wordpress blogging engine ကို တိုက်ခိုက်မှုတွေ ရှိလာခဲ့

manawphyulayJanuary 29, 20111min922

wordpress blogging engine ကိုအသုံးပြုထားတဲ့ website တွေနဲ့ blog တွေကို ဦးတည်ပြိး တိုက်ခိုက်လာတဲ့ တိုက်ခိုက်မှုတွေ ရှိလာခဲ့ပါတယ်။ wordpress ထဲမှာ ပါဝင်တဲ့ worm တစ်ခုကြောင့်
သူဟာ နောက်ကွယ်မှာ ကွယ်ဝှက် ထားတဲ့ administrator အကောင့် တစ်ခုကို ဖန်တီးပြီး အဲဒီ အကောင့်ရဲ့ username နဲ့ password ကို သိတဲ့ ဘယ်သူမဆို blog ရဲ့ admin dashboard နဲ့အတူ database တွေကို ဝင်ရောက်မွှေနှောက်နေနိုင်ပါတယ်။

WordPress ကလည်း ဒီလုံခြုံရေး ယိုပေါက်ကို အသိအမှတ်ပြုထားပြီး နောက်ဆုံးဗားရှင်း ဖြစ်တဲ့ ၂.၈.၄ ကိုအမြန်ဆုံး မြင့်တင့်ဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။ wordpress ကို ကိုယ်ပိုင် ဆာဗာမှာ install လုပ်ပြီး
အသုုံးပြုသူတွေဟာ ဒီ တို်က်ခိုက်မှုကို အများဆုံး ခံနေရပြီး wordpress.com ရဲ့ user များကတော့ wordpress ကသူ့ရဲ့ system ၁ ခုလုံးကို ဗားရှင်း ၂.၈.၄ သို့တိုးမြင့် ထားပြီး ဖြစ်တာကြောင့်
တိုက်ခိုက်ခံရခြင်းမရှိခဲ့ဘူးလို့သိရပါတယ်။ ဒါကြောင့် စာဖတ်သူများကလည်း wordpress အသုံးပြု ထားတဲ့ blog သို့မဟုတ် website ရှိတယ်ဆိုရင် ကိုယ်ကိုတိုင်ပဲဖြစ်ဖြစ်၊ website administrator ကိုပဲဖြစ်ဖြစ် နောက်ဆုံးဗားရှင်း ကိုအမြန်ဆုံး update လုပ်ထားဖို့ တိုက်တွန်းလိုက်ပါတယ်။

2 comments

  • kai

    January 29, 2011 at 10:45 pm

    ဆရာမမရယ်..
    အခုတောင် ဗားရှင်း ၃.၀၄ဖြစ်နေတာ… ဘယ်ကသတင်းဆွဲထုတ်လာသလဲမသိ..
    The latest stable release of WordPress (Version 3.0.4) is available in two formats from the links to your right.
    http://wordpress.org/download/

  • NightDream

    June 8, 2012 at 5:35 pm

    Kai ရေ ပြောင်းသင့်နေပြီ ထင်တယ် ဒီ site ရဲ ့ admin ကိုပြောလိုက်ပါ ဒီလို ကြီး ယိုပေါက် ရှိနေတာတော့ မကောင်းဘူး ထင်တယ် ဒီ site လေး ကို ကြိုက်ပါတယ် ဒါကြောင့်ဘာမှ မမွှေခဲ့ပါဘူး Contact Me z3r0h4ck3r1989[at]gmail[dot]com

Leave a Reply