McWill ဖုန်းတွင် အင်တာနက် အသုံးပြုခွင့် စတင်ရရှိ အလုံးရေ အကန့်အသတ်မရှိ ချထားပေးမည်ဟုဆို

nyimalayJanuary 28, 20111min764

 

McWill ဖုန်းများတွင် အင်တာနက် အသုံးပြုခွင့် စတင်ရရှိပြီ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

McWill ဖုန်းတွင် အင်တာနက် အသုံးပြုခွင့် ရရန် ငွေပေးသွင်းခြင်းကို ဇန်နဝါရီလ ၁၉ ရက်နေ့တွင် လက်ခံခဲ့ပြီး ၂ဝ ရက်နေ့တွင် သုံးစွဲသူများထံ စက်များ လိုက်လံ တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် McWill ဖုန်း အလုံးရေ ၁၄၄ လုံးအား အသုံးပြုခွင့် ချထားပေးပြီး ဖြစ်ကာ McWill ဖုန်း သုံးစွဲလိုသူများသို့လည်း အလုံးရေ အကန့်အသတ် မရှိဘဲ ဆက်လက် ချထားပေးမည် ဖြစ်ကြောင်း သိရှိရသည်။

McWill ဖုန်းများကို ရန်ကုန်၊ မန္တလေးနှင့်နေပြည်တော်တွင် အသုံးပြုခွင့် ပေးထားကြောင်းလည်း သိရှိရသည်။

လျောက်ထားလိုသူများသည် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များရှိ ရတနာပုံတယ်လီပို့ ရုံးခွဲများသို့ သွားရောက် လျောက်ထားနိုင်ကြောင်း သိရှိရသည်။

cWill ဖုန်းများတွင် အင်တာနက် သုံးစွဲခွင့်ကိုသာ ပေးသွားမည်ဖြစ်ပြီး လတ်တလောအားဖြင့် ဖုန်းဆက်သွယ်ခွင့် ပြုမည် မဟုတ်ကြောင်း သိရှိရသည်။

Share By Eleven Media

4 comments

  • bigcat

    January 28, 2011 at 5:58 am

    ဒေါ်စုကိုချပေးလိုက်တဲ့ McWill ဖုန်းအမှတ်စဉ်က ၁လို့ပြောတယ်။ စုစုပေါင်း အသုံးခွင့်ပြုပေးထားတာက ၁၄၄ဆိုတော့.. အင်း ယတြာတွေ ယတြာတွေ။

  • intro

    January 28, 2011 at 3:41 pm

    သုံးဖူးတဲ့လူတွေပြောပါဦး.. အခြေအနေလေး သိချင်လို့ပါ

  • ဆူး

    January 28, 2011 at 4:33 pm

    ၈ကျပ်နဲ့ သုံးတဲ့ သူကတော့ ကောင်းတယ်လို့ ပြောသံကြားတယ်။
    လိုင်းဖွင့်ခ ၅သိန်း အရင်သွင်းရမယ်။
    နှစ်စဉ်ကြေး ၆သောင်း ထပ်သွင်းရမယ်။
    ၁သောင်းတန် ကဒ် သို့မဟုတ် ၃သောင်းတန် ကဒ် ဝယ်ပြီး မကုန်မချင်း သုံးနိုင်ပါပြီ။
    မှတ်ချက်.. အသုံးပြုနိုင်ရန် စက်ဝယ်ရသည်။ ၂သိန်းကျော်သည်။
    ထိုနည်းစနစ်ကို အသုံးပြုနိင်ရန် ၈သိန်း အနည်းဆုံး ရှိမှ ဖြစ်မည်။

Leave a Reply