ဝေါဟာရများ ( ၁ )

ADSL

Asymmetric Digital Subscriber Line. သာမန်အိမ်သုံး တယ်လီဖုန်းလိုင်း တစ်လိုင်းကို အလွန်အင်မတန် မြန်ဆန်တဲ့ အင်တာနက် ကွန်နက်ရှင်း တစ်ခုအဖြစ် ပြောင်းလဲပေးတဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်။ ယခင်က 56K modem တစ်ခုထက် ဆယ်ဆပိုပြီး မြန်ပါတယ်။

Broadband

မြန်ဆန်တဲ့ အင်တာနက် ဘယ်လို ကွန်နက်ရှင်းကို မဆို ဆိုလိုပါတယ်။ ဥပမာ ADSL ဒါမှမဟုတ် Cable လိုမျိုး။

Cable

အင်တာနက်နဲ့ ကြိုးသုံးထားတဲ့ တီဗွီများအတွက် သင်္ကေတများ သုံးထားတဲ့ စနစ်တစ်ခုကို ခေါ်ပါတယ်။

Ebook

Electronic book. စာဖတ်ဖို့အတွက် သယ်ယူရလွယ်ကူတဲ့ ကွန်ပျူတာ တစ်လုံးနဲ့ ဖတ်လို့ရတဲ့ ဒစ်ဂျစ်တယ် စာအုပ်များကို ခေါ်ပါတယ်။

Inkjet printer

စာသားများနဲ့ ဓါတ်ပုံများကို ဖြစ်စေဖို့ စာမျက်နှာထက်ပေါ် သေးငယ်တဲ့ မင်စက်ကလေးများကို ဖြန့်ကျက်ပေးတဲ့ ပရင်တာ အမျိုးအစားဖြစ်ပါတယ်။ Inkjet ပရင်တာ အားလုံးနီးပါးက အရောင်နဲ့ကော အဖြူ အမည်းနဲ့ပါ ပရင့်ထုတ်ပါတယ်။

Joystick

ဂိမ်းများတွင် လှုပ်ရှားမူများကို ထိန်းချူပ်ဖို့အတွက် ပြုလုပ်ထားတဲ့ လက်ကိုင် ကိရိယာတစ်ခု ဖြစ်ပါတယ်။

Linux

အသုံးပြုသူများကိုယ်တိုင် အခမဲ့ ပြုပြင် နိုင်တဲ့ အခမဲ့ လည်ပတ်စနစ် တစ်ခု ဖြစ်ပါတယ်။

Processor

ကွန်ပျူတာရဲ့ ဦးနှောက်တစ်ခုလို ဖြစ်တဲ့ Chip ဖြစ်ပါတယ်။ Processor မြန်လေလေ ကွန်ပျူတာတစ်လုံးက ပိုပြီး ကောင်းကောင်း စွမ်းဆောင်နိုင်လေ ဖြစ်ပါတယ်။

Smartphone

လက်ကိုင် ကွန်ပျူတာနဲ့ မိုဘိုင်း ဖုန်း ပေါင်းစပ်ထားတဲ့ အခေါ်အဝေါ်တစ်ခု ဖြစ်ပါတယ်။

USB

Universal Serial Bus. ကွန်ပျူတာကို ဆက်သွယ်ထားတဲ့ သိုလှောင် ပစ္စည်းလိုမျိုး ပြင်ပ ကိရိယာများကို လွယ်ကူ မြန်ဆန်အောင် ပြုလုပ်ထားတဲ့ စံတစ်ခုဖြစ်ပါတယ်။