Thanyarat

ထိုင်းနိုင်ငံမှ လေကြောင်းလိုင်း အသစ်တစ်ခုသည် မစ္စက (မိန်းမရှာ) များကို လေယာဉ်မယ် အဖြစ် တာဝန်ထမ်းဆောင်ခွင့် ပြုလိုက်ကြောင်း သိရသည်။ ထိုသို့ ပြုလုပ်ခြင်းသည် မစ္စကများ အနေဖြင့် အခြား အလုပ်အကိုင်များတွင်လည်း တာဝန်ထမ်းဆောင်ခွင့် ရရှိစေရန်အတွက် ရှေ့ဆောင်လမ်းပြ အဖြစ် ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း ကုမ္ပဏီ ဥက္ကဌ ဖြစ်သူက ပြောဆိုခဲ့သည်။
PC Air အမည်ရှိ အဆိုပါ လေကြောင်းလိုင်းတွင် လက်ရှိအနေဖြင့် မစ္စက ခြောက်ဦးကို လေယာဉ်မယ်အဖြစ် ခန့်အပ်ခဲ့ပြီး ဖြစ်သည်။
ထိုင်းနိုင်ငံသည် မစ္စက အများဆုံး နိုင်ငံတစ်ခု ဖြစ်ပြီး ကုန်ကျစရိတ် သက်သာစွာနှင့် မြန်ဆန်စွာ ဆောင်ရွက်နိုင်သည့် နည်းပညာများကြောင့် လိင်ပြောင်း ခွဲစိတ်မှုများလည်း ပိုမို များပြားလာသည်။
သို့သော် PC Air တွင် လေယာဉ်မယ် အဖြစ် အလုပ်လျှောက်သူများ အနေဖြင့် လိင်ပြောင်း ခွဲစိတ်မှု ပြုပြီးသူ ဖြစ်ရန် မလိုအပ်ပဲ ဘာသာစကား ကျွမ်းကျင်မှုနှင့် အခြားလိုအပ်သော အရည်အချင်းများဖြင့်သာ ရွေးချယ် ခန့်အပ်ခြင်း ဖြစ်ပြီး ပထမအသုတ် အဖြစ် မစ္စက ၁၀၀ ကျော်တို့ အလုပ်လျှောက်ထား ခဲ့ကြကြောင်း သိရသည်။ အလုပ်ခန့်ထားခြင်း ခံရသူများတွင် ၂၀၀၇ ခုနှစ် အတွက် Miss Tiffany Universe မယ်ဘွဲ့ ရထားသူ Jirapatpakorn (ပုံပါ) လည်း ပါဝင်ကြောင်း သိရပါသည်။ ။
Ref: AFP, Thai air boss hails first transsexual cabin crew
BANGKOK — The president of the first Thai airline to hire transsexuals as flight attendants on Thursday said he was a “pioneer” and predicted other carriers would follow his lead.

Fledgling airline PC Air has already recruited six crew of the “third sex” and boss Peter Chan said recruitment, driven by a belief in equal rights, would continue.

“I think these people can have many careers, not just in the entertainment business, and many of them have a dream to be an air hostess. I just made their dream come true,” he told AFP.

Thailand has one of the largest transsexual populations in the world and its surgeons have pioneered ever cheaper and quicker sex change techniques for those opting to go under the scalpel.

But the airline does not require applicants to have gone through a surgical procedure, merely that they meet job criteria, including language skills and good service

“When it’s their dream job or the job they love, they can do it even better,” Chan said.

About Zaw Wonna

Zaw Wonna has written 107 post in this Website..

မော်လမြိုင်သား ပါခင်ဗျာ။ စာဖတ်တာကို ဝါသနာပါပြီး စာရေးဖို့ ကြိုးစားနေတာပါ။ လိုအပ်ချက်တွေကို ဝေဖန်ထောက်ပြ ပေးမယ်ဆိုရင် ကျေးဇူးတင်စွာနဲ့ လက်ခံလိုပါတယ်။