ခြောက်နှစ်အရွယ် ကလေးတစ်ယောက်ရဲ ့အထီးကျန်ဖြတ်သန်းရတဲ့ဘဝ…

manawphyulayFebruary 1, 20111min10410
Ahlong

Ahlong.jpg
အရှုံးမပေးဘူးဟေ ့ !!!!
Ah Long making a fire to cook dinner

တရုတ်နိုင်ငံမှ အသက် ၆ နှစ်အရွယ်ရှိ အိတ်ချ်အိုင်ဗီ ပိုးကူးစက်ခံရသည်ကလေးငယ်တစ်ဦးဟာ ၎င်းရဲ ့မိဘနှစ်ပါးစလုံး အေ ့ဒ်စ် ရောဂါနှင် သေဆုံးသွားခဲ ့ပြီးကတည်းက တစ်ယောက်တည်းနေထိုင်ခဲ ့ရလျှက်ရှိနေခဲ ပါတယ်….
အားလုံ ဟုခေါ်သည် ့သားငယ်လေးဟာ ၎င်းကိုယ်တိုင်ပင် ချက်ပြုတ်၊ လျှော်ဖွပ်ကာ စာကိုလည်း ကိုယ်ဘာ သာကိုယ်ပင် ကိုယ်တိုင်လေ ့လာရကာ တစ်ပိုင်တစ်နိုင်အဖြစ် ကြက်အကောင်ရေအနည်းငယ်ပါ မွေးမြူထားခဲ့ ပါသေးတယ်…။

Ahlong2.jpg
မီးစိုက်ဖို ့ထင်းလည်း ကိုယ် ့ဘာသာကိုယ်ပဲ တောင်ပေါ်ကနေသွားရှာပြီး သယ်ရပါတယ်…
Ah Long carrying firewoods down the mountain path to his home

သူကလေးဟာ တရုတ်နိုင်ငံ၊ ဂွမ်စီပြည်နယ်၊ လျူကျိူးအရပ်ရှိ မာလုတောင်ခြေရွာကလေးရှိ ၎င်းရဲ ့မိဘများ နေထိုင်ခဲ ့တဲ ့အိမ်မှာပဲ ဆက်လက်နေထိုင်လျှက်ရှိတာဖြစ်ပါတယ်…
အားလုံ မှာအသက် ၈၄ နှစ်အရွယ်ရှိ အဘွားတစ်ယောက်ရှိပြီး၊ ထိုအဘွားကတော ့သူ ့ဆီကိုမကြာခဏရောက်လေ ့ရှိကာ ချက်ပြုတ်ပေးလေ ့ရှိပါတယ်…။
Ahlong3.jpg
ပျော်စရာ အဖော်ဆိုလို ့ဘဝမှာ လောင်ဟေး တစ်ကောင်ပဲ ရှိပါတယ်…
Ah Long playing with Lao Hei in front of their house

အဘွားဟာ အားလုံ အတွက် သူ ့ရဲ ့အိမ်အနီးမှာ ဟင်းသီးဟင်းရွက်အပင်ကလေးတွေလည်း အနည်းငယ်စိုက်ပေးထားပါတယ်….
အားလုံ ကလေးဟာ အေ ့ဒ်စ် ဆိုတာဘာလဲဆိုတာတောင်မသိရှာသေးပါဘူး…
သူသိတာဆိုလို ့ သူ ့ရဲ ့သူငယ်ချင်းတွေက သူ ့အနားကိုမလာချင်ကြတာရယ်၊ ဆရာဝန်တွေက သူ ့ရဲ ့အနာလေးတွေကို ကုမပေးချင်ကြတာတွေရယ်၊ သူ ့ရဲ ့တစ်ဦးတည်းသော အားကိုဖွယ်ရာ မိသားစုဝင် ဖြစ်တဲ အဘွားဖြစ်သူကလည်း သူနှင့်အတူ နေဖို ့ငြင်းဆန်ခဲ ့တယ်ဆိုတာပါပဲ…
သူ ့ကိုလက်ခံဖို ့အနီးအနားက မူလတန်းကျောင်းကလည်း ငြင်းဆန်ခဲ ့ပါတယ်…
သူ ့ဘဝမှာ အဖော်ဆိုလို ့ လောင်ဟေး လို ့ခေါ်တဲ ့ခွေးတစ်ကောင်ပဲရှိပါတယ်…။
Ahlong4.jpg

တစ်ယောက်တည်းလည်း ….အားမငယ်ပါဘူး…ဘဝရှေ ့ရေးအတွက် စာတတ်အောင်လေ ့လာရတယ်….
Ah Long studying in his room alone

ဇတ်လမ်းရှုပ်ခဲ ့တဲ ့မိသားစုနောက်ကြောင်းရာဇဝင်ကြောင် ့လည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးဌာနအနေနဲ ့ သူကလေးကို စောင် ့ရှောက်ဖို ့လက်မခံခဲ ့ပါဘူး…
သူကလေးဟာ လူမှုဖူလုံရေးဌာနမှ လစဉ်ထောက်ပံ ့ကြေး ၇ဝ ယွမ် ( ၁ဝ ဒေါ်လာကျော်ခန် ့) ရပေမယ် ့လည်း မလောက်ငှရှာပါဘူူး…။

အားလုံ ကလေးရဲ ့အကြောင်းကို တရုတ်နိုင်ငံ သတင်းစာများမှာ ဖော်ပြခဲ ့ပြီးနောက် ဇနီးမောင်နှံနှစ်ဦးကတော ့၎င်းတို ့အနေနဲ ့သူလေးကို မွေးစားမယ်လို ့ကြေငြာပြောဆိုခဲ ့ပါတယ်…ဒါပေမယ် ့ယခုအထိတော အကောင်အထည်မဖော်နိုင်သေးပါဘူး…။ ရက်စက်လွန်းလှတဲ
့ကံကြမ္မာရယ်…. အပြစ်မဲ ့တဲ ့ကလေးငယ်ကိုမှပဲ
ရက်စက်နိုင်လွန်းပါပေတယ်….

သူငယ်ချင်းပို့ပေးတာလေးပါရှင်… မျှဝေလိုက်ပါတယ်။

10 comments

  • manawphyulay

    February 1, 2011 at 1:31 pm

    ပုံတွေလည်းတင်လို့မရဘူး……. ဟီး စိတ်ညစ်တယ်……….

  • weiwei

    February 1, 2011 at 1:48 pm

    အဲဒီသတင်းကကြာပြီနော် … ကိုပီတာ့ဘလော့မှာ ဖတ်ဖူးတယ် …

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 1, 2011 at 2:22 pm

    ကလေးကတောင် စိတ်မညစ်ဘူး
    ပုံတင်မရတာလေးနဲ ့စိတ်ညစ်နေဒယ်
    အပျိုဂျီးနော
    အပျိုဂျိုး
    စိတ်ရှည်ရှည်ထားမပေါ့

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 1, 2011 at 2:24 pm

    ဘုရားကယ်ပါ
    မှန်တာပြောသစ္စာပါ
    အပျိုဂျီးလို ့ရေးတာ
    အပျိုဂျိုးဖြစ်သွားတယ်
    ခင့်မာမီ့ဆီကို
    ကိုယ်တိုင်လာတောင်းပန်ပါ့မယ်
    လိပ်စာပေး
    ( တကယ်မှားသွားတာနော် အာဘွား)

  • kopauk mandalay

    February 1, 2011 at 4:13 pm

    စိတ်အေးချမ်းမူ့ကိုရှာနေသူ
    အပူမရှာ၊
    မယူပါယောက်ျား။
    အမေကလည်းငယ်သေးတယ့်တဲ့ရှင့်
    မောင်လေးတွေကလည်းရှင်ပြုပြီးသား ၊
    အမေ့ရည်စူးထားသူကလဲရှိပြီးသား၊
    နောက်ကျသွားပြီကိုအဝှာ
    “အာဘွား”ကတော့ အသာနား
    အားနာပါတယ်ရှင်ရယ်……………………
    ဘူးထွားထွား …………………………………………………..

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 2, 2011 at 2:10 am

    🙂 🙂 🙂

  • zoe

    February 2, 2011 at 3:49 am

    သနားစရာ ဘဝလေး ။

  • char too lan

    February 2, 2011 at 9:21 am

    ဆြာပု အဲ့လိုတွေပြောင်တာတွေ ့ရတော့ ရုပ်နဲ့နာမ်နဲ့ မကိ်ုက်တလိုဂျီးပဲ 😛

  • kai

    February 2, 2011 at 10:53 am

    ပြောရရင်..
    အပျိုကြီးနဲ့စာရင်.. အပျိုဂျိုးက ပိုအဓိပါယ်ထိတယ်ထင်တာပဲ..။
    အရက်သောက်တာများပြီး ..အရက်သမားဆို..အရက်ဂျိုး..။
    အပျိုဖြစ်တာကြာလာပြီး .. ယောက်ျားစိတ်မဝင်စားရင်.. အပျိုဂျိုး…။ 🙂

  • nyimalay

    February 2, 2011 at 2:18 pm

    အန်တီဝေပျောက်နေတာကြာပြီနော်……… ဘယ်တွေခရီးသွားနေတာလည်း………
    ပိစိကွေးက သတိရနေတာ…………
    နောက်ဆိုပြောပြီးမှသွားနော်…….. 😛

Leave a Reply