စစ်ကိုင်းမြို့မှ ပြည်သူတွေကို နှိပ်စက်နေသော ဝန်ထမ်းတွေ

interestedJanuary 28, 20111min13719

စစ်ကိုင်းမြို့ ပါရမီရပ်ကွက် မြိုနယ်အခွန်ဦးစီးရုံးမှ ဝန်ထမ်းများမှာ ပြည်သူများကို လည်ပင်း မညှစ်ရုံတစ်မယ် ငွေအမြဲတမ်း မဟားဒယား အကြောင်းမျိုးစုံပြတောင်းနေသော ဝန်ထမ်း ၂ ယောက်၏အမည်မှာ

၁။  ဒုဦးစီးမှုး ဒေါ်ခိုင်ခိုင်လတ်
၂။ စာရေးမဝန်ထမ်း  ဒေါ်အေးငြိမ်းအိ

ကျွန်တော်၏ ကိုယ်တွေ့ဖြစ်ပါတယ်။
ကျွန်တော်မှာ မိဘ ၂ ပါးရယ် အကို ၁ယောက်ရယ် ညီမလေး၁ ယောက်ရယ်ရှိပါတယ် ။

ယ္ခုဖြစ်ရပ်မှာ ပုံစံ( ၁ရ ) လုပ်ခဲ့သောကျွန်တော်၏ ကိုယ်တွေ့အမှန်တစ်ကယ်ဖြစ်ရပ်ဖြစ်ပါသည်  ပုဂိ္ဂုလ်ရေးလုံးဝမပါဝင်ကြောင်း ဘုရားရှင်အား တိုင်တည် သစ္စာထား၍ ကျိန်တွယ် ပြောပြ လိုက်ရပါတယ် ။

ဖြစ်နိုင်ပါက စုံစမ်းအရေးယူပြီး ပုံစံ( ၁ရ )လုပ်သောအခါတိုင်း ကျွန်တော်တို့လို အစိုးရဘဏ်မှာ ဝင်ငွေခွန်ဆောင်ပြီးသားသူများအတွက် ကျပ် ၁သောင်း ပတ်ဝန်းကျင် လောက်သာ ချမှတ်ပေးပါရန်နှင့် ၎င်း ဝန်ထမ်း ၂ နှစ်ဦးအား ငွေအမြဲတမ်းညှစ်မှု့ဖြင့် လိုအပ်သလို အရေးယူပေးပါရန် နှင့် အရေးယူပေးနိုင်သော အထက်အရာရှိများအား ထပ်ဆင့် လက်ဆင့်ကမ်း ဆင့်ပွားပေးကြပါရန် လေးစားစွာဖြင့် အကူအညီတောင်း မေတာ္တရပ်ခံအပ်ပါသည် ခင်ဗျား ။

ကျွန်တော်၏ အမည်ရင်း မဖော်ပြခြင်းအားသည်းခံပေးပါရန်..အကြောင်းမှာမူ အမည်ရင်း ပြောပြလိုက်ခြင်းအားဖြင့် ကျွန်တော်ကိုယ်တိုင် နှင့် နယ်ခံဖြစ်သောကျွန်တော်၏မိဘများမှာနောက်လာမယ့် ကိစ္စများ တွင် ဒုက္ခရောက်မည် စိုးသောကြောင့်ဖြစ်ပါသည် .။

ဖြစ်စဉ် ။ ကျွန်တော်၏ မိဘများမှာ စားသောက်ဆိုင်လေး ဖွင့်ထားကြပါတယ် ကျွန်တော်မှာမူ ၁ဝ တန်းအောင်၍ ရန်ကုန်မြို့ကြီးသို့တက်ရောက်၍ မိဘများကိုအလုပ်အကြွေးပြုချင်သောကြောင့် ကိုယ်ဒူးကိုချွန်ကာ သင်တန်းတွေကြိုးစားတက်ပြီး အလုပ်တွေ တစ်ခုပြီးတစ်ခုလုပ်လာကာ ယ္ခုနောက်ဆုံးတွင် ဒေါ်လာစား လခရသော ရေနံ ကုမ္ပဏီတစ်ခုတွင် လခစားဝန်ထမ်း လုပ်ကိုင်ခွင့်ရခဲ့ပါတယ်ခင်ဗျား ။

ကျွန်တော်၏ မိဘအပေါ်သိတက်မှု့နှင့် ကြိုးစားမှု့ကြောင့် ကုမ္ပဏီမှ နိုင်ငံရပ်ခြားသို့ စေလွှတ်မှု့အခွင့်လမ်း တစ်ခုပေါ်ပေါက်လာခဲ့ရပါတယ်…။

အဲဒီမှာစတွေ့တာပါပဲခင်ဗျာ သန်းခေါင်စာရင်းက စစ်ကိုင်းဇာတိဆိုတော့ ပုံစံ( ၁ရ ) ကစစ်ကိုင်းကိုပြန်လုပ်ရတော့တာပါပဲ .။

ကုမ္ပဏီမှ ကျွန်တော်ရဲ့ စီနီယာ အကို အမများလည်း ရှေ့ကနဦးကတည်းက နိုင်ငံရပ်ခြား သွားနေကြတာတွေ လုပ်သက် ၂ နှစ်အတွင်းကျွန်တော်မြင်တွေ ့ကြားသိနေရပါတယ်…ဒီလို ရန်ကုန်မြို့တော်ကြီးမှာတောင် ပုံစံ( ၁ရ ) လုပ်ကြတဲ့အခါတိုင်းမှာ ရုံးက လစာထုတ်တိုင်းကုပ္မဏီ မှ လစဉ် ဝင်ငွေအခွန်ထမ်းဆောင်ပြီးကြောင်းထောက်ခံစာတွေနဲ့အတူ သွားခဲ့ကြတာ ယ္ခုချိန်ထိ ကျသင့်ငွေ ကျပ်ငွေ ငါးထောင် ( ၅၀၀ဝ ) ပဲတောင်းခံပါသတဲ့..ပေးနေကြရပါသတဲ့။ ဒါလောက်ကတော့ဖြစ်သင့်ပါတယ် ပေးလို့ ကြည်ဖြူ လျှောလျှော လျှူလျှူ ပေးနိုင်ပါတယ်..။

ကျွန်တော်ကိုယ်တိုင် အဲဒါလုပ်ဖို့ အတွက်ကုမ္ပဏီကနေ လစဉ် ၁ဝ % ရာခိုင်နှုန်း အစိုးရအား ပေးဆာင်ထားကြောင်းနဲ့ ကုမဏီမှ အခွန်ထမ်းဆောင် ကင်းရှင်းကြောင်း ထောက်ခံစာတွေ ယူဆောင်လာခဲ့ပါတယ်ခင်ဗျ ။

ဇာတ်လမ်းက အဲဒီ အခွန်ရုံးကိုရောက်တယ်ဆိုရင် ကျွန်တော် အေးအေးဆေးဆေး ချိုချိုသာသာပဲ ပုံစံ ၁ရ လုပ်ချင်လို့ ပါ ။ ဘာေတွေလိုအပ်ပါသေးလည်း အရင်မေးပါတယ် ရပ်ကွက်ထောက်ခံစာနဲ့ ရဲစခန်းထောက်ခံစာလိုပါတယ်ဆိုလို့ ့ ကျွန်တော်မှာ တောင်နဲ့မြောက် တကယ် ကို အပြေးလွှား သွားခဲ့ရပါတယ် ။

ရဲစခန်းက ရဲအရာရှိတွေနဲ့ တာဝန်ရှိသူတွေက တကယ်သဘောကောင်းကြပါတယ် ကိုယ်လိုတာရလို့ သဘောကောင်းတယ်လို့ ပြောတာ မထင်စေချင်ပါဘူး ပုံစံထဲ ဘောင်ထဲကနေ သဘောကောင်းချင်းကို ဆိုလိုတာပါခင်ဗျာ..။ ထောက်ခံစာလုပ်ပြီးလို့ အကို ့ကျွန်တော် ဘာများလုပ်ပေးရမလည်း မေးတော့..ရပါတယ် စာရွက်ဖိုးသာ ပေးပါတဲ့ ၅၀ဝ ပဲတောင်းပါတယ်ခင်ဗျာ..။ ကျွန်တော် ဖလားထဲကို ၁၀၀ဝ တန်ထည့်ပေးခဲ့ပါတယ်.။

အားလုံး စုံလို့ အခွန်ရုံးပြန်ရောက်လာခဲ့ပါတယ် ။ ဒုဦးစီးမှုး အဲဒီဒေါ်ခိုင်ခိုင်လတ်ကို တွေ့ရဖို့ အရေး စာရေးမ အေးငြိမ်းအိ ဆိုတဲ့ ကျွန်တော်ထက်ငယ်မယ့်ပုံရတယ် သူကိုတွေ့ရတာနဲ့တင် စိတ်ညစ်မိတာများဗျာ မျက်နာက တလောကလုံး သူ့လုပ်စာ စားနေတဲ့ရုပ်နဲ့ မျက်နာကို ချီနေတာပဲ..။

သူတင်မကပါဘူး သူ့အရာရှိ ဒေါ်ခိုင်ခိုင်လတ် ပိုဆိုးသဗျာ ..။ အဲဒီ အမျိုးသမီးဗျာ မျက်နာထားက တော်တော် တင်းထန်ပါတယ် သူ့ဆီက ပိုက်စံလာတောင်းတဲ့ ပုံစံမျိုးနဲ့ကို ဟောက်လိုက် ဆိုလိုက်ပြောလိုက်နဲ့ဗျာ ။

ပုံစံ (၁၇) လုပ်ချင်လို့ဆိုတော့ ၁ ယောက်ကို ၄သောင်းပေးရပါမယ်တဲ့ဗျာ ဘယ်နှယ့် ရန်ကုန်မှာတောင် ဘယ်ချိန်လုပ်လုပ် ငါးထောင်ပဲ  ကျွန်တော်လည်းမခံပါဘူး ရန်ကုန်မှာတောင် ဒါလောက်ပဲကျတာ ဒီမှာ ကျွန်တော် အဲဒီလောက်မပေးနိုင်ဘူးပေါ့ နောက်ပြီး ကျွန်တော့်မှာ ကုမ္ပဏီကနေ လစဉ် ၁ဝ % ရာခိုင်နှုန်း အစိုးရအား ပေးဆာင်ထားကြောင်းနဲ့  ကုပ္မဏီမှ အခွန်ထမ်းဆောင် ကင်းရှင်းကြောင်း ထောက်ခံစာ ပါလာပါတယ်ဆိုပြီး ပြလိုက်ပါတယ်။

အဲဒါဆို သန်းခေါင်စာရင်းလေးပြပါဆိုလို့ ကျွန်တော် ပါလာတဲ့ စာရွက်စာတမ်း အစုံလိုက်ကိုသူ့ကိုပေးလိုက်ပါတယ် ။ စာရွက်ကြည့်ပြီး ဩ .ဦး— ရဲ့သားကိုးတဲ့ ။ စတင်ပြီး အပြစ်ရှာပါတော့တယ် ။ မင်းအဖေက စားသောက်ဆိုင်ပိုင်ဆိုင်တာကို အခွန်ဘယ်တော့မှ မဆောင်ဘူး ပတ်ပြေးနေတာတဲ့ .ကျွန်တော် တော်တော် အံ့ဩ သွားတာပါ..တကယ်လည်း အဲဒါကိုမသိပါဘူး.။

မင်းအဖေက တကယ့် အခွန်ဆောင်ရင် သိန်းကို ဆယ်နဲ့ချီပြီးဆောင်ရမယ့်ဟာကို ငါတို့က စည်းကျပ်ခွန် အနေနဲ့ နားလည်မှု့နဲ့ ၁ နှစ်ကို ၁၂၀၀၀ဝ ( တစ်သိန်း နှစ်သောင်း ) ကို ၆လ ၁ခါ ၆သောင်းစီပဲခွဲ ဆောင်ခိုင်းတာကို မဆောင်ဘူး အခွန်မဆောင်ပဲ ရှောင်ပြေးနေတာတဲ့ ။ အဲဒါအခွန် ၆ သောင်းဆောင်မယ်ဆိုမှ ပုံစံ (၁ရ ) လုပ်ပေးမတဲ့ဗျာ အကြီးဆုံးဦးစီးမှုးကိုလည်း မင်းပြောတဲ့ ၅၀၀ဝ နဲ့ရအောင်ပြောပေးမတဲ့ဗျာ။

ကျွန်တော်က အဲဒါက အဖေပိုင်တာပဲ ကျွန်တော်နဲ့မှ မဆိုင်တာ နိုင်ငံခြားသွားတာ အဖေမှမဟုတ်တာ ကျွန်တော်ကလည်း အခွန်ကင်းရှင်းကြောင်း အကုန်ပါနေပီပဲ ဘာမှမဆိုင်တာ မဟုတ်ဘူးလားမေးတော့ .. အဲဒါက ဝင်ငွေခွန် အဲဒါက လုပ်ငန်းဝင်ခွန်နဲ့ ရှုတ်ရှက်ခတ်နေအောင် ဘာတွေပြောမှန်းမသိပါဘူးဗျာ ဒါနဲ့ပဲကျွန်တော်လည်း စိတ်လျှော့ပြီး အဖေကိုအခွန်ဆောင်ဖို့တွက် ဖုန်းနဲ့လှမ်းမေးတော့
အဖေ    —-.ဟင် မင်းအကိုကြီး သွားဆောင်ပေးထားတာ ၂လပဲရှိသေးတယ်တဲ့/

ကျွန်တော်—–.ဟာ ဒါဆို အကိုကြီးကိုမေးဦးမှပဲ။ ကိုကြီးရေ ဒီလို ဒီလို အကျိုးအကြောင်းပြောပြလိုက်တောh။

အကိုကြီး—-..တောက် ကောင်မတွေ ငါဆောင်ပြီးသားကို ပတ်ပြေးနေတယ်ပြောတယ် ဟုတ်လား အေး..ငါခုပဲလာခဲ့မယ် ..အဲဒီမှာစောင့်နေ။

အကိုကြီးစာရွက်စာတမ်းတွေကိုင်ပြီး ဒေါသတွေနဲ့ ရောက်လာပါတယ် အဲဒီ ခိုင်ခိုင်လတ် အခန်းထဲဝင်သွားပါတယ်…အကိုက စာရွက်တွေပြပြီး ဆောင်ထားတာ ၂လပဲရှိသေးတယ် ခင်ဗျားတို့ ဘာဖြစ်လို့ ဒီလိုတွေပြောတာလည်းဆိုတော့ .ဝေ့လည်ကြောင်ပတ်နဲ့ စကားလမ်းကြောင်းတွေလွှဲပြီး အဲဒီဆောင်ထားတဲ့ အခွန်ကိုတောင်းတာ မဟုတ်ပါဘူး..ကြိုတင်ခွန်ဆောင်ဖို့တောင်းတာပါ ဆိုပြီး လေသံတွေလျှော့သွားပါတယ်..(စောနက လေသံထက်အနည်းငယ်ပေါ့) ။

ကြိုတင်ခွန်က ဘာလို့ဆောင်ရတာလည်းမေးတော့  စားသောက်ဆိုင်တိုင်း ပေးပြီးပြီ မင်းတို့ပဲ မပေးသေးတာလို့ ဆိုပြန်ပါတယ် ။ ဒါနဲ့ အကိုကြီးလည်း ဟုတ်ကဲ့ အဲဒါဆို ခဏနော် ဆိုပြီး ကျွန်တော့်ကိုခေါ်ပြီး အပြင်ထွက်လာပြီး သူ့ရဲ့ နီးစပ်ရာ သူငယ်ချင်း စားသောက်ဆိုင်တွေကို အမြန်ဆုံးမောင်နှင်ပြီး လိုက်ပြီး စုံစမ်းမေးမြန်းကြပါတယ် ဘယ်သူမှ မဆောင်ရသေးပါဘူးတဲ့ ကဲ နည်းမျိုးစုံနဲ့ အရှက်မရှိစတမ်း တောင်းနေတာနော်။ ဒါနဲ့ပဲ အခွန်ရုံးပြန်လာ အကိုကြီးက အချက်အလက်နဲ့ ပြောတော့အဲဒီမိန်းမ မျက်နာက စိတ်ပျတ်လက်ပျတ်နဲ့ အရှက်မရှိစွာနဲ့  ဒါက ဒီလို အလွယ်ပြောလိုက်တာပါအမှန်က နိုင်ငံခြားသွားတဲ့လူတိုင်း ကြိုတင်ခွန်ဆောင်ရတာတဲ့ ။ မဆောင်ရင် လုံးဝကို ပုံစံ(၁၇) မပေးနိုင်ပါဘူး လို့ပေါ်တင်ကိုပြောပါတယ်ဗျာ။ သွားတာက ကျွန်တော်ပါ..ခုက အဖေပိုင်ဆိုင်တာကို အခွန်လည်း ဆောင်ပြီးပါပြီ .မဆိုင်တာတွေကို အတင်း ထပ်ခါထပ်ခါ ပုံစံမျိုးစုံနဲ့ လှည့်ပတ်တောင်းနေတာပါဗျာ ကဲ။

ပြီးတော့ မျက်နာထားတင်းတင်းနဲ့ မင်းတို့ ကို အပေါ်ကတောင်းတဲ့အတိုင်း တရားဝင် မတောင်းချင်လို့ ဒါကိုမင်းတို့က ဖြစ်ပျက် နေတယ်လည်းဆိုရော..ကိုကြီးက ကောင်းပြီး ကျွန်တော်တို့ တရားဝင်ဘောင်ထဲကနေ အပြည့်ဆောင်မယ် ..ဆောင်ရင် အရင်က ဆောင်ထားသမျှတွေကို ခင်ဗျာတို့ ဘောက်ချာနဲ့ လက်မှတ်ထိုးပေးပါ.. ခုလက်ရှိဆောင်တာရောလက်ခံပြန်ပေးပါ ထိုးပေးပါလို့ပြောတော့ အို….အဲဒါတော့ဘယ်ဖြစ်မလည်းတဲ့ ဘောက်ချာလက်ခံတောင်းတော့ အတော် ကြောက်ကန်စွာငြင်းပါတယ်..။ ကဲ ပြည်သူများ အရာရာ ခံဘက်ကကြီးပါပဲဗျာ.။ အလုပ်သွားလုပ်တာလည်းမဟုတ်ပါဘူးဗျာ ကုမ္ပဏီက သင်တန်းတက်ခိုင်းလို့ သွားတက်ရမှာပါဗျာ နိုင်ငံခြားလည်း မရောက်ဖူးတော့ သွားချင်တာပေါ့ဗျာ မိဘ တွေကဆို နိုင်ငံခြား သွားရလို့ဆိုပြီး ဂုဏ်တွေယူပြီး တပြုံးပြုံးဖြစ်နေကြတာလေ အဲလိုရိုးသားကြတဲ့ နယ်ခံတွေပါဗျာ..။

ကျွန်တော်တို့မှာ ကျားကြောက်လို့ ရှင်ကြီးအားကို ရှင်ကြီး ကျားတက်ဆိုးနေတဲ့ အဖြစ်နဲ့တိုးနေတာပေါ့ဗျာ ဘယ်တက်နိုင်မလည်း သူတို့ပေးမှ သွားရမယ့်အဖြစ်ကိုဗျ အဲဒါနဲ့ အကိုလည်း ၆သောင်းဆောင်.ကျွန်တော်လည်း ၅၀၀ဝ ထပ်ပေး ..ကဲ စစ်ကိုင်းက ပုံစံ (၁၇) ရလာခဲ့ပါပြီဗျာ။

ကုမ္ပဏီ ကနိုင်ငံခြား ထပ်လွှတ်ရင်တောင် အကိုနဲ့ ဖေဖေ မေမေ တို့ကို သနားလွန်းလို့ သွားရဖို့တွက် စစ်ကိုင်းက ပုံစံ (၁၇) လုပ်ရမှာတောင် ကြောက်နေပါပြီဗျာ ကယ်ကြပါဦး အရပ်ကတို့ရေ .ဒါက စစ်ကိုင်းက ပုံစံ (၁၇) လုပ်ပုံလုပ်နည်းပါခင်ဗျရန်ကုန်သူ ရန်ကုန်သား တခြားနယ်သား တွေတောင် ဒီလောက် ခက်မယ်မထင်ပါဘူး .ဟူးးးးးး။

အရှင်ဘုရား တပည့်တော်တို့ကို သနားညှာတာသောအားဖြင့်..ဤလို ဝန်ထမ်းများအား အမြန်ဆုးံ ဆုံးမအရေးယူနိုင်သောသူ ပေါ်ပေါက်လာပါစေ .။ ဤစာရသောသူများလည်း ကျွန်တော်နှင့် ရိုးသားသော နယ်သူနယ်သား မိဘ မောင်နှမ များအား သနားသောအားဖြင့် လက်လှမ်းမှီရာ လက်ဆင့်ကမ်း ဖြန့်ဝေခြင်းဖြင့် ကူညီပေးပါရန် .လေးစားစွာ ဖြင့် အသနားခံ တောင်းပန်အပ်ပါသည်ခင်ဗျား.။

ကျေးဇူးတင်လွန်းစွာဖြင့်
စစ်ကိုင်းသား ။

(credit to forward mail)

19 comments

  • zaymdy

    January 28, 2011 at 2:45 pm

    ဘယ်လောက် ငတ်ပြန်နေလည်း မသိဘူး အရှက်လည်း မရှိဘူး တူပါတယ် သူဘိုးတော်နဲ. ရှက်ကြိုးတွေ မပါကြဘူးလား မသိဘူး … 😛

  • k-kay

    January 28, 2011 at 2:51 pm

    ငါတို့မြို့လာခဲ့ပါ့လား….ငါလုပ်ခဲ့တုံးက ၃၀၀ဝတင်..သဘောလဲကောင်း

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 28, 2011 at 2:52 pm

    ဘာသာရေးရှုထောင့်ကသုံးသပ်ခြင်ရင် ဥပက္ခာပြုပါ
    မိုးကုတ်ဝိပဿနာကိုသွားပါ
    တစ်ခြားလိုင်းနဲ ့ပူးခြင်ရင်
    အဲ့သည်လူတွေကို လေးဂွနဲ ့ဆော်ပါ လုံးဝဂုဏ်းမဖွဲ ့နဲ ့
    အုပ်စုဖွဲ ့ရင် နာမယ်
    သူတို ့ထက်ကြီးတဲ့ကောင်လဲ ဓမြဘဲ ဘာမှမထူးဘူး
    ဆိုတော့ကာ
    ခံနိုင်ရင်ခံ
    မခံနိုင်ရင် တုံ ့ပြန်
    ဒါဘဲ

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 28, 2011 at 2:53 pm

    နော်…..
    လို ့

  • ဆူး

    January 28, 2011 at 3:32 pm

    နည်းမျိုးစုံနဲ့ တောင်းတာမှ ပက်ပက်စက်စက်.. အခွန်စာရွက်ရပြီ ဆိုပြီး ဖုန်းဆက်ခေါ်တယ် ကျသင့်ငွေ ဆောင်ပြီးသား.. စာရွက်ပေးဖို့ ၃သောင်းပေးပါတဲ့ လျော့ခိုင်းလို့လည်း မရဘူး။ ဒါက ကျမ လျော့လုပ်ပေးထားတာတဲ့.. နားကြားကောင်းအောင် လွန်လွန်းပါတယ်။ လူကြီးကို ပေးပြီးသား လူကြီးက ပေးလိုက်တော့ ဆိုလို့ အမိန့်အရ လက်ထဲ ရောက်လာတဲ့ စာရွက် မပြည့်ရင် မပေးဘူး ဆိုတာကလည်း ရှိသေးတယ်။

  • Gipsy

    January 28, 2011 at 4:07 pm

    ဘော်ဘော်တို့ရေ နယ်တွေမှာ မလုပ်ကြနဲ့ .. ygn မှာလုပ်ကြ နော..
    ဒီမှာ ၅၀၀၀/၆၀၀ဝ ဘဲပေးရတယ်..home မှာ ၅ ယောက်လုပ်ခဲ့တာ..
    သက်သာတယ်ပြောရမယ်…
    ခုလိုငွေစားကြမ်းတဲ့ ဘီလူးတွေကို ဖေါ်ထုတ်ကြပါ ..အထက်က အရေးမယူခဲ့ရင်တောင်
    ဝိုင်းဝန်း ရှုံချ လိုက်ကြတာပေါ့ဗျာ…အနဲဆုံး ရှိစုမဲ့စု စောက်ရှက်လေးတွေ ကွဲသွားစေရမယ်
    မဟုတ်လား…

  • winkyawaung

    January 29, 2011 at 1:34 am

    စစ်ကိုင်းတစ်မြို့ထဲတင် မဟုတ်ပါ။ မြို့တိုင်းနယ်တိုင်းမှာလေ အခွန်ရုံးတွေကဝါးနေကြပါတယ်။ အစိုးရအောင်ဘာလေထီလက်မှတ်တွေကျရင် ဗိုလ်ချုပ်တွေ ခွဲတမ်းယူကြပါတယ်။ ထီလက်မှတ် တစ်ဆောင်မှ ဝယ်ခွင့်မရဘဲ ရောင်းချနေသူ ထီဆိုင်များကျတော့ နှစ်စင် ဝင်ငွေခွန်ကို နှစ်ဆ၊ နှစ်ဆ တိုးတိုးပြီး ကောက်ခံနေကြပါတယ်…။ မြို့နယ်အခွန်ရုံးက ဝန်ထမ်းတွေ တိုက်တွေ၊ ကားတွေ၊ ဆိုင်ကယ်ကိုယ်စီတွေနဲ့ ချမ်းသာနေကြပါပြီ..။

  • nigimi77

    January 29, 2011 at 5:26 am

    ကျုပ်ကတော့ မှတ်ပုံတင် အတွက်ဆိုတော့ လ.၀.က ပေါ့ဗျာ။
    ပျောက်ဆုံးကြောင်းပြန်လျှောက်တာ။ ကမာရွတ်သားဆိုတော့ ကုန်းတံတားအောက်က လ.၀.က ကို သွားရတာ။ လက်ဗွေနှိပ်ခက ၃၀၀ဝ ပေးရသဗျား။ ကျွန်တော်က မပေးနိုင်ဘူးဆိုတော့ ကျွန်တော့ ညီငယ်က ပေးလိုုက်ပါ၊ ငါးစာ အရင်ကျွေးတာ လို ့ပြောလို ့ပေးလိုက်တယ်။ အရာရှိမမ က ၈၀၀၀ဝ ပေးရမယ်တဲ့။ ကြားသားမိုးကြိုး နိုင်ငံသား မှတ်ပုံတင် တခု အဲလောက်တောင် ပေးရလားပေါ့။ ကျွန်တော့ရဲ ့အရှေ ့မှာ ဗမာစကားပြော တရုပ်မတစ်ယောက်က အထုတ်လိုက်ပေးပါတယ်။ သူ ့ကိုပဲ နမူနာကြည့်ခိုင်းတာပေါ့။ ကျုပ်လဲ ခင်ဗျားတို ့က ဘာလဲ ရွေးကောက်ပွဲမှာ မဲထည့်ဖို ့အတွက် မှတ်ပုံတင်လာလုပ်တာကို (တကယ်တမ်း ဘာမဲမှ မထည့်ပါ) ၈၀၀၀ဝ တောင်းတယ် ဟုတ်လား တစ်ပြားမှ မပေးနိုင်ဘူးလို ့။ ညီငယ်က ကျွန်တော် ဥပဒေ ဝန်ထမ်းပါဆိုပြီး သူ ့ဝန်ထမ်းကတ်ကို ထုတ်ပြပါတယ်။ ခင်ဗျားတို ့ လွန်နေပြီ။ လူတိုင်းကို သူတောင်းစားတောင်းနေသလို လုပ်နေတာ ခုနက ၃၀၀ဝ ရရင် ကျေနပ်ပေါ့ ဘာလဲ လာဘ်စားနေတာလားလို ့ပြောရော။ ဒီအခါ အရာရှိမမက ပြုံးပြုံးပဲ ဘာလဲ မင်းတို ့ ဥပဒေမှာ လာဘ်စားရင် ဘာဖြစ်မယ်လို ့ရေးထားလဲ နဲနဲပါးပါးပြောပြပါဦးတဲ ့။ ကျွန်တော်လဲ ဖြည့်စရာရှိတာတွေဖြည့်ပြီး ဘယ်နေ ့ရမလဲမေးတော့ သူ ့ရဲ ့ GSM နံပါတ် နှစ်ခု ပေးပါတယ်။ ဆက်သွယ်ပါတဲ့ ပြီးတော့ ၈၀၀၀ဝ လည်း ကြိုရှာထားတဲ့။ ဘယ်နေ ့ရမယ်ဆိုတာကို မပြောဘူးဗျ။ Phone ဆက်ကြည့်လိုက် ပါတဲ့။ ညီငယ်လဲ တခြား စားပွဲကို သွားပြီး A4 တစ်ရွက်တောင်းတော့ ဘာလုပ်မလို ့လဲ မေးရော။ နေပြည်တော်ကို တိုင်မလို ့ဆိုပြီး နှစ်ယောက်သား အပြင်ကို ထွက်လာပါတယ်။ ရက် အနည်းငယ် အကြာ ကျုပ် အားတဲ့ နေ ့မှ ရုံးကို သွားပြီး မှတ်ပုံတင် ယူလာခဲ့ပါတယ်။ တပြားမှ မပေးခဲ့ဘူး။ နေပြည်တော်ကိုလည်း မတိုင်ဖြစ်ခဲ့ပါဘူး။ (မှတ်ချက်။ အဲဒီ အရာရှိမမ ရဲ ့ Phone နံပါတ် လိုချင်ရင် ပြောနော်)

    • ခပ် KING ကင်း

      February 25, 2012 at 12:08 pm

      အရာရှိမမရဲ့ ဖုန်းနံပါတ်ရော လိပ်စာရောပေးဗျာ
      ဓါးပြတိုက်မလို့
      (မှတ်ချက်။ အချစ်ဓါးပြ) … ဟူး ကိုယ့်ဟာနဲ့ကိုယ် ပြန်ရှင်းထားတယ်နော် … 😛

  • Ba Gyi Taw

    January 29, 2011 at 5:42 am

    27 ရက်နေ ့ 7 Days ထဲမှာ လာဘ်စားတဲ့အခွန်ဝန်ထမ်း ကို ထောင် (၇) နှစ်ချလိုက်တယ်တဲ့ ။ (နိုင်ငံခြားမှာ)

  • အာဖျံ ကွီး

    January 29, 2011 at 6:52 am

    ဟုတ်ပါ့ဗျာ ….
    ကိုစစ်ကိုင်းသားရေ … တခြားနယ်တော့မသိဘူး … ရန်ကုန်မှာလဲဒီအတိုင်းပဲ …. ကိုယ်တွေ. …
    ပါးစပ်ဈေး ဖြစ်နေပါပကောလား …. ပွဲစားထက်ဆိုးတရ်ဗျ ….
    အိမ်ထောင်စုစာရင်းထဲက အိမ်ထောင်ဦးစီးရဲ. အလုပ်အကိုင်ကို တွေ.မြင်ပီးတဲ့နောက်မှာပဲ ….
    ပုံစံ ၁ရ တောင်းရမ်းခလဲ တိုးသွားတော့တာပဲဗျို.။
    ကျုပ်ဆိုရင် လဝကရုံးသွားစရာကိစ္စရိုရင်ကို …. ကျားဖင်နှိုက်ရမဲ့အတိုင်းပါပဲဗျာ။

  • nyimalay

    January 29, 2011 at 11:10 am

    တူတူပါပဲ………. အစိုးရနဲ့ပတ်သတ်တဲ့နေရာဆို အကုန်အတူတူပဲ………… ပိစိကွေးက တော့ ကမာရွတ်မြန်မာ့စီးပွားရေးဘဏ်က သူတွေနဲ့ဆိုလုံးဝမတည့်ချင်ဘူး………. သူတို့ကပိုက်ဆံမပေးရင်မျက်နှာတွေကမာန်ချီနေတာပဲ…………
    ပိစိကွေးကလည်းလုံးဝကိုမပေးချင်တာ…… နောက်ဆုံးလုံးဝမပေးတဲ့အဆုံး ပါးစပ်ကထုတ်တောင်းတော့တာပဲ………… တံဆိပ်ခေါင်းဖိုး 200 ပေးတဲ့ ပိစိကွေးကလည်း အမြင်ကပ်ကပ်နဲ့ 5000 တန်ကြီးထုတ်ပေးလိုက်တယ်…..
    ပိုက်ဆံမပေးရင်သူတို့က လူကို 2 နာရီ 3 နာရီကိုစောင့်ခိုင်းတော့တာပဲ……..
    ပင်စင်လာထုတ်တဲ့သူတွေဆိုရင်လည်းအော်ဟောက်နေတာ သူတို့အိမ်ကခိုင်းတဲ့သူတွေအတိုင်းပဲ………. ပင်စင်လာထုတ်တဲ့သူတွေကိုကြည့်လိုက်ရင် သူတို့အဖေအမေတွေအရွယ်လောက်ရှိတယ်……….. ပြောရင်လည်း ပိစိကွေးပဲလွန်ရာကျအုံးမယ်……….. မပြောတော့ပါဘူး……… ဘာမှမပြောဘူးလို့ပဲသဘောထားလိုက်နော်……….. 😛

  • Yin Nyine Nway

    January 29, 2011 at 11:11 am

    ဒီလိုပဲ လုပ်စားနေကြတာ
    မျက်နှာပေးက သူတို့ လုပ်စာ တနိုင်ငံလုံးထိုင်စားနေရသလို လုပ်တက်တာ လဲ သူတို့ပဲ
    ပိုဆိုးတာက ထမင်းစာ;ချိန်ပြီးလို့ ဘယ်လောက်အရေးကြီးကြီး မသိသလိုနေတာတာ အံ့ဩတယ်…
    အဲဒါ ပြည်သူ့ဝန်ထမ်းတွေလေ…. ဘယ်နိုင်ငံမှာမှမရှိဘူး
    မြန်မာမှာပဲရှိတယ် သူလဲ ရှားပါးစ္စည်းစားရင်းသွင်းရမယ်
    🙂

  • naywoonni

    January 29, 2011 at 3:19 pm

    အင်း အဲဒါကြောင့်ပြောခဲ့တာပေါ့ မှတ်မိကြဦးမလား မသိဘူး ။ အစိုးရတွေ စနစ်တွေ တင်ပြောင်းနေလို့ ဘာမှဖြစ်လာမှာမဟုတ်ဘူးလို့ အောက်ခြေက ဝန်ထမ်းတွေပါ အကုန်ပြောင်းပစ်သင့်နေတာ အောက်ခြေ အုတ်မြစ်က ချစာနေတာ အပေါ်ကဘာဆင့်ဆင့် ပြိုမှာပဲဆိုတာလေ ထပ်မပြောတော့ဘူးနော် လက်ညောင်းလို့ 😛

  • kosharshi

    February 25, 2012 at 11:47 am

    ခေါင်မိုးမလုံလို့ အောက်ခြေဆွေးတာပါဗျာ ခေါင်ပြင်ပြီးရင်တော့ ကျမ်းခင်းလဲရဦးမယ်…

  • hnin phyu

    February 25, 2012 at 1:52 pm

    ကျမရဲ့အိမ်ကိုအခွန်ဆောင်တာ(၃၅)သိန်းပေးရတယ်။ချလံထွက်လာတော့အစိုးရကိုတရားဝင်အခွန်ဆောင်ရတဲ့ငွေက(၁၂)သိန်း.
    ကျန်တာကတော့. အင်း. မြန်မာပြည်သူတစ်ယောက်ဖြစ်နေတော့လဲနားလည်ပေးရတော့တာ ပေါ့။. တွေးလေရင်လေး စရာ ကောင်းလေပါ။
    ဘယ်သော်အခါမှများဒီလိုစနစ်ဆိုးအကျင့်ဆိုးတွေနဲ့ကင်းဝေးမလဲမသိပါဘူးရှင်။

    • jujuma

      February 25, 2012 at 4:47 pm

      ဆယ်နှစ်…ဆယ်နှစ် …
      ဆယ်နှစ်တောင် နည်းလွန်းတယ် …. ခေါက်ရိုးကျိုးနေကြပီဆိုတော့
      မျိုးမတုုံး လောက်ဘူး ဗျ …

  • အင်း ကိုစစ်ကိုင်းသားရေ ပြဿနာကမသေးဘူးဘဲဗျာ။
    သက်ဆိုင်ရာတွေ မြင်နိုင်၊ကြားနိုင်ပါစေ လို ့ဆုတောင်းပေး
    လိုက်ပါတယ်နော်။
    ဒါနဲ ့ဗျာ စစ်ကိုင်းသားဆိုတော့ဗျာ ….မေးရအုံးမယ်ဗျ။စစ်ကိုင်း
    တံတားကြီးအောက်ဖက်ချဉ်းကပ်လမ်းဘေးမှာရှိတဲ့ တံတားတိုင်
    မှာ ရေးထားတဲ့စာလေးဗျာ“ကလျာ စောင်းပေး မောင်တီးမယ်”
    ဆိုတာလေးရှိသေးလားဗျာ။

  • ရွှေဘိုသား

    February 25, 2012 at 6:52 pm

    “ကလျာ စောင်းပေး မောင်တီးမယ်” ဆိုတာလေးလား ကျနော်အထင်တော့ မြစ်ကကောလာတာနဲ့ သဲဖုုံးသွားလောက်ပြီ အဟီရမ်းတုတ်

Leave a Reply