ငါး ဆရာဝန် fish spa

ဆူးJanuary 30, 20112min20719

ငါးကလေးများ ဝိုင်းတွတ်တာ ခံရမယ်။ ဟောကြည့်ပါအုန်း။


စစချင်း ကန်ထဲ ခြေထောက်ထည့်တဲ့ အချိန်မှာ အဲလို ဖြစ်ကြတယ်။ ဘာလို့လဲ ဆိုတော့ ယားသလိုလို ဓါတ်လိုက်သလိုလို ခိုးလုခုလု ခံစားချက်တွေ ဖြစ်ကြတယ်။ ငါးတွေက အသေအလဲ ဝိုင်းတွယ်နေကြတာပါဘဲ။
ငါးတွေက အသုံးမကျတော့တဲ့ dead skin အရေပြား ကို စားတယ်လို့ ပြောပါတယ်။




ငါးတွေက တော်တော် ဗိုက်ဆာ နေသလိုပါဘဲ ကန်ထဲ ထည့်လိုက်ရင်ကို အကုန်စုပြုံပြီး ကို တွယ်တာ အချိန်မပြည့်ချင်း တော်တော် စားနိုင်တဲ့ ငါးတွေ။


စားစရာ အသားစတွေ အနည်းအများ ကွာပြီး လူကို စားကြသလား မသိဘူး။



ငါးတွေက ဘာကွာလဲတော့ မသိဘူး တနေရာနဲ့ တနေရာ ငါးအမျိုးအစား မတူကြဘူး ထင်တယ်။
တချို့နေရာတွေမှာ တွေ့တာ ငါးတွေက နည်းနည်း ပိုကြီးပြီး တချို့မှာတော့ ငါးသိပ်သေးတယ်။
ငါး အသေး တွတ်တာက နည်းနည်း ပို နေလို့ ကောင်းတယ် ပြောတယ်။

ငါးတွေ စားပြီး သောက်ပြီး အချိန်စေ့ရင်တော့ ခြေထောက်တွေ အရောင်ပို လှလာကြတယ် ဥပမာ ဖနှောင့် ကွဲတဲ့ လူတွေ အသားနုနုလေးဘဲ ကျန်မှာပေါ့။ ဂျီးတွေ ကော အသားဖတ်တွေ အကုန်စားသွားတာ။

19 comments

  • unclegyi1974

    January 30, 2011 at 4:23 pm

    ကြားတော့ကြားဖူးတယ် အခုမှပဲမြင်ဖူးတော့တယ်
    ဆူးရေ

  • ဆူး

    January 30, 2011 at 4:31 pm

    အဲဒီ စီးပွားရေး လုပ်ရင် ဘာမှ လုပ်စရာ မလိုဘူး။ ငါးလည်း အစာ ကျွှေးစရာ မလိုဘူး အစာ ကျွှေးချင်တဲ့ လူတွေက ပိုက်ဆံ ပေးပြီး ကျွှေးလိမ့်မယ်။ အရင်းက မှန်ပုံးနဲ့ ငါးဘဲ လိုတယ်။ တနေကုန် ထိုင်ပြီး လာတဲ့ လူ ဆီက ပိုက်ဆံ သိမ်းယုံဘဲ။

  • Gipsy

    January 30, 2011 at 4:42 pm

    အံ့ဩစရာဘဲနော်….မှန်တာဝန်ခံရရင် ခုမှမြင်ရသိရတာပါ….
    လောကမှာ..မသိတာတွေအများကြီးရှိကြောင်း ဆူးကသက်သေပြလိုက်တာပါ….။

  • ဆူး

    January 30, 2011 at 4:50 pm

    ဂျစ်ပစီ ရေ အားမငယ်နဲ့ ဆူး ထက် ပိုသိတဲ့ သဂျီး မကြာခင် အချိန် အတွင်းမှာ တက်လာပြီး ဆက်ပြီး အာရွီးပါလိမ့်မယ်။ သူက ဂျပန် မှာ နေဘူးတော့ ပိုသိလိမ့်မယ်။ အဲဒါ ဂျပန်က စတာဘဲ။

  • ကြယ်လေး

    January 30, 2011 at 4:51 pm

    အနော်တို့ဆီမှာ အလကား ရတယ်

    SPA တော့ ဟုတ်ဘူး မြို့လည်ခေါင်ကပန်းခြံမှာ

    ခြေ ပဲ စိမ်လို့ရတယ်

    အနော် တခါ သွားစိမ်တာ ငါးလေးတွေ အများကြီး ဝိုင်းလာတော့ ရှက်လို့ အမြန် ထလာတယ်

    တော်ကြာလူတွေ က ထင်နေအုံးမယ် ဂျီးထူလို့ ငါး လာတွတ် တယ်လို့ 😛

  • ဆူး

    January 30, 2011 at 4:54 pm

    ကြယ်လေးက ဗိုက်ဆာနေတဲ့ ငါးတွေကို အစာ ကောင်းကောင်းမကျွှေးဘဲ ဆန့်တငန့်ငန့် ဖြစ်အောင် လုပ်လိုက်တယ်ပေါ့။ သနားပါတယ် ငါးကလေးတွေ ဗိုက်ဆာ နေတာ ခြေထောက်ပေးမှ တွတ်ရတဲ့ ဘဝလေးတွေ ခြေထောက်မပေးရင် သူတို့ ငတ်နေကြတာ။ 😉

  • bigcat

    January 30, 2011 at 5:01 pm

    သေချာကြည့်။ မိန်းခလေးဆို ငါးထီးတွေတွတ်တယ်။ ယောက်ျားလေးဆို ငါးမလေးတွေဝိုင်းတယ်။ စကောစကဆိုရင်တော့ ငါးမန်းဆွဲမယ်။

  • zaw min

    January 30, 2011 at 5:16 pm

    ထိုင်း၊မလေး၊စင်္ကာပူမှာတော့ ခေတ်စားနေပါပြီ၊ဒီမှာတော့ နာရီဝက် ကို Rm.25 ပေးရပါတယ်။ Shopping Centre တွေမှာ အများဆုံးရှိပါတယ်။တစ်ခါတော့ စမ်းဘူးတယ် ယားတတ်သူဆိုရင်တော့ ကြာကြာမထိုင်နိုင်ဘူး၊ကျမ်းမာရေးအတွက်တော့ သိပ်ပြီး အထောက်အကူဖြစ်မယ်လို့မထင်ပါဘူး၊ဆူး ပြောသလို ငါးစာကျွေးတာတော့ ဟုတ်တယ်၊ငါးလည်းအစာကျွေး၊ခြေလည်းဆေးပြီးသားဖြစ်တာပေါ့။

  • shwe

    January 31, 2011 at 5:38 am

    ဟုတ်တယ်။ အရမ်းအူယားစရာကောင်းတယ် Tourists တွေကတော့သဘောကျတာပေါ့

  • etone

    January 31, 2011 at 7:57 am

    အသားစားငါးလေးတွေဖြစ်မယ် … ။ ပါးစပ်ပေါက်က သေးတော့ သိပ်မစားနိုင်ဘူးထင်တယ်…။ ကြည့်ရတာ အသည်းယားဖို့ကောင်းတယ်…။ ဟိုလူကြီးက မကြောက်မရွံ့ ပါးစပ်ထိရေထဲနှစ်နေတယ် ။ တော်ကြာ သူ့ နှာခေါင်းထဲဝင်ပြီး ဟိုကလိုက်ကိုက်နေမှဖြင့် ဒုက္ခပါပဲ ။

    • hmee

      December 9, 2011 at 2:07 pm

      တုံတွေးသလိုပဲ တွေးမိသား ဒီလူ့နှယ် နားထဲဝင်သွား ဘယ့်နှယ့်လုပ်မလဲလို့။ 🙂

  • Yin Nyine Nway

    January 31, 2011 at 10:22 am

    အသည်းယားစရာကောင်းလိုက်တာနော်….

  • naywoonni

    January 31, 2011 at 10:55 am

    မလုပ်ရဲပါဘူး မတော်တာ ကိုက်လိုက်မှ……….. ဟင်းးးပြောရင်း ကြက်သီးတောင်ထလာပြီ

  • ဆူး

    January 31, 2011 at 1:47 pm

    မတော်တာ မကိုက်အောင် မတော်တာနဲ့ ရေထဲ မဆင်းနဲ့ အဘနီရေ.. တော်ရာ ခြေထောက် နဲ့ ငါးကလေး ဗိုက်ဖြည့်ပေးလိုက်ပေါ့။

  • weiwei

    January 31, 2011 at 3:26 pm

    အသဲယားစရာကောင်းတယ် … တရုတ်ပြည်မှာလဲရှိတယ် .. ကြားတော့ကြားဖူးတယ် တစ်ခါမှ မတွေ့ဖူးဘူး ..

  • char too lan

    February 1, 2011 at 6:11 am

    ဟို၃ယောက်ခြေထောက်ကို ဝိုင်းတွယ်နေတာများ ကြောက်စရာကြီးနော်
    ကြက်သီးတောင်ထတယ် 🙁

  • memeseku

    December 9, 2011 at 8:56 am

    ဘာလုပ်ဖို.ငါးသေးသေးလေးတွေအများကြီးသုံးတာလဲ…..
    ငါးမန်းတကောင်လောက်ဆိုတခါထဲ..ညောင်းပြေေရောပေါ. 🙂

  • Novy

    December 9, 2011 at 9:55 am

    ဆူးရေ. အသည်းယားလိုက်တာနော် အခုမှပဲမြင်ဘူးတာ
    အိမ်မှာ ငါးစာကြွေးရင်တောင် လက်ကိုငါးကလိုက်တွတ်လို့
    အော်နေရတာ အဲလိုကြီး စိမ်နေရမှာဆို ရင်တော့ …………

  • ဆူး

    December 9, 2011 at 10:35 am

    မအူပင်ဘက်က စိမ်းလဲ့ကန်သာ ဆိုလား ဘာဆိုလား.. ကထိန်ခင်းတုန်းက ရောက်ဖူးတယ် အဲဒီ ကန်ထဲမှာ ငါးကြင်းတွေမှ အကြီးကြီးတွေ.. ရေထဲ ကို အစာကြွေးရင် လက်ကလေး နှစ်ပြီး ချပေးလိုက်ရင် လက်ကို လာလာ တွတ်တယ်။ ယားကျိ ယားကျိနဲ့ သွားမရှိတော့ နုတ်ခမ်းလေးနဲ့ လာလာပြီး အစာမှတ်လို့ လာလာ ဆွဲတာ အဲဒီ ငါးတွေလိုပဲ အကောင်က ပိုတောင် ကြီးသေးတယ်။
    ငါးစာကျွှေးရင် ပျော်ဖို့တော့ ကောင်းသား..

Leave a Reply