ဖြစ်လည်းဖြစ်နိုင်တယ်

unclegyi1974February 7, 20111min1129

ဟိုဘက်ရက်တွေက

ကွန်နက်ရှင်တွေကမကောင်း ရာသီဥတုကအေးနဲ့အင်တာနက်

မတက်ပဲစာတွေဂျာနယ်တွေဖတ်ဖြစ်ပါတယ်

ဂျာနယ်တစောင်မှာရေးထားတဲ့သတင်းတပုဒ်သတိပြုလိုက်

မိပါတယ်မြန်မာနိုင်ငံပညာရေးအကြောင်းရေးထားတာပါ

၁၉၉၈-၁၉၉၉ ခုနှစ်ကစလို့၂၀၀၈-၂၀၀၉အထိကို

ဇယားနဲ့အသေအခြာချပြထားတာပါ ပညာရေးအဆင့်အလိုက်ဆရာကျောင်းသားအချိုးဆိုပြီး

၁၉၉၉-၂၀၀ဝ တနှစ်ပဲအထက်တန်းအဆင့်ဆရာ –

ကျောင်းသားအချိုးက ၁:၄ဝပါ  ကျောင်းသားအများဆုံးနှစ်

ပါ ၂၀၀၈-၂၀၀၉ ခုနှစ်ရောက်တော့ ၁:၂၈ ပါ

ဆရာတယောက်ကိုကျောင်းသား၂၈ယောက်ပါ

အိမ်နားကကလေးတွေကိုမေးကြည့်တော့…

အင်းလေကိုယ်တို်င်ကကျောင်းနဲ့ဝေနေတော့

ဖြစ်လည်းဖြစ်နိုင်တယ် ဖြစ်လည်းမဖြစ်နိုင်ပါ

နောက်သတင်းတပုဒ်က

အားလပ်ရက်များ များပြားလွန်းသောကြောင့် ဖိလစ်ပိုင်စီးပွား

ရေးထိခိုက်နစ်နာစေကြောင်းဆိုပြီးသတင်းတပုဒ်ကိုဖတ်လိုက်

ရပါတယ်  ဖိလစ်ပိုင်မှာ

ယခင်ကအားလပ်ရက် ၁၂ ရက်သာရှိခဲ့ရာမှယခု

နှစ်တွင်အားလပ်ရက် ၂၁ ရက်ထိမြင့်တက်လာသောကြောင့်

အိမ်နီးချင်းနိုင်ငံများနှင့်စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်းထိခိုက်စေ

ကြောင်း  အိမ်နီးချင်းဗီယက်နမ်တွင် ၉ ရက် စင်ကာပူတွင်

၁၂ ရက် တိုင်ပေတွင် ၉ ရက်သာရှိကြကြောင်းလည်းထောက်ပြကြပါတယ်

ပိတ်ရက်တွေဆိုတာအကြောင်းပြချက်တွေပါ

ဘာဖြစ်လို့လည်းဆိုကျွန်တော်တို့မြန်မာနိုင်ငံမှာပိတ်ရက်က

ရက်၃ဝ လောက်ရှိနေတာတောင်ဒီလိုပိတ်ရက်ကြောင့်

စီးပွားရေးမယှဉ်နိုင်ဖူးလို့တခါမှပြောသံမကြားမိကြောင်းပါ

ါကြောင့်ဖြစ်လည်းဖြစ်နိုင်တယ် ဖြစ်လည်းမဖြစ်နိုင်ပါ

နောက်သတင်းတပုဒ်ကကွန်မြူနစ်လာအိုနိုင်ငံစတော့ဈေး

ကွက်သစ်ဖွင့်လှစ်ပြီးကမ္ဘာ့ဈေးကွက်နှင့်ချိတ်ဆက်ရန်ကြိုး

ပမ်း ဆိုပြီးဖတ်လိုက်ရပါတယ် လာအိုဆိုတာ ကျွန်တော်တို့

မြန်မာနိုင်ငံရဲ့ဟိုးအောက်ကနိုင်ငံပါ သူကထပြီး စတော့

ဖွင့်မယ်ဆိုတော့မြန်မာနိုင်ငံက..

ဒါကြောင့်ဖြစ်လည်းဖြစ်နိုင်တယ် ဖြစ်လည်းမဖြစ်နိုင်ပါ

နောက်သတင်းတပုဒ်က

မြို့တော်ဝန်ယာဉ်ကိုတားမြစ်သည့်တာဝန်ကျေ

ယဉ်ထိန်းရဲ ဆုချီးမြှင့်ခံရတဲ့

ဖိလစ်ပိုင်မှာယာဉ်ထိန်းရဲတယောက်က ကလေးငယ်များ

လမ်းကူးနေစဉ်မြိုတော်ဝန်စီးလာသည့်မော်တော်ကားကို

ရပ်တန့်စေခဲ့ကြောင်း အဆိုပါယာဉ်ထိန်းရဲကိုမြို့တော်ဝန်

မှတာဝန်ကိုကျေပြွန်စွာထမ်းဆောင်မှုအတွက်ဆုချီးမြှင့်

ခဲ့ကြောင်းဆိုတော့

ကျွန်တော်တို့ဆီမှာမကြားရတာတွေကိုကြားရတော့

ဖြစ်လည်းဖြစ်နိုင်တယ် ဖြစ်လည်းမဖြစ်နိုင်ပါ

9 comments

  • phantom

    February 8, 2011 at 3:30 am

    ကျွန်တော်တို့ဆီမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကြီး ပြီးသွားပါပြီ ဖြစ်လဲဖြစ်နိုင်တယ် ဖြစ်လဲမဖြစ်နိုင်ပါ။ နိုင်ငံတော်သမ္မတအဖြစ် လက်ရှိ ဝန်ကြီးချုပ် ဦးသိန်းစိန်မှတရားဝင်ရယူသွားပါသည် ဖြစ်လဲဖြစ်နိုင်တယ် ဖြစ်လဲမဖြစ်နိုင်ပါ။ မြန်မာနိုင်ငံတော်ကြီး အမြန် ခေတ်မီဖွံ့ဖြိုးတိုးတက် လာတော့မည် ဖြစ်လဲဖြစ်နိုင်တယ် ဖြစ်လဲမဖြစ်နိုင်ပါ။ နေပြည်တော်ကြီး မီးပုံမှန်လာမည် ဖြစ်လဲဖြစ်နိုင်တယ် အင်း………………. ဖြစ်လဲဖြစ်နိုင်တယ်

  • moethidasoe

    February 8, 2011 at 3:57 am

    မြန်မာမှာ ကျောင်းသား ဆရာအချိုး ကျသွားတာဟာ
    (၁) ကျောင်းသား နည်းသွားတာလား
    (၂) စာရင်းထဲမှာပဲ ဆရာများနေတာလား (သို့မဟုတ်)အာဆီယံ စံချိန်မီအောင် စာရင်းလိမ် ပြတာလား

    ပိတ်ရက်တွေ မြန်မာပြည်မှာ ထပ်များလာအောင်လို့
    (၁) ဧပြီလ တစ်လလုံး ပိတ်ရက် ပေးမယ်တဲ့

    စတော့ရှယ်ယာ ဈေးကွက် ဝင်ဖို့
    (၁) အမေရိကန်က လုံးဝ ထောက်ခံပါတယ်တဲ့

    မြန်မာပြည်က ယာဉ်ထိန်းရဲကတော့
    (၁) မီးပွိုင့်ကို မကိုင်ရဲဘူးတဲ့
    (၂) မီးပွိုင့်ပျက်ရင်လဲ အဆောင်ထဲက မထွက်ဘူးတဲ့
    (၃) ယာဉ်ဖမ်းရဲတွေက အောက်ဆိုဒ်ကြေး ၁၀၀၀ဝ ကျပ် မပါရင် အိမ် မပြန်ရဘူးတဲ့
    (၄) ++++ရဲ့ မြေးတော်ယာဉ် အပါအဝင် သိသင့်သိထိုက်သော ယာဉ်နံပါတ်အားလုံးကို အာဂုံဆောင်ရမယ် တဲ့

  • photwenty

    February 8, 2011 at 4:22 am

    ဝန်ထမ်းများအာဆီယံလစာနှင်.အညီရတော.မည်….ဖြစ်လဲဖြစ်နို်င်တယ် ဖြစ်လဲမဖြစ်နိုင်ပါ
    ပြည်သူတွေဘဝ အလားအလာကောင်းများရရှိတော.မည် ဖြစ်လဲမဖြစ်နိုင်ပါ.ဖြစ်လဲမဖြစ်နိုင်ပါ:P

  • bigcat

    February 8, 2011 at 5:55 am

    အန်ကယ်ဂျီးဆိုတဲ့လူ သတ္တိအတော်ရှိနေမှတော့ ကကကွန်ရဲ့ ဆိုင်ဘာထောက်လှမ်းရေး ဖြစ်လည်းဖြစ်နိုင်တယ်၊ ဖြစ်လည်းမဖြစ်နိုင်ပါ။ 😀
    ဖန်တွမ်ဆိုတဲ့သူ ဘယ်သူမှအရေးမလုပ်တဲ့ ဦးသိန်းစိန် သမတဖြစ်တဲ့သတင်း ဝင်ကြော်ငြာနေမှတော့ ကြက်ဖွတ်ပါတီဝင် ဖြစ်လည်းဖြစ်နိုင်တယ်၊ ဖြစ်လည်းမဖြစ်နိုင်ပါ။ 😀
    ဒေါက်တာမိုးသီတာကတော့ အချက်အလက် အကြံပြုချက်တွေနဲ့ဆိုတော့ မေးခွန်းထုတ်ဖို့ပြင်နေတဲ့ တဆယ်သား အတိုက်အခံအမတ် ဖြစ်လည်းဖြစ်နိုင်တယ်၊ ဖြစ်လည်းမဖြစ်နိုင်ပါ။ 😀
    မင်ဘာဆိုတဲလူ လစာအကြောင်း စိတ်ဝင်စားနေမှတော့ အပေါင်ဆိုင်ပိုင်ရှင် ဖြစ်လည်းဖြစ်နိုင်တယ်၊ ဖြစ်လည်းမဖြစ်နိုင်ပါ။ 😀

  • unclegyi1974

    February 10, 2011 at 3:15 pm

    ဝင်ရောက်ဝိုင်းဆွေးနွေးကြသောသူအားလုံးကိုကျေး
    ဇူးအထူးတင်ပါတယ်
    စာကရေးတုန်းအကြမ်းအဆင့်ပါ နက်မကောင်းတာနဲ့
    ဘယ်လိုကဘယ်လိုတင်မိသွားသလဲမသိပါ
    ကိုကြောင်ကြီးရေ အန်ကယ့်ကိုသတ္တိကောင်းတယ်
    လို့မပြောပါနဲ့ကွယ် အန်ကယ်ရေးလိုက်တာ
    ကိုယ်ပိုင်ရေးတဲ့သတင်းတခုမှမပါ ပါဖူး
    နိုင်ငံတော်စာပေစီစစ်ရေးကစစ်ပြီးထုတ်ဝေခွင့်ပြု
    လိုက်တဲ့စာတွေထဲကရှာဖတ်ပြီးရေးလိုက်တာပါ
    ကွယ်
    မောင်ကြောင်းကြီးရေးလိုက်တဲ့စာကြောင့်အန်ကယ်
    ညအိပ်လို့မှပျော်ပါ့မလားမသိဖူးကွယ်

  • char too lan

    February 11, 2011 at 6:37 am

    စိတ်မပူပါနဲ့ အန္တရာယ်ကြီး (စောတီး) အန်ကယ်ကြီး
    ကျနော်တို့သုံးနေတဲ့ ကောင်ကောင်ဂူဂဲလ် အိုင်ပီ က အတိအကျလိုက်လို့ရပါတယ် အိမ်ပြန်ပီး မဟေသီ နှင့်တကွ သားသားမီးမီး တို့နှင့်အတူ ဒီရက်တွေအတွင်း ပျော်ပျော်ရွှင်ရွှင်နေပါ 😀

  • kopauk mandalay

    February 11, 2011 at 9:07 am

    (မောင်ကြောင်းကြီးရေးလိုက်တဲ့စာကြောင့်အန်ကယ်
    ညအိပ်လို့မှပျော်ပါ့မလားမသိဖူးကွယ်)

    ဖြစ်လဲဖြစ်နိုင်တယ် မဖြစ်လဲ မဖြစ်နိုင်ဘူး…………………………………

  • kai

    February 11, 2011 at 9:18 am

    ့ဖြစ်လည်းဖြစ်နိုင်တယ် ဖြစ်လည်းမဖြစ်နိုင်ပါ
    ဆိုတဲ့စာသွားလေးက ..တော်တော် သဘောကျဖို့ကောင်းတယ်..။

    ဒါလေးကို အခြေခံပြီး လိုက်ရေးနေကြတာပါ..။
    ဒါကလည်း.. ဖြစ်လည်းဖြစ်နိုင်တယ် ဖြစ်လည်းမဖြစ်နိုင်ပါ

  • zawana

    February 11, 2011 at 10:06 am

    နောက်တစ်ခါ လာပြန်ပြီဗျို့ …. နိုင်ငံ့ဦးရှောင် … အဲ လေ …. နိုင်ငံ့ ဦးသျှောင် အဖွဲ့ကြီး ဆိုလားပဲ …. ဒါလည်း …………………………………………

Leave a Reply