ဂီတဆို ဒီကကြောက်ပါပြီ

ကျွန်တော်ကအလုပ် အားတဲ.အချိန်လေးဆိုရင် ကိုယ်.အိမ်မှာ သီချင်းဆိုပြီး အိမ်နီးနားချင်းတွေကို အသံနဲ.နှိ်ပ်စက်တတ်ပါတယ်။
သူများ အဖုို.တော. မသိဘူး ကိုယ်ဆိုတဲ.အသံကို တော. လန်းတယ်ထင်တာဘဲလေ။
တစ်ရက် အိမ်မှာ သီချင်းဆိုကောင်းနေတုန်း အိမ်တံခါးဝမှာ မိုးပြာရောင်ဝတ်စုံ ဝတ်ထားတဲ. လူနှစ်ယောက်ကိုတွေ.တော.
“ဘယ်သူနဲ.တွေ.ချင်ပါသလဲ”လို.မေးလိုက်ပါတယ်။
” ကျွန်တော်တို. အနုပညာ ထိန်းသိမ်းရေးအဖွဲ.ကပါ “လို.လေးလေးစားစားဖြေပါတယ်။
” ကဲ ကျွန်တော်က ဘာများဆောင်ရွက်ပေးရမလဲ “လို.မေးလိုက်တော.
” အခု အကိုစက်ထဲမှာ ထည်.ပြီးဆိုနေတဲ.သီချင်းခွေလေးကို ခဏလောက်ကြည်.ပါရစေခင်ဗျာ”လို.
ယဉ်ယဉ်ကျေးကျေးလေး ပြောတော. ကျွန်တော်လဲ “ဝင်ခဲ.ပါ “လို.ဖိတ်လို်က်ရပါတယ်။
သူတို.လဲ အိမ်ထဲကိုရောက်ရော စက်ထဲက အခွေလေးကိုထုတ်ပြီး သူတို.ကိုပေးလိုက်ပါတယ်။
သူတို.က ကျွန်တော်ပေးတဲ.ခွေကို သူတို.အိတ်ထဲက ကိရိယာသေးသေးလေးနဲ.ထုတ်ပြီး ဘာတွေစမ်းသလဲတော.မသိဘူး
စမ်းနေရင်း နှစ်ယောက်သားလဲတိုးတိုး တိုးတိုးနဲ.ဘာတွေတိုင်ပင် မှန်းမသိ ပြောနေကြပါတယ်။
သူတို.နှစ်ယောက်တိုင်ပင်လို.ဝပြီဆိုတော.မှ ” အကိုရဲ.မှတ်ပုံတင်လေးခဏလောက် “လို.ဆိုပြီးတောင်းပါတယ်။
မှတ်ပုံတင်ကိုလည်းသူ.လက်ထဲရောက်ရော ကောင်လေးတစ်ယောက်က
“အကိုမှတ်ပုံတင်ကို ခဏသိမ်းသွားပါမယ် နက်ဖြန်မနက်မှာ အနုပညာ ရုံးတော်ကိုလာပြီး အစစ်ခံပါ “လို.ပြောပါတယ်။

ကျွန်တော်က “ဘာကြောင်.လဲကွာ “လို.မေးလိုက်တဲ.အခါမှာ
“အကို.ခွေက တရားမဝင်ဘူး ၊ခိုးကူးခွေဖြစ်နေတယ်”လို.ပြန်ပြောပါတယ်။
ကျွန်တော်က “ငါ.ကောင်ရ ငါက တရားဝင် နံမည်တပ်ပြီးဖွင်.ထားတဲ. မြို.လယ်ခေါင်က ဆိုင်မှာဝယ်တာလေကွာ”လို.ပြောလိုက်တော.။
” အကိုရေ ဒါတော.ကျွန်တော်လည်းမသိဘူးဗျ ကျွန်တော်.စစ်ကြည်.တာတော. လိုအပ်တဲ.အချက်အလက်တွေမပြည်.စုံရင် ခိုးကူးခွေလို.သတ်မှတ်ရပါတယ်ခင်ဗျာ
နက်ဖြန်မနက် 10နာရီလောက်ကို အကိုရုံးကိုလာခဲ.ပါ”လို.ပြောပြီးရေးပေးသွားတဲ.ဖြတ်ပိုင်းလေး ပေါ်က ရက်စွဲကိုဖတ်ကြည်.လိုက်တော. (2-2-2222) ပါတဲ.ခင်ဗျာ။
သူတို.ပြန်သွားမှ ဟိုအဆိုတော်ကောင်မလေး ပြောတာကိုနားမထောင်ခဲ.မိတာကို နောင်တရမိပါတယ်။
သူက မြန်မာသီချင်းကို ဘိုသံခပ်ဩောဩောနဲ.ဆိုလည်းဆို ဖက်ရှင်လဲ အသစ်ထွင်တတ်တဲ.သူပါ။
သူရဲ. ပါဖော.မင်.တွေက ဆန်းလဲဆန်း လန်းလဲလန်းပါတယ်ခင်ဗျာ။
သူပြောတာက ခိုးကူးခွေတွေကိုအားပေးတာ အကုသိူလ်လုပ်တာနဲ.အတူတူပါတဲ.ခင်ဗျာ။
နောက် မမ တစ်ယောက်ကလဲ “သူခိုးခွေ”တွေလို.ခပ်မိုက်မိုက်လေးဘဲအင်တာဗျူးတစ်ခုှမှာအားပေးတာကို ဖတ်လို်က်ရပါတယ်။သူတို.လေးတွေက စေတနာနဲ.ပြောနေ
ဒီလောက်သတိပေးနေတာကိုနားမထောင်မိတာကိုက ကျွန်တော်မျိုးကြီးရဲ.အမှားပါ။
ခံပေါ.ဗျာ။
ဒါနဲ.ဘဲနောက်နေ.မနက် အနုပညာရုံးတော်ကိုလည်းရောက်ရော စုံစမ်းရန်ဆိုတဲ.နေရာမှာ ဝင်မေးလိုက်တော.
ကျွန်တော် အစစ်ခံရမယ်. အခန်းကို ပါ ဖော်ပြထားတဲ. စာရွက်လေးပေးပါတယ်။
ဒါနဲ.သူတို.ပြောတဲ.အခန်းကို မေးပြီး အခန်းရှေ.ရောက်တော. “ခဏစောင်.ပါ အလှည်.ရောက်ရင်ခေါ်မယ်”လို.ပြောပါတယ်။
လူကတော်တော်များတာပဲ အစကတော. ရှက်လဲရှက် အားလဲငယ်တာပေါ.။
ဒီလဲရောက်တော. သိပ်မရှက်တော.ဘူး ကိုယ်လိုသူလိုလူတွေအများကြီးဘဲဥစ္စာ။
မမြင်ဘူးတဲ.သူရော သိသလိုလိုလူရော အပြင်မှာ မမြင်ဘူးပေမဲ. စာစောင်တွေ မဂ္ဂဇင်းတွေမှာ မြင်ဘူးတဲ.သူရော
ခွေတွေထဲမှာ မြင်ဘူးတဲ.သူရော စုံလို.ပါဗျာ။
ဒါနဲ.ချထားတဲ.ခုံတန်းပေါ်ထိုင်ရင်းနံရံမှာ ချိတ်ထားတဲ. တီဗွီဖန်သားပြင်မှာ စာတွေ ပေါ်ပေါ်လာတာငေးကြည်.နေတုန်း ကျွန်တော်.ဘေးနားမှာ ထို်င်နေတဲ. ခပ်ဝဝ ကတုံးကေနဲ. ဆေးပြင်းလိပ်ကြီးကိုခဲထားတဲ. လူကြီးက အဲဒါ တိုင်ကြားထားတဲ. အမှု.တွေပေါ.လို. ပြောပါတယ်။
ဒါနဲ.ကျွန်တော်လည်းပျင်းပျင်းရှိတာနဲ.လိုက်ဖတ်နေလိုက်တော. ………………………………….။
စာပေ ဆိုင်ရာစာသား သုံးစွဲမူ.များ လို. ဆိုတဲ.စာတန်းနောက်မှာ ဒီဟာတွေပေါ်လာပါတယ်။
(1) ” ငရဲသစ်ငုတ်ဖြစ်စေ ” (ပုဂံခေတ် )( သက္ကရာဇ်492ခန်.) ဝတ္တုုအမည်ယူသုံးထားသည်။
(2) “ရွှေနှင်.ယိုးမှားပန်းစကား “( သက္ကရာဇ်500ခန်.) ဝတ္တုုအမည်ယူသုံးထားသည်။
(3) “ပန်းမင်းလွတ်စံ “( သက္ကရာဇ်1200ခန်.)(မူရင်းပိုင်ရှင် ဦးကြင်ဥ) ဝတ္တုုအမည်ယူသုံးထားသည်။
4) “နေခြည်ဖြာမှနွေး “( သက္ကရာဇ်1125ခန်.)(မူရင်းပိုင်ရှင် လက်သဲသုန္ဒရ) ဝတ္တုုအမည်ယူသုံးထားသည်။
(5) “လေရူးသုန်သုန်”( သက္ကရာဇ်1181ခန်.)(မူရင်းပိုင်ရှင် မင်းသိင်္ဂါ) ဝတ္တုုအမည်ယူသုံးထားသည်။
(6) “ငြိုးမာန်ဖွဲ.”( သက္ကရာဇ်1225ခန်.)(မူရင်းပိုင်ရှင်လှိုင်ထိပ်ခေါင်တင်) ဝတ္တုုအမည်ယူသုံးထားသည်။
(7) “စံအိုင်ကိုစိန်နဲ.မွှမ်းပါမယ်”( သက္ကရာဇ်1181ခန်.)(မူရင်းပိုင်ရှင်ခင်ဆုံ) ဝတ္တုုအမည်ကိုနည်းနည်းပြောင်းသုံးထားသည်။(စံအိမ်ကိုစိန်နဲ့မွှမ်းပါမယ်)

ဆိုတဲ.စာတန်း တွေ ပေါ်လာပါတယ်။
နောက် ခဏမှိတ်တုတ်မှိတ်တုတ်မီးလေး လင်းလာပြီး စာတန်းအသစ်တွေပေါ်လာပြန်ပါတယ်။
ဂီတ ဆိုင်ရာ စာသား သုံ့းစွဲမူ.များ ဆိုတဲ.အောက်မှာ စာတန်းတွေထပ်ပေါ်လာပြန်ပါတယ်။
*မူရင်းပိုင်ရှင်(အနန္တသူရိယ)(သက္ကရာဇ် 536ခန်. ) ရေပွက်ပမာ

*မူရင်းပိုင်ရှင် (ရှင်မဟာရဌသာရ)(သက္ကရာဇ် 845ခန်. )
(1) ဝဏပဘာ တပုဒ်လုံး သီချင်းအဖြစ်ဖန်တီးထားသည်။
(2)မျက်တောင်ကော.သေး စုတ်ဖြင်.ရေးသို.။(3) မိုးသူဇာ(4)လှခေါင်မိုး
(5) ရယ်ရွင်ပြုံးတုံ. မပြုံးတုံ.(6)ပြစ်မျိုးလွတ်(87)ရွှေရင် ဖုံးတုံ.မဖုံးတုံ.(8)နှမလက်လျော.နေလေတော.။

*မူရင်းပိုင်ရှင် (နန်းတွင်းမိညို)(သက္ကရာဇ် 913ခန်. ) ရေညိုရစ်သန်း

*မူရင်းပိုင်ရှင် (နဝဒေး)(သက္ကရာဇ်920ခန်. ) ရွှေရင်သိမ်းသစ် မြနှစ်အရောင်စည်းကြက်တောင်နှင်.

*မူရင်းပိုင်ရှင် (နတ်ရှင်နောင်)(သက္ကရာဇ်972ခန်. ) တင်.လှပေဟန်
တိမ်စွန်လေလျှင် အစချီ တစ်ပိုဒ်လုံး ယူသူံးထားသည်။

*မူရင်းပိုင်ရှင် (ရှင်ငြိမ်းမယ်)(သက္ကရာဇ်972ခန်. ) (1)ချစ်တဲ.သူငယ်လေ။ (2)အသဲကနာ (3) မပန်သာသည်
(4)သူငယ်ချင်းကောင်းယောင်းမတို.လေ။

*မူရင်းပိုင်ရှင် (ပဒေသရာဇာ )(သက္ကရာဇ်1060ခန်. ) ထန်းတက်သမား တပုဒ်လုံး

*မူရင်းပိုင်ရှင် (စိန္တကျော်သူဦးဩ)(သက္ကရာဇ်1114ခန်. ) (1) လေချိုသွေး (2) နဝရတ်ကိုးသွယ်

*မူရင်းပိုင်ရှင် (လက်ဝဲသုန္ဒရ)(သက္ကရာဇ်1114ခန်. ) (1) မဲဇာတောင်ခြေ စီးထွေ ထွေ (2) ပွဲခါညောင်ရေ
(3)ရွှေလည်ဆွဲချင်ရှာလိမ်.မယ် (4) ဆယ်ကျော်သက် ကြင်ဖက်အတူ

*မူရင်းပိုင်ရှင် (မိဘုရား ရှင်မင်း)(သက္ကရာဇ်1136ခန်. ) (1) သနားရေးယူကယ်တော်မူ

*မူရင်းပိုင်ရှင် (ခင်ဆုံ)(သက္ကရာဇ်1181ခန်. ) (1) မျှော်လင်.တုန်းကြော.ဆုံးလာလိမ်.မယ်
(2) တိမ်ပြာမိလ္လာ

*မူရင်းပိုင်ရှင်( ဦးရွှန်း)(သက္ကရာဇ1181ခန်. ) (1) မာဃနတ်ရှင်ဖန်စီရင်

*မူရင်းပိုင်ရှင် (ဦးကြင်ဥ)(သက္ကရာဇ်1180ခန်. ) (1) မိန်ရာသီ တပုဒ်လုံး
(2)ဖြေမနိုင်ရေဆိုင်ဝဲသို. (3) သဲနောက်ကျူ ဗျာပွေ (4) လွမ်းရန်ပွားစည် (5) မျောက်က ကြိုးခွေ ဒေါင်းကအိုးဝေ

*မူရင်းပိုင်ရှင် (ဦးကြီး)(သက္ကရာဇ်1201ခန်. ) (1) ဘယ်မြို.ပုံသာချင်သောရယ် နဲ.(2) ရွှေမိုးညို (3)ရွှေလိပ်ပြာ ရွှင်စေမယ်

*မူရင်းပိုင်ရှင် (ဦးကြော.)(သက္ကရာဇ်1214ခန်. ) (1) စုံနံ.သာမြိုင်
(2)နုသားတော် ဝါဝါ ညက်ကယ် ရူ.စားသော် ခါခါမက်ဘွယ်
(3) ပိတောက်ရွှေဝါ (သိူ.)မဟုတ် လတန်ခူး တပုဒ်လုံး

*မူရင်းပိုင်ရှင် (ရွှေတိုက်စိုးဦးတိုး )(သက္ကရာဇ်1143ခန်. ) (1) ဘုန်းနှင်.ကံနှင်. ရွှေသဇင် တပုဒ်လုံး

*မူရင်းပိုင်ရှင် (မဟာ အတုလမင်းကြီး)(သက္ကရာဇ1180ခန်. ) (1) ရာသီမ်ိဿ(2) စိတြကြယ်(3)ကြက်ညီနောင်

*မူရင်းပိုင်ရှင် (မြဝတီမင်းကြီးဦးစ)(သက္ကရာဇ်1181ခန်. ) (1) သာဆန်းရဂုံဗွေ တပုဒ်လုံး။(2)ညှင်းလေသွေးတယ်

*မူရင်းပိုင်ရှင် (ပြင်စည်မင်းသားကြီး )(သက္ကရာဇ်1181ခန်. ) (1) ပန်းမြိုင်လယ်

*မူရင်းပိုင်ရှင် (ဦးပုည)(သက္ကရာဇ်1225ခန်. ) (1)တူတူပုန်း တပုဒ်လုံးမှ စာသားနှင်. အတွေးအခေါ်များ
(2) ကြယ်ဓူဝံ မြေခတော. (3) တမာပင်ခေါင်ဖျား ကြက်ဟင်းခါးသီး

*မူရင်းပိုင်ရှင် (အချုပ်တန်းဆရာဖေ )(သက္ကရာဇ်1125ခန်. ) (1)အောက်မေ.တိုင်းမျက်ရည်လည်

*မူရင်းပိုင်ရှင် (လှိုင်ထိပ်ခေါင်တင် )(သက္ကရာဇ်1225ခန်. ) (1) မြိုင်တသန်.မှာ (2)ခါတော်မီ (3)ရွက်သစ်လောင်း
(4) နွေဂိမ္မာန် (5) မယ်ခုမျှော် 3ချက်စည်တော် (6)`ညဉ်ရုံတော် အချေပျက်အောင်လ
(7) နာဂဆဒ္ဒါန် တပုဒ်လုံး ယူသုံး (8)ဖူးပွေ.လက်တင် တပုဒ်လုံးယူသုံး (9) စိန်ခြူးကြာညောင် တပုဒ်လုံးယူသုံး
(10)ငြီးမာန်ဖွဲ. (11) ရုံးညာသက်ပိုင်(12)မချစ်ပြင်ပြင် (14)ချစ်ရင် အကျိုး (15)နွဲ.ယိမ်းနွဲ.ယိုင်
*မူရင်းပိုင်ရှင် (နေမျိုးကျော်ခေါင် )(သက္ကရာဇ်1241ခန်. ) (1) နိတုံရွှေ
*မူရင်းပိုင်ရှင် (ဦးကြော.သမီး)(သက္ကရာဇ1240ခန်. ) (1) ကမ္ဘာမီး ဗျာကြီးသူ (2)ကွက်မလယ်
(3)မေ.ကွက်ကိုရှာ နေ.ရက်ကြာသာကြာတော.
နောက်ခဏနေတော. အင်္ဂလိပ်စာတန်းတွေပေါ်လာပြန်တယ် ဒါပေမဲ.ကျွန်တော်ဆက်မဖတ်နိုင်တော.ပါဘူး။
ခေါင်းတွေတောင်မူးနောက်လာတယ်။
ဘေးနားက ဆေးပြင်းလိပ်နဲ.လူဝကြီးက ” ”

ကျွန်တော်လဲ သူတို.ကို မေးချင်တဲ.မေးခွန်းလေးတွေက ခေါင်းထဲမှာ ပလုံစီလာပါတယ်။
ဒါနဲ.ဘဲ ဘေးနားက ဆေးပြင်းလိပ်ဆရာကြီးကို ဒီလိုမေးလိုက်ပါတယ်။
မှန်ပါတယ် ကျွန်တော်တို. က လမ်းဘေးကရောင်းတဲ.ဆိုင်က ဝယ်ပါတယ် တရားမဝင်ပါဘူး လက်ခံပါတယ်။
မူရင်းဆိုတဲ. အခွေတွေကို တတ်နိုင်သလောက် ဝယ်ဘူးပါတယ် ချို.ယွင်းချက် ရှိရင် ပြန်လဲမပေးပါဘူး။
ရောင်းတဲ.ဆိုင်ကလဲတာဝန်လုံးဝမယူပါဘူး လာတဲ.အတိုင်းပါတဲ.ခင်ဗျာ။
ဝယ်တဲ.သူမှာ ပလုံပါဘဲ။
(1)ဒီလိုကိစ္စမျိုးကို မူရင်း ခွေဝယ်မယ်ဆိုရင် ဘယ်သူ တာဝန်ယူ ဖြေရှင်းပေးပါမလဲ ?
(2) ကျွန်တော် က မူရင်းခွေကို ဝယ်ပါပြီတဲ. အဲဒီခွေထဲမှာ ပါတဲ. သီချင်းတွေကို ခွင်.မတောင်းတာတို.
ုပိုက်ဆံမပေးဘဲ ဆိုထားတာတို.ကိုတွေ.ရင် ဟို အဆိုတော် မမလေး မမကြီးကြီးတို.ပြောသလို ကျွန်တော်တို.
ဂီတချစ်သူ တွေရော သူခိုးအားပေးသူစာရင်းထဲမှာ ပါမှာလား ခင်ဗျာ ?
(3) အထက်မှာ ဖော်ပြထားတဲ. တွေ.ရသလောက် ထဲမှာကို မြန်မာပြည်ဖြစ် ဝတ္တုနာမယ်တွေ သီချင်းထဲက စာသားတွေမှာ ရှေးက စာဆိုတွေရဲ.စကားလုံးတွေကို ခပ်တည်တည်ယူသုံးထားတာရော သဘောတူကြောင်း
ခွင်.ပြုမိန်.တွေ ဘယ်သူဆီကများယူထားပါသလဲ။
ူူယူသုံးထားတဲ. စကားလုံးပိုင်ရှင်တွေ သက်ရှိထင်ရှားမရှိလို.ဆိုပြီး ကွယ်လွန်သူများကို ရည်စူးလို.သူတို.အတွက်
ကောင်းမူ.ကုသိူလ် ဘယ်နှစ်ခါများလုပ်ပေးခဲ.ဘူးပါသလဲ ?

(4) တကယ်လို.များနိုင်ငံခြား သံစဉ်ပိုင်ရှင်များက ကော်ပီရေးစားနေတဲ.ဆရာများဆီ မူပိုင်ကြေးလာတောင်းရင်
နားထောင်မိတဲ.ကျွန်တော်တို.ကရော သူခိုးအားပေးသူဆိုပြီး အမူ.ထဲမှာ ပါအုံးမှာလား ?
လို.မေးလိုက်ပါတယ် နောက်ဆက်ပြီးတော.

ကျွန်တော်ဖြစ်စေချင်တာကတော . ကျွန်တော်တို.က တတ်နိုင်ရင်မူရင်းဘဲအားပေးချင်ပါတယ်
ခိုးကူးခွေကိုနဲ.က သိပ်ပြီးတော.ဈေးကသိပ်ကွာလွန်းနေပါတယ် ။
ဒီတော. ထုတ်လုပ်သူ အဆိုတော် တေးရေး တီးဝိုင်းဆရာတွေက အခုလို တစ်ခါသုံး
စနစ်နဲ.ပုဒ်ပြတ်မယူဘဲ ရာခိုင်နှုန်းစံနစ်နဲ. ယူရင် ထုတ်လုပ်စရိတ်သက်သာသွားမလား (ကိုယ်. ဖန်တီးတာ ကို ကိူယ် ယုံကြည်တယ်ဆိုရင်ပေါ.လေ)လို.မေးနေတုန်းရှိသေးတယ် ဒီလောက်ရှာရှည်တဲ.ကောင်ဆော်ကွာဆိုပြီး အသံရဲ.နောက်မှာ
အုံးအုံးကြွက်ကြွက်နဲ လူအုပ်ကြီးကိုရိပ်ခနဲမြင်လိုက်ရုံရှိသေးတယ် ကျွန်တော်လည်း ကြယ်တွေလတွေမြင်လိုက်ရသလို
လူလဲ လေဟာနယ်ထဲကို ရောက်သွားသလို ဟာကနဲဖြစ်သွားပါတယ်။
အော် တကယ်တမ်းကျတော. ကျွန်တော် စာစောင်ထဲပါတဲ. ဂီတ သတင်းကိုဖတ်ရင်းအိမ်မက်မက်သွားတာပါခင်ဗျာ
မြန်.မာ ဂီတလောကမှာ သိပ်ကျေးဇူးသိတတ်တဲ. ကလေးတစ်ယောက်တွေ.ဘူးပါတယ်။
လေနူအေး ဆိုတဲ.စာလုံးလေးကို သုံးလို. အသုံးပြုခပေးတာပါတဲ.။
ဒါပေမဲ. ပေးသူနဲ. ရေးသူ ဘာတော်သလဲဆိုတာကိုတော. မေးကြည်.စေလိုပါတယ်။
ခိုးကူးခွေ ကိစ္စကတော. ဝယ်သူတွေကို အပြစ်တင်မဲ.အစား မြို.လည်ခေါင်မှာ ပေါ်တင်ဖွင်.ရောင်းလို.ရနေတာကို အရင်ရှင်းမလား ထုတ်လုပ်သူတွေက စရိတ်ကို မလိုအပ်ဘဲ မသုံးဘဲနဲ. (ဖန်တီးသူတွေကလည်း လျှော.လျှော.ပေါ.ပေါ.
လုပ်လို. ) ဈေးနည်းနည်းနဲ.ရောင်း တစ်ခုချင်းအပေါ်အမြတ်နည်းနည်း.ယူပြီး အရေအတွက်အပေါ်မှာ အမြတ်ယူရင်တော. ခိုးကူးခွေပျောက်နိုင်တယ်လို.ထင်ပါတယ်။
ဒါပေမဲ. နာမယ်မရှိတဲ. လူမကြိုက်တဲ.အဆိုတော်မှ ဒါမျိုးလုပ်မယ်ဆိုရင်မအောင်မြင်နိုပ်ပါဘူး။
လောလောဆယ် တော. ဖြစ်နေတဲ.ဆရာသမားများ စမ်းကြည်.လိုက်ပါလို တိုက်တွန်းချင်ပါတယ်။

4 comments

  • susunosuki

    April 20, 2010 at 1:27 pm

    စိတ်ကူးကောင်းတယ်ဗျ
    ကျွန်တော်တို့မြန်မာမှာ ဒီပြဿနာ ကတော်တော်ကြမ်း နေတယ်
    အနုပညာ အသိုင်းအဝိုင်း မှာ ကိုသဘောထားမတူကြတော့ဘူး
    ကိုညီထွဋ် ကတော့ ပရိတ်သတ် မှာ အပြစ်မရှိဘူးလို့ ပြောထားတယ်
    ပရိတ်သတ် ကတော့တတ်နိုင်တာကိုအားပေးမှာပဲဆိုတယ်

  • nyein chan ko koi

    April 20, 2010 at 4:59 pm

    လုပ်တာတွေ မဟုတ်လို့ မဟုတ်တာတွေ လုပ်တာ ဘာမှ မဖြစ်ဘူးစ်……ကီပေါ်တဲ့ ကော်ပီကိုလည်း အားပေးတယ်…….ခူးကိုးတဲ့ ခိုးကူးခွေကိုလည်း နားထောင်တယ်…
    အနုပညာကို ဘက်ပေါင်းစုံက နေ အားပေးတယ်….ဒါပေမဲ့နောင်ကြီးလို့တော့ ရုံးပေါ်ကတော့ အားမပေးဘူးစ်….ဟိဟိ။။။။

  • thidar

    August 9, 2010 at 10:25 am

    ဈေးသက်သာတာဘဲ အားပေးမှာပေါ့ သူတို့ လဲ ကော်ပီပဲဟာ

  • pan pan

    October 14, 2010 at 6:48 am

    ထုတ်လုပ်သူ အဆိုတော် တေးရေး တီးဝိုင်းဆရာတွေက အခုလို တစ်ခါသုံး
    စနစ်နဲ.ပုဒ်ပြတ်မယူဘဲ ရာခိုင်နှုန်းစံနစ်နဲ. ယူရင်တကယ်ကောင်းမယ်ထင်ပါတယ်။
    အဲဒီလိုလုပ်လို့ အခွေစရိတ်သက်သက်သာသာနဲ့ဝယ်လို့ရရင်ပေ့ါ။ အဲလိုမဟုတ်ဘဲ ဝယ်သူတွေက ဆက်ပြီး ကော်ပီခွေတွေပဲဝယ်နေရင်လည်း အဆိုတော် တေးရေး တီးဝိုင်းဆရာတွေ ဒုက္ခပေ့ါ။ ဒီမှာကလည်း သီချင်းခွေဆိုရင် ကော်ပီတွေက များမှများပဲ။ တချို့ဆိုရင် တစ်ခွေလုံး တိုက်ရိုက်ပဲ။

Leave a Reply