ဒေးဒရဲ-ဖျာပုံကားလမ်း မိုင်တိုင်အမှတ် ၁၂/၅ က တံတားအမှတ် ၁/၁၃ အောက်ရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဘေးတွင် ချိန်ကိုက်ဗုံးကို တွေ့ရှိ

zaw mgJanuary 29, 20111min785

ဓာတ်ငွေ့ပိုက်လိုင်းနား ချိန်ကိုက်ဗုံးတွေ့ဟုဆို

ဒေးဒရဲ-ဖျာပုံကားလမ်းတွင် ချိန်ကိုက်မိုင်းတလုံး ယခုလ ၂၆ ရက်က တွေ့ရှိခဲ့ကြောင်း ယနေ့ထုတ် နိုင်ငံပိုင်ကြေးမုံသတင်းစာတွင် ဖေါ်ပြပါရှိကြောင်းသိရသည်။

ကားလမ်း မိုင်တိုင်အမှတ် ၁၂/၅ က တံတားအမှတ် ၁/၁၃ အောက်ရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဘေးတွင် ထိုချိန်ကိုက်ဗုံးကို တွေ့ရှိဖယ်ရှားနိုင်ခဲ့သည်ဟုသိရသည်။

ချိန်ကိုက်ဗုံးသည် အလျား ၄ လက်မ၊ အနံ ၂ လက်မ၊ အထူ ၁ လက်မရှိပြီး ယမ်းတုံး ၄ တုံး၊ အရှည် ရ ပေခန့်ရှိ ယမ်းကြိုးတကြိုး၊ ဝါယာကြိုးတကြိုး၊ စနက်တံ၊ ဓာတ်ခဲ လေးလုံး ပါဝင်ဖွဲ့စည်းထားသည်ဟု သိရသည်။

5 comments

  • etone

    January 29, 2011 at 4:24 am

    ဘာလို့ ဓါတ်ငွေ့ပိုက်လိုင်းလုံးနား မိုင်းထောင်ရတာလဲ ကွယ် ။
    သိပ်သတိ္တရှိရင် ဟိုအကောင် အိမ်နား သွားလုပ်ပါလား ။
    လုပ်ကြံဇာတ်လမ်းကြီးလား မသိဘူးနော် ..။ ဒီလောက် လူသွားလူလာ ကြဲတာ … သူတို့ဘဲထောင်ပြီး .. သူတို့ဘဲတွေ့လား မသိဘူး ။ ရုပ်ရှင်ရိုက်နေတာဖြစ်မယ် 😀

  • ယောလေး

    January 29, 2011 at 8:08 am

    အလကားပါ လျှောက်လုပ်..လျှောက်ပြောနေတာ..သူတို့ပဲထောင်..သူတို့ပဲတွေ့..
    သူတို့ကိုယ်တိုင်ပဲဖျက်ဆီးနေတာ..ဘယ်သူမှ မလုပ်ဘူး….
    သူများလုပ်ရင် ဒင်းတို့တွေ့မှာတောင် မဟုတ်ဘူးးး

  • moethidasoe

    January 30, 2011 at 3:01 am

    အိတုံနဲ့ ယောမင်းသား ဘာလို့ ဒီလောက်တောင် မှန်နေတာတွေကို မှန်အောင် ရေးနိုင်ကြတာလဲ ..

  • monmon

    January 30, 2011 at 8:11 am

    အဲဒီနားမှာ ဘာမှလည်းမရှိပါဘူး။ ဘာလို့ အဲဒီနေရာကို ဇာတ်လမ်းဆင်ရတာလဲမသိဘူး။ ဖျာပုံသွားတဲ့ကားတွေပဲရှိတယ်။
    ဒေးဒရဲသူ ရင်မောတယ်နော်…

  • naywoonni

    January 30, 2011 at 12:58 pm

    အကြားအမြင်တွေရတေကြသလားမသိပါဘူး အီးတုန်းနဲ့ ယောကြိးတို့ပြောပါတယ်။ ဗမာအတွေး ရှမ်းအပြေးဆိုလားပဲ
    ရှိပြိီသားစကားပြောတာနော်…. အသစ်မဟုတ်ဘူး

Leave a Reply