ခေတ်ပေါ် အဝတ်အစားနှင့် ဓာတ်ပုံများကြောင့် ဂျာနယ် ၂ စောင် ယာယီပိတ်ခံရ

cobraJanuary 28, 20111min13812

သရုပ်ဆောင် ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့၏ မင်္ဂလာဆောင် ညစာစားပွဲ တက်သည့်ပုံများ ဖော်ပြခဲ့သည့် အတွက် ပြည်တွင်းဂျာနယ် ၂ စောင်ကို စာပေစိစစ်ရေးမှ ထုတ်ဝေခွင့် ခေတ္တရပ်ဆိုင်း ခဲ့ကြောင်း သိရသည်။

မင်္ဂလာဆောင် ညစာစားပွဲသို့ တက်ရောက် လာသည့် မင်းသမီးများ မလုံခြုံသည့် အဝတ်အစားများ ဝတ်ထားသည့် ဓာတ်ပုံများကို ဖော်ပြခဲ့သော မော်နီတာ ဂျာနယ်မှာ ထုတ်ဝေခွင့် ၂ ပတ် အပိတ်ခံရပြီး ဟယ်လို ဂျာနယ်မှာ ၁ ပတ် ပိတ်ခံခဲ့ရသည်။

“ကျနော်တို့ ဂျာနယ် ၂ ပတ်ပိတ်ခံရတာ ဟုတ်ပါတယ်။ မင်းသမီးတွေရဲ့ မလုံမခြုံ ဝတ်ထားတဲ့ ပုံတွေကို ဂျာနယ်မှာ ဖော်ပြခဲ့လို့ ပိတ်တယ်လို့ သိရပါတယ်” ဟု မော်နီတာ ဂျာနယ်မှ အယ်ဒီတာ တဦးက ပြောသည်။

The First ဂျာနယ်၏ အယ်ဒီတာကိုလည်း ထိုကဲ့သို့ ပုံများ ထည့်သွင်း ဖော်ပြသည့် အတွက် ခေါ်ယူကာ ပြင်းထန်စွာ သတိပေးခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

အထက်ပါ ဂျာနယ်များမှာ သတင်းဓာတ်ပုံများကို စာပေစိစစ်ရေးသို့ ကြိုမတင်ဘဲ ထုတ်ခဲ့သည့် အတွက်ကြောင့် ယခုကဲ့သို့ အပြစ်ပေး ခံရခြင်း ဖြစ်သည်ဟု ရန်ကုန်အခြေစိုက် ဂျာနယ်အယ်ဒီတာ တဦးက ပြောသည်။

“နောက်တခါ ဒီလိုမျိုးဖြစ်လာရင် ၁၉၆၂ ခုနှစ် ပုံနှိပ်ဥပဒေအရ အရေးယူသွားမယ်။ သူတို့ ပြောနေကျ မလိုက်နာရင် အနားပေးမယ်၊ ထုတ်ဝေခွင့်ပိတ်မယ် ဆိုတာတွေပြောပြီး The First ဂျာနယ် အယ်ဒီတာတွေကို စိစစ်ရေးက ဆူပါတယ်” ဟု ၎င်းကပြောသည်။

ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့၏ ၆ ပွဲဆက် ခြိမ့်ခြိမ့် သည်းသည်း ဆင်နွှဲခဲ့သည့် မင်္ဂလာဆောင် အခမ်းအနားများကို နေပြည်တော်ရှိ  ဗိုလ်ချုပ်မှူးကြီး မိသားစုက ဘဝင်မကျ ဖြစ်နေသည် ဟုလည်း နေပြည်တော် အသိုင်းအဝန်းမှ သိရသည်။

ထိုမင်္ဂလာပွဲကြောင့် ၂၀၀၉ ခုနှစ်အတွက် အကယ်ဒမီ ဆုပေးပွဲတွင် အမျိုးသမီး သရုပ်ဆောင်ဆု ရမည်ဟု ခန့်မှန်းထားသည့် အိန္ဒြာကျော်ဇင် မရခဲ့ခြင်း ဖြစ်သည်ဟုလည်း ရုပ်ရှင် အစည်းအရုံးနှင့် နီးစပ်သူများက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ချိန်က ၎င်း သတင်းနှင့် ဓာတ်ပုံများကို ပုံကြီးချဲ့ အချပ်ပို ထုတ်ဝေ ဖော်ပြခဲ့မှုဖြင့် စာပေစိစစ်ရေးက ပြည်တွင်း သတင်းဂျာနယ် ၉ စောင်ကို ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်းခြင်းဖြင့် အရေးယူခဲ့သည်။

မြန်မာနိုင်ငံတွင်လက်ရှိအချိန်

အထိ ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့်မရသေးဘဲ အပတ်စဉ်ထုတ် ဂျာနယ်နှင့် လစဉ်ထုတ် မဂ္ဂဇင်းများကိုသာ စစ်အစိုးရ ထိန်းချုပ်မှုအောက်တွင် ရေးသား ထုတ်ဝေခွင့် ပြုထားသည်။

12 comments

  • Kaung Thant

    January 29, 2011 at 4:03 am

    မတရားလိုက်တာကွာ။ ပြည်သူချစ်တဲ အနုပညာရှင်တွေရဲ ပွဲကို သူတို့က မနာလိုဖြစ်နေသေးတယ်။ သူတို့သမီးချောကြီး မင်္ဂလာ ပွဲတုန်းကပိုတောင်ကြမ်းသေးတယ်။

  • yuyu

    January 29, 2011 at 5:26 am

    ယုတို့ကတော့ မုဒိတာပွားပါတယ်
    အားကျတယ် မိန်းကလေးတစ်ယောက်အနေနဲ့ အိန္ဒြာကျော်ဇင် ကံကောင်းတယ်
    သူလုပ်နိုင်လို့သူလုပ်တာပဲနော် လုပ်နိုင်တဲ့သူတွေတောင် အခြေအနေအကြောင်းကြောင့် မလုပ်ရတဲ့သူတွေလဲ ရှိတာပါ သက်သက်မနာလိုတာ

  • Ba Gyi Taw

    January 29, 2011 at 5:59 am

    ——ဘဲ ။ စပွန်ဆာပေးတိုင်း လူအမြင်ကပ်အောင် မလုပ်သင့်ဘူး ။ နဲတောင်နဲသေးတယ် ။ အင်္ဂရုပ် ဖတ်တတ်တဲ့ လူတိုင်း (ပေတေဦး) ရဲ့ ရုပ်ကိုကြည့်ခိုင်းရင် အဲဒီကောင် ဘာလဲဆိုတာ သိတယ် ။ မင်းတို့ ံ့တွေအတွက် ကုန်မဲ့ငွေတွေ ကို နာဂစ်၊ ဘိုးဘွားရိပ်သာ ၊မိဘမဲ့ တွေကို လှုမယ်လို ့ နဲနဲမှစိတ်မကူးမိဘူးလား ။

  • yuyu

    January 29, 2011 at 6:33 am

    ပြေတီဦးဘာလဲမသိလို့ပြောပြပါလား။
    စပွန်ဆာပေးတယ်ဆိုရင် ဘာကုန်စရာအကြောင်းရှိလဲနော်
    စပွန်ဆာပေးတယ်လဲဆိုသေး ကုန်မယ့်ငွေတွေကို အလှုုလုပ်ဖို့လဲပြောသေးတယ် ဘကြီးတော်နော် ်တူဝရီးချင်းနားလည်မှု့မလွဲကြေးနော်

  • အာဖျံ ကွီး

    January 29, 2011 at 7:30 am

    ပြေတီဦးကနှယ်နှယ်ရရတော့မဟုတ်ဘူးဗျ။
    အောက်ခြေကနေအပေါ်ဆုံးထိရောက်အောင် မှန်မှန်ကန်ကန်ကြိုးစားလာတာ။
    ပီးတော့ … ပြေတီဦးပညာရေးဖောင်ဒေးရှင်းထောင်ထားတဲ့သူ။
    သူများကိုကူညီပေးမဲ့စိတ်ဓါတ်ရှိတာကိုပြောပါတရ် .. ဘာကအဓိကလဲဆိုတာသေချာသိတဲ့သူ …
    နာမယ်ကြီးချင်လို.လုပ်တာ / ပိုက်ဆံတွေပိုနေလို.လုပ်တာ … လို.တော့လာမပြောနဲ. …
    ပရောဟိတလုပ်ငန်းတွေရဲ. high pressure တွေကိုကျုပ်ကသိတရ် ….

    မင်းသမီးတွေ ပေါ် တဲ့ကိစ္စလား …
    မပြောပါနဲ.တော့ … အမြဲတမ်းပေါ်နေတာ …
    အရင်တုန်းကတော့ ဘာမှမပြောပဲ … အခုကျမှဘာလို. ပိတ်လဲမသိ …
    (…..) လို.များလား … ရှုုးးး

  • ကြယ်လေး

    January 29, 2011 at 10:26 am

    ကို ကွီး
    ပြေတီဦးဖောင်ဒေးရှင်း က တနှစ် ကို သိန်းတစ်ရာ ဖိုး ဆေးကျောင်း တက်ဖို့ အခက်ခဲ ရှိတဲ့ ဆတန်းအောင် ကျောင်းသားတွေ အတွက်ဆို?

  • manawphyulay

    January 29, 2011 at 10:29 am

    ဂျာနယ်တွေပဲ ပိတ်တာလား အဲဒီခေတ်ပေါ် တွေကော ပိတ်ဖူးလား သိချင်ပါတယ်ရှင်။

  • Yin Nyine Nway

    January 29, 2011 at 10:36 am

    တိတော့ဝူးဗျ…..
    ဘယ်သူကောင်းတယမကောင်းဘူးဆိုတာ
    အစကောင်းပြီး အဖျားမချူးပါစေနဲ့လို့တော့ ဆုတောင်းတာပဲ
    ဒီလိုပဲ ဖောင်ဒေရှင်းတွေက အဖျားချူးတော့ ကိုးလိုကန့်ခံတာတွေ ကိုယ်တိုင်ခံရဖူးလို့ပါ

  • shweminthar

    January 29, 2011 at 10:57 am

    အဲဒီပုံလေးတွေ ရော တင်ထားပါလား
    ကြည့်ရတာပေါ့… ဟဲဟဲ

  • nyimalay

    January 29, 2011 at 11:34 am

    ပြေတီဦး ကဘာလဲဆိုရင် ပညာတတ်အသိုင်းအဝိုင်းကဆင်းသက်လာသူပဲ……
    အဖေဆရာဝန် အမဆရာဝန် သူကိုယ်တိုင်လည်း အင်ဂျင်နီယာလားမသိဘူး……
    မျိုးရိုးသန့်တယ် သဘောကောင်းတယ် အေးတယ် ရုပ်ချောတယ်……….ပိစိကွေးတော့ဒီလိုပဲသိတယ်……….

  • naywoonni

    January 29, 2011 at 3:25 pm

    ဂျာနယ်တွေပဲပိတ်လား ပေါ်တဲ့သူကိုပဲပိတ်ရသလား? ပေါ်တဲ့သူကပေါ်လို့ ဂျာနယ်ထဲပါလာတာပဲ ။ သူတို့မပေါ်ရင် ဘာပါစရာ ကြောင်းရှိလဲ ဟင်းးးး

  • sayargyi

    January 30, 2011 at 10:28 am

    ကိုယ့်ထက်သာ မနာလို ဖြစ်ကြတာ ရောဂါတစ်ခုလိုများဖြစ်နေကြပြီလားမသိဘူး…
    ပေတေဦး ဘဲဖြစ်ဖြစ် ဘာဘဲဖြစ်ဖြစ် ကိုယ့်စီးပွား ကိုမထိခိုက်ရင် ဝမ်းသာပေးလိုက်ကြပါ…
    ကိုယ့်စီးပွား ကို ထိခိုက်အောင်လုပ်နေတဲ့သူတွေကို အရင် ဥပတိရုပ်ဖတ်လိုက်ပါဦး…..

Leave a Reply