People Power against Burma`s Junta

timothyJanuary 28, 20111min640

ကဲ ရောင်းရင်း တို့ရေ။ ဗိုလ်သန်းရွှေကတော့သူ့အလိုကျလုပ်ထားတဲ့ လက်ညှိုးထောင်ခေါင်းညှိမ့်တိဆိပ်ထုထောက်ခံမဲ့ဗျီဓုလွတ်တော်ကြီးဖွင့်တော့မယ်။

လွတ်တော်ဘယ်နေမှန်းမသိသေးခင်မှာဘဲ စစ်ကျွန်မထမ်းမနေရ အမိန့်ပြန်တမ်းထုပ်ပြီး၊လူထုကိုတိုက်ရိုက်စိမ်ခေါ်လိုက်ပြန်ပြီ။

လွတ်တော်ကိုတက်ရောက်ကြမဲ့အတိုက်အခံအမည်ခံNDF နဲ့တသီးပုဂ်ဂလအမတ်လူနဲစုကိုမလှုပ်နိုင်အောင်ကြေငြာချက်ပေါင်းစုံနဲ့

ချုပ်နှောင်မျက်စိပိတ်နားပိတ်လုပ်ထားလိုက်ပြီ။NDF တို့ကလဲ အကျဉ်းကျနေသောခေါင်းဆောင်များလွတ်မြောက်ရေး၊လူထုအတွက်စီးပွါးရေး

လွတ်လပ်စွာလုပ်ခွင့်ရရေးအတွက်အရေးဆိုအဆိုတင်မယ်လို့ကြုံးဝါးနေလိုက်တာ၊တကယ့်မှာတော့စစ်အစိုးရကအတင်းအဓမ္မခိုင်းလို့ ဆင်ရှင် Target Economic Sanctions လုပ်ထားတာတွေကိုရုပ်သိမ်းပေးဘို့်တိုင်းရင်းသားအယောင်ဆောင်တချို့နဲ့ပေါင်းပြီးကြေငြာပေးရရှာတယ်။

ဒါဗိုလ်သန်းရွှေါခိုင်းတာကိုတသွေမတိမ်းလိုက်လုပ်ကြဘို့သွေးပူလေ့ကျင့်ခန်းပေးတယ်မှတ်ပါ။

အဲဒီဆင်ရှင်လုပ်ထားတာကိုရုပ်သိမ်းဘို့ ASEAN တိုင်းပြည်များကလဲစစ်အစိုးရနဲ့ပင်းပြီးတောင်းဆိုနေပြန်တယ်ို။

NLD နဲ့ အမေစု၊အဘဦးဝင်းတင်တို့ကိုလဲ Sanction ထောက်ခံပြီးတိုင်းပြည်နဲ့လူမျိုးပျက်စီးရာပျက်စီးကြောင်းလုပ်နေတယ်လို့သမုပ်ပြီးလူထုနဲ့

ကင်းကွာအောင်တိုက်စစ်ဆင်နေကြပြန်ပြီ။ ဘယ်သူမှန်လဲမှားလဲဆိုတာကိုစစ်အစိုးရရဲ့လူသတ်၊လူရိုက်နှိပ်စက်၊တိုင်းပြည်ရဲ့မြေပေါ်ရေအောက်သယံ

ဇာတများကိုတရုပ်၊ကုလား၊ယိုးဒယားများကိုရောင်းစား၊ရတဲ့နိုင်ငံပိုင်ဘဏ်ဓါငွေများကိုနိုင်ငံခြားဘဏ်များမှာကိုယ်ပိုင်စာရင်းဖွင့်ခိုးထားတတာတွေက

ကွက်ကွက်ကွင်းကွင်းဖေါ်ပြနေပါတယ်။ စစ်အစိုးရပြုတ်ကျမှတိုင်းပြည်လဲသာယာဝပြောလာမယ်ဆိုတာလူပိန်းတောင်သိကြပါတယ်။

ဘာလုပ်ကြမလဲ။

တူနီးရှားမှလူထုတော်လှန်ရေးကြီးကအကျင့်ပျက်လာဘ်စားတဲ့သမ္မတကိုမောင်းထုပ်လိုက်နိုင်တယ်။

အဲဒီလူထုအုံကြွတော်လှန်ရေးကြီးဟာမီးတောက်ကမာတခြားအာဖရိကမြောက်ပိုင်းနိုင်ငံများကိုပျံ့နှံ့တယ်၊

ယီမင်၊ဂျော်ဒန်။ နဲ့ အီဂျစ်တိုင်းပြည်များမှာမီးဒုတ်မီးဒုတ်ရှိ့ရှို့ဆိုပြီးလူသန်းနဲ့ချီပြီးလမ်းတွေကိုထွက်လာပြီးတော်လှန်ရေးဆင်နွှဲကြတယ်။

တူနီးရှားပြည်သူလူထုကဘာ့ကြောင့်တော်လှန်ရေးကိုအောင်မြင်အောင်လုပ်နိုင်ကြလဲဆိုတာကိုသင်ခန်းစာယူကြရမယ်။

သူတို့ရဲ့လူထုအုံကြွမှုကြီးကမြို့တိုင်းနယ်တိုင်းမှာတိုင်းလုံးကြွတ်ညီညီညွတ်ညွတ်လုပ်လို့ သမ္မတလဲဘာမှမတပ်နိုင်ဘဲကိုယ်လွတ်မီသားစုနဲ့

ထွက်ပြေးတယ်။ အဲဒီနည်းနဲ့ဘဲအခုအီဂျစ်မှာမြို့ကြီးတွေမှာလူအင်အားပြအုံကြွနေကြတယ်။သမ္မတမူဘာရက်လဲအတော်ကြောက်နေပြီ။

ပြည်မြန်မာမှာလဲဗိုလ်သန်းရွှေကြောက်လန့်သွားအောင် ရန်ကုန်၊မန္ဒလေး၊မော်လမြိုင်၊ပုသိမ်၊စစ်ကိုင်း၊မကွေး၊မြစ်ကြီးနား၊ကရင်၊ကယား၊တောင်ကြီး၊ရှမ်းပြည်၊ကချင်၊စစ်တွေ၊ရခိုင်ဈချင်း၊

အစရှိတဲ့မြို့တွေနယ်တွေမှာ

အားလုံးတညီတညွတ်နဲ့လူထုအုံကြွတော်လှန်ရေးကြီးတပြိုင်နက်ထဲဆင်နွှဲကြမယ်။

စစ်အစိုးရနဲ့ NLD,လူထုတို့ထိပ်တိုက်တွေ့ဘို့ရက်ကတစတစနဲ့နီးလာပြီ။

လွတ်တော်ဖွင့်ပြီးတာနဲ့ဥပဒေပေါင်းစုံထုပ်ပြန်ပြီးသကာလ အမေစုနဲ့လူထုကိုနှိပ်ကွပ်ရေးအစီအစဉ်စပြီ။

အဲဒီထိပ်တိုက်ရင်ဆိုင်ပွဲမှာလူထုခေါင်းဆောင်အမေစုကိုအဖမ်းမခံဘဲ လူထုအုံကြွတော်လှန်ရေးကြီးစကြမယ်။

မီးဒုတ်မီးဒုတ်ရှို့ရှို့နဲ့တနိုင်ငံလုံးတုံလှုပ်စွားစေရမယ်။

ရောင်းရင်းနင်းပြားအဖိနှိပ်ခံပြည်သူလူထုအားလုံးအသင့်ပြင်ကြပါ။

အရေးတော်ပုံ၊အောင်ရမည်။