahlong3.jpg
ပျော်စရာ အဖော်ဆိုလို့ ဘ၀မှာ လောင်ဟေး တစ်ကောင်ပဲ ရှိပါတယ်…
Ah Long playing with Lao Hei in front of their house

အဘွားဟာ အားလုံ အတွက် သူ့ ရဲ့ အိမ်အနီးမှာ ဟင်းသီးဟင်းရွက်အပင်ကလေးတွေလည်း အနည်းငယ်စိုက်ပေးထားပါတယ်….
အားလုံ ကလေးဟာ အေ့ ဒ်စ် ဆိုတာဘာလဲဆိုတာတောင်မသိရှာသေးပါဘူး…
သူသိတာဆိုလို့  သူ့ ရဲ့ သူငယ်ချင်းတွေက သူ့ အနားကိုမလာချင်ကြတာရယ်၊ ဆရာဝန်တွေက သူ့ ရဲ့ အနာလေးတွေကို ကုမပေးချင်ကြတာတွေရယ်၊ သူ့ ရဲ့ တစ်ဦးတည်းသော အားကိုဖွယ်ရာ မိသားစုဝင် ဖြစ်တဲ အဘွားဖြစ်သူကလည်း သူနှင့်အတူ နေဖို့ ငြင်းဆန်ခဲ့ တယ်ဆိုတာပါပဲ…
သူ့ ကိုလက်ခံဖို့ အနီးအနားက မူလတန်းကျောင်းကလည်း ငြင်းဆန်ခဲ့ ပါတယ်…
သူ့ ဘ၀မှာ အဖော်ဆိုလို့  လောင်ဟေး လို့ ခေါ်တဲ့ ခွေးတစ်ကောင်ပဲရှိပါတယ်…။
Ahlong4.jpg

တစ်ယောက်တည်းလည်း ….အားမငယ်ပါဘူး…ဘ၀ရှေ့ ရေးအတွက် စာတတ်အောင်လေ့ လာရတယ်….
Ah Long studying in his room alone

ဇတ်လမ်းရှုပ်ခဲ့ တဲ့ မိသားစုနောက်ကြောင်းရာဇ၀င်ကြောင့် လည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးဌာနအနေနဲ့  သူကလေးကို စောင့် ရှောက်ဖို့ လက်မခံခဲ့ ပါဘူး…
သူကလေးဟာ လူမှုဖူလုံရေးဌာနမှ လစဉ်ထောက်ပံ့ ကြေး ၇၀ ယွမ် ( ၁၀ ဒေါ်လာကျော်ခန့် ) ရပေမယ့် လည်း မလောက်ငှရှာပါဘူး…။

အားလုံ ကလေးရဲ့ အကြောင်းကို တရုတ်နိုင်ငံ သတင်းစာများမှာ ဖော်ပြခဲ့ ပြီးနောက် ဇနီးမောင်နှံနှစ်ဦးကတော့ ၎င်းတို့ အနေနဲ့ သူလေးကို မွေးစားမယ်လို့ ကြေငြာပြောဆိုခဲ့ ပါတယ်…ဒါပေမယ့် ယခုအထိတော အကောင်အထည်မဖော်နိုင်သေးပါဘူး…။ ရက်စက်လွန်းလှတဲ
့ကံကြမ္မာရယ်…. အပြစ်မဲ့ တဲ့ ကလေးငယ်ကိုမှပဲ
ရက်စက်နိုင်လွန်းပါပေတယ်….

သူငယ်ချင်းပို့ပေးတာလေးပါရှင်… မျှဝေလိုက်ပါတယ်။

manawphyulay

About manawphyulay

manawphyu lay has written 937 post in this Website..

I like Design. I am writing blog. http://www.manawphyulay.blogspot.com အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။