Facebook Messages စတင်အသုံးပြုနိုင်

julyJanuary 29, 20111min1355

ကမ္ဘာကျေ ာ်လူမှုရေးကွန်ရက်ဆိုက် Facebook ၏ နောက်ဆုံးပေါ် ဝန်ဆောင်မှုတစ်ခုဖြစ်သော Facebook Messages ကို ပြည်တွင်း Facebook သုံးစွဲသူအချို့ ဇန်နဝါရီလ ဒုတိယပတ်မှစတင်၍ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း ရယူသုံးစွဲနေသူအချို့၏ စမ်းသပ်တွေ့ရှိချက်များအရ သိရှိရသည်။ Facebook Messages ကို အသုံးပြုလိုသူများ အနေဖြင့် http://www.facebook.com.messages တွင် ဖိတ်ခေါ်မှု (Invitation) တောင်းခံရမည်ဖြစ်ပြီး Facebook မှ ဖိတ်ခေါ်မှုကို လက်ခံရရှိပါက Facebook Messages ကို စတင်အသုံးပြုနိုင်ပြီ ဖြစ်သည်။ လက်ရှိတွင် Facebook Messages ဝန်ဆောင်မှုကို Facebook သုံးစွဲသူအားလုံး ဝင်ရောက် အသုံးပြုနိုင်မည် မဟုတ်ဘဲ Facebook ဖိတ်ခေါ်ခြင်း ခံရသည့်သူများသာ အသုံးပြုနိုင်မည်ဖြစ်သည်။ အသုံးပြုသူများ အနေဖြင့် မိမိ Username အတိုင်း username@facebook.com ဟူသော Email လိပ်စာတစ်ခု ရရှိမည်ဖြစ်ပြီး Chat, Messages နှင့် Texts (Mobile) ဝန်ဆောင်မှုများကို တစ်ပေါင်းတစ်စည်းတည်း အသုံးပြုနိုင်မည် ဖြစ်သည်။ အဆိုပါ Messages ဝန်ဆောင်မှုဖြင့် Gmail, Hotmail, Yahoo Mail ကဲ့သို့သော Email ဝန်ဆောင်မှုများနှင့် ပုံမှန်အတိုင်း စာအပေးအယူ ပြုလုပ်နိုင်ကြောင်း၊ Facebook Messages တွင် Forward, Reply စသည့်ပုံမှန် Email တစ်ခု၏ လုပ်ဆောင်ချက်များလည်း ပါဝင်ကြောင်း၊ ဓာတ်ပုံများ၊ ဗီဒီယိုများ၊ စာရွက်စာတမ်းများ ပေးပို့နိုင်ကြောင်း၊ တစ်ကြိမ်လျှင Facebook သူငယ်ချင်း ၂ဝ သို့မဟုတ် Email လိပ်စာ၂ဝ သို့ ပေးပို့နိုင်ကြောင်း သိရှိရသည်။ ၂ဝ၁ဝ နှစ်ကုန်ပိုင်းကပင် Facebook မှ Email ဝန်ဆောင်မှုပေးမည်ဟု သတင်းထွက်ပေါ်ခဲ့ပြီး ယခု Facebook သုံးစွဲသူအချို့မှာ Facebook Messages ကို စတင်အသုံးပြုနိုင်ပြီ ဖြစ်သည်။ အဆိုပါ Facebook Messages သည် Gmail, Hotmail စသည်တို့ကဲ့သို့ အင်တာနက်ပေါ်တွင် စာပို့ခြင်းဆိုင်ရာ ဝန်ဆောင်မှုတစ်ခုဖြစ်သည်။ အသုံးပြုသူများ အနေဖြင့် ကိုယ်ပိုင်Email လိပ်စာတစ်ခု ရရှိမည်ဖြစ်ပြီး Facebook ပေါ်ရှိ Chat, Messages နှင့် Texts (Mobile) အသုံးပြုမှုများကို တစ်ပေါင်းတစ်စည်းတည်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

5 comments

  • manawphyulay

    January 29, 2011 at 10:02 am

    သူက အီးမေလ်းပုံစံမျိုးရမယ်သာ ပြောတာ မက်ဆေ့ပို့တာက အရင်နဲ့သိပ်မကွာဘူးထင်တယ်နော် အရင်ကလည်း ပို့လို့ရနေတာပဲဟာ……….

  • eros

    January 29, 2011 at 10:23 am

    ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

    ဟိုက် ဒီနေ့ ၂၉ ရက် ဇန်နဝါရီ ၂၀၁၁ ပဲရှိသေးတယ်။ ငါ နောက် ပြန်ရောက်နေတာလား။

  • koyinmaung

    January 29, 2011 at 10:27 am

    ဟုတ်ပ…

  • ကြယ်လေး

    January 30, 2011 at 1:09 am

    မနောက ကျော်ဆန်း တူမလေ

    ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှထုတ်မဲ့ The Voice ဂျာနယ် ကို သူ စာပေစီစစ်ရေး ကင်ပေတိုင် မှာသွားဖတ်လာတာ 😛

Leave a Reply