How to enable or diable Hibernation in Windows7

ဝင်းဒိုးစ် ဆဲဗင်း ဒါမှမဟုတ် ဝင်းဒိုးစ် ဗစ်စတားမှာ Hibernate ရွေးချယ်မူကို ပိတ်ဖို့ ဒါမှမဟုတ် ဖွင့်ဖို့ဆိုတာက ဝင်းဒိုးစ် အိဇ်ပီ မှာ သုံးသလို့ မလွယ်ကူလှပါဘူး။ ဝင်းဒိုးစ် ဆဲဗင်းအတွက်ဆိုရင် အဲဒီလို လုပ်ဖို့အတွက် လိုက်လုပ်ရမှာက မတူညီတဲ့ နည်းလမ်းတစ်ခုကနေ လုပ်ဆောင်ရမှာပါ။ ဒီပို့စ်မှာ ရေးထားတာက ဝင်းဒိုးစ် ဆဲဗင်းမှာ Hibernate ရွေးချယ်မူကို ဖွင့်ဖို့ ဒါမှမဟုတ် ပိတ်ဖို့ အတွက် ဘယ်လို လုပ်ဆောင်ရမယ် ဆိုတာကို ပြောပြထားပါတယ်။

Hibernation ဆိုတာက လက်တော့ပ် သုံးသူများအတွက် အဓီကထားပြီး ဖန်တီးထားတဲ့ မီးအား ချွေတာရေး ရွေးချယ်မူ တစ်ခု ဖြစ်ပါတယ်။ ဖွင့်ထားတဲ့ စာရွက်စာတမ်းများနဲ့ ဖိုင်များကို မမ်မိုရီထဲ ထည့်ပြီး သိမ်းထားတဲ့ Sleep Mode နဲ့ မတူတာဘဲ Hibernate က ဖွင့်ထားတဲ့ စာရွက်စာတမ်းများနဲ့ ဖိုင်များအားလုံးကို ဟာ့ဒစ်ပေါ် သိမ်းထားပြီး မီးအားကို လုံးဝမသုံးတော့ဘဲနဲ့ ကွန်ပျူတာကို ပိတ်လိုက်ပါတယ်။ ဒါကြောင့် Hibernate က မီးအား ချွေတာဖို့နဲ့ ဝင်းဒိုးစ်ကို ပိတ်ထားတဲ့ နေရာ အခြေအနေကို ပြန်ပြီး စတင်ဖို့ ကောင်းမွန်လှတဲ့ နည်းလမ်းတစ်ခု ဖြစ်လာပါတယ်။ ဝင်းဒိုးစ် ဆဲဗင်းပေါ်မှာ ဒီနည်းပညာကို အမှန်တကယ် အသုံးပြုချင်တယ် ဆိုရင်တော့ ဒီရွေးချယ်မူကို ဖွင့်ထားဖို့ လိုအပ်ပါတယ်။ ဒါကိုတော့ အောက်ပါအတိုင်း လုပ်ဆောင်နိုင်ပါတယ်။

၁။ Administrator login ဝင်ပြီးတော့ Command Prompt ကို ဖွင့်ပါ။ အဲဒီလို လုပ်ဖို့ Start Menu ထဲမှာ cmd ကို ရိုက်လိုက်ပါ။ ပြီးတော့ Ctrl နဲ့ Shift ကို တွဲနှိပ်ထားပြီး Enter ခေါက်လိုက်ပါ။

၂။ Command Prompt ထဲမှာ powercfg/hibernate on ဆိုတဲ့ command ကို ရိုက်ပြီး Enter ခေါက်လိုက်ပါ။

၃။ Command Prompt ကို ပိတ်ဖို့ အတွက် exit ကို ရိုက်ပြီး Enter ခေါက်ပါ။ အခုဆိုရင် Start Menu ထဲမှာ Hibernate ရွေးချယ်မူကို မြင်တွေ့ရပါလိမ့်မယ်။ တကယ်လို့ မဖြစ်သေးဘူးဆိုရင်တော့…

၄။ Start menu ထဲမှာ Power Options ကို ရိုက်ပြီး Enter ခေါက်ပါ။

၅။ ညာဖက်နားမှာ Change when the computer sleeps ဆိုတဲ့ စာတန်းလေးကို ဖွင့်လိုက်ပါ။ ပြီးတော့ Change advanced power settings ဆိုတဲ့ လင့်ခ်ကို ဖွင့်ပါ။ ဒါဆိုရင် ဝင်းဒိုးစ်လေးတစ်ခု ပေါ်လာပါလိမ့်ပါ။

၆။ အဲဒီ ဝင်းဒိုးစ်လေးထဲက Sleep ကို နှိပ်ပြီး သူ့ထဲက Allow Hybrid Sleep မှာ Setting Off လုပ်လိုက်ပါ။ ဒါဆိုရင်တော့ Start Menu ထဲမှာ Hibernate ရွေးချယ်မူကို တွေ့ရပါလိမ့်မယ်….

One comment

  • winkyawaung

    January 30, 2011 at 2:28 am

    နည်းပညာကတော့ကောင်းပါတယ်။ သုံးတတ်အောင် စမ်းကြည့်ပါမည်။ အထူးကျေးဇူးတင်ပါသည်။

Leave a Reply