အကြွေး

ကျော်ဟိ်န်း နာမည်ကြီးခဲ.တဲ.အကြွေးတော.မဟုတ်ပါဘူး။
တစ်ရက်သူငယ်ချင်းတွေလက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီးလေကန်နေကြရင်းလုပ်ငန်းအကြောင်း ရောက်သွားကြပါတယ်။
အဲဒီမှာ တစ်ယောက်က သူများကိုပေးထားတဲ. အကြွေးတွေ ပြန်ကောက်လို.မရတာကနေစပြီး ပြောလိုက်တော.လူတိုင်း
ကြုံတွေ.နေရတဲ.ကိစ္စဆိုတော. တစ်ယောက်တစ်ပေါက်ပြောနေကြရင်း ဇာတ်ရှိန်မြင်.လာပါတယ်၊
တစ်ယောက်က “သွားတောင်းလိုက်ရင် နက်ဖြန် နက်ဖြန်နဲ. နက်ဖြန်ပေါင်းကို မကုန်နိုင်တော.ဘူး “လို.ပြောတော.
တစ်ယောက်က ” နက်ဖြန်ဆိုတာ တစ်ညအိပ်လိုက်ရင် ရောက်သွားတာပါကွာ “လို.ပြောပါတယ်။
နောက်တစ်ယောက်တော.
” လူတိုင်းစိတ်ညစ်ရတဲ. အုံးစားတဲ.ဒီ အကြွေး ဆိုတာကြီးကို ဘယ်ကောင်ကများ လက်ဆော.ပြီးထွင်သွားလဲမသိဘူး ”
လို. ညည်းပြောပြောပြီး မေးလိုက်တာကြောင်. သည်အဖြေလေးပေးလိုက်ပါတယ်။
မှန်သလား ဟုတ်သလားလို.တော. မမေးပါနဲ. ကျွန်တော်လဲ ကြားဘူးတာလေးကို ပြန်ပြီးဖောက်သည်ချတာပါ၊
ဟိုအရင် ကျောက်ခေတ်အစမှာ ရောင်းတယ် ဝယ်တယ်ဆိုတာ မရှိပါဘူး။
“ဘာတာ စစ်စတမ်”လို. ဘိုလိုခေါ်တဲ. ပစ္စည်းကိုပစ္စည်းနဲ. တန်ဘိုးသတ်မှတ်ပြီးလဲကြပါသတဲ.။
ဥပမာ စပါး (3)ပြည်ကို ကြက်တစ်ကောင်။
ကြက်(2)ကောင်ကို သားရေ တစ်ချပ်။
သားရေ(1)ချပ်ကို ဆိတ်တစ်ကောင် ဆိုသလို ကိုယ်နဲ.သူနဲ. အကြိုက်ညီရင် အလုပ်ဖြစ်သွားတာပါဘဲ။
ဒါပေမဲ. နောက်ကြာလာတော. လိုအပ်ချက်တွေ မကိုက်ညီတဲ.ကိစ္စတွေနဲ. ကြုံလာရပါသတဲ.။
ဆိတ်ရှိတဲ.သူက သားရေမလိုချင်ဘူး သားရေရှိတဲ.လူက ဆိတ်လိုချင်တယ်။
ကြက်ရှိတဲ.သူက စပါးမလိုချင် စပါးရှိသူက ကြက် မလိုချင် သားရေလိုချင်တယ်တဲ. လိုအပ်ချက်နဲ.မကိုက်ညီကြတော.ပါဘူး။
ဒီအချိန်မှာ ပစ္စည်းချင်းတန်ဘိုးညှိပြီးလဲကြမဲ.အစား ကြားခံ ပစ္စည်းတစ်ခုထားဘို. စဉ်းစားမိလာကြပါတယ်၊
ဒါဟာ ငွေကြေး ရဲ. အစလို.ပြောရင် ရပါတယ်။
ပထမဆုံး သတ်မှတ်ကြတဲ.ပစ္စည်းကတော. အနီးအနားမှာ လွယ်ကူစွာ ရနိုင်သော ကျောက်ပြားလေးတွေကို အပေါက်ဖောက်ပြီး စတင်သုံးခဲ.ကြပါတယ်။
ဒီအခါမှာ လိုချင်တာကို ကျောက်ပြားကိုတန်ဘိုးသတ်မှတ်လို. လဲခဲ.ကြတော. အဆင်ပြေခဲ.ပါတယ်၊
အဲဒီ အချိန်မှာဘဲ အမြော်အမြင်ရှိလာတယ် ဘဲပြောပြော လူရဲ. လောဘစိတ်ကြောင်.လို.ဘဲပြောပြော ရောင်းဝယ်ဖောက်ကားတယ် ကုန်သွယ်တယ်ဆိုတာလဲပေါ်ပေါက်လာပါတယ်၊
ရောင်းကြ လဲကြရမှာ အရင်ကတော. တစ်နိုင်စားဘို.သောက်ဘို.သာလဲတော. အပေါက်ဖောက်တဲ.ကျောက်ပြားလေး
တွေက လောက်ပါတယ်။ ပြသနာမရှိပါဘူး။
ဒါပေမဲ. လှောင်ထားတဲ.ကသူ များများဝယ်ပြီဆိုတော. ကျောက်ပြားကလဲ ကြီးကြီး အရေအတွက်ကလည်းများများလိုလာပါရော။
ကျောက်ပြားကိုလက်နဲ.ဖောက်တော. ကြာတာပေါ.။
ဒီအခါမှာ ပစ္စည်းဝယ်တဲ.သူက ရောင်းတဲ.သူကို ပေးဘို. အပေါက်ဖောက်ပြီးသားကျောက်ပြားက အဆင်သင်.မရှိဘူးလေ။ ဒီအခါမှာ လိုချင်တဲ. ပစ္စည်းကိုယူသွားမယ် ကျောက်ပြား အပေါက်ဖောက်ပြီးတဲ.ဘယ်နေ.ဘယ်ရက်မှာ ပေးပါမည်ဆိုတဲ. ကတိစကားတွေပေးရင်း “အကြွေး”လို.ခေါ်တဲ. ကိစ္စကြီး
ကမ္ဘာမြေပြင်ပေါ်ကို ရောက်လာပါသတဲ.။
ဒီနောက်ပိုင်းမှာတော.
အင်မတန်မှ ဦးနှောက်ကောင်းတဲ.လူသားနဲ. ဖျက်ဆီးတတ်သော စိတ်ယုတ်စိတ်ညံ.တွေ ပေါင်းမိကြတဲ. အခါမှာတော. ကြွေးတောင်းမရလို. တရားရုံးတွေမှာ အမူ.ရင်ဆိုင်ကြရတာတွေ၊
ကြွေးမပေးတာ ကြွေးဆုံးတာတွေစတဲ. စိတ်ညစ်ရ အုံးစားရတဲ.ကိစ္စတွေကို ရှောင်မရတော.ပါဘူး။
မိတ်ဆွေတို.ရေ
ပေးတားတဲ. အကြွေး တောင်းလို.မရသေးရင် ကျောက်ပြား အပေါက်ဖောက်တာ မပြီးသေးလို.ပါလို.မှတ်ထားလိုက်ရင် ခံစားရတဲ. စိတ်ဒုက္ခတော. နည်းနည်းလေးလျော.သွားကြမယ်လို.ထင်ပါတယ်နော်။

One comment

  • susunosuki

    April 20, 2010 at 1:49 pm

    ကျွန်တော်တို့ အဲလိုပြောရင် ကြွေးရှင် ကရိုက်မှာပေါ့
    ကျောက်ပျားဖောက်တာမပြီးသေးလို့ လို့ပြောရင် ကျောက်ခဲတော့ယူသွားဆိုပြီး ခဲပေါက်ခံရနိုင်တယ်

Leave a Reply