ရွာသူရွာသားတို့ရေ …  သတ်သတ်လွတ်စားတာ ၊ မစားတာနဲ့ ပတ်သတ်လို့ ဟိုးတလောက တော်တော်လေးပွဲဆူသွားခဲ့တယ်နော်…။ အဲ့ဒီအချိန်ကတည်းက ကြုံခဲ့ဖူးတဲ့အတွေ့ကြုံလေးတစ်ခုကို ပို့စ်တင်မယ် စဉ်းစားထားပြီး မတင်ဖြစ်တာ ကြာနေပြီ ။ မနေ့ညကမှ အလားတူဖြစ်ရပ်မျိုးပြန်တွေ့တော့.. တင်ပေးလိုက်ပါတယ်…။

ည ၇ နာရီ ကို ရွှေဂုံတိုင်နားက ကေပါရာဒိုက်ဟော်တယ် ဘေးက စားသောက်ဆိုင်မှာ ဆုံမယ်လို့ ကျမတို့ GM ကပြောပါသည် ။ ဂျာမဏီကလာသော အထူးဧည့်သည်လည်းပါမည် ၊ စက်ရုံပိုင်ရှင် ကျမတို့ boss လည်းပါမည် ၊ GM လည်းပါမည် ။ ကျမတို့နဲ့ အလုပ်အတူလုပ်နေသော မန်နေဂျာတစ်ယောက်လည်း ပါမည်ပေါ့ … ။ စုစုပေါင်း ငါးယောက် ညစာစားဖို့ချိန်းထားပါတယ်…။  အလုပ်ကိစ္စနဲ့ ပြောကြဆိုကြရင်း ရောက်လာတဲ့ ဧည့်သည်ကိုလည်း ဒင်နာလိုက်ကျွေးတယ်ပေါ့… ။ အဲ့ဒီအချိန်တုံးက ကေပါရာဒိုက် ဟိုတယ် ထဲမှာ ကျောက်မြတ်ရတနာ ပြပွဲ၊ ကျောက်စိမ်းလေလံပွဲ လုပ်လို့ လာတဲ့ ဧည့်သည်တွေတည်းခိုနေတာ သိခဲ့ရခဲ့သည် ။အများစုမှာ တရုတ်လူမျိုးများဖြစ်ပြီး အခန်းအပြည့် ငှားရသောကြောင့် လူ အသွားလာ စည်းကားနေသည် ။

တခြားနေရာတွေမှာ ဒင်နာစားဖူးခဲ့ပေမဲ့ ယခုကဲ့သို ဟိုတယ်က ဆိုင်တွင်တော့မဟုတ် ။ ကျမအတွက်နည်းနည်းတော့ စိတ်အနှောက်ယှက်ဖြစ်သည့်နေရာမျိုးပါ…။ တစ်ယောက်ယောက်ကများ ကျမ ဒီဟိုတယ်ဝင်း ထဲဝင်သွားတာတွေ့လျှင် ဘယ်လိုထင် မည် မသိ ။ မသွားလို့ကလည်း မဖြစ်ဘူးလေ လူကြီးတွေလည်း ပါမှာကိုး … ။ ရှိစုမဲ့စု စိတ်ကိုတင်းပြီး ကျမ ဟိုတယ် ၀င်းထဲဝင် ၊ ဘေးက တရုတ်စားသောက်ဆိုင်သို့ ၀င်သွားခဲ့သည် ။

ဟော… တွေ့ပါပြီ အားလုံး လူစုံနေပြီ ။ ကျမ အနည်းငယ်နောက်ကျသွားသည် …။ အားလုံးက ဘာမှမမှာထားသေးပဲ ကျမကို စောင့်နေမှန်းသိသိချင်းတောင်းပန်ပြီး ခုံမှာဝင်ထိုင်လိုက်သည် ။ မြန်မာဆိုလို့ ကျမနဲ့ မန်နေဂျာနှစ်ယောက်ပဲ ရှိပါသည် ။ တခြားသုံးယောက်မှာ ဧည့်သည်က ဂျာမဏီလူမျိုး ၊ ဘော့စ်နဲ့ ဂျီအမ် က ကိုရီးယားလူမျိုးများဖြစ်သည် ။ ကျမတို့ ဘော့စ်ကရွှေးသောဆိုင်ဖြစ်သဖြင့် မလာချင်ပဲ လာခဲ့ရသည် ။ လူစုံတော့ အော်ဒါစမှာရတော့မည် ။ ၀ိတ်တာကို လိုက်ရှာမိသည် … ။ ၀ိတ်တာနှင့်တူသောသူ မည်သူမှ မတွေ့ပေ ။ ထူးဆန်းသည်မှာ အနက်ဝမ်းဆက်အနောက်တိုင်း ၀တ်စုံဝတ်ထားသော မြန်မာ အမျိုးသားလူငယ်များ နှင့် အနောက်တိုင်း ၀တ်စုံ မီနီစကပ်ပေါင်တို ၀တ်ထားသော အမျိုးသမီးများ ပျားပန်းခတ်မျှ စည်ကားသည်ကို မြင်တွေ့ခဲ့ရသည်…။ ဝေါကင်းတော်ကီလိုဟာမျိုး ကိုင်ထားကြသေးသည် ။ ကျမစိတ် ထဲ နိုင်ငံခြား အက်ရှင်ကားများကြည့်နေရသလို တောင်ဖြစ်လာမိသည် ။ ဧည့်သည်တွေ များနေလို့ လုံခြုံရေးချထားတာလည်းလို့လည်း မဆီမဆိုင်တွေးမိသည် ။  နောက်မှ သိလိုက်ရခြင်းက ထို လူများမှာ  တရုတ်စားသောက်ဆိုင်မှ ၀ိတ်တာများနှင့် ၀ိတ်ထရပ်စ်များ ဖြစ်ကြသည် ။ တော်တော် အဆင့်မြင့်ပါလားလို့တောင် ထင်မိလိုက်သည် ။ အစားသောက်တွေမှာမည် menu ပေးလို့တောင်းတော့ … ကိုယ်တိုင် လိုက်ရွေးသင့်ပါတယ်ဆိုပြီး ၀ိတ်ထရပ်စ် မိန်းမက ပြောပါသည် ။ ဘော့စ် နဲ့ ဂျာမဏီက ဧည့်သည် နှစ်ဦးက ဟင်းသွားရွှေးမည် ကျမကို လိုက်ခဲ့ရန်ခေါ်သောကြောင့် မယောင်မလည်နှင့် အနောက်ဘက်ကိုလိုက်ခဲ့ပါသည် ။ နည်းနည်းတော့ ထူးဆန်းနေသည်မှာ အမှန်ပင် ။ စားသုံးသူကို ကိုယ်တိုင်ရွေးပါဟုပြောသော ဆိုင်သို့ ကျမ ပထမဆုံးရောက်ခဲ့ခြင်းပါ ။ s

elf service ဆိုင်တွေနဲ့တော့ မတူပါဘူး … ။ စိတ်ဝင်တစား ကုတ်ချောင်းချောင်း အနေထားနဲ့ သူတို့နှစ်ယောက်နောက်က လိုက်လာတော့ ငါးကန်လို အကြီးစားမှန်ပုံးတွေ တွေ့ပါသည်… ။ အလှမွေးငါးကန်လည်းဖြစ်ဟန်မတူပါဘူး… အလှကြည့်စရာနေရာမှာ ထားတာမှမဟုတ်ပဲကိုး …။ မှန်ပုံး  ဆယ်ပုံးထက်မနည်းထားတာတွေ့ပါတယ်… အရှည် လေးပေးလောက်နဲ့ အမြင့်နှစ်ပေခွဲသုံးပေလောက်၊ ဗျက်အကျယ်ကတော့ နှစ်ပေလောက်ရှိမည်ဟုခန့်မှန်းရသည် ။ ထို မှန်ပုံးထဲတွင်  ကမာကောင်လေးများ ၊ ပုဇွန်များ ၊ ကဏန်းများ ၊ ရေခူများ ၊ ဂျယ်လီဖစ်ရှ်များသာမက ငါးအမျိုးမျိုးကိုလည်း သူ့ ကန်နှင့်သူ ထည့်သွင်းမွေးမြူထားကြောင်းသိရသည် …။ အံမယ် တယ်ဟုတ်ပါလား ငါးကန်ကလည်း အစုံပါပဲ ဆိုပြီး တအံ့တသြ ကျမလျှောက်ကြည့်နေစဉ် .. ၀ိတ်တာကောင်လေးတစ်ယောက် စာရွက်လေးနဲ့ ဘောပင်လေးကိုင်ပြီး ဘာများသုံးဆောင်ချင်ပါသလဲလို့ မေးလာပါတယ်… ။ ကျမတို့ ဘော့စ်နဲ့ ဧည့်သည်က သူတို့စိတ်တိုင်းကျ ရေထဲမှ သတ္တ၀ါများကို ရွေးပြီး ကျမကိုလည်း ရွေးခိုင်းပါသည်…..။ အ ရမ်းကို အံ့အားသင့်ခြင်းများနှင့်အတူ ၀မ်းနည်းလာသလိုလို ခံစားလိုက်ရသည် ။

ဘာကိုမှစားချင်စိတ်မရှိတော့ပါ…. ကန်ထဲက သေရတော့မည့် သတ္တ၀ါလေးတွေကို ကြည့်ရင်း မျက်ရည်များ ဝေ့တက်လာသည် …။ မကြာခင်ပဲ စိတ်မကောင်းဖြစ်ပြီး ငိုမိတော့မည့်အဖြစ်ကို ဧည့်သည် ဂျာမဏီလူမျိုးက ရိပ်စားမိပြီး …. မန်နေဂျာ ကို သွားခေါ်ပြီးရွေးခိုင်းစေတာကြောင့် ကျမစားပွဲမှာ ပြန်စောင့်နေခဲ့ရတော့သည် ။ ထိုနေ့ညက ဒင်နာ ကျမအတွက်တော့ အော့နှလုံးနာစရာဖြစ်ခဲ့သည် ။ မျိုချ၍ ပင် မရသဖြင့် … သစ်သီးနှင့် ၀ီစကီကိုပဲ မဲပြီးသောက်နေမိသည် …။ အိမ်သာဘက်ကိုသွားသလိုလိုနဲ့ … တခြားသတ္တ၀ါတွေများ ရှိမလားလိုက်ရှာမိသည် …။ တခြား ငှက်တွေ ၊ ဇီးကွက်တွေ၊ မျောက်တွေလည်းရှိပါသည် …။ လှောင့်ချိုင့်များဖြင့်နေရသည် ….။ အခွံမာ ပိုးကောင်တွေ လည်း ရှိကြောင်းတွေ့ရသည် …။ သူတို့ခဗျာ သေရမဲ့ရက်ကို အကျယ်ချုပ်ကျခံရပြီး စောင့်ဆိုင်းနေရသည်မှာ သနားစရာအလွန်ပင်ကောင်းသည် ။ တစ်ချို့သတ္တ၀ါများမှာ သေတော့မည်ကို သိသည့်လား ၊ နားလည်သည်လား မပြောတတ် … မင်သေသေမျက်လုံးများနှင့် လှောင်ချိုင့်ထဲကနေ ကျမကို စိတ်ပျက်လက်ပျက်ပြန်ကြည့် နေတတ်သည် …။ ထိုမြင်ကွင်းများက ကျမရင်ထဲကို တူးစွနေသလိုပင် နာကျင် ခံစားခဲ့ရသည် ..။ သနားစရာ သတ္တ၀ါလေးများအတွက် ကျမလုပ်ပေးနိုင်တာ ဘာတစ်ခုမှ မရှိခဲ့သော်လည်း … ကောင်းရာသုဂတိလားစေဖို့သာ ဆိုတောင်းပေးခဲ့ရသည် ။ သုံးနာရီလောက်သောက်ပြီး အိမ်သိုပြန်ခဲ့သည် ……။

ထိုနေ့ညက တော်တော်နှင့်အိပ်မရ …၀ီစကီတန်ခိုးကပြတော့ လူကနည်းနည်းထွေပြီး အာခေါင်းတွေခြောက်လာသည် … အတွေးတွေ ရောထွေးနေသည် …။ သနားစရာ အကောင်လေးများကိုလည်း မျက်လုံးထဲပြန်မြင်ယောင်လာမိသည် ။  တတ်နိုင်သမျှ အသားစားခြင်းကို လျှော့ချရှောင်ကြဉ်တော့မည်ဟုလည်း စိတ်ပိုင်းဖြတ်လိုက်သည် ….။ ထိုနောက်ပိုင်းတွင် လပိုင်းခန့် သတ်သတ်လွတ်ချည်းပဲ စားဖြစ်သည် …။ သတ်သတ်လွတ်စာခြင်းကြောင့် ကိုယ်စိတ်နှလုံးငြိမ်းချမ်းသော်လည်း ကရိကထပိုများသည် ဟုထင်သည် ။ (အမြဲ ရုံးတက်နောက်ကျတတ်တဲ့ ကျမအတွက် မနက်မိုးလင်းထ ကြော်လှော်ရတာ အလျှင်မမီသောကြောင့်) သတ်သတ်လွတ် ရယ်ဒီမိတ်ဆီသွပ်ဗူးများ ဈေးကွက်ထဲ တွင်တွင်ကျယ်ကျယ်ရှာမတွေ့ခဲ့ ။ သာရေးနာရေး သွားလျှင်လည်း သတ်သတ်လွတ်ကြောင့် သူများအလုပ်ရှုပ်ကြသဖြင့် နောက်တစ်မျိုးစဉ်းစားပြန်သည် …။ အသားစားခြင်းကို မလွဲမရှောင်သာ အချိန်မျိုးမှာစာမည် သို့သော် အနည်းငယ်မျှသာ …။ အသီးရွက်ကိုပင် အဓိကထားစားမည်ဟု ဆုံးဖြတ်ခဲ့သည် …။

ကျမတို့အိမ်နားမှာ တရုတ်ဆီးဖု စားသောက်ဆိုင်တစ်ဆိုင်လာဖွင့်ကြောင်းသိရသည် … ။ ညဘက်ပြန်ရောက်ချိန်မိုးချုပ်တော့ ကျမပတ်ဝန်းကျင်နှင့် အဆက်သွယ်ပြတ်နေသည် …။ ဆိုင်ပိုင်ရှင် ဘယ်သူလည်း မသိ ၊ ဘယ်တုန်းက အဲ့ဒီဆိုင်လာဖွင့်လည်းမသိ..ပြင်ဆင်နေတာတောင် မသိလိုက်…။ ယခုဖွင့်တော့မှ မီးတွေဘာတွေထွန်းထားမှ ဆိုင်ဖွင့်ပါလားသိတော့သည်… ။  စပ်စုစိတ်က အရင်းခံမို့… မယောင်မလည် ဆိုင် ရှေ့က အဖြတ်  … မျက်စိနှစ်လုံးနဲ့ မွှေနှောက်ကြည့်တော့… ငါးပုံးတွေ ၊ ပုစွန်ပုံးတွေတွေ့ပါသည်… … ကေပါရာဒိုက် ဆိုင်နဲ့ အလားတူဆိုင်မျိုးဖြစ်မည်ဟု ခန့်မှန်းရသည် …။ ဆီးဖုဟုရေးထားသောကြောင့်…ကျမခန့်မှန်းတာလွဲမည် မထင်…။

လူတွေ လျှာပေါ် ရောက်လာမဲ့ တဒင်္ဂ ရသာအာရုံလေးကြောင့် သူတပါး အသက်ကို မငဲ့ညာ စားဝါးနေကြတာ ဘာကြောင့်ပါလိမ့် ။  အသားငါး မစားရဘူးလို့ မဆိုလိုပါဘူး… စားချင်တဲ့လူစားပါ ၊ မစားချင်တဲ့လူလည်း မစားပဲ နေပါ … ဒါက ကိုယ့်စိတ်ကြိုက်ရွှေးခြယ်ပိုင်ခွင့်ရှိပါတယ်… ကျမပြောချင်တာက ကိုယ့်ပရောဂကြောင့် သေတာမဟုတ်ရင် ပြီးတာပါပဲ … ကိုယ်စားမယ်ဆိုမှ သတ်ပြီးချက်ချင်းချက်ကျွေးတဲ့ဟင်းမျိုးကိုတော့ … ဘယ်လိုမှ စားလို့ရမှာ မဟုတ်ပါဘူး…။ ထိုနေ့မှစပြီး ကေပါရာဒိုက်မှာ ကျွေးမယ်လုပ်တိုင်း ကျမပွဲဖျက်ပြီး အိမ်မှာပဲ နေပါတော့သည် ။ ကိုယ်ချင်းစာတတ်ကြပါစေ ။ ။

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!