ဟိုဘက်ရက်တွေက

ကွန်နက်ရှင်တွေကမကောင်း ရာသီဥတုကအေးနဲ့အင်တာနက်

မတက်ပဲစာတွေဂျာနယ်တွေဖတ်ဖြစ်ပါတယ်

ဂျာနယ်တစောင်မှာရေးထားတဲ့သတင်းတပုဒ်သတိပြုလိုက်

မိပါတယ်မြန်မာနိုင်ငံပညာရေးအကြောင်းရေးထားတာပါ

၁၉၉၈-၁၉၉၉ ခုနှစ်ကစလို့၂၀၀၈-၂၀၀၉အထိကို

ဇယားနဲ့အသေအခြာချပြထားတာပါ ပညာရေးအဆင့်အလိုက်ဆရာကျောင်းသားအချိုးဆိုပြီး

၁၉၉၉-၂၀၀၀ တနှစ်ပဲအထက်တန်းအဆင့်ဆရာ –

ကျောင်းသားအချိုးက ၁:၄၀ပါ  ကျောင်းသားအများဆုံးနှစ်

ပါ ၂၀၀၈-၂၀၀၉ ခုနှစ်ရောက်တော့ ၁:၂၈ ပါ

ဆရာတယောက်ကိုကျောင်းသား၂၈ယောက်ပါ

အိမ်နားကကလေးတွေကိုမေးကြည့်တော့…

အင်းလေကိုယ်တိုင်ကကျောင်းနဲ့ဝေနေတော့

ဖြစ်လည်းဖြစ်နိုင်တယ် ဖြစ်လည်းမဖြစ်နိုင်ပါ

နောက်သတင်းတပုဒ်က

အားလပ်ရက်များ များပြားလွန်းသောကြောင့် ဖိလစ်ပိုင်စီးပွား

ရေးထိခိုက်နစ်နာစေကြောင်းဆိုပြီးသတင်းတပုဒ်ကိုဖတ်လိုက်

ရပါတယ်  ဖိလစ်ပိုင်မှာ

ယခင်ကအားလပ်ရက် ၁၂ ရက်သာရှိခဲ့ရာမှယခု

နှစ်တွင်အားလပ်ရက် ၂၁ ရက်ထိမြင့်တက်လာသောကြောင့်

အိမ်နီးချင်းနိုင်ငံများနှင့်စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်းထိခိုက်စေ

ကြောင်း  အိမ်နီးချင်းဗီယက်နမ်တွင် ၉ ရက် စင်ကာပူတွင်

၁၂ ရက် တိုင်ပေတွင် ၉ ရက်သာရှိကြကြောင်းလည်းထောက်ပြကြပါတယ်

ပိတ်ရက်တွေဆိုတာအကြောင်းပြချက်တွေပါ

ဘာဖြစ်လို့လည်းဆိုကျွန်တော်တို့မြန်မာနိုင်ငံမှာပိတ်ရက်က

ရက်၃၀ လောက်ရှိနေတာတောင်ဒီလိုပိတ်ရက်ကြောင့်

စီးပွားရေးမယှဉ်နိုင်ဖူးလို့တခါမှပြောသံမကြားမိကြောင်းပါ

ါကြောင့်ဖြစ်လည်းဖြစ်နိုင်တယ် ဖြစ်လည်းမဖြစ်နိုင်ပါ

နောက်သတင်းတပုဒ်ကကွန်မြူနစ်လာအိုနိုင်ငံစတော့ဈေး

ကွက်သစ်ဖွင့်လှစ်ပြီးကမ္ဘာ့ဈေးကွက်နှင့်ချိတ်ဆက်ရန်ကြိုး

ပမ်း ဆိုပြီးဖတ်လိုက်ရပါတယ် လာအိုဆိုတာ ကျွန်တော်တို့

မြန်မာနိုင်ငံရဲ့ဟိုးအောက်ကနိုင်ငံပါ သူကထပြီး စတော့

ဖွင့်မယ်ဆိုတော့မြန်မာနိုင်ငံက..

ဒါကြောင့်ဖြစ်လည်းဖြစ်နိုင်တယ် ဖြစ်လည်းမဖြစ်နိုင်ပါ

နောက်သတင်းတပုဒ်က

မြို့တော်ဝန်ယာဉ်ကိုတားမြစ်သည့်တာဝန်ကျေ

ယဉ်ထိန်းရဲ ဆုချီးမြှင့်ခံရတဲ့

ဖိလစ်ပိုင်မှာယာဉ်ထိန်းရဲတယောက်က ကလေးငယ်များ

လမ်းကူးနေစဉ်မြိုတော်ဝန်စီးလာသည့်မော်တော်ကားကို

ရပ်တန့်စေခဲ့ကြောင်း အဆိုပါယာဉ်ထိန်းရဲကိုမြို့တော်ဝန်

မှတာဝန်ကိုကျေပြွန်စွာထမ်းဆောင်မှုအတွက်ဆုချီးမြှင့်

ခဲ့ကြောင်းဆိုတော့

ကျွန်တော်တို့ဆီမှာမကြားရတာတွေကိုကြားရတော့

ဖြစ်လည်းဖြစ်နိုင်တယ် ဖြစ်လည်းမဖြစ်နိုင်ပါ

About unclegyi1974

sun moon has written 27 post in this Website..

1974Ipass10st 1980IpassBSC(physc)