Network Lessons (1)

ဒီနက်ဝက်ခ် အကြောင်းကို ရေးမိတာက ခုဆို နက်ဝက်ခ်က နေရာတော်တော်များများမှာ သုံးလာကြပါပြီ။ သူ့ရဲ့ အရေးပါမူက ကျွန်တော်တို့ လျစ်လျူရူလို့ မရအောင် အခန်းတစ်ခုကနေ ပါဝင်လာပါတယ်။ ဒါကြောင့် သူနဲ့ ပက်သက်ပြီ အခြေခံလေးပဲဖြစ်ဖြစ် မသိသေးသူများ သိရအောင်ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုနဲ့ ရေးသားမိပါတယ်။ ဒါပေမယ့် ကျွန်တော်ရေးတဲ့ အကြောင်းအရာများက အခြေခံအဆင့်လောက်ပဲ ဖြစ်ပါတယ်။ နက်ဝက်ခ်က ဘာလဲဆိုတာကို သိအောင် တဖြည်းဖြည်းချင်း ပြောပြခဲ့တာပါ။ ဒါထက် ပိုပြီ သိချင်သေးတယ် ဆိုရင်တော့ တခြား သူများ ရေးတဲ့ စာများကို လေ့လာပါလို့ ပြောပြချင်ပါတယ်။ ဒါက နက်ဝက်ခ်ကို မိတ်ဆက်ပေးတာပါ။

နိဒါန်း

နက်ဝက်ခ်( network ) ဆိုတာက ကွန်ပျူတာများနဲ့ ပရင့်တာများ ( printers )၊ မော်ဒမ်များ ( modems ) စတဲ့ ပစ္စည်းများရဲ့ အစုအဖွဲ့ တစ်ခု ဖြစ်ပါတယ်။ သူတို့က တစ်ခုနဲ့ တစ်ခု ဆက်သွယ်နေပါတယ်။ ဒါက အချက်အလက်နဲ့ ရင်းမြစ်များ ( resources )ကို အကျိုးရှိရှိ မျှဝေဖို့အတွက် ကွန်ပျူတာများကို စွမ်းဆောင်စေပါတယ်။

နက်ဝက်ခ်တစ်ခုကနေ ရင်းမြစ်များကို မျှဝေခြင်းရဲ့ အဓိပ္ပယ်ကို နက်ဝက်ခ်လုပ်ဆောင်ခြင်း ( networking ) လို့ ခေါ်ပါတယ်။ နက်ဝက်ခ်တစ်ခုအတွင်းမှရှိတဲ့ ကွန်ပျူတာများက အချက်အလက်များ၊ စာများ၊ ပုံရိပ်များ၊ ပရင့်တာများ၊ ဖက်စ် စက်များ ( fax machines )၊ မော်ဒမ်များ၊ တခြား ဟာ့ဝဲများနဲ့ ဆော့ဖ်ဝဲ ရင်းမြစ်များကို  မျှဝေနိုင်ပါတယ်။

နက်ဝက်ခ်နဲ့ ဆက်စပ်အရာများ

ဆာဗာများ ( Severs )

ဆာဗာများဆိုတာက နက်ဝက်ခ် အသုံးပြုသူများကို မျှဝေ ရင်းမြစ်များကို ထောက်ပံ့ပေးတဲ့ ကွန်ပျူတာများ ဖြစ်ပါတယ်။ များသောအားဖြင့် သေးငယ်တဲ့ နက်ဝက်ခ်တစ်ခုအတွင်းတွင် ဆာဗာတစ်ခုသာ ရှိတတ်ပါတယ်။ ဒါပေမယ့် ကျယ်ပြန့်တဲ့ နက်ဝက်ခ်များတွင်တော့ ဆာဗာတစ်ခုထက် ပိုပြီး ရှိတတ်ပါတယ်။

လက်ခံများ ( Clients )

လက်ခံများဆိုတာက ဆာဗာတစ်ခုကနေ ထောက်ပံ့ပေးထားတဲ့ မျှဝေ နက်ဝက်ခ်ရင်းမြစ်များကို ဆက်သွယ်နိုင်တဲ့ ကွန်ပျူတာများ ဖြစ်ပါတယ်။

ထောက်ပံ့အရာများ ( media )

နက်ဝက်ခ်တစ်ခုအတွင်းမှာရှိတဲ့  ကွန်ပျူတာများက လျှပ်စစ်ကြိုး ( cables ) လိုမျိုး ဟာ့ဝဲ ပစ္စည်းများဖြင့် တစ်လုံးနဲ့ တစ်လုံး ဆက်သွယ်ထားပါတယ်။ ဒီလို ပစ္စည်းများကို ထောက်ပံ့အရာများလို့ ခေါ်ပါတယ်။

မျှဝေ အချက်အလက်များ ( Shared data )

ဆာဗာတစ်လုံးက နက်ဝက်ခ်တစ်ခုမှာ မျှဝေ ရင်းမြစ်များနဲ့ အချက်အလက်များကို ထောက်ပံ့ပေးပါတယ်။ နက်ဝက်ခ်အတွင်းကနေ ဆာဗာ ထောက်ပံ့ပေးထားတဲ့ ဖိုင်များကို မျှဝေ အချက်အလက်များလို့ ခေါ်ပါတယ်။ ဒီမျှဝေ အချက်အလက်များက စာရွက်စာတမ်းများ၊ လုပ်ငန်းသုံး စာရွက်များ ဒါမှမဟုတ် ဖိုဒါများ ( folders )လည်း ဖြစ်နိုင်ပါတယ်။

ရင်းမြစ်များ ( Resources )

နက်ဝက်ခ် သုံးသူများက အသုံးပြုနိုင်တဲ့ ဖိုင်များ၊ ပရင့်တာများ ဒါမှမဟုတ် တခြားအရာများကို ရင်းမြစ်များလို့ ခေါ်ဆိုပါတယ်။ ဒီရင်းမြစ်များက ဟာ့ဝဲများ ဒါမှမဟုတ်လည်း ဆော့ဖ်ဝဲ ရင်းမြစ်များလည်း ဖြစ်နိုင်ပါတယ်။

One comment

  • intro

    January 30, 2011 at 12:05 pm

    ကောင်းပါတယ် ကိုလင်းငယ်၊ Networking ကို မြန်မာမှုပြုပေးတာ ကျေးဇူးပါပဲ၊ ဆက်တင်ပေးပါဦး၊ စောင့်ဖတ်ပါ့မယ်

Leave a Reply