လူထုနှင့် အမေစု အမေးအဖြေ ကဏ္ဍ

လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်    အစီအစဉ်ကို RFA မှ အပတ်စဉ် သောကြာနေ့ ညတိုင်းနှင့် ဗုဒ္ဓဟူးနေ့နံနက်တိုင်း တင်ဆက်နေပါပြီ။ဒီ အစီအစဉ်ကနေ ပြည်သူတွေ သိချင်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖြေကြားပေးနေခြင်းဖြစ်ပါသည်။

ထိုအထဲမှ  ကိုခင်မောင်စိုး(မန္တလေး) ရဲ့ အမေး၊ အဖြေလေးကို တင်ပြပေးလိုက်ပါတယ်။

မေး။         ။ကျွန်တော်က မန္တလေးကပါ။ဝင်စတန်ချာချီ ပြောသွားတာ တစ်ခုရှိတယ်ပေါ့ဗျာ။Attitude is a letter thing,But make a big different.တဲ့။ ကျွန်တော်တို့နိုင်ငံမှာ တကယ်တော့ အုပ်ချုပ်သူရော အုပ်ချုပ်ခံလူတန်းစားရော ကျွန်တော်တို့  Attitude တွေပြောင်းဖို့လိုတယ်ပေါ့ဗျာ၊Attitude တွေပြောင်းမှ ကျွန်တော်တို့လည်း အပြောင်းအလဲဖြစ်မှာပေါ့။တကယ်တန်းတော့ ကွန်တော်တို့က အတွေးအခေါ် ပြောင်းပေးရမှာ၊အတွေးအခေါ်ပြောင်းပေးဖို့ဆိုတာ တကိုယ်ကောင်း မဆန်ဖို့၊အတ္တမကြီးဖို့၊ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းနဲ့လည်း လုပ်လို့မရဘူးလေ။လူတွေ အားလုံး အတွေးအခေါ်တွေပြောင်းကြမှပေါ့။ကျွန်တော်တို့က နိုင်ငံတကာနဲ့စာရင် အများကြီးကျန်ခဲ့ပြီ၊နိုင်ငံတကာကိုမပြောနဲ့ အိမ်နီးချင်းတိုင်းပြည်တွေနဲ့ ယှဉ်ရင်တောင် အများကြီးကျန်ခဲ့နေပါပြီ။ကွန်တော်တို့ အတွေးအခေါ်တစ်ခုပြောင်းပြီး အလုပ်လုပ်မှ ကွန်တော်တို့အပြောင်းအလဲ ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်၊လူတွေ အတွေးအခေါ် ပြောင်းအောင် ဘယ်လိုလုပရမလဲဆိုတာကို ကျွန်တော် မေးပါတယ်ခင်ဗျာ။

ဖြေ။      ။ကျွန်မ စောစောကတည်းက စစ်မှန်တဲ့ တော်လှန်ရေးဆိုတာဟာ စိတ်ဓာတ်တော်လှန်ရေးပဲ ဖြစ်တယ်လို့ပြောခဲ့ပါတယ်။ဒီလို စိတ်ဓါတ်တွေပြောင်းနိုင်မှ တကယ်ကိုယ့်တိုင်းပြည်ကို ပြောင်းနိုင်မှာပါ။ဒီလိုစိတ်ဓါတ်တွေကို ပြောင်းနိုင်ဖို့အတွက်ကတော့ လေ့ကျင့်ယူရမှာဖြစ်ပါတယ်။လေ့ကျင်ချင်တဲ့ ဆန္ဒလည်းရှိရမယ်။အောင်မြင်ခြင်းတရား ၄ ပါးကို ပြောရမယ်ဆိုလို့ရှိရင်၊  ဆန္ဓရှိရမယ်။ဝီရိယရှိရမယ်။စိတ်ဓါတ်ရှိရမယ်။ပညာရှိရမယ်။အဲဒီတော့ ကျွန်မတို့ဟာ ပထမဦးဆုံးတော့ ကိုယ့်ကိုကိုယ် ပြောင်းလဲသင့်တယ်ဆိုတာကို လက်ခံပြီးတော့ ပြောင်းလဲချင်တဲ့ ဆန္ဒ အပေါ်မှာ အခြေခံပြီးတော့ စပြီးကြိုးစားရပါမယ်လို့ ကျွန်မထင်ပါတယ်။

အားလုံးပဲ အပြောင်းအလဲလေးများဖြစ်ရန် စိတ်၊ဆန္ဒ များတိုးပွါးနိုင်ပါစေ။